သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဧၿပီ ၂၄ က်င္းပမယ္႔ အာဆီယံ စည္းေ၀းပဲြ ေခါင္းေဆာင္မ်ား တက္ေရာက္မယ္႔ အလားအလာ


(Zawgyi/Unicode)
အေရွ႕ေတာင္ အာရွ ႏုိင္ငံမ်ား အသင္း အာဆီယံ အဖြဲ႔၀င္ ႏုိင္ငံေတြရဲ႕ အႀကီးအကဲေတြ လာမယ့္ စေနေန႔ ဧၿပီလ ၂၄ ရက္ေန႔မွာ အင္ဒိုနီးရွား ႏုိင္ငံ ၿမိဳ႕ေတာ္ ဂ်ာကာတာမွာ ေတြ႔ဆံုေဆြးေႏြးမယ့္ အေၾကာင္း ဘရူးႏုိင္း အစိုးရက ဗုဒၶဟူးေန႔မွာ ထုတ္ျပန္ထားၿပီး ဒီေဆြးေႏြးပြဲမွာေတာ့ ျမန္မာ့ စစ္အာဏာသိမ္းမႈ အေရး ေဆြးေႏြးမယ္လို႔ အစိုးရ တာ၀န္ရွိသူေတြက အတည္ျပဳထားပါတယ္။

လက္ရွိ အာဆီယံ အလွည့္က် ဥကၠဌ ဘရူးႏုိင္းရဲ႕ ၀န္ႀကီးခ်ဳပ္ အျဖစ္လည္း တာ၀န္ယူထားတဲ႔ ဘုရင္ Hassanal Bolkiah က စေနေန႔ ထိပ္သီး စည္းေ၀းပြဲကို ဦးေဆာင္မယ့္ အေၾကာင္း ေၾကညာထားပါတယ္။ ဘရူးႏုိင္း အစိုးရရဲ႕ ေၾကညာခ်က္မွာေတာ့ ျမန္မာ့ အေရးကို သီးသီးသန္႔သန္႔ ေဖာ္ျပမထားပါဘူး။ ဒါေပမယ့္လည္း ျမန္မာ အပါအ၀င္ တျခား ႏုိင္ငံ အစိုးရ တာ၀န္ရွိသူေတြက ျမန္မာ့ အေရး ေဆြးေႏြးမယ္႔ အေၾကာင္း အဂၤါေန႔မွာ တည္ျပဳထားတာပါ။

အာဆီယံ ထိပ္သီး ေဆြးေႏြးပြဲကို လက္ရွိ အာဏာသိမ္းထားတဲ႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ တက္ေရာက္မယ္လို႔ မေလးရွား ႏုိင္ငံျခားေရး ၀န္ႀကီးကလည္း အဂၤါေန႔မွာ ေျပာပါတယ္။ ဒါေပမယ့္လည္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ အေနနဲ႔ အင္ဒိုနီးရွား ႏုိ္င္ငံကို ကိုယ္တိုင္ သြားတက္ မလား ဒါမွမဟုတ္လည္း ျမန္မာျပည္တြင္းကေန အြန္လိုင္းကေန အစည္းအေ၀း တက္မလားဆိုတာေတာ့ မေျပာပါဘူး။

စစ္အာဏာသိမ္းၿပီးေနာက္ မတည္မၿငိမ္ ျဖစ္ေနတဲ႔ ျမန္မာႏုိင္ငံ ပံုမွန္ ျပန္ျဖစ္လာေစေရး ေလ႔လာသံုးသပ္ ကူညီႏုိင္ေရး အတြက္ အေရွ႕ေတာင္ အာရွ ႏုိင္ငံမ်ား အသင္း အာဆီယံက ကိုယ္စားလွယ္ေတြကို ျမန္မာဘက္က လက္ခံဖု႔ိ ေမွ်ာ္လင့္ေၾကာင္း မေလးရွား ႏုိင္ငံျခားေရး ၀န္ႀကီး Hishammuddin Hussein က သတင္းေထာက္ေတြကို အဂၤါေန႔မွာ ေျပာဆိုခဲ႔တာကို သူ႔ရဲ႕ တြစ္တာ လူမႈကြန္ရက္မွာ တင္ထားတဲ႔ ဗီြဒီယိုမွာ ေတြ႔ရပါတယ္။

ဂ်ာကာတာၿမိဳ႕ေတာ္မွာ လုပ္မယ့္ ေဆြးေႏြးပြဲမွာ ျမန္မာဘက္က အခုလို သေဘာတူဖို႔ ေမွ်ာ္လင့္တဲ႔ အေၾကာင္း မေလးရွား ႏုိင္ငံျခားေရး ၀န္ႀကီးက ေျပာခဲ႔တာပါ။ အင္ဒိုနီးရွားမွာ လုပ္မယ့္ ျမန္မာ့ စစ္အာဏာသိမ္းမႈ အေရး ေဆြးေႏြးပြဲကို ထိုင္းႏုိင္ငံရဲ႕ ဒုတိယ ၀န္ႀကီးခ်ဳပ္နဲ႔ ႏုိင္ငံျခားေရး ၀န္ႀကီး Don Pramudwinai ကို ကိုယ္စားေစလႊတ္မယ့္ အေၾကာင္း ထုိင္း၀န္ႀကီးခ်ဳပ္ Prayuth Chan-ocha က အဂၤါေန႔မွာ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ဧပြီ ၂၄ ကျင်းပမယ့် အာဆီယံ စည်းဝေးပွဲ ခေါင်းဆောင်များ တက်ရောက်မယ့် အလားအလာ
(Unicode)
အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ အကြီးအကဲတွေ လာမယ့် စနေနေ့ ဧပြီလ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျာကာတာမှာ တွေ့ဆုံဆွေးနွေးမယ့် အကြောင်း ဘရူးနိုင်း အစိုးရက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ထားပြီး ဒီဆွေးနွေးပွဲမှာတော့ မြန်မာ့ စစ်အာဏာသိမ်းမှု အရေး ဆွေးနွေးမယ်လို့ အစိုးရ တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌ ဘရူးနိုင်းရဲ့ ဝန်ကြီးချုပ် အဖြစ်လည်း တာဝန်ယူထားတဲ့ ဘုရင် Hassanal Bolkiah က စနေနေ့ ထိပ်သီး စည်းဝေးပွဲကို ဦးဆောင်မယ့် အကြောင်း ကြေညာထားပါတယ်။ ဘရူးနိုင်း အစိုးရရဲ့ ကြေညာချက်မှာတော့ မြန်မာ့ အရေးကို သီးသီးသန့်သန့် ဖော်ပြမထားပါဘူး။ ဒါပေမယ့်လည်း မြန်မာ အပါအဝင် တခြား နိုင်ငံ အစိုးရ တာဝန်ရှိသူတွေက မြန်မာ့ အရေး ဆွေးနွေးမယ့် အကြောင်း အင်္ဂါနေ့မှာ တည်ပြုထားတာပါ။

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို လက်ရှိ အာဏာသိမ်းထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်လို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးကလည်း အင်္ဂါနေ့မှာ ပြောပါတယ်။ ဒါပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ အင်ဒိုနီးရှား နိုင်ငံကို ကိုယ်တိုင် သွားတက် မလား ဒါမှမဟုတ်လည်း မြန်မာပြည်တွင်းကနေ အွန်လိုင်းကနေ အစည်းအဝေး တက်မလားဆိုတာတော့ မပြောပါဘူး။

စစ်အာဏာသိမ်းပြီးနောက် မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာနိုင်ငံ ပုံမှန် ပြန်ဖြစ်လာစေရေး လေ့လာသုံးသပ် ကူညီနိုင်ရေး အတွက် အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံက ကိုယ်စားလှယ်တွေကို မြန်မာဘက်က လက်ခံဖု့ိ မျှော်လင့်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Hishammuddin Hussein က သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောဆိုခဲ့တာကို သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်မှာ တင်ထားတဲ့ ဗွီဒီယိုမှာ တွေ့ရပါတယ်။

ဂျာကာတာမြို့တော်မှာ လုပ်မယ့် ဆွေးနွေးပွဲမှာ မြန်မာဘက်က အခုလို သဘောတူဖို့ မျှော်လင့်တဲ့ အကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့တာပါ။ အင်ဒိုနီးရှားမှာ လုပ်မယ့် မြန်မာ့ စစ်အာဏာသိမ်းမှု အရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံရဲ့ ဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai ကို ကိုယ်စားစေလွှတ်မယ့် အကြောင်း ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က အင်္ဂါနေ့မှာ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG