သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CDM လှုပ်ရှားမှုအရှိန်မြှင့်ဖို့ ၈၈ ခေါင်းဆောင်မင်းကိုနိုင် တိုက်တွန်း


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်။ (ဇန်နဝါရီ ၂၁၊ ၂၀၁၂)
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်။ (ဇန်နဝါရီ ၂၁၊ ၂၀၁၂)

[Zawgyi/Unicode]

စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှု အားကောင်းပြီးတော့ အခုတပတ်မှာ အောင်မြင်မှုရဖို့အတွက် အရေးကြီးဆုံးဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။

"အရေးကြီးဆုံးက တကယ်ကတော့ CDM နော်... ဝန်ထမ်းတွေ အလုပ်မဆင်းရေး ဒီရက်သတ္တပတ်မှာ အရေးအကြီးဆုံး ဒါအဆုံးအဖြတ်ပေးမှာ။ ဒီမှာ သပိတ်အဖွဲ့တွေ စနစ်တကျနဲ့ စီစဉ်နေရတာက သံရုံးရှေ့တွေကို သွားပြီးတော့ တကယ် smart ကျတဲ့ ပုံစံတွေနဲ့ သွားပြီးတော့ ဆန္ဒပြနိုင်ဖို့၊ ပြီးတဲ့အခါကျတော့ ရုံးတွေ၊ ဌာနဆိုင်ရာပေါ့နော်... အရေးကြီးတဲ့ ရုံးတွေရှေ့မှာ သွားပြီးတော့ သပိတ်တားနိုင်ဖို့။"

နိုင်ငံတဝန်းဆန္ဒပြပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ၊ ညဘက်တွေမှာ အာဏာပိုင်တွေဘက်က ဖမ်းဆီးတာတွေ နဲ့ ရပ်ကွက်တွေအတွင်း ဘယ်ကမှန်းမသိတဲ့ လူစိမ်းတွေ ဝင်ရောက်လာနေတာကြောင့် မြို့အတော်များများမှာ ပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေ ရှိလာနေပြီး ရပ်ရွာအလိုက် လုံခြုံရေးတာဝန်ယူတာတွေ လုပ်လာနေကြပါတယ်။

အာဏာပိုင်တွေဘက်က အစိုးရကို ဆန့်ကျင်တဲ့ဆန္ဒပြတဲ့သူတွေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေကို အခုရက်ပိုင်းအတွင်း ညဘက်တွေမှာ တိတ်တဆိတ်လိုက်လံဖမ်းဆီးမှုတွေရှိလာနေသလို ပြီးခဲ့တဲ့ ၂ ရက်မှာ ရပ်ရွာတွေအတွင်း ညပိုင်းတွေမှာ လူစိမ်းတွေဝင်ရောက်တာတွေ ရှိလာနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာမြို့နယ် ကျေးရွာတွေ လမ်းတွေအလိုက် ပြည်သူတွေဟာ နိုးနိုးကြားကြားနဲ့ သတိထားပြီးတော့ ရပ်ရွာလုံခြုံရေးတာဝန်တွေကို ယူလာနေကြပါတယ်။ အာဏာပိုင်တွေဘက်က ညဘက်လိုက်လံ ဖမ်းဆီးမှုတွေကို ပြည်သူတွေက သံပုံးတွေတီးပြီး ဝန်းရံတာတွေ မောင်းထုတ်တာတွေရှိခဲ့သလို မနေ့ညကဆိုရင်လည်း ညဘက်တွေမှာ မသင်္ကာလို့ ပြည်သူတွေက ဖမ်းဆီးလိုက်တဲ့အထဲမှာ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်နေတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ရဲ့ အမိန့်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းသား ၂၀,၀၀၀ ကျော်ကို လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

အခုလို အာဏာပိုင်တွေဘက်က နှိမ်နှင်းတာတွေ၊ လိုက်လံဖမ်းဆီးတာတွေ၊ ရပ်ရွာလုံခြုံရေးအတွက် ပြည်သူအချင်းချင်း စောင့်ရှောက်နေတာတွေကိုလည်း ကျေးဇူးတင်တယ်လို့ကိုမင်းကိုနိုင်ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG