သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ၾကံဳႏိုင္တဲ႔ စားနပ္ရိကၡာအခက္အခဲအတြက္ ကုလ အေရးေပၚ ေဆာင္ရြက္


(Zawgyi/ Unicode)

ျမန္မာႏိုင္ငံမွာ လက္ရွိ ႏိုင္ငံေရးနဲ႔ စီးပြားေရး မတည္ၿငိမ္မႈေတြေၾကာင့္ လာမယ့္ လပိုင္းေတြ အတြင္း စားနပ္ရိကၡာ မလံုေလာက္မႈနဲ႔ ၾကံဳရႏိုင္တာေၾကာင့္ အေရးေပၚ ရိကၡာ ျဖန္႔ျဖဴးႏိုင္ေရး ကုလသမဂၢက ေဆာင္ရြက္ေနပါတယ္။

အေရးေပၚ စားနပ္ရိကၡာ ျဖန္႔ျဖဴးေရး၊ လယ္သမားေတြကို ေထာက္ပံ႔ေပးေရး၊ ေလာေလာလတ္လတ္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးရသူေတြနဲ႔ သူတို႔ကို လက္ခံထားတဲ႔ ေက်းလက္က မိသားစုေတြ အတြက္ကိုပါ စားနပ္ရိကၡာလံုေလာက္ ေစေရး အစီအစဥ္ေတြနဲ႔ ေျဖရွင္းေဆာင္ရြက္ႏိုင္ဖို႔ ကုလသမဂၢနဲ႔ မိတ္ဖက္ေတြ ေဆာင္ရြက္ေနေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ တဦး ျဖစ္တဲ႔ Farhan Haq က အဂၤါေန႔ နယူးေယာက္ ကုလသမဂၢ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ႔တာပါ။

ျမန္မာႏိုင္ငံတြင္း လက္ရွိ ႏိုင္ငံေရးနဲ႔ စီးပြားေရး မတည္ၿငိမ္မႈေတြေၾကာင့္ လူထုၾကား အလုပ္အကိုင္ ဆံုးရံႈးမႈ၊ စားေသာက္ကုန္ ေစ်းတက္လာတဲ႔ အေျခအေနနဲ႔ ေငြေၾကး တန္ဖိုး ေလ်ာ့က်မႈေတြေၾကာင့္ လူထုအတြက္ ရိကၡာ လံုေလာက္မႈ အေပၚမွာ ႐ိုက္ခတ္ သက္ေရာက္မႈ ရွိေနေၾကာင္း ျမန္မာဆိုင္ရာ ကုလသမဂၢ အဖြဲ႔ကလည္း သတိေပးထားပါတယ္။

ဒီ စိုးရိမ္စရာ အေျခအေနဟာ လာမယ့္ မုတ္သံုရာသီမွာ ပိုၿပီး ဆိုးရြားသြားႏိုင္ေၾကာင္းလည္း ကုလသမဂၢက ေျပာဆိုပါတယ္။
ႏိုင္ငံတြင္းမွာ တိုက္ပြဲေတြ ဆက္ျဖစ္ေနတဲ႔ အခ်က္နဲ႔ ဘဏ္၀န္ေဆာင္မႈမွာ အခက္အခဲေတြ ျဖစ္ေနတဲ႔ အေျခအေနမွာ လာမယ့္ မုတ္သံုရာသီတြင္း လမ္းတံတားနဲ႔ သယ္ယူပို႔ေဆာင္ေရးမွာ အခက္အခဲ ထပ္ျဖစ္ႏိုင္တယ္လို႔ ကုလသမဂၢက သတိေပးထားတာ ျဖစ္ပါတယ္။ လာမယ့္ ၆ လအတြင္း သန္းနဲ႔ခ်ီတဲ႔ ျမန္မာ ျပည္သူ လူထုေတြ အစာေရစာ ျပတ္လပ္မႈနဲ႔ ၾကံဳေတြ႕ႏိုင္ေၾကာင္းလည္း ကမ႓ာ့ စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေရး အဖြဲ႔ FAO က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာနိုင်ငံမှာ ကြုံနိုင်တဲ့ စားနပ်ရိက္ခာအခက်အခဲအတွက် ကုလ အရေးပေါ် ဆောင်ရွက်

မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် လာမယ့် လပိုင်းတွေ အတွင်း စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ကြုံရနိုင်တာကြောင့် အရေးပေါ် ရိက္ခာ ဖြန့်ဖြူးနိုင်ရေး ကုလသမဂ္ဂက ဆောင်ရွက်နေပါတယ်။

အရေးပေါ် စားနပ်ရိက္ခာ ဖြန့်ဖြူးရေး၊ လယ်သမားတွေကို ထောက်ပံ့ပေးရေး၊ လောလောလတ်လတ် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ သူတို့ကို လက်ခံထားတဲ့ ကျေးလက်က မိသားစုတွေ အတွက်ကိုပါ စားနပ်ရိက္ခာလုံလောက် စေရေး အစီအစဉ်တွေနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂနဲ့ မိတ်ဖက်တွေ ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ တဦး ဖြစ်တဲ့ Farhan Haq က အင်္ဂါနေ့ နယူးယောက် ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံတွင်း လက်ရှိ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် လူထုကြား အလုပ်အကိုင် ဆုံးရှုံးမှု၊ စားသောက်ကုန် ဈေးတက်လာတဲ့ အခြေအနေနဲ့ ငွေကြေး တန်ဖိုး လျော့ကျမှုတွေကြောင့် လူထုအတွက် ရိက္ခာ လုံလောက်မှု အပေါ်မှာ ရိုက်ခတ် သက်ရောက်မှု ရှိနေကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ကလည်း သတိပေးထားပါတယ်။ ဒီ စိုးရိမ်စရာ အခြေအနေဟာ လာမယ့် မုတ်သုံရာသီမှာ ပိုပြီး ဆိုးရွားသွားနိုင်ကြောင်းလည်း ကုလသမဂ္ဂက ပြောဆိုပါတယ်။

နိုင်ငံတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အချက်နဲ့ ဘဏ်ဝန်ဆောင်မှုမှာ အခက်အခဲတွေ ဖြစ်နေတဲ့ အခြေအနေမှာ လာမယ့် မုတ်သုံရာသီတွင်း လမ်းတံတားနဲ့ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲ ထပ်ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားတာ ဖြစ်ပါတယ်။ လာမယ့် ၆ လအတွင်း သန်းနဲ့ချီတဲ့ မြန်မာ ပြည်သူ လူထုတွေ အစာရေစာ ပြတ်လပ်မှုနဲ့ ကြုံတွေ့နိုင်ကြောင်းလည်း ကမ္ဘာ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ FAO က ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG