သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံမွာ ဒီမုိကေရစီအေရး ေတာင္းဆုိဆႏၵျပ


ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ဒီမုိကေရစီ ေတာင္းဆုိဆႏၵျပၾကသူမ်ား။ (ေဖေဖာ္ဝါရီ ၁၀၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံမွာ ဒီမိုကေရစီေရး ေတာင္းဆိုဆႏၵျပသူေတြက စေနေန႔မွာ ဘန္ေကာက္က လြတ္လပ္ေရးေက်ာက္တုိင္ဆီ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ေက်ာက္တိုင္မွာ ၾကက္ေသြးေရာင္အဝတ္ကို လႊမ္းၿပီး ဘုရင္ကို အသေရမဖ်က္ဖို႔ ခ်မွတ္ထားတဲ့ တင္းက်ပ္တဲ့ ဥပေဒေတြ ဖ်က္သိမ္းေပးဖို႔ ေတာင္းဆိုခဲ့ၾကတာပါ။

ထိုင္းႏိုင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈ တေက်ာ့ျပန္ တုိးလာခဲ့တာေၾကာင့္ ဝန္ႀကီးခ်ဳပ္ Prayut Chan-O-Cha အစိုးရ ႏုတ္ထြက္ေပးဖို႔ လူငယ္ေတြဦးေဆာင္တဲ့ ေတာင္းဆိုမႈေတြ အရွိန္ေလ်ာ့လာေနေပမယ့္ မၾကာေသးခင္က ထင္ရွားတဲ့ တက္ႂကြလႈပ္ရွားသူ ေခါင္းေဆာင္ ၄ ဦး အဖမ္းဆီးခံခဲ့ရတဲ့ေနာက္မွာ ဆႏၵျပမႈေတြ ျပန္ေတြ႔လာရပါတယ္။

အဓိက႐ုဏ္းႏွိမ္နင္းေရး ရဲေတြ ေစာင့္ၾကပ္ေနတဲ့ၾကားကပဲ ရာနဲ႔ခ်ီတဲ့ တက္ႂကြလႈပ္ရွားသူေတြဟာ ဘန္ေကာက္ၿမိဳ႕က အထင္ကရ ဒီမိုကေရစီ ေက်ာက္တိုင္ရွိရာ လမ္းဆံုမွာ စုေဝး ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီေခါင္းေဆာင္ေတြကို ဘုရင္ကို အသေရဖ်က္မႈဆိုင္ရာ ဥပေဒနဲ႔ တရားစြဲဆိုထားတာျဖစ္ၿပီး အျပစ္ရွိေၾကာင္း ထင္ရွားရင္ ေထာင္ဒဏ္ ၁၅ ႏွစ္ေလာက္အထိ က်ခံရႏိုင္ဖြယ္ ရွိပါတယ္။

ညဘက္မွာ ဆႏၵျပသူေတြက နန္းေတာ္ဘက္ကို ခ်ီတက္ခဲ့ၾကေပမယ့္ အဓိက႐ုဏ္းရဲေတြ ခ်ထားသလို နန္းေတာ္တဝိုက္ အတားအဆီးေတြ သံဆူးႀကိဳးေတြ ကာရံထားတာေၾကာင့္ မသြားႏိုင္ၾကပါဘူး။

ဆႏၵျပသူေတြနဲ႔ ရဲေတြၾကား တင္းမာမႈေတြ ျဖစ္ပြါးခဲ့ေပမယ့္ ညႇိႏိႈင္းမႈေတြ အၿပီးမွာေတာ့ သူတို႔ဆုေတာင္းပြဲလုပ္မယ့္ နန္းေတာ္နားက ဘုရားဆီကို တခ်ိဳ႕ကို သြားခြင့္ေပးခဲ့ပါတယ္။ ဆႏၵျပေခါင္းေဆာင္တဦးျဖစ္တဲ့ Attapon Buapat ကေတာ့ တကယ္လို႔ ဖမ္းထားသူေတြကို သီတင္းတပတ္အတြင္း ျပန္မလႊတ္ေပးဘူးဆိုရင္ လမ္းမေတြေပၚထြက္ ျပန္ၿပီး ဆႏၵျပၾကဖို႔ ေျပာၾကားခဲ့ပါတယ္။

ထိုင္းႏုိင္ငံက လမ္းမေတြေပၚ ဆႏၵျပမႈေတြမွာ လူေသာင္းနဲ႔ခ်ီ ပါဝင္မႈေတြ ရွိခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြ

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသူတွေက စနေနေ့မှာ ဘန်ကောက်က လွတ်လပ်ရေးကျောက်တိုင်ဆီ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ကျောက်တိုင်မှာ ကြက်သွေးရောင်အဝတ်ကို လွှမ်းပြီး ဘုရင်ကို အသရေမဖျက်ဖို့ ချမှတ်ထားတဲ့ တင်းကျပ်တဲ့ ဥပဒေတွေ ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တကျော့ပြန် တိုးလာခဲ့တာကြောင့် ဝန်ကြီးချုပ် Prayut Chan-O-Cha အစိုးရ နုတ်ထွက်ပေးဖို့ လူငယ်တွေဦးဆောင်တဲ့ တောင်းဆိုမှုတွေ အရှိန်လျော့လာနေပေမယ့် မကြာသေးခင်က ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ ခေါင်းဆောင် ၄ ဦး အဖမ်းဆီးခံခဲ့ရတဲ့နောက်မှာ ဆန္ဒပြမှုတွေ ပြန်တွေ့လာရပါတယ်။

အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေ စောင့်ကြပ်နေတဲ့ကြားကပဲ ရာနဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဘန်ကောက်မြို့က အထင်ကရ ဒီမိုကရေစီ ကျောက်တိုင်ရှိရာ လမ်းဆုံမှာ စုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီခေါင်းဆောင်တွေကို ဘုရင်ကို အသရေဖျက်မှုဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အပြစ်ရှိကြောင်း ထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ်လောက်အထိ ကျခံရနိုင်ဖွယ် ရှိပါတယ်။

ညဘက်မှာ ဆန္ဒပြသူတွေက နန်းတော်ဘက်ကို ချီတက်ခဲ့ကြပေမယ့် အဓိကရုဏ်းရဲတွေ ချထားသလို နန်းတော်တဝိုက် အတားအဆီးတွေ သံဆူးကြိုးတွေ ကာရံထားတာကြောင့် မသွားနိုင်ကြပါဘူး။

ဆန္ဒပြသူတွေနဲ့ ရဲတွေကြား တင်းမာမှုတွေ ဖြစ်ပွါးခဲ့ပေမယ့် ညှိနှိုင်းမှုတွေ အပြီးမှာတော့ သူတို့ဆုတောင်းပွဲလုပ်မယ့် နန်းတော်နားက ဘုရားဆီကို တချို့ကို သွားခွင့်ပေးခဲ့ပါတယ်။ ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ Attapon Buapat ကတော့ တကယ်လို့ ဖမ်းထားသူတွေကို သီတင်းတပတ်အတွင်း ပြန်မလွှတ်ပေးဘူးဆိုရင် လမ်းမတွေပေါ်ထွက် ပြန်ပြီး ဆန္ဒပြကြဖို့ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံက လမ်းမတွေပေါ် ဆန္ဒပြမှုတွေမှာ လူသောင်းနဲ့ချီ ပါဝင်မှုတွေ ရှိခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG