သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးေထာင္ခ်ထားတဲ့ သီရိလကၤာ ငါးဖမ္းသမား ၁၂ ဦး ျမန္မာျပန္လႊတ္


Myanmar Prison Department.

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ သီရိလကၤာ ငါးဖမ္းသမား ၁၂ ေယာက္ကုိ ျပန္လႊတ္ေပးလုိက္ေၾကာင္း ျမန္မာႏုိင္ငံဆုိင္ရာ သီရိလကၤာ သံအမတ္ႀကီး ေျပာတာကုိ ကုိးကားၿပီး သတင္းမီဒီယာေတြမွာ ေရးသားထားပါတယ္။

အခုျပန္လႊတ္ေပးလုိက္တဲ့ သီရိလကၤာ ငါးဖမ္းသမားေတြကုိ ျမန္မာေရတပ္က ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ ေရပုိင္နက္ က်ဴးေက်ာ္ဝင္ေရာက္မႈနဲ႔ ဖမ္းဆီးထားခဲ့တာလုိ႔ ဆုိပါတယ္။

ငါးဖမ္းသေဘၤာေပၚပါလာတဲ့ သေဘၤာကပၸတိန္ ၂ ဦးကုိ ေထာင္ဒဏ္ ၅ ႏွစ္နဲ႔ ၆ လစီ ျပစ္ဒဏ္ခ်မွတ္ထားတာျဖစ္ၿပီး က်န္သေဘၤာသား ၁၀ ဦးကုိေတာ့ ေထာင္ဒဏ္ ၃ ႏွစ္နဲ႔ ၆ လစီ ခ်မွတ္ထားတာလုိ႔ ဆုိပါတယ္။ ပုသိမ္အက်ဥ္းေထာင္မွာ ဖမ္းဆီးထိန္းသိမ္းထားတဲ့ အဲဒီသေဘၤာသားေတြကုိ ေငြဒဏ္လည္း ခ်မွတ္ထားတယ္လုိ႔ ဆုိေပမယ့္ ေငြေၾကးပမာဏ ဘယ္ေလာက္ ျပစ္ဒဏ္ခ်မွတ္ထားတယ္ ဆုိတာကုိေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။

သူတုိ႔ႏုိင္ငံသား ငါးဖမ္းသမားေတြ ျပန္လႊတ္ေပးေရးအတြက္ သီရိလကၤာ သံအမတ္ႀကီးက ျမန္မာအာဏာပုိင္ေတြထံ သံတမန္ေရး လမ္းေၾကာင္းကတဆင့္ ေတာင္းဆုိထားတယ္လုိ႔ ဆုိပါတယ္။ သူတုိ႔ကုိ ျမန္မာႏွစ္ဆန္း ၁ ရက္ေန႔က လႊတ္ေပးလုိက္တဲ့ အက်ဥ္းသားေတြနဲ႔အတူ လႊတ္ေပးတာ ဟုတ္မဟုတ္ကုိေတာ့ အတိအက် ေရးသားထားျခင္း မရွိပါဘူး။

အခု ျပန္လြတ္လာတဲ့ ငါးဖမ္းသမားေတြကုိ မၾကာခင္ရက္ပုိင္းအတြင္း သီရိလကၤာကုိ ျပန္ပုိ႔ေပးမယ္လုိ႔ သီရိလကၤာသံ႐ုံး တာဝန္ရွိသူေတြကုိ ကုိးကား ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ဖမ်းဆီးထောင်ချထားတဲ့ သီရိလင်္ကာ ငါးဖမ်းသမား ၁၂ ဦး မြန်မာပြန်လွှတ်

မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သီရိလင်္ကာ ငါးဖမ်းသမား ၁၂ ယောက်ကို ပြန်လွှတ်ပေးလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီး ပြောတာကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။

အခုပြန်လွှတ်ပေးလိုက်တဲ့ သီရိလင်္ကာ ငါးဖမ်းသမားတွေကို မြန်မာရေတပ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ရေပိုင်နက် ကျူးကျော်ဝင်ရောက်မှုနဲ့ ဖမ်းဆီးထားခဲ့တာလို့ ဆိုပါတယ်။

ငါးဖမ်းသင်္ဘောပေါ်ပါလာတဲ့ သင်္ဘောကပ္ပတိန် ၂ ဦးကို ထောင်ဒဏ် ၅ နှစ်နဲ့ ၆ လစီ ပြစ်ဒဏ်ချမှတ်ထားတာဖြစ်ပြီး ကျန်သင်္ဘောသား ၁၀ ဦးကိုတော့ ထောင်ဒဏ် ၃ နှစ်နဲ့ ၆ လစီ ချမှတ်ထားတာလို့ ဆိုပါတယ်။ ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အဲဒီသင်္ဘောသားတွေကို ငွေဒဏ်လည်း ချမှတ်ထားတယ်လို့ ဆိုပေမယ့် ငွေကြေးပမာဏ ဘယ်လောက် ပြစ်ဒဏ်ချမှတ်ထားတယ် ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

သူတို့နိုင်ငံသား ငါးဖမ်းသမားတွေ ပြန်လွှတ်ပေးရေးအတွက် သီရိလင်္ကာ သံအမတ်ကြီးက မြန်မာအာဏာပိုင်တွေထံ သံတမန်ရေး လမ်းကြောင်းကတဆင့် တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ သူတို့ကို မြန်မာနှစ်ဆန်း ၁ ရက်နေ့က လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေနဲ့အတူ လွှတ်ပေးတာ ဟုတ်မဟုတ်ကိုတော့ အတိအကျ ရေးသားထားခြင်း မရှိပါဘူး။

အခု ပြန်လွတ်လာတဲ့ ငါးဖမ်းသမားတွေကို မကြာခင်ရက်ပိုင်းအတွင်း သီရိလင်္ကာကို ပြန်ပို့ပေးမယ်လို့ သီရိလင်္ကာသံရုံး တာဝန်ရှိသူတွေကို ကိုးကား ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG