သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဦးေက်ာ္မိုးထြန္းကို စစ္ေကာင္စီလက္ထဲ လဲႊအပ္ႏိုင္ဖြယ္မရွိ (NUG ဦးထင္လင္းေအာင္)


UN Myanmar Mr. Kyaw Moe Tun

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ျပန္လဲႊေပးဖို႔ စစ္ေကာင္စီရဲ႕ ေတာင္းဆိုခ်က္ကို အေမရိကန္ဘက္က လိုက္ေလ်ာႏိုင္ဖြယ္မရွိဘူးလို႔ NUG ၀န္ႀကီး ဦးထင္လင္းေအာင္က တုန္႔ျပန္ေျပာဆိုလိုက္ပါတယ္။ နယူးေရာက္ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းအေနနဲ႔ ဆက္ၿပီး ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အျဖစ္ တာ၀န္ထမ္းေဆာင္ႏိုင္ဖို႔အတြက္လည္း NUG အစိုးရအေနနဲ႔ ႀကိဳးပမ္းေနတယ္လို႔လည္း ဆိုပါတယ္။

မအင္ၾကင္းႏိုင္က အေၾကာင္းစံုကို ေျပာျပမွာပါ။

ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္မႈဆိုတဲ့ ႀကီးမားတဲ့ အမႈနဲ႔ ၀ရမ္းထုတ္တရားစဲြခံထားရတဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းအေနနဲ႔ ျမန္မာႏိုင္ငံမွာ လာေရာက္တရားရင္ဆိုင္ဖို႔အတြက္ သူ႔ကို လက္ခံထားတဲ့ အေမရိကန္ျပည္ေထာင္စုကေန ျပန္လဲႊေပးဖို႔ စစ္ေကာင္စီက အေမရိကန္ႏိုင္ငံျခားေရးဌာနကို စာေပးပို႔ထားတာပါ။ အခုလို စစ္ေကာင္စီရဲ႕ ေတာင္းဆိုခ်က္ကို အေမရိကန္အစိုးရဘက္က လိုက္ေလ်ာႏိုင္ဖြယ္မရွိဘူးလို႔ NUG အမ်ဳိးသားညီၫြတ္ေရးအစိုးရရဲ႕ ဆက္သြယ္ေရး၊ သတင္းအခ်က္အလက္နဲ႔ နည္းပညာ၀န္ႀကီး ဦးထင္လင္းေအာင္က ဗြီအိုေအကို ေျပာပါတယ္။


“က်ေနာ္တို႔အေနနဲ႔ ဦးေက်ာ္မိုးထြန္းလို လူမ်ဳိးကို လဲႊေျပာင္းေပးလိမ့္မယ့္လို႔ လံုး၀မထင္ပါဘူး။ သံတမန္ေရးအရပဲ ၾကည့္ၾကည့္၊ လူ႔အခြင့္အေရးရွဳ႕ေထာင္ကပဲ ၾကည့္ၾကည့္ ဘယ္လိုမွ ျဖစ္ႏိုင္တယ္အေနအထားမရွိဘူးလို႔ သံုးသပ္မိပါတယ္။
အင္ၾကင္းႏိုင္။ ။ စစ္ေကာင္စီက သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ျမန္မာကို ျပန္လဲႊေပးဖို႔ ေတာင္းဆိုထားတဲ့အထဲမွာ- ဦးေက်ာ္မိုးထြန္းကို ဖမ္း၀ရမ္းထုတ္ထားတာ၊ ျမန္မာႏိုင္ငံကို ကိုယ္စားမျပဳဘူးဆိုၿပီး အေၾကာင္းျပထားတာ၊ ေနာက္ ႏိုင္ငံေတာ္ သစၥာေဖာက္ဖ်က္ ပုန္ကန္မႈ စတာေတြနဲ႔လည္း တရားစဲြထားတယ္လို႔ အေၾကာင္းျပထားပါတယ္။ ဒီအေပၚမွာ ဦးထင္လင္းေအာင္ ဘယ္လိုျမင္ပါလဲ။


ဦးထင္လင္းေအာင္။ ။ ဒီအေၾကာင္းျပခ်က္ေတြကေတာ့ တရားမ၀င္စစ္ေကာင္စီက သူတို႔ အာဏာသိမ္းထားတဲ့အေပၚမွာ သူတို႔ကို ဆန္႔က်င္လာတဲ့သူမွန္သမွ် အကုန္လံုးကို ပုဒ္မ ၅၀၅၊ ၁၂၂ ေတြနဲ႔ အကုန္လံုးကို ဖမ္းဖို႔ လုပ္ေနတာပါ။ အဲေတာ့ ဦးေက်ာ္မိုးထြန္း မွ မဟုတ္ပါဘူး။ သူ႔ကို ဆန္႔က်န္ေနတဲ့သူေတြ၊ ဒီမိုကေရစီကို ျပန္လည္ ေဖၚေဆာင္ေနတဲ့သူေတြကို အကုန္လံုးကို အဲဒီလို ပုဒ္မေတြထုတ္ၿပီး လိုက္ဖမ္းေနတဲ့ကာလမွာ အခု အေမရိကန္အစိုးရေနၿပီးေတာ့ဗီဇာေတြ ေပးၿပီးေတာ့ အဲဒီလူေတြကို ေခၚထုတ္ေပးေနတဲ့ဟာက သက္ေသပဲေလ။ အဲေတာ့ ဘယ္လိုမွ မျဖစ္ႏိုင္ဘူးလို႔ က်ေနာ္ကေတာ့ သံုးသပ္ပါတယ္။


ေမး။ ။ အခု သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီးေတာ့ ကုလသမဂၢအစည္းအေ၀းေတြကို တက္ေရာက္ေနဆဲရွိပါတယ္။ တဖက္မွာလည္း စက္တင္ဘာလမွာ က်င္းပမယ့္ ကုလသမဂၢအေထြေထြညီလာခံမွာ ျမန္မာကိုယ္စားလွယ္ အျဖစ္ ဘယ္သူ႔ကို လက္ခံမလဲဆိုတာလည္း ဆံုးျဖတ္ဖို႔ရွိေနေတာ့ NUG ဘက္က ဒါနဲ႔ ပတ္သက္လို႔ ဘာေတြလုပ္ေဆာင္ေနပါသလဲ။


ဦးထင္လင္းေအာင္။ ။ က်ေနာ္တို႔ဘက္ကလည္း ျပင္ဆင္ေနတာေတြရွိပါတယ္။ Credentials Committee ကိုဘယ္လို ကိုင္တြယ္ရမလဲ၊ ၿပီးေတာ့ ဥပေဒပညာရွင္ေတြနဲ႔ တိုင္ပင္ၿပီးေတာ့ ဘယ္လို သြားရမလဲဆိုတဲ့လမ္းေၾကာင္းကို က်ေနာ္တို႔ လုပ္ေနၿပီ။ ဦးေက်ာ္မိုးထြန္းရဲ႕ ေနရာမွာ စစ္ေကာင္စီက အစားထိုးလာမယ့္သူကို မရရွိေရး၊ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းပဲ ဒီေနရာမွာ ျပန္ၿပီးရရွိဖို႔အေရး က်ေနာ္တို႔က ျပင္ဆင္ေဆာင္ရြက္ေနတာေတြေတာ့ရွိပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔အေနနဲ႔ ဘယ္လိုလည္းဆိုတာကိုေတာ့ အတိအက် ထုတ္ေဖၚေျပာဆိုႏိုင္ျခင္းမရွိေသးပါဘူး။
သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လက္ခံထားတဲ့ အေမရိကန္အေနနဲ႔ ျမန္မာကို ျပန္လဲႊေပးဖို႔ စစ္ေကာင္စီရဲ႕ ေတာင္းဆိုခ်က္နဲ႔ ပတ္သက္လို႔ ဗြီအိုေအက အေမရိကန္ႏိုင္ငံျခားေရးဌာနကို ဆက္သြယ္ေမးျမန္းထားေပမယ့္ အခု အသံလႊင့္ခ်ိန္အထိ တုန္႔ျပန္ခ်က္ မရေသးပါဘူး။


ဒီအေတာအတြင္းမွာပဲ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္လက္ထက္မွာ အြန္လိုင္းကတဆင့္ ပထမဆံုးအႀကိမ္ျပဳလုပ္တဲ့ အေမရိကန္-အာဆီယံ ႏိုင္ငံျခားေရး၀န္ႀကီးမ်ား အစည္းအေ၀းကို မေန႔ ဗုဒၶဟူးေန႔က ျပဳလုပ္ခဲ့ရာမွာ စစ္ေကာင္စီ ႏိုင္ငံျခားေရး၀န္ႀကီး ဦး၀ဏၰေမာင္လြင္ တက္ေရာက္ခဲ့ပါတယ္။
ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ အဆံုးသတ္ေရးနဲ႔ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္လည္ေရာက္ရွိေရးအတြက္ အာဆီယံအေနနဲ႔ အေရးယူေဆာင္ရြက္ေပးဖို႔ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး ဘလင္ကန္က ေဆြးေႏြးပဲြတြင္း တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ဦးကျော်မိုးထွန်းကို စစ်ကောင်စီလက်ထဲ လွဲှအပ်နိုင်ဖွယ်မရှိ (NUG ဦးထင်လင်းအောင်)

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြန်လွဲှပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို အမေရိကန်ဘက်က လိုက်လျောနိုင်ဖွယ်မရှိဘူးလို့ NUG ဝန်ကြီး ဦးထင်လင်းအောင်က တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ နယူးရောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ ဆက်ပြီး မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖို့အတွက်လည်း NUG အစိုးရအနေနဲ့ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဆိုတဲ့ ကြီးမားတဲ့ အမှုနဲ့ ဝရမ်းထုတ်တရားစွဲခံထားရတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက်တရားရင်ဆိုင်ဖို့အတွက် သူ့ကို လက်ခံထားတဲ့ အမေရိကန်ပြည်ထောင်စုကနေ ပြန်လွဲှပေးဖို့ စစ်ကောင်စီက အမေရိကန်နိုင်ငံခြားရေးဌာနကို စာပေးပို့ထားတာပါ။ အခုလို စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို အမေရိကန်အစိုးရဘက်က လိုက်လျောနိုင်ဖွယ်မရှိဘူးလို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့အနေနဲ့ ဦးကျော်မိုးထွန်းလို လူမျိုးကို လွဲှပြောင်းပေးလိမ့်မယ့်လို့ လုံးဝမထင်ပါဘူး။ သံတမန်ရေးအရပဲ ကြည့်ကြည့်၊ လူ့အခွင့်အရေးရှု့ထောင်ကပဲ ကြည့်ကြည့် ဘယ်လိုမှ ဖြစ်နိုင်တယ်အနေအထားမရှိဘူးလို့ သုံးသပ်မိပါတယ်။
အင်ကြင်းနိုင်။ ။ စစ်ကောင်စီက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာကို ပြန်လွဲှပေးဖို့ တောင်းဆိုထားတဲ့အထဲမှာ- ဦးကျော်မိုးထွန်းကို ဖမ်းဝရမ်းထုတ်ထားတာ၊ မြန်မာနိုင်ငံကို ကိုယ်စားမပြုဘူးဆိုပြီး အကြောင်းပြထားတာ၊ နောက် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု စတာတွေနဲ့လည်း တရားစွဲထားတယ်လို့ အကြောင်းပြထားပါတယ်။ ဒီအပေါ်မှာ ဦးထင်လင်းအောင် ဘယ်လိုမြင်ပါလဲ။
ဦးထင်လင်းအောင်။ ။ ဒီအကြောင်းပြချက်တွေကတော့ တရားမဝင်စစ်ကောင်စီက သူတို့ အာဏာသိမ်းထားတဲ့အပေါ်မှာ သူတို့ကို ဆန့်ကျင်လာတဲ့သူမှန်သမျှ အကုန်လုံးကို ပုဒ်မ ၅၀၅၊ ၁၂၂ တွေနဲ့ အကုန်လုံးကို ဖမ်းဖို့ လုပ်နေတာပါ။ အဲတော့ ဦးကျော်မိုးထွန်း မှ မဟုတ်ပါဘူး။ သူ့ကို ဆန့်ကျန်နေတဲ့သူတွေ၊ ဒီမိုကရေစီကို ပြန်လည် ဖေါ်ဆောင်နေတဲ့သူတွေကို အကုန်လုံးကို အဲဒီလို ပုဒ်မတွေထုတ်ပြီး လိုက်ဖမ်းနေတဲ့ကာလမှာ အခု အမေရိကန်အစိုးရနေပြီးတော့ဗီဇာတွေ ပေးပြီးတော့ အဲဒီလူတွေကို ခေါ်ထုတ်ပေးနေတဲ့ဟာက သက်သေပဲလေ။ အဲတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။
မေး။ ။ အခု သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ ကုလသမဂ္ဂအစည်းအဝေးတွေကို တက်ရောက်နေဆဲရှိပါတယ်။ တဖက်မှာလည်း စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာကိုယ်စားလှယ် အဖြစ် ဘယ်သူ့ကို လက်ခံမလဲဆိုတာလည်း ဆုံးဖြတ်ဖို့ရှိနေတော့ NUG ဘက်က ဒါနဲ့ ပတ်သက်လို့ ဘာတွေလုပ်ဆောင်နေပါသလဲ။
ဦးထင်လင်းအောင်။ ။ ကျနော်တို့ဘက်ကလည်း ပြင်ဆင်နေတာတွေရှိပါတယ်။ Credentials Committee ကိုဘယ်လို ကိုင်တွယ်ရမလဲ၊ ပြီးတော့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ဘယ်လို သွားရမလဲဆိုတဲ့လမ်းကြောင်းကို ကျနော်တို့ လုပ်နေပြီ။ ဦးကျော်မိုးထွန်းရဲ့ နေရာမှာ စစ်ကောင်စီက အစားထိုးလာမယ့်သူကို မရရှိရေး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ ဒီနေရာမှာ ပြန်ပြီးရရှိဖို့အရေး ကျနော်တို့က ပြင်ဆင်ဆောင်ရွက်နေတာတွေတော့ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ဘယ်လိုလည်းဆိုတာကိုတော့ အတိအကျ ထုတ်ဖေါ်ပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ခံထားတဲ့ အမေရိကန်အနေနဲ့ မြန်မာကို ပြန်လွဲှပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ ဗွီအိုအေက အမေရိကန်နိုင်ငံခြားရေးဌာနကို ဆက်သွယ်မေးမြန်းထားပေမယ့် အခု အသံလွှင့်ချိန်အထိ တုန့်ပြန်ချက် မရသေးပါဘူး။
ဒီအတောအတွင်းမှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်မှာ အွန်လိုင်းကတဆင့် ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အမေရိကန်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မနေ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ရာမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် အာဆီယံအနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဆွေးနွေးပွဲတွင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG