သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ျမန္မာႏုိင္ငံရဲ႕ စီးပြားေရး အလားအလာ


(Zawgyi/ Unicode)

အာဏာသိမ္းထားတဲ႔ ျမန္မာ့ စစ္တပ္ အာဏာစြန္႔ေရး အတြက္ စီးပြားေရး အရ ဖိအားေပး ေဆာင္ရြက္မႈကလည္း အေရးႀကီးတယ္လို႔ ကုလသမဂၢရဲ႕ ျမန္မာဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္က ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး တလတာ အတြင္း ႏုိင္ငံတြင္း မတည္ၿငိမ္မႈေၾကာင့္ ျပည္တြင္း ျပည္ပ စီးပြားဆက္ဆံမႈ၊ ေငြေၾကး စီးဆင္းမႈေတြမွာပါ သက္ေရာက္ ထိခုိက္မႈ ရွိေနတာပါ။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

ျမန္မာ႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၊ လက္ရွိ အာဏာရယူထားတဲ႔ စစ္တပ္က ဖြဲ႔စည္းထားတဲ႔ ႏုိင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီရဲ႕ ဥကၠဌ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က အာဏာယူၿပီး ၃ ရက္ေျမာက္ေန႔မွာဘဲ ေနျပည္ေတာ္က သမၼတ အိမ္ေတာ္မွာ ထိပ္တန္း စီးပြားေရး လုပ္ငန္းရွင္ႀကီးမ်ားနဲ႔ ေတြ႔ဆံုခဲ႔တာပါ။

ျမန္မာႏုိင္ငံမွာ COVID 19 ျဖစ္ပြားမႈေၾကာင့္ ႏုိင္ငံတ၀န္း အသြားအလာ ကန္႔သတ္ပိတ္ပင္မႈေတြကို ဖယ္ရွားေပးမယ့္အေၾကာင္း၊ စစ္တပ္က ဖြဲ႔စည္းထားတဲ႔ ႏုိင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ လက္ထက္မွာ စီးပြားေရး လုပ္ငန္းေတြ ပံုမွန္ ျပန္လည္ လည္ပတ္ၿပီး ႏုိ္င္ငံ စီးပြားေရး ဦးေမာ႔လာေစဖို႔ ေမွ်ာ္လင့္တဲ႔ အေၾကာင္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာခဲ႔ပါတယ္။

ဒါေပမယ့္ စစ္တပ္က ဖြဲ႔စည္းထားတဲ႔ အုပ္ခ်ဳပ္ေရး ေကာင္စီက အာဏာယူၿပီး သီတင္း တပတ္အၾကာမွာ လမ္းေပၚထြက္ ဆန္႔က်င္ ဆႏၵျပပြဲေတြေၾကာင့္ ျမန္မာ့ စီးပြားေရး လုပ္ငန္းေတြကေတာ့ ျပန္မစႏုိင္ေသးသလို ႏုိင္ငံတကာရဲ႕ ဒဏ္ခတ္ ပိတ္ဆိုမႈေတြလည္း ထြက္ေပၚလာပါတယ္။

ျမန္မာ စစ္တပ္ အာဏာစြန္႔ၿပီး ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ၿပီး ေလွ်ာက္လွမ္းေရး အတြက္ စီးပြားေရး အရ တြန္းအားေပး ေဆာင္ရြက္မႈကလည္း အေရးႀကီးတယ္လို႔ ကုလသမဂၢ ဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews က ဗီြအိုေအကို ေျပာပါတယ္။

“ ဗိုလ္ခ်ဳပ္ႀကီးမ်ား အေနနဲ႔ အားလံုးနဲ႔ အဆင္ေျပေျပ ရွိလိုၿပီး စီးပြားေရးကိုလည္း ပံုမွန္ လည္ပတ္ဖို႔ ဆႏၵရွိတယ္ဆိုတာကို ျပသထားၿပီး ျဖစ္ပါတယ္တဲ႔။ သူတို႔ အေနနဲ႔ ဖြံ႔ၿဖိဳးေရးနဲ႔ စီးပြားေရး အေပၚမွာ သိပ္ကို စိုးရိမ္ေနပါတယ္လို႔ ေျပာခဲ႔တာပါ။ ”

ျမန္မာႏုိင္ငံတြင္းမွာ စီးပြားေရး လုပ္ငန္းေတြ အမ်ားအျပား ရွိေနၿပီး ၾသဇာလည္း ႀကီးတဲ႔ တရုတ္လို ႏုိင္ငံမ်ိဳးက အထူး အေရးပါတဲ႔ အခန္းက႑ကေန ပါ၀င္ႏုိင္တယ္လို႔လည္း သူက ေထာက္ျပပါတယ္။ ျမန္မာ စစ္တပ္ အာဏာရယူမႈကို တုံ႔ျပန္တဲ႔ ေနရာမွာ ႏုိင္ငံတကာရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈေတြက အေရးႀကီးတယ္လို႔လည္း သူက ေထာက္ျပပါတယ္။

“ ျပစ္ဒဏ္ခတ္ ပိတ္ဆို႔မႈကလည္း အေရးႀကီးပါတယ္။ ျမန္မာႏုိင္ငံမွာ လူ႔အခြင့္အေရးနဲ႔ တရားဥပေဒ စိုးမိုးေရး၊ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေရာက္ေရးတို႔ အတြက္ ႀကိဳးပမ္းတဲ႔ ေနရာမွာ ဒဏ္ခတ္ ပိတ္ဆုိ႔မႈဟာလည္း အသံုးျပဳ ေဆာင္ရြက္ရမယ့္ နည္းလမ္းတခု ျဖစ္ပါတယ္လို႔ သူက ေျပာခဲ႔တာပါ။ ”

ဒါေပမယ့္ ျမန္မာ လုပ္သားေတြကို မထိခိုက္ေစဘဲ စစ္အာဏာရွင္မ်ားကိုဘဲ သီသန္႔ ပစ္မွတ္ထား ဒဏ္ခတ္ဖို႔ကေတာ့ အေရးႀကီးတယ္လို႔ ယူဆေၾကာင္းလည္း သူက ေျပာပါတယ္။ လက္ရွိ အခ်ိန္ထိေတာ့ အေမရိကန္က ဒဏ္ခတ္ပိတ္ဆို႔မႈမွာ ျမန္မာႏုိင္ငံရဲ႕ ဘ႑ာေငြ ေဒၚလာ သန္း ၁,၀၀၀ ကို ထိန္းခ်ဳပ္ထားသလို ဥေရာပ သမဂၢဘက္က ျမန္မာ အစိုးရ ျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းစဥ္ေတြ အတြက္ တိုက္ရိုက္ ေငြေၾကး ေထာက္ပံ႔မႈကိုလည္း ဆိုင္းငံ႔လိုက္ပါတယ္။

ျပည္တြင္းမွာလည္း စစ္တပ္နဲ႔ ပတ္သက္ ဆက္ႏြယ္မႈ ရွိတယ္လို႔ ယူဆမႈနဲ႔ ကုန္ပစၥည္းေတြ ၀ယ္ယူ မသံုးစြဲေရး လႈပ္ရွားမႈေတြ လူမႈကြန္ယက္ေတြမွာ ေတြ႔လာရပါတယ္။ ဒီလႈပ္ရွားမႈေတြမွာ ပစ္မွတ္ထားခံရတဲ႔ စီးပြားေရး လုပ္ငန္းေတြ ဘက္ကလည္း ဆႏၵျပသူေတြနဲ႔ တသေဘာတည္း ရပ္တည္ေၾကာင္း၊ သူတို႔ရဲ႕ လုပ္ငန္းေတြဟာ လံႈ႔ေဆာ္စည္းရံုးသူေတြ တဖက္သတ္ စြပ္စြဲေနသလို မဟုတ္ေၾကာင္း ျပန္လည္ ရွင္းလင္း ေၾကညာေနၾကတာကိုလည္း လူမႈကြန္ယက္ေတြမွာ ေတြ႔ျမင္လာၾက ရပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ စီးပြားေရး လုပ္ငန္း အေတာ္မ်ားမ်ား ပိတ္သိမ္းထားရသလို စီးပြားေရး ပံုမွန္ အတိုင္း ျပန္လည္ပတ္ႏုိင္ေရးကလည္း မေရမရာ ျဖစ္ေနတာပါ။ အာဏာသိမ္းၿပီးေနာက္ သတင္း သံုးပတ္ အၾကာမွာ ကုမၸဏီ ၀န္ထမ္းေတြလည္း အလုပ္ဆင္းေရး လႈပ္ရွားမႈမွာ ပါ၀င္ေနၾကတာနဲ႔ အတူဘဲ ဦးေနဦးလည္း သူ႔ကုမၸဏီကို ပိတ္ခဲ႔ရပါတယ္။

“ လက္ရွိ အေျခအေနေၾကာင့္ ေရတိုမွာေရာ ေရရွည္ အတြက္ပါ စီးပြားေရး လုပ္ငန္းေတြ အေပၚမွာ ထိခုိက္ပါတယ္။ ေရတို အေနနဲ႔ကေတာ့ အ၀ယ္က်သြားပါတယ္။ ေငြေၾကး လည္ပတ္မႈ က်သြားၿပီး ေငြေၾကး အလႊဲအေျပာင္းမွာလည္း အကန္႔အသတ္ေတြ ရွိလာပါတယ္။ ကုန္ၾကမ္း သယ္ယူပို႔ေဆာင္မႈကလည္း အခက္အခဲ ေတြ႔ေနပါတယ္။ ”

ဦးေနဦးက ငရုတ္သီးေျခာက္နဲ႔ ဟင္းခတ္ အေမႊးအႀကိဳင္ေတြကို ဂ်ပန္ကို အဓိကထား တင္ပို႔ေနတာပါ။ အခု မတည္မၿငိမ္ အေျခအေနမွာ အေရာင္း ထက္၀က္ေက်ာ္ က်သြားတယ္လို႔လည္း သူက ေျပာပါတယ္။ ေနာက္ ဂ်ပန္ကို ငရုတ္သီးေျခာက္ တင္ပို႔ဖို႔ ျမန္မာႏုိင္ငံတြင္းမွာ ကန္ထရိုက္စာခ်ဳပ္နဲ႔ စိုက္ပ်ိဳးေရး လုပ္ငန္းေတြရွိေနေပမယ့္ မူလ အတိုင္း တင္ပို႔ခြင့္ ရမလား၊ ျမန္မာဘဏ္ေတြနဲ႔ ေငြေၾကး အလႊဲအေျပာင္း ဆက္ၿပီး လုပ္လို႔ ရမလားဆိုတာလည္း မေသခ်ာဘူးလို႔ သူက ေျပာပါတယ္။ ေနာက္ တခု ႀကံဳေတြ႔လာရတဲ႔ အခက္အခဲက ၀န္ထမ္းေတြကို လစာဆက္ၿပီး ေပးႏုိင္ေရး ျဖစ္ပါတယ္။

ဒီလ အတြက္ေတာ့ ၀န္ထမ္းေတြကို လစာ အျပည့္ေပးပါတယ္။ ဒါေပမယ့္လည္း လက္ရွိ အေျခအေန အရ ေနာက္ ၂ လ သံုးလ ေလာက္ဆိုရင္ေတာ့ လစာ အျပည္႔ ေပးႏိုင္ပါ႔မလားမေသခ်ာဘူးလို႔ ဦးေနဦးက ေျပာခဲ႔တာပါ။ ေလာေလာဆယ္မွာေတာ့ သူ႔၀န္ထမ္းေတြလည္း အလုပ္မဆင္းေရး CDM မွာ ပူးေပါင္းေနၾကၿပီး သူလည္း ေထာက္ခံတယ္လို႔ ေျပာပါတယ္။ ႏုိင္ငံတ၀န္းမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲေတြေၾကာင့္ သယ္ယူပို႔ေဆာင္ေရးနဲ႔ ဘဏ္လုပ္ငန္းေတြလည္း မလည္ပတ္ႏုိင္ၾကပါဘူး။ စီးပြားေရး လုပ္ငန္းေတြလည္း ပိတ္သိမ္းထားရၿပီး ေရွ႕ေရးက မေရမရာ ျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်အာဏာသိမ်း မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာ

အာဏာသိမ်းထားတဲ့ မြန်မာ့ စစ်တပ် အာဏာစွန့်ရေး အတွက် စီးပွားရေး အရ ဖိအားပေး ဆောင်ရွက်မှုကလည်း အရေးကြီးတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တလတာ အတွင်း နိုင်ငံတွင်း မတည်ငြိမ်မှုကြောင့် ပြည်တွင်း ပြည်ပ စီးပွားဆက်ဆံမှု၊ ငွေကြေး စီးဆင်းမှုတွေမှာပါ သက်ရောက် ထိခိုက်မှု ရှိနေတာပါ။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လက်ရှိ အာဏာရယူထားတဲ့ စစ်တပ်က ဖွဲ့စည်းထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာယူပြီး ၃ ရက်မြောက်နေ့မှာဘဲ နေပြည်တော်က သမ္မတ အိမ်တော်မှာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးများနဲ့ တွေ့ဆုံခဲ့တာပါ။

မြန်မာနိုင်ငံမှာ COVID 19 ဖြစ်ပွားမှုကြောင့် နိုင်ငံတဝန်း အသွားအလာ ကန့်သတ်ပိတ်ပင်မှုတွေကို ဖယ်ရှားပေးမယ့်အကြောင်း၊ စစ်တပ်က ဖွဲ့စည်းထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ လက်ထက်မှာ စီးပွားရေး လုပ်ငန်းတွေ ပုံမှန် ပြန်လည် လည်ပတ်ပြီး နိုင်ငံ စီးပွားရေး ဦးမော့လာစေဖို့ မျှော်လင့်တဲ့ အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဒါပေမယ့် စစ်တပ်က ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေး ကောင်စီက အာဏာယူပြီး သီတင်း တပတ်အကြာမှာ လမ်းပေါ်ထွက် ဆန့်ကျင် ဆန္ဒပြပွဲတွေကြောင့် မြန်မာ့ စီးပွားရေး လုပ်ငန်းတွေကတော့ ပြန်မစနိုင်သေးသလို နိုင်ငံတကာရဲ့ ဒဏ်ခတ် ပိတ်ဆိုမှုတွေလည်း ထွက်ပေါ်လာပါတယ်။

မြန်မာ စစ်တပ် အာဏာစွန့်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ပြီး လျှောက်လှမ်းရေး အတွက် စီးပွားရေး အရ တွန်းအားပေး ဆောင်ရွက်မှုကလည်း အရေးကြီးတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ဗွီအိုအေကို ပြောပါတယ်။

“ ဗိုလ်ချုပ်ကြီးများ အနေနဲ့ အားလုံးနဲ့ အဆင်ပြေပြေ ရှိလိုပြီး စီးပွားရေးကိုလည်း ပုံမှန် လည်ပတ်ဖို့ ဆန္ဒရှိတယ်ဆိုတာကို ပြသထားပြီး ဖြစ်ပါတယ်တဲ့။ သူတို့ အနေနဲ့ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေး အပေါ်မှာ သိပ်ကို စိုးရိမ်နေပါတယ်လို့ ပြောခဲ့တာပါ။ ”

မြန်မာနိုင်ငံတွင်းမှာ စီးပွားရေး လုပ်ငန်းတွေ အများအပြား ရှိနေပြီး သြဇာလည်း ကြီးတဲ့ တရုတ်လို နိုင်ငံမျိုးက အထူး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်လို့လည်း သူက ထောက်ပြပါတယ်။ မြန်မာ စစ်တပ် အာဏာရယူမှုကို တုံ့ပြန်တဲ့ နေရာမှာ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက အရေးကြီးတယ်လို့လည်း သူက ထောက်ပြပါတယ်။

“ ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုကလည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေးတို့ အတွက် ကြိုးပမ်းတဲ့ နေရာမှာ ဒဏ်ခတ် ပိတ်ဆို့မှုဟာလည်း အသုံးပြု ဆောင်ရွက်ရမယ့် နည်းလမ်းတခု ဖြစ်ပါတယ်လို့ သူက ပြောခဲ့တာပါ။ ”

ဒါပေမယ့် မြန်မာ လုပ်သားတွေကို မထိခိုက်စေဘဲ စစ်အာဏာရှင်များကိုဘဲ သီသန့် ပစ်မှတ်ထား ဒဏ်ခတ်ဖို့ကတော့ အရေးကြီးတယ်လို့ ယူဆကြောင်းလည်း သူက ပြောပါတယ်။ လက်ရှိ အချိန်ထိတော့ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုမှာ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာငွေ ဒေါ်လာ သန်း ၁,၀၀၀ ကို ထိန်းချုပ်ထားသလို ဥရောပ သမဂ္ဂဘက်က မြန်မာ အစိုးရ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အတွက် တိုက်ရိုက် ငွေကြေး ထောက်ပံ့မှုကိုလည်း ဆိုင်းငံ့လိုက်ပါတယ်။

ပြည်တွင်းမှာလည်း စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်မှု ရှိတယ်လို့ ယူဆမှုနဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူ မသုံးစွဲရေး လှုပ်ရှားမှုတွေ လူမှုကွန်ယက်တွေမှာ တွေ့လာရပါတယ်။ ဒီလှုပ်ရှားမှုတွေမှာ ပစ်မှတ်ထားခံရတဲ့ စီးပွားရေး လုပ်ငန်းတွေ ဘက်ကလည်း ဆန္ဒပြသူတွေနဲ့ တသဘောတည်း ရပ်တည်ကြောင်း၊ သူတို့ရဲ့ လုပ်ငန်းတွေဟာ လှုံ့ဆော်စည်းရုံးသူတွေ တဖက်သတ် စွပ်စွဲနေသလို မဟုတ်ကြောင်း ပြန်လည် ရှင်းလင်း ကြေညာနေကြတာကိုလည်း လူမှုကွန်ယက်တွေမှာ တွေ့မြင်လာကြ ရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေး လုပ်ငန်း အတော်များများ ပိတ်သိမ်းထားရသလို စီးပွားရေး ပုံမှန် အတိုင်း ပြန်လည်ပတ်နိုင်ရေးကလည်း မရေမရာ ဖြစ်နေတာပါ။ အာဏာသိမ်းပြီးနောက် သတင်း သုံးပတ် အကြာမှာ ကုမ္ပဏီ ဝန်ထမ်းတွေလည်း အလုပ်ဆင်းရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတာနဲ့ အတူဘဲ ဦးနေဦးလည်း သူ့ကုမ္ပဏီကို ပိတ်ခဲ့ရပါတယ်။

“ လက်ရှိ အခြေအနေကြောင့် ရေတိုမှာရော ရေရှည် အတွက်ပါ စီးပွားရေး လုပ်ငန်းတွေ အပေါ်မှာ ထိခိုက်ပါတယ်။ ရေတို အနေနဲ့ကတော့ အဝယ်ကျသွားပါတယ်။ ငွေကြေး လည်ပတ်မှု ကျသွားပြီး ငွေကြေး အလွှဲအပြောင်းမှာလည်း အကန့်အသတ်တွေ ရှိလာပါတယ်။ ကုန်ကြမ်း သယ်ယူပို့ဆောင်မှုကလည်း အခက်အခဲ တွေ့နေပါတယ်။ ”

ဦးနေဦးက ငရုတ်သီးခြောက်နဲ့ ဟင်းခတ် အမွှေးအကြိုင်တွေကို ဂျပန်ကို အဓိကထား တင်ပို့နေတာပါ။ အခု မတည်မငြိမ် အခြေအနေမှာ အရောင်း ထက်ဝက်ကျော် ကျသွားတယ်လို့လည်း သူက ပြောပါတယ်။ နောက် ဂျပန်ကို ငရုတ်သီးခြောက် တင်ပို့ဖို့ မြန်မာနိုင်ငံတွင်းမှာ ကန်ထရိုက်စာချုပ်နဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေရှိနေပေမယ့် မူလ အတိုင်း တင်ပို့ခွင့် ရမလား၊ မြန်မာဘဏ်တွေနဲ့ ငွေကြေး အလွှဲအပြောင်း ဆက်ပြီး လုပ်လို့ ရမလားဆိုတာလည်း မသေချာဘူးလို့ သူက ပြောပါတယ်။ နောက် တခု ကြုံတွေ့လာရတဲ့ အခက်အခဲက ဝန်ထမ်းတွေကို လစာဆက်ပြီး ပေးနိုင်ရေး ဖြစ်ပါတယ်။

ဒီလ အတွက်တော့ ဝန်ထမ်းတွေကို လစာ အပြည့်ပေးပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အခြေအနေ အရ နောက် ၂ လ သုံးလ လောက်ဆိုရင်တော့ လစာ အပြည့် ပေးနိုင်ပါ့မလားမသေချာဘူးလို့ ဦးနေဦးက ပြောခဲ့တာပါ။ လောလောဆယ်မှာတော့ သူ့ဝန်ထမ်းတွေလည်း အလုပ်မဆင်းရေး CDM မှာ ပူးပေါင်းနေကြပြီး သူလည်း ထောက်ခံတယ်လို့ ပြောပါတယ်။ နိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ ဘဏ်လုပ်ငန်းတွေလည်း မလည်ပတ်နိုင်ကြပါဘူး။ စီးပွားရေး လုပ်ငန်းတွေလည်း ပိတ်သိမ်းထားရပြီး ရှေ့ရေးက မရေမရာ ဖြစ်နေပါတယ်။

XS
SM
MD
LG