သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း ဒီမိုကေရစီ ဆႏၵျပပဲြ ျမန္မာ႔နည္းကိုသံုးၿပီ ျပန္လည္စတင္


ဘန္ေကာက္ၿမိဳ႕မွာ ဆႏၵျပေနသူမ်ား

ထိုင္းနိုင္ငံရဲ့ ဒီမိုကေရစီေရးလွုပ္ရွားသူေတြကေတာ့ ဘန္ေကာက္ျမိဳရဲ့လမ္းေတြေပၚကို ဗုဒၶဟူးေန ့မွာ ျပန္လည္ေရာက္ရွိလာပါျပီ။ အိမ္နီးခ်င္းျမန္မာနိုင္ငံက စစ္အာဏာသိမ္းဆန္ ့က်င္ကန္ ့ကြက္သူေတြရဲ့ နည္းနာအတိုင္းပဲ အိုးခြတ္ေတြကို က်ယ္က်ယ္ေလာင္ေလာင္ တီးခတ္ၿပီး ၂ လအၾကာရပ္နားေနရာက အခုလိုျပန္လည္ ဆႏၵျပမွုေတြျပန္လည္ ျဖစ္ေပၚလာတာပါ။

ထိုင္းေတာ္၀င္မိသားစုေတြကို အေသဖ်က္မွုနဲ ့တရားစြဲဆိုထားတဲ့ ထင္ရွားတဲ့ ဒီမိုကေရစီေရး လႈပ္ရွားသူ ေလးဦးရဲ့ အာမခံကို ပယ္ခ်ခံရျပီး ေနာက္ေန ့မွာ အခုလိုဆႏၵျပမွုေတြ ျပန္လည္ေပၚေပါက္လာတာပါ။

ျပီးခဲ့တဲ့နွစ္ ဂ်ဴလိုင္လကထဲကစတင္ခဲ့တဲ့ ထိုင္းဒီမိုကေရစီေရးလွုပ္ရွာမွုေတြမွာ လူ ၅၀ ထက္ မနည္းကို ေထာင္ဒဏ္ ၁၅ နွစ္နဲ ့အထက္အျပစ္ေပးနိုင္တဲ့ ဒီဥပေဒနဲ ့ တရားစြဲဆိုထားတာပါ။

မနွစ္က ဒီမိုကေရစီေရးလွုပ္ရွားမွုရဲ့ အျမင့္ဆံုးအေနအထားေတြမွာ ဘန္ေကာက္ျမိဳ ့တလႊား လူေပါင္း ေသာင္းခ်ီပါ၀င္ခဲ့ျပီး ဘုရင္စနစ္ဖ်က္သိမ္းေပးေရးနဲ ့ ၀န္ၾကီးခ်ဳပ္ Prayut Chan-O-Cha နွုတ္ထြက္ေပးေရး ေတာင္းဆိုခဲ့ၾကပါတယ္။

အခုဗုဒၶဟူးေန ့မွာေတာ့ ေထာင္ဂဏန္းအနည္းငယ္ရွိတဲ့ ဆႏၵျပသူေတြဟာ ျမိဳ ့လည္ေခါင္မွာ စုစည္းလို ့အိုးခြက္ေတြကို တီးခတ္ပီး ၀န္ၾကီးခ်ဳပ္ Prayut ႏုတ္ထြက္ေပးဖို ့ သံျပိုင္ေတာင္းဆို ခဲ့ၾကပါတယ္။

ဆႏၵျပပြဲေခါင္းေဆာင္ Panusaya Sithijirawattanakul ကေတာ့ “ ဒီေန ့ဟာ ဒီနွစ္ရဲ့ ပထမဦးဆံုးတိုက္ပြဲပဲ ။ ဒီနွစ္မွာ က်ေနာ္တို ့ရဲ့ ရည္ရြယ္ခ်က္က လူသန္းနဲ ့ခ်ီျပီး လမ္းေတြေပၚေရာက္လာဖို ့နဲ ့လူမ်ားလာတဲ့အခါ က်ေနာ္တို ့ရဲ့ ေတာင္းဆိုခ်က္ေတြဟာ ပိုျပီး စစ္မွန္လာမွာျဖစ္တယ္” လို ့ေျပာပါတယ္။

ထို ့အတူပဲ ျမန္မာ ေရႊ ့ေျပာင္းအလုပ္သမားေတြရဲ့ ဒီမိုကေရစီေရး ဆႏၵျပမႈေတြကလည္း ျပီးခဲ့တဲ့အပတ္ ျမန္မာနိုင္ငံမွာ စစ္အာဏာသိမ္းျပီးေနာက္ပိုင္း ထိုင္းႏိုင္ငံထဲမွာ အတူတကြ ျဖစ္ေပၚေနပါတယ္။

ထိုင္း၀န္ၾကီးခ်ဳပ္ Prayut ကေတာ့ ျမန္မာအာဏာသိမ္းေခါင္းေဆာင္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လွဳိင္ဆီက ျမန္မာဒီမိုကေရစီေရး ေထာက္ခံေပးဖို ့စာကိုရရွိခဲ့တယ္လို ့သတင္းေထာက္ေတြကို ေျပာဆိုခဲ့ျပီး ျမန္မာဒီမိုကေရစီေရးျဖစ္စဥ္ကို ေထာက္ခံေပမယ့္ နွစ္နိုင္ငံအၾကားေကာင္းမြန္တဲ့ ဆက္ဆံေရးကလည္း အေရးၾကီးတယ္လို ့ ေျပာဆို ထားပါတယ္။

ျမန္မာ့ဆႏၵျပပြဲေတြက ထိုင္းဒီမိုကေရစီေရးလႈပ္ရွားမွုကို စိတ္အားထက္သန္ေစခဲ့တယ္လို ့လည္း သတင္းထဲမွာေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ UNICODE ]

ထိုင်း ဒီမိုကရေစီ ဆန္ဒပြပွဲ မြန်မာ့နည်းကိုသုံးပြီ ပြန်လည်စတင်

ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကတော့ ဘန်ကောက်မြိုရဲ့လမ်းတွေပေါ်ကို ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ရောက်ရှိလာပါပြီ။ အိမ်နီးချင်းမြန်မာနိုင်ငံက စစ်အာဏာသိမ်းဆန့်ကျင်ကန့်ကွက်သူတွေရဲ့ နည်းနာအတိုင်းပဲ အိုးခွတ်တွေကို ကျယ်ကျယ်လောင်လောင် တီးခတ်ပြီး ၂ လအကြာရပ်နားနေရာက အခုလိုပြန်လည် ဆန္ဒပြမှုတွေပြန်လည် ဖြစ်ပေါ်လာတာပါ။

ထိုင်းတော်ဝင်မိသားစုတွေကို အသေဖျက်မှုနဲ့တရားစွဲဆိုထားတဲ့ ထင်ရှားတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ လေးဦးရဲ့ အာမခံကို ပယ်ချခံရပြီး နောက်နေ့မှာ အခုလိုဆန္ဒပြမှုတွေ ပြန်လည်ပေါ်ပေါက်လာတာပါ။

ပြီးခဲ့တဲ့နှစ် ဂျူလိုင်လကထဲကစတင်ခဲ့တဲ့ ထိုင်းဒီမိုကရေစီရေးလှုပ်ရှာမှုတွေမှာ လူ ၅၀ ထက် မနည်းကို ထောင်ဒဏ် ၁၅ နှစ်နဲ့အထက်အပြစ်ပေးနိုင်တဲ့ ဒီဥပဒေနဲ့ တရားစွဲဆိုထားတာပါ။

မနှစ်က ဒီမိုကရေစီရေးလှုပ်ရှားမှုရဲ့ အမြင့်ဆုံးအနေအထားတွေမှာ ဘန်ကောက်မြို့တလွှား လူပေါင်း သောင်းချီပါဝင်ခဲ့ပြီး ဘုရင်စနစ်ဖျက်သိမ်းပေးရေးနဲ့ ဝန်ကြီးချုပ် Prayut Chan-O-Cha နှုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။

အခုဗုဒ္ဓဟူးနေ့မှာတော့ ထောင်ဂဏန်းအနည်းငယ်ရှိတဲ့ ဆန္ဒပြသူတွေဟာ မြို့လည်ခေါင်မှာ စုစည်းလို့အိုးခွက်တွေကို တီးခတ်ပီး ဝန်ကြီးချုပ် Prayut နုတ်ထွက်ပေးဖို့ သံပြိုင်တောင်းဆို ခဲ့ကြပါတယ်။

ဆန္ဒပြပွဲခေါင်းဆောင် Panusaya Sithijirawattanakul ကတော့ “ ဒီနေ့ဟာ ဒီနှစ်ရဲ့ ပထမဦးဆုံးတိုက်ပွဲပဲ ။ ဒီနှစ်မှာ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က လူသန်းနဲ့ချီပြီး လမ်းတွေပေါ်ရောက်လာဖို့နဲ့လူများလာတဲ့အခါ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေဟာ ပိုပြီး စစ်မှန်လာမှာဖြစ်တယ်” လို့ပြောပါတယ်။

ထို့အတူပဲ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဒီမိုကရေစီရေး ဆန္ဒပြမှုတွေကလည်း ပြီးခဲ့တဲ့အပတ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲမှာ အတူတကွ ဖြစ်ပေါ်နေပါတယ်။

ထိုင်းဝန်ကြီးချုပ် Prayut ကတော့ မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီက မြန်မာဒီမိုကရေစီရေး ထောက်ခံပေးဖို့စာကိုရရှိခဲ့တယ်လို့သတင်းထောက်တွေကို ပြောဆိုခဲ့ပြီး မြန်မာဒီမိုကရေစီရေးဖြစ်စဉ်ကို ထောက်ခံပေမယ့် နှစ်နိုင်ငံအကြားကောင်းမွန်တဲ့ ဆက်ဆံရေးကလည်း အရေးကြီးတယ်လို့ ပြောဆို ထားပါတယ်။

မြန်မာ့ဆန္ဒပြပွဲတွေက ထိုင်းဒီမိုကရေစီရေးလှုပ်ရှားမှုကို စိတ်အားထက်သန်စေခဲ့တယ်လို့လည်း သတင်းထဲမှာဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG