သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆရာမ်ားေန႔မွာ ထုိင္းေက်ာင္းသားေတြ ဆႏၵျပ


ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕မွာ အစုိးရဆန္႔က်င္ ဆႏၵျပေနၾကတဲ့ ထုိင္းေက်ာင္းသားမ်ား။ (စက္တင္ဘာ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

ဆရာမ်ားေန႔ အထိမ္းအမွတ္ေန႔ကို ဆင္ႏႊဲတဲ့ ထိုင္းေက်ာင္းသားေတြက ႀကိမ္လုံးေတြနဲ႔ စာေရးကိရိယာေတြကို ထိုင္းပညာေရးဝန္ႀကီးဌာန ေရွ႕မွာ စုပုံၿပီး ဆႏၵျပခဲ့ၾကပါတယ္။

ဆရာေတြက ေက်ာင္းသားေတြအေပၚ ခႏၶာကိုယ္ကို နာက်င္ေအာင္ ျပစ္ဒဏ္ေပးေလ့ရွိတဲ့ နည္းလမ္းကို ဆန္႔က်င္ ဆႏၵျပတဲ့အေနနဲ႔ ထိုင္းေက်ာင္းသားေတြက စေနေန႔က ၿမိဳ႕ေတာ္ ဘန္ေကာက္တဝန္း ဆႏၵျပေနတာပါ။

ဆရာမ်ားေန႔ အထိမ္းအမွတ္ လူအနည္းငယ္ တက္ေရာက္တဲ့ အဲဒီဆႏၵျပပြဲကို ေက်ာင္းသားဆိုးအုပ္စုလို႔ အမည္ေပးထားတဲ့ အဖြဲ႔က ဦးေဆာင္က်င္းပခဲ့တာ ျဖစ္ပါတယ္။ အဲဒီအုပ္စုက ထိုင္းႏုိင္ငံတဝန္း လူငယ္ေတြ ဦးေဆာင္တဲ့ အစိုးရဆန္႔က်င္ေရး ဆႏၵျပေနတဲ့အထဲက တဖြဲ႔ ျဖစ္ပါတယ္။

ေခါင္းေဆာင္ရယ္လို႔ မည္ကာမတၱမရွိတဲ့ အဲဒီဆႏၵျပပြဲေတြမွာ ဝန္ႀကီးခ်ဳပ္ Prayut Chan-O-Cha အစိုးရ အေျပာင္းအလဲ လုပ္ဖို႔နဲ႔ စည္းမ်ဥ္းခံဘုရင္စနစ္ ျပဳျပင္ေရးကို တညီတညြတ္တည္း ေတာင္းဆိုေနတာ ျဖစ္ပါတယ္။

အဲဒီလို ေတာင္းဆိုေနတဲ့အထဲက တခ်ဳိ႕ဆႏၵျပသူေတြက လက္ရွိ အေျခအေနေအာက္မွာ ခြဲျခားခံေနရတဲ့ လူမႈအဖြဲ႔အစည္းေတြရဲ႕ ဘဝနဲ႔ ပညာေရး ေလာကအေပၚ မေက်မနပ္မႈေတြလည္း ရွိေနတာပါ။

ထိုင္းပညာေရးစနစ္မွာ ႏွစ္မ်ိဳးႏွစ္စား ရွိေနတာကို ေဖာ္ထုတ္ဖို႔အတြက္ Wai Kru Day လို႔ေခၚတဲ့ ဆရာမ်ားေန႔မွာ အခုလို ဆႏၵျပရတာလို႔ ဆႏၵျပ ေခါင္းေဆာင္တဦးက ေျပာပါတယ္။

ေက်ာင္းဝတ္စုံဝတ္ထားတဲ့ ထိုင္းေက်ာင္းသူတဦးကေတာ့ ကတ္ေၾကးေတြ၊ ေပတံေတြနဲ႔ ႀကိမ္လုံးေတြ စုပုံထားတဲ့အနားက ပညာေရးဝန္ႀကီးဌာနရဲ႕ ဂိတ္အဝင္အဝကို အနီေရာင္သုတ္ေဆးေတြကို ပက္ဖ်န္းခဲ့တယ္လို႔လည္း AFP သတင္းက ေျပာပါတယ္။

ဆရာမ်ားေန႔မွာ ထုိင္းေက်ာင္းသားေတြ ဆႏၵျပ
please wait

No media source currently available

0:00 0:01:08 0:00
တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ဆရာများနေ့မှာ ထိုင်းကျောင်းသားတွေ ဆန္ဒပြ

ဆရာများနေ့ အထိမ်းအမှတ်နေ့ကို ဆင်နွှဲတဲ့ ထိုင်းကျောင်းသားတွေက ကြိမ်လုံးတွေနဲ့ စာရေးကိရိယာတွေကို ထိုင်းပညာရေးဝန်ကြီးဌာန ရှေ့မှာ စုပုံပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆရာတွေက ကျောင်းသားတွေအပေါ် ခန္ဓာကိုယ်ကို နာကျင်အောင် ပြစ်ဒဏ်ပေးလေ့ရှိတဲ့ နည်းလမ်းကို ဆန့်ကျင် ဆန္ဒပြတဲ့အနေနဲ့ ထိုင်းကျောင်းသားတွေက စနေနေ့က မြို့တော် ဘန်ကောက်တဝန်း ဆန္ဒပြနေတာပါ။

ဆရာများနေ့ အထိမ်းအမှတ် လူအနည်းငယ် တက်ရောက်တဲ့ အဲဒီဆန္ဒပြပွဲကို ကျောင်းသားဆိုးအုပ်စုလို့ အမည်ပေးထားတဲ့ အဖွဲ့က ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီအုပ်စုက ထိုင်းနိုင်ငံတဝန်း လူငယ်တွေ ဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေတဲ့အထဲက တဖွဲ့ ဖြစ်ပါတယ်။

ခေါင်းဆောင်ရယ်လို့ မည်ကာမတ္တမရှိတဲ့ အဲဒီဆန္ဒပြပွဲတွေမှာ ဝန်ကြီးချုပ် Chan-O-Cha အစိုးရ အပြောင်းအလဲ လုပ်ဖို့နဲ့ စည်းမျဉ်းခံဘုရင်စနစ် ပြုပြင်ရေးကို တညီတညွတ်တည်း တောင်းဆိုနေတာ ဖြစ်ပါတယ်။

အဲဒီလို တောင်းဆိုနေတဲ့အထဲက တချို့ဆန္ဒပြသူတွေက လက်ရှိ အခြေအနေအောက်မှာ ခွဲခြားခံနေရတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ဘဝနဲ့ ပညာရေး လောကအပေါ် မကျေမနပ်မှုတွေလည်း ရှိနေတာပါ။

ထိုင်းပညာရေးစနစ်မှာ နှစ်မျိုးနှစ်စား ရှိနေတာကို ဖော်ထုတ်ဖို့အတွက် Wai Kru Day လို့ခေါ်တဲ့ ဆရာများနေ့မှာ အခုလို ဆန္ဒပြရတာလို့ ဆန္ဒပြ ခေါင်းဆောင်တဦးက ပြောပါတယ်။

ကျောင်းဝတ်စုံဝတ်ထားတဲ့ ထိုင်းကျောင်းသူတဦးကတော့ ကတ်ကြေးတွေ၊ ပေတံတွေနဲ့ ကြိမ်လုံးတွေ စုပုံထားတဲ့အနားက ပညာရေးဝန်ကြီးဌာနရဲ့ ဂိတ်အဝင်အဝကို အနီရောင်သုတ်ဆေးတွေကို ပက်ဖျန်းခဲ့တယ်လို့လည်း AFP သတင်းက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG