သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္း စစ္ေဘးဒုကၡသည္စခန္းမ်ား ရိကၡာျပတ္လပ္


ေက်ာက္ေတာ္ေဒသ ရခုိင္စစ္ေျပးဒုကၡသည္မိသားစု (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက စစ္ေဘးဒုကၡသည္ စခန္းေတြမွာ ရိကၡာျပတ္လပ္တာေတြ နဲ႔ ရင္ဆိုင္ေနရတာပါ။ ရိကၡေထာက္ပံ့သူ ေတြအေန နဲ႔လည္း ေငြေႀကးလည္ပတ္မွုေတြ အဆင္မေျပတာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြအတြက္ ရိကၡာေထာက္ပံ့တဲ့အခါ ႀကန္႔ၾကာတာေတြ ရွိေနတယ္လို႔ ရခိုင္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီက ေျပာပါတယ္။ ဒီအေၾကာင္း ရခိုင္ကလာတဲ့ သတင္းကို ကို​ေဇာ္၀င္းလိႈင္ ေျပာျပပါမယ္။

ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ရေသ့ေတာင္၊ ေျမပံု စတဲ့ ၿမို႕နယ္ေတြမွာရွိတဲ့ စစ္ေရွာင္စခန္းတစ္ခ်ိဳ႕မွာ စားနပ္ရိကၡာေထာက္ပံ့မွုေတြ မေရာက္ရွိတာေၾကာင့္ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ စစ္ေဘးဒုကၡသည္ေတြက ေျပာႀကပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္၊ ပီပင္ရင္းစစ္ေရွာင္စခန္းမွာဆိုရင္ လူဦးေရ နွစ္ေထာင္နီးပါး ေနထိုင္ၾကတာျဖစ္ၿပီး စားနပ္ရိကၡာျပတ္လတ္မွုေတြ ရွိေနတယ္လို႔ ပီးပင္ရင္းစစ္ေရွာင္စခန္းတာဝန္ခံ ဦးသိန္းေရႊျမတ္က ေျပာပါတယ္။


“ က်ေနာ္တို႔ စခန္းရိကၡာျပတ္ေနတာက ေတာ္ေတာ္ၾကာေနၿပီ။ က်ေနာ္တို႔ အစိုးရဌာန ေဘးစီမံက ေပးတာဆိုရင္ ၁၆ရက္ေလာက္ရွိၿပီ မေရာက္တာ။ WFP ကလည္း ရိကၡာမေရာက္တာ တစ္ပတ္ေလာက္ရွိေနၿပီ။ စခန္းရပ္တည္ဖို႔ေတာင္ ေတာ္ေတာ္အခက္ အခဲျဖစ္ေနၿပီ။ မိုးကလည္း တအားရြာေနတာ ဆိုေတာ့ အျပင္မွာထြက္ၿပီး ရွာဖြယ္စားေသာက္ ဖို႔လည္း အခ်ိန္မရ၊ မိုးကလည္း ႀကီးတယ္။ အလုပ္အကိုင္ကလည္း မရွိဘူးဆိုေတာ့ ေတာ္ေတာ္ခက္ခဲေနၾကတယ္။”

အဲဒီ ပီပင္ရင္း စစ္ေရွာင္စခန္းကို အရင္က ကမၻာ့စားနပ္ရိကၡာအဖြဲ႔ WFP နဲ႔ သဘာဝေဘး အႏၱာရာယ္စီမံခန္႔ခြဲမွု ဦးစီးဌာနတို႔က စားနပ္ရိကၡာ ေထာက္ပံ့ထားေပးေနခဲ့တာပါ။

ဒါအျပင္ လူဦးေရ သံုးေထာင္ေက်ာ္ရွိတဲ့ ေျမာက္ဦးၿမိဳ႕နယ္၊ တိမ္ညိုစစ္ေရွာင္စခန္းမွာဆိုရင္လည္း စားနပ္ရိကၡာ ေထာက္ပံ့မွုေတြ ရပ္တန္႔ေနတာေၾကာင့္ စားနပ္ရိကၡာျပတ္လတ္မယ့္ အေနအထားမွာရွိေနတယ္လို႔ စခန္းတာဝန္ရွိသူေတြက ေျပာပါတယ္။

ေျမပံုၿမိဳ႕နယ္အတြင္းက ကိုင္းႀကီးစစ္ေရွာင္စခန္းမွာဆိုရင္လည္း အစိုးရေထာက္ပံ့့မွု မရရွိတဲ့ စစ္ေရွာင္စခန္းတစ္ခုျဖစ္သလို အရင္ေထာက္ပံ့ေနတဲ့ လူမွုအဖြဲ႔အစည္းေတြရဲ႕ ေထာက္ပံ့မွုေတြ မရွိေတာ့တာေၾကာင့္ ျဖစ္သလို ရွာႀကံစားေနရတယ္လို႔ ကိုင္းႀကီးစစ္ေရွာင္စခန္းတာဝန္ခံ ကိုေရႊစိုးကေျပာပါတယ္။

“ အရင္တုန္းက ရိကၡာေတြက်ေတာ့ ျပည္တြင္းျပည္ပက အရပ္ဖက္အဖြဲ႕ေတြရယ္၊ ေနာက္ၿပီး ေတာ့ ရကၡိတကြန္ယွက္နဲ႔ ပူးေပါင္းၿပီးေတာ့ ေပးၾကတာ။ အခု ရိကၡာမရေတာ့တာက သူတို႔လည္း အက်ပ္အတည္းကာလ ျဖစ္ေနလု႔ိ ထင္ပါတယ္။ လက္ရွိမွာေတာ့ ကိုယ္ပါကို ရွာႀကံၿပီးစားေသာက္ ေနထုိင္ရတယ္ဗ်ာ။”

လက္ရွိအခ်ိန္ထိ ရခိုင္ျပည္နယ္မွာ စစ္ေရွာင္တစ္သိန္းေက်ာ္ေလာက္ ရွိေနၿပီး စစ္ေရွာင္ေတြအတြက္ စားနပ္ရိကၡာ ပံုမွန္ေထာက္ပံ့မွုေတြေနာက္က်ေနတာဟာ အစိုးရအေနနဲ႔ ဘဏ္ကေငြထုတ္ရတာ အဆင္မေျပတာေၾကာင့္ျဖစ္တယ္လို႔လည္း ရခိုင္ျပည္နယ္ စီမံအုပ္ခ်ုပ္ ေရးေကာင္စီအဖြဲ႔ဝင္ ဦးသန္းထြန္းကေျပာပါတယ္။

“ လြန္ခဲ့တဲ့ တစ္လ နွစ္လေလာက္ကစၿပီးေတာ့ ဘဏ္ေငြထုတ္ရ အခက္အခဲျဖစ္လာ တာေပါ့ေနာ္။ ဆန္ကုန္သည္မ်ားအသင္းကို ေပးေခ်ရမယ့္ ေငြေတြကိုလည္း သူတို႔က မေပးေခ်ႏုိင္ပဲ ေျဖးေျဖးရွင္းေပးေနရတယ္။ ေနာက္ဆံုး တစ္လလံုးမွာမွ ေငြ သိန္းနွစ္ရာေလာက္သာ ထုတ္လို႔ရတဲ့ အေနအထားျဖစ္လာတယ္။ဆန္ကုန္သည္ေတြကလည္း နဂိုကတည္းကအေႂကြးေတြ မ်ားေနေတာ့ မေရာင္းၾကေတာ့ဘူး။ အဲတာေၾကာင့္ နည္းနည္းၾကာသြားတာရွိတယ္။ အခုေနာက္ပိုင္းမွာေတာ့ အဆင္ေျပသြားမယ္ထင္တယ္။ အခုလည္း ေစတီျပင္ဒုကၡသည္စခန္း ဆန္အခက္အခဲျဖစ္ေနတယ္ဆိုလို႔ ဆန္ပို႔ဖို႔ ျပင္ေနပါတယ္။”

လက္ရွိရခိုင္ျပည္နယ္အတြင္းမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔တို႔ၾကား တိုက္ပြဲေတြ ရပ္တန္႔ေနတယ္ဆိုေပမယ့္ မိုင္းနဲ႔ စစ္က်န္လက္နက္အႏၱာရယ္ေၾကာင့္ ေနရပ္မျပန္ႏိုင္ေသးတဲ့ စစ္ေဘးဒုကၡသည္ တစ္သိန္းေက်ာ္ေလာက္ စစ္ေရွာင္စခန္းေတြမွာ ရွိေနတာပါ။ အစိုးရဖက္ကေတာ့ ေနရပ္မျပန္ႏိုင္ေသးတဲ့ စစ္ေဘးဒုကၡသည္ေတြကို ဆက္လက္ေထာက္ပံ့မွုေတြ လုပ္ေဆာင္သြားမယ္လို႔ ေျပာဆိုထား ပါတယ္။

.............................................................................................

တိုက္႐ိုက္ လင့္ခ္


ရခိုင်မြောက်ပိုင်း စစ်ဘေးဒုက္ခသည်စခန်းများ ရိက္ခာပြတ်လပ်

(Unicode)

ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ရိက္ခာပြတ်လပ်တာတွေ နဲ့ ရင်ဆိုင်နေရတာပါ။ ရိက္ခထောက်ပံ့သူ တွေအနေ နဲ့လည်း ငွေကြေးလည်ပတ်မှုတွေ အဆင်မပြေတာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် ရိက္ခာထောက်ပံ့တဲ့အခါ ကြန့်ကြာတာတွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီက ပြောပါတယ်။ ဒီအကြောင်း ရခိုင်ကလာတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင် ပြောပြပါမယ်။

ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မြေပုံ စတဲ့ မြို့နယ်တွေမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ချို့မှာ စားနပ်ရိက္ခာထောက်ပံ့မှုတွေ မရောက်ရှိတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောကြပါတယ်။

မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ရှောင်စခန်းမှာဆိုရင် လူဦးရေ နှစ်ထောင်နီးပါး နေထိုင်ကြတာဖြစ်ပြီး စားနပ်ရိက္ခာပြတ်လတ်မှုတွေ ရှိနေတယ်လို့ ပီးပင်ရင်းစစ်ရှောင်စခန်းတာဝန်ခံ ဦးသိန်းရွှေမြတ်က ပြောပါတယ်။


“ ကျနော်တို့ စခန်းရိက္ခာပြတ်နေတာက တော်တော်ကြာနေပြီ။ ကျနော်တို့ အစိုးရဌာန ဘေးစီမံက ပေးတာဆိုရင် ၁၆ရက်လောက်ရှိပြီ မရောက်တာ။ WFP ကလည်း ရိက္ခာမရောက်တာ တစ်ပတ်လောက်ရှိနေပြီ။ စခန်းရပ်တည်ဖို့တောင် တော်တော်အခက် အခဲဖြစ်နေပြီ။ မိုးကလည်း တအားရွာနေတာ ဆိုတော့ အပြင်မှာထွက်ပြီး ရှာဖွယ်စားသောက် ဖို့လည်း အချိန်မရ၊ မိုးကလည်း ကြီးတယ်။ အလုပ်အကိုင်ကလည်း မရှိဘူးဆိုတော့ တော်တော်ခက်ခဲနေကြတယ်။”

အဲဒီ ပီပင်ရင်း စစ်ရှောင်စခန်းကို အရင်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ သဘာဝဘေး အန္တာရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနတို့က စားနပ်ရိက္ခာ ထောက်ပံ့ထားပေးနေခဲ့တာပါ။

ဒါအပြင် လူဦးရေ သုံးထောင်ကျော်ရှိတဲ့ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ရှောင်စခန်းမှာဆိုရင်လည်း စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ ရပ်တန့်နေတာကြောင့် စားနပ်ရိက္ခာပြတ်လတ်မယ့် အနေအထားမှာရှိနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

မြေပုံမြို့နယ်အတွင်းက ကိုင်းကြီးစစ်ရှောင်စခန်းမှာဆိုရင်လည်း အစိုးရထောက်ပံ့မှု မရရှိတဲ့ စစ်ရှောင်စခန်းတစ်ခုဖြစ်သလို အရင်ထောက်ပံ့နေတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေ မရှိတော့တာကြောင့် ဖြစ်သလို ရှာကြံစားနေရတယ်လို့ ကိုင်းကြီးစစ်ရှောင်စခန်းတာဝန်ခံ ကိုရွှေစိုးကပြောပါတယ်။

“ အရင်တုန်းက ရိက္ခာတွေကျတော့ ပြည်တွင်းပြည်ပက အရပ်ဖက်အဖွဲ့တွေရယ်၊ နောက်ပြီး တော့ ရက္ခိတကွန်ယှက်နဲ့ ပူးပေါင်းပြီးတော့ ပေးကြတာ။ အခု ရိက္ခာမရတော့တာက သူတို့လည်း အကျပ်အတည်းကာလ ဖြစ်နေလု့ိ ထင်ပါတယ်။ လက်ရှိမှာတော့ ကိုယ်ပါကို ရှာကြံပြီးစားသောက် နေထိုင်ရတယ်ဗျာ။”

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှာ စစ်ရှောင်တစ်သိန်းကျော်လောက် ရှိနေပြီး စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ ပုံမှန်ထောက်ပံ့မှုတွေနောက်ကျနေတာဟာ အစိုးရအနေနဲ့ ဘဏ်ကငွေထုတ်ရတာ အဆင်မပြေတာကြောင့်ဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းကပြောပါတယ်။

“ လွန်ခဲ့တဲ့ တစ်လ နှစ်လလောက်ကစပြီးတော့ ဘဏ်ငွေထုတ်ရ အခက်အခဲဖြစ်လာ တာပေါ့နော်။ ဆန်ကုန်သည်များအသင်းကို ပေးချေရမယ့် ငွေတွေကိုလည်း သူတို့က မပေးချေနိုင်ပဲ ဖြေးဖြေးရှင်းပေးနေရတယ်။ နောက်ဆုံး တစ်လလုံးမှာမှ ငွေ သိန်းနှစ်ရာလောက်သာ ထုတ်လို့ရတဲ့ အနေအထားဖြစ်လာတယ်။ဆန်ကုန်သည်တွေကလည်း နဂိုကတည်းကအကြွေးတွေ များနေတော့ မရောင်းကြတော့ဘူး။ အဲတာကြောင့် နည်းနည်းကြာသွားတာရှိတယ်။ အခုနောက်ပိုင်းမှာတော့ အဆင်ပြေသွားမယ်ထင်တယ်။ အခုလည်း စေတီပြင်ဒုက္ခသည်စခန်း ဆန်အခက်အခဲဖြစ်နေတယ်ဆိုလို့ ဆန်ပို့ဖို့ ပြင်နေပါတယ်။”

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ကြား တိုက်ပွဲတွေ ရပ်တန့်နေတယ်ဆိုပေမယ့် မိုင်းနဲ့ စစ်ကျန်လက်နက်အန္တာရယ်ကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်လောက် စစ်ရှောင်စခန်းတွေမှာ ရှိနေတာပါ။ အစိုးရဖက်ကတော့ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဆက်လက်ထောက်ပံ့မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထား ပါတယ်။

XS
SM
MD
LG