သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလလူ႔အခြင့္အေရးညီလာခံအတြင္း ျမန္မာအေရးေဆြးေႏြးမႈဆိုင္းထားဖို႔ တ႐ုတ္လိုလား


ကုလသမဂၢ အ ေထြ ေထြ ညီလာခံက်င္းပစဥ္ (ဓာတ္ပံု - UN)

(Zawgyi/Unicode)

သီတင္း၃ ပတ္ေက်ာ္ၾကာက်င္းပေနတဲ့ လူ႔အခြင့္အေရးဆုိင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ုံး UNHRC ရဲ ႔ညီလာခံအစမွာပဲ ျမန္မာႏုိင္ငံ ကိုယ္စားျပဳမႈနဲ႔ပတ္သက္လို႔ ေဆြးေႏြးျငင္းခုံေနၾကတဲ့အတြက္ ကုလမဟာမင္းႀကီး Michelle Bachelet အဖြင့္မိန္႔ခြန္းေျပာဖိုးေႏွာင့္ေနွးခဲ့ရပါတယ္။

မစၥ Bachelet က တ႐ုတ္၊ မကၠဆီကို၊ ရုရွား၊ သိရီလကၤာ နဲ႔ အီသီယိုးပီးယား Tigray ေဒသလိုေနရာမ်ိဳးက လူ႔အခြင့္အေရးအေပၚစိုးရိမ္ေၾကာင္းေျပာထားပါတယ္။ ျမန္မာ၊ ယူကရိန္း၊ နီကာရာဂြါနဲ႔ အီရန္အေရးကိစၥေတြကိုလည္း ညီလာခံေနွာင္းပုိင္းမွာ ေဆြးေႏြးႏုိင္မယ္လို႔ ေမ ွ်ာ္လင့္ေၾကာင္းလည္း မဟာမင္းႀကီး Bachelet ကေျပာထားပါတယ္။

အေနာက္နုိင္ငံေတြကေတာ့ ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢကိုယ္စားလွယ္ မရွိေပမယ့္လည္း စစ္တပ္ကအာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ ျမန္မာ့လူ႔အခြင့္အေရးအေျခအေနကို မူလအစီအစဥ္အတိုင္း ႏွစ္ႀကိမ္ေဆြးေႏြးဖို႔ လိုလားေနပါတယ္။ တရုတ္၊ ဖိလစ္ပိုင္နဲ႔ ဗစ္နီဇြဲလားႏုိင္ငံတို႔ကေတာ့ ျမန္မာ့အေရးေဆြးေႏြးဖို႔ စိတ္အားထက္သန္ပုံမရပါဘူး။ ျမန္မာကိုယ္စားလွယ္မပါ၀င္ပဲ ေဆြးေႏြးဖို႔မသင့္ဘူးလို႔ သူတို႔ကယူဆပါတယ္။

စက္တင္ဘာမွာက်င္းပမယ့္ ေနာက္တႀကိမ္ညီလာခံအထိ ျမန္မာ့အေရးေဆြးေႏြးမႈကို အခ်ိန္ဆိုင္းထားဖို႔ တရုတ္သံတမန္ Chen Xu ကတုိက္တြန္းခဲ့ပါတယ္။ စစ္တပ္ကအာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းမွာ ဂ်နီဗာၿမိဳ႕က ကုလဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးျမင့္သူ ရာထူးက အနားယူခဲ့ၿပီး၊ ျမန္မာကိုယ္စားလွယ္ေနရာ လစ္လပ္ေနတာျဖစ္ပါတယ္။ အာဏာသိမ္းျမန္မာစစ္ေကာင္စီဖက္ကေရာ ၊ ၿပီးခဲ့တဲ့ေရြးေကာက္ပဲြအႏိုင္ရပါတီက ဦးေဆာင္ဖဲြ႕စည္းတဲ့ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရကပါ ကုလသမဂၢအဖဲြ႕အစည္းအသီးသီးမွာ ကိုယ္စားျပဳ အၿပိဳင္တင္သြင္းေနၾကတာေၾကာင့္ ကုလသမဂၢေအဂ်င္စီေတြမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳမႈကိစၥ အျငင္းပြားစရာေတြျဖစ္ေနပါတယ္။

ကမၻာ့က်န္းမာေရးအဖြဲ႔ WHO၊ အျပည္ျပည္ဆုိင္ရာ အလုပ္သမားအဖြဲ႔ ILO နဲ႔ ကမၻာ့စားနပ္ရိကၡာအစီအစဥ္ FAO ညီလာခံက်င္းပရာမွာ ျမန္မာအစိုးရကိုယ္စားျပဳေနရာေတြကို ခ်ပ္လွပ္ထားခဲ့ၾကပါတယ္။ ျမန္မာကိုယ္စားျပဳခြင့္နဲ႔ပတ္သက္လို႔ ႏုိင္ငံေတြရဲ ႔ကုိယ္စားလွယ္ခန္႔ထားေရးနဲ႔သက္ဆုိင္တဲ့ကုလသမဂၢအေထြေထြညီလာခံ Credentials Committee က ေဆြးေႏြးဆံုးျဖတ္ဖို႔ လဲႊထားၾကပါတယ္။

အခုလက္ရွိ UNHRC ရဲ ႔ ညီလာခံကို အစီအစဥ္အတုိင္းက်င္းပဖို႔ ကိုယ္စားလွယ္ေတြသေဘာတူခဲ့ၾကေပမယ့္ လူ႔အခြင့္အေရးေကာင္စီ အလွည့္က်ဥကၠဌျဖစ္တဲ့ Nazhat Shameem က ညီလာခံကို အစီအစဥ္အတုိင္းက်င္းပမလား အေျပာင္းအလဲလုပ္မလားဆုိတာ ဆက္ၿပီးသုံးသပ္သြားမယ္လို႔ေျပာပါတယ္။

ျမန္မာစစ္တပ္အေပၚ ဖိအားေတြတိုးလာေနခ်ိန္မွာပဲ ျမန္မာကိုလက္နက္မေရာင္းခ်ဖိ႔ု၊ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔နဲ႔ စစ္အာဏာသိမ္းမႈ ဆန္႔က်င္သူေတြကို အၾကမ္းဖက္ႏွိမ္နင္းေနတာေတြ ရပ္တန္႔ဖို႔ဆိုေတာင္းဆိုထားတဲ့ ဆုံးျဖတ္ခ်က္တရပ္ကို ကုလသမဂၢ အေထြေထြ ညီလာခံက ေသာၾကာေန႔မွာ အတည္ျပဳထားပါတယ္။

.................................................................................

ကုလလူ့အခွင့်အရေးညီလာခံအတွင်း မြန်မာအရေးဆွေးနွေးမှုဆိုင်းထားဖို့ တရုတ်လိုလား

(Unicode)

သီတင်း၃ ပတ်ကျော်ကြာကျင်းပနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHRC ရဲ့ညီလာခံအစမှာပဲ မြန်မာနိုင်ငံ ကိုယ်စားပြုမှုနဲ့ပတ်သက်လို့ ဆွေးနွေးငြင်းခုံနေကြတဲ့အတွက် ကုလမဟာမင်းကြီး Michelle Bachelet အဖွင့်မိန့်ခွန်းပြောဖိုးနှောင့်နှေးခဲ့ရပါတယ်။

မစ္စ Bachelet က တရုတ်၊ မက္ကဆီကို၊ ရုရှား၊ သိရီလင်္ကာ နဲ့ အီသီယိုးပီးယား Tigray ဒေသလိုနေရာမျိုးက လူ့အခွင့်အရေးအပေါ်စိုးရိမ်ကြောင်းပြောထားပါတယ်။ မြန်မာ၊ ယူကရိန်း၊ နီကာရာဂွါနဲ့ အီရန်အရေးကိစ္စတွေကိုလည်း ညီလာခံနှောင်းပိုင်းမှာ ဆွေးနွေးနိုင်မယ်လို့ မေ ျှာ်လင့်ကြောင်းလည်း မဟာမင်းကြီး Bachelet ကပြောထားပါတယ်။

အနောက်နိုင်ငံတွေကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် မရှိပေမယ့်လည်း စစ်တပ်ကအာဏာသိမ်းအုပ်ချုပ်နေတဲ့ မြန်မာ့လူ့အခွင့်အရေးအခြေအနေကို မူလအစီအစဉ်အတိုင်း နှစ်ကြိမ်ဆွေးနွေးဖို့ လိုလားနေပါတယ်။ တရုတ်၊ ဖိလစ်ပိုင်နဲ့ ဗစ်နီဇွဲလားနိုင်ငံတို့ကတော့ မြန်မာ့အရေးဆွေးနွေးဖို့ စိတ်အားထက်သန်ပုံမရပါဘူး။ မြန်မာကိုယ်စားလှယ်မပါဝင်ပဲ ဆွေးနွေးဖို့မသင့်ဘူးလို့ သူတို့ကယူဆပါတယ်။

စက်တင်ဘာမှာကျင်းပမယ့် နောက်တကြိမ်ညီလာခံအထိ မြန်မာ့အရေးဆွေးနွေးမှုကို အချိန်ဆိုင်းထားဖို့ တရုတ်သံတမန် Chen Xu ကတိုက်တွန်းခဲ့ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဂျနီဗာမြို့က ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူ ရာထူးက အနားယူခဲ့ပြီး၊ မြန်မာကိုယ်စားလှယ်နေရာ လစ်လပ်နေတာဖြစ်ပါတယ်။ အာဏာသိမ်းမြန်မာစစ်ကောင်စီဖက်ကရော ၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲအနိုင်ရပါတီက ဦးဆောင်ဖွဲ့စည်းတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကပါ ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးမှာ ကိုယ်စားပြု အပြိုင်တင်သွင်းနေကြတာကြောင့် ကုလသမဂ္ဂအေဂျင်စီတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုမှုကိစ္စ အငြင်းပွားစရာတွေဖြစ်နေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် FAO ညီလာခံကျင်းပရာမှာ မြန်မာအစိုးရကိုယ်စားပြုနေရာတွေကို ချပ်လှပ်ထားခဲ့ကြပါတယ်။ မြန်မာကိုယ်စားပြုခွင့်နဲ့ပတ်သက်လို့ နိုင်ငံတွေရဲ့ကိုယ်စားလှယ်ခန့်ထားရေးနဲ့သက်ဆိုင်တဲ့ကုလသမဂ္ဂအထွေထွေညီလာခံ Credentials Committee က ဆွေးနွေးဆုံးဖြတ်ဖို့ လွဲှထားကြပါတယ်။

အခုလက်ရှိ UNHRC ရဲ့ ညီလာခံကို အစီအစဉ်အတိုင်းကျင်းပဖို့ ကိုယ်စားလှယ်တွေသဘောတူခဲ့ကြပေမယ့် လူ့အခွင့်အရေးကောင်စီ အလှည့်ကျဥက္ကဌဖြစ်တဲ့ Nazhat Shameem က ညီလာခံကို အစီအစဉ်အတိုင်းကျင်းပမလား အပြောင်းအလဲလုပ်မလားဆိုတာ ဆက်ပြီးသုံးသပ်သွားမယ်လို့ပြောပါတယ်။

မြန်မာစစ်တပ်အပေါ် ဖိအားတွေတိုးလာနေချိန်မှာပဲ မြန်မာကိုလက်နက်မရောင်းချဖိ့ု၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို အကြမ်းဖက်နှိမ်နင်းနေတာတွေ ရပ်တန့်ဖို့ဆိုတောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက သောကြာနေ့မှာ အတည်ပြုထားပါတယ်။

XS
SM
MD
LG