သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်မြစ် ရေကာတာတွေကြောင့် ထိုင်းငါးဖမ်းသမားတွေ ထိခိုက်နေ


မဲခေါင်မြစ်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းသမားတဦး။ (အောက်တိုဘာ ၃၁၊ ၂၀၁၉)
မဲခေါင်မြစ်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းသမားတဦး။ (အောက်တိုဘာ ၃၁၊ ၂၀၁၉)

(Zawgyi / Unicode)

မဲခေါင်မြစ်ကြီးထဲ တရုတ်နဲ့ လာအိုဘက်က ရေကာတာ တည်ဆောက်မှုကြောင့် မြစ်ကြောင်းအပြောင်းအလဲ ဘေးဒုက္ခနဲ့ ထိုင်းနိုင်ငံသားတွေ ရင်ဆိုင်နေရပြီး ဘဝရှင်သန်ရေး ထိခိုက်လာနေပါတယ်။

အိစံဒေသလို့ လူသိများတဲ့ ထိုင်းနိုင်ငံအရှေ့မြောက် အပူပိုင်း ခြောက်သွေ့ဒေသဟာ လာအို၊ ကမ္ဘောဒီးယားတို့နဲ့ နယ်စပ်ချင်းကပ် တည်ရှိနေပြီး ဒေသခံများစွာအနေနဲ့ တရုတ်နိုင်ငံဘက်ကနေ ဒီနယ်စပ်တွေကို ဖြတ်စီးတဲ့ မဲခေါင်မြစ်ရေ အပြောင်းအလဲရဲ့ ဆိုးကျိုးအဖြစ် မိုးခေါင်တာ၊ ရေကြီးတာတွေ ခံစားနေရပါတယ်။

မဲခေါင်မြစ်အထက်ပိုင်းမှာ မကြာခင်နှစ်တွေအတွင်းက တရုတ်ဆည်တွေ တည်ဆောက်လာမှုကြောင့် မြစ်အောက်ပိုင်း ထိုင်းအိစံဒေသမှာ မိုးတွင်းကာလ မိုးခေါင်သွားပြီး မိုးအလွန်မှာ ရေကြီးတဲ့ အပြောင်းအလဲ ဖြစ်လာတာကြောင့် မြစ်ရေအပေါ်မှီခိုပြီး လုပ်ကိုင်စားသောက်ရသူတွေ ဒုက္ခရောက်လာနေတာပါ။

ထိုင်း အိစံဒေသခံ ငါးဖမ်းသမား Sudta Insamran က အခု ငါးအရနည်းလာပြီး ထောင်ဂဏန်းနဲ့ချီတဲ့ ဒေသခံ ငါးဖမ်းသမားများစွာရဲ့ ဝင်ငွေ ထိခိုက်လာတယ်၊ ဒီငွေနဲ့ ဆန်ပြန်ဝယ်စားရတာမို့ အခက်အခဲ ကြုံလာတာကြောင့် ဒီဆည်ကြီးတွေ ဆက်မဆောက်ပါနဲ့တော့၊ တော်လောက်ပါပြီလို့ ဗွီအိုအေကို ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ စီးပွားရေး အကျိုးအမြတ်နဲ့ ပထဝီ မြေပြင်အနေအထားအရ မြစ်ကိုထိန်းချုပ်နိုင်မှု အားသာချက်အပေါ်သာကြည့်ပြီး ရေအားလျှပ်စစ်ဆည်ကြီးတွေ ဦးဆောင်တည်ဆောက်မှု စလုပ်ဆောင်လာခဲ့တာကနေ အခုလို တခြားနိုင်ငံမှာ ဆိုးကျိုးသက်ရောက်လာတာပါ။

မြန်မာအပါအဝင် လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဖြတ်စီးသွားတဲ့ မိုင်ပေါင်း ၃,၀၀၀ ကျော်ရှည်တဲ့ ဒီမဲခေါင်မြစ်ကြီးအတွင်း အခု မြစ်ရေအပြောင်းအလဲ ဖြစ်လာတာကြောင့် ဒေသခံ ငါးဖမ်းသမားတွေအတွက် ငါးရရှိနိုင်မှု နည်းပါးလာကာ ဝမ်းစာရေး အခက်ကြုံလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)








XS
SM
MD
LG