[ Zawgyi ]
ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းထားတာ ၅ လထဲေရာက္လာခ်ိန္မွာ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ စားေသာက္ကုန္ေစ်းႏႈန္းေတြ သိသိသာသာ တက္ေနတဲ့ အတြက္ ဝင္ေငြသိပ္မရွိ ျပည္သူေတြ အခက္ၾကံဳေနရေၾကာင္း ျမန္မာႏိုင္ငံထဲမွာ စားနပ္ရိကၡာအကူအညီေပးေနတဲ့ WFP ကုလသမဂၢစားနပ္ရိကၡာအစီအစဥ္က တာဝန္ရွိသူေတြက ေျပာတယ္လို႔ ကုလအတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရ Stephane Dujarric က တနလၤာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ ကုန္ေစ်းႏႈန္းေတြက တိုးလာေနတာေၾကာင့္ အထူးသျဖင့္ ဒီႏွစ္ထဲ ဝင္ေငြ ထက္ဝက္ေလာက္ေလ်ာ့ သြားတဲ့ အိမ္ေထာင္စုေတြထဲက ရာခိုင္ႏႈန္း ၈၀ ေလာက္ဟာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာပါ။ ဒါေၾကာင့္ ၿမိဳ႕ျပ ေဒသက လိုအပ္ခ်က္ရွိေနသူ ၂ သန္းေလာက္ကို အကူညီေပးဖို႔ WFP က စီစဥ္ေနတယ္လို႔ ေျပာသြားတာပါ။
ေဖေဖၚဝါရီလကစၿပီး စားေသာက္ကုန္ေစ်းႏႈန္းေတြ ဥပမာ စားသံုးဆီကို ၾကည့္ရင္ ေစ်းက ၄၀ ရာခိုင္ႏႈန္း တက္လာသလို တျခားစားေသာက္ကုန္ေစ်းေတြကလည္း သိသိသာသာ တက္လာေနတာအတြက္ အထူးစိုးရိမ္တယ္လို႔လည္း WPF က ေျပာပါတယ္။
WFP ကေန ၿမိဳ႕ျပ ဆင္ေျခဖုန္းေနလူထု ၂ သန္းေလာက္အတြက္ အကူညီေပးဖို႔စီစဥ္ထားတာ ျဖစ္ၿပီး ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္က လိုအပ္ခ်က္ရွိေနတဲ့ လူေပါင္း ၃၃၀,၀၀၀ ေက်ာ္ကို ေတာ့ မၾကာေသးခင္ကပဲ စားနပ္ရိကၡာေတြ ျဖန႔္ေဝထားတာပါ။
ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စီးပြားေရးေရာ ဘဏ္လည္ပတ္မႈပါ တုံ႔ဆိုင္းေနသလို သပိတ္ေမွာက္တာေတြ၊ စက္႐ံု ပိတ္သိမ္းမႈေတြေၾကာင့္ အလုပ္အကိုင္ေတြလည္း ဆံုးရံႈးေနတာပါ။ ဆန္၊ ပဲနဲ႔ သစ္သီး ၀လံ ျပည္ပ တင္ပို႔ေလ႔ ရွိတဲ႔ ျမန္မာႏုိင္ငံမွာ လာမယ့္ လပိုင္းေတြ အတြင္း လူေပါင္း သန္းခ်ီ စားနပ္ရိကၡာ ျပတ္လပ္ႏုိင္တယ္လို႔ ကမၻာ့စားနပ္ရိကၡာ အဖြဲ႔ WFP က သတိေပးထားတာ ျဖစ္ပါတယ္။
[ Unicode ]
စစ်အာဏာသိမ်းပြီး ကုန်ဈေးနှုန်းတက်လို့ ဝင်ငွေနည်းပြည်သူ အခက်ကြုံ (WFP)
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ ၅ လထဲရောက်လာချိန်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ သိသိသာသာ တက်နေတဲ့ အတွက် ဝင်ငွေသိပ်မရှိ ပြည်သူတွေ အခက်ကြုံနေရကြောင်း မြန်မာနိုင်ငံထဲမှာ စားနပ်ရိက္ခာအကူအညီပေးနေတဲ့ WFP ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်က တာဝန်ရှိသူတွေက ပြောတယ်လို့ ကုလအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေက တိုးလာနေတာကြောင့် အထူးသဖြင့် ဒီနှစ်ထဲ ဝင်ငွေ ထက်ဝက်လောက်လျော့ သွားတဲ့ အိမ်ထောင်စုတွေထဲက ရာခိုင်နှုန်း ၈၀ လောက်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါကြောင့် မြို့ပြ ဒေသက လိုအပ်ချက်ရှိနေသူ ၂ သန်းလောက်ကို အကူညီပေးဖို့ WFP က စီစဉ်နေတယ်လို့ ပြောသွားတာပါ။
ဖေဖေါ်ဝါရီလကစပြီး စားသောက်ကုန်ဈေးနှုန်းတွေ ဥပမာ စားသုံးဆီကို ကြည့်ရင် ဈေးက ၄၀ ရာခိုင်နှုန်း တက်လာသလို တခြားစားသောက်ကုန်ဈေးတွေကလည်း သိသိသာသာ တက်လာနေတာအတွက် အထူးစိုးရိမ်တယ်လို့လည်း WPF က ပြောပါတယ်။
WFP ကနေ မြို့ပြ ဆင်ခြေဖုန်းနေလူထု ၂ သန်းလောက်အတွက် အကူညီပေးဖို့စီစဉ်ထားတာ ဖြစ်ပြီး ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က လိုအပ်ချက်ရှိနေတဲ့ လူပေါင်း ၃၃၀,၀၀၀ ကျော်ကို တော့ မကြာသေးခင်ကပဲ စားနပ်ရိက္ခာတွေ ဖြန့်ဝေထားတာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးရော ဘဏ်လည်ပတ်မှုပါ တုံ့ဆိုင်းနေသလို သပိတ်မှောက်တာတွေ၊ စက်ရုံ ပိတ်သိမ်းမှုတွေကြောင့် အလုပ်အကိုင်တွေလည်း ဆုံးရှုံးနေတာပါ။ ဆန်၊ ပဲနဲ့ သစ်သီး ဝလံ ပြည်ပ တင်ပို့လေ့ ရှိတဲ့ မြန်မာနိုင်ငံမှာ လာမယ့် လပိုင်းတွေ အတွင်း လူပေါင်း သန်းချီ စားနပ်ရိက္ခာ ပြတ်လပ်နိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ WFP က သတိပေးထားတာ ဖြစ်ပါတယ်။