သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ေျပလည္ေစဖို႔ အိႏၵိယႀကိဳးပမ္းေန


ရန္ကုန္ၿမိဳ႕မွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပသူေတြကို လုံၿခဳံေရးတပ္ဖြဲ႔ေတြ ပစ္ခတ္ၿဖိဳခြဲေနတဲ့ ျမင္ကြင္း။ (မတ္ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏၵိယအစုိးရဟာ ျမန္မာစစ္တပ္နဲ႔ေရာ အတုိက္အခံ အင္အားစုေတြနဲ႔ပါ တရားဝင္နည္းလမ္းအရေရာ တရားဝင္မဟုတ္တဲ့ နည္းလမ္းကပါ ေတြ႔ဆုံ စကားေျပာေနတယ္လုိ႔ ဂ်ပန္ႏုိင္ငံဆုိင္ရာ အိႏၵိယသံအမတ္ႀကီး Sanjay Verma က ေျပာၾကားလုိက္ပါတယ္။ ျမန္မာစစ္တပ္အေနနဲ႔ ႏုိင္ငံေရးအက်ဥ္းသားေတြ အားလုံး လႊတ္ေပးၿပီး လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြ ေျပလည္ေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ဖုိ႔ တိုက္တြန္း ေျပာဆုိခဲ့ေၾကာင္းလည္း သံအမတ္ႀကီးက ေျပာပါတယ္။

ဂ်ပန္ႏုိင္ငံက ႏုိင္ငံျခားသတင္းေထာက္မ်ားအသင္းမွာ က်င္းပတဲ့ သတင္းေထာက္ေတြနဲ႔ အေမးအေျဖက႑မွာ သံအမတ္ႀကီး Sanjay Verma က အဲဒီလုိ ေျပာၾကားခဲ့တာပါ။

ျမန္မာႏုိင္ငံရဲ႕ လက္ရွိ ပဋိပကၡေျပလည္ေရး အမ်ားစုက စိတ္ဝင္တစားနဲ႔ ပါဝင္လာႏုိင္မယ့္ တျခားနည္းလမ္း ရွိႏုိင္မလား ဆုိတာကုိ အိႏၵိယအစုိးရက ရွာေဖြေနတဲ့ တခ်ိန္တည္းမွာပဲ ႏုိင္ငံအတြင္းမွာ တရားဥပေဒစုိးမုိးေရး၊ ဖြဲ႔စည္းပုံအေျခခံဥပေဒကုိ ျပန္အသက္သြင္းေရးနဲ႔ အျပဳသေဘာေဆာင္တဲ့ တုိးတက္မႈေတြ ျဖစ္ေပၚလာေရးတုိ႔အတြက္ ႏုိင္ငံတကာ အသုိင္းအဝုိင္းနဲ႔ ပူးေပါင္းေဆာင္ရြက္ေရး ကိစၥေတြကုိ အႀကိမ္ႀကိမ္ တင္ျပ ေဆြးေႏြးခဲ့တယ္လုိ႔လည္း သံအမတ္ႀကီး Sanjay Verma က ေျပာပါတယ္။ ဒါေပမယ့္ ျမန္မာႏုိင္ငံကုိ အျပစ္ေပး အေရးယူေရးကုိေတာ့ သူတုိ႔ဘက္က စဥ္းစားမထားဘူးလုိ႔ ဆုိပါတယ္။

ေသာၾကာေန႔က ျမန္မာႏုိင္ငံကုိ လက္နက္တင္ပုိ႔ေရာင္းခ်မႈ ပိတ္ပင္ကန္႔သတ္ေရး ကုလသမဂၢ အေထြေထြညီလာခံမွာ မဲခြဲဆုံးျဖတ္ၾကတဲ့အခ်ိန္က အလ်င္စလုိ လုပ္ေဆာင္တဲ့ ဆုံးျဖတ္ခ်က္ ျဖစ္တယ္ဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ အိႏၵိယက မဲမေပးဘဲ ၾကားေနခဲ့ပါတယ္။

ျမန္မာႏုိင္ငံအတြင္း ျဖစ္ေပၚေနတဲ့ အၾကမ္းဖက္မႈေတြကုိ အိႏၵိယက ကုလသမဂၢမွာ ျပစ္တင္႐ႈတ္ခ်ေလ့ရွိေပမယ့္ ျမန္မာႏုိင္ငံကုိ အေရးယူမယ့္ ဒဏ္ခတ္မႈေတြမွာ မဲေပးေလ့မရွိပါဘူး။

ဧၿပီလအတြင္း ခ်မွတ္ခဲ့တဲ့ အခ်က္ ၅ ခ်က္ပါ ျမန္မာႏုိင္ငံဆုိင္ရာ အာဆီယံအဖြဲ႔ရဲ႕ သေဘာတူညီခ်က္ကုိ အိႏၵိယက ေထာက္ခံထားပါတယ္။

----------------------

(Unicode)

မြန်မာ့အရေး ပြေလည်စေဖို့ အိန္ဒိယကြိုးပမ်းနေ

အိန္ဒိယအစိုးရဟာ မြန်မာစစ်တပ်နဲ့ရော အတိုက်အခံ အင်အားစုတွေနဲ့ပါ တရားဝင်နည်းလမ်းအရရော တရားဝင်မဟုတ်တဲ့ နည်းလမ်းကပါ တွေ့ဆုံ စကားပြောနေတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Sanjay Verma က ပြောကြားလိုက်ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ပြေလည်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်း ပြောဆိုခဲ့ကြောင်းလည်း သံအမတ်ကြီးက ပြောပါတယ်။

ဂျပန်နိုင်ငံက နိုင်ငံခြားသတင်းထောက်များအသင်းမှာ ကျင်းပတဲ့ သတင်းထောက်တွေနဲ့ အမေးအဖြေကဏ္ဍမှာ သံအမတ်ကြီး Sanjay Verma က အဲဒီလို ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိ ပဋိပက္ခပြေလည်ရေး အများစုက စိတ်ဝင်တစားနဲ့ ပါဝင်လာနိုင်မယ့် တခြားနည်းလမ်း ရှိနိုင်မလား ဆိုတာကို အိန္ဒိယအစိုးရက ရှာဖွေနေတဲ့ တချိန်တည်းမှာပဲ နိုင်ငံအတွင်းမှာ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်အသက်သွင်းရေးနဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်လာရေးတို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အကြိမ်ကြိမ် တင်ပြ ဆွေးနွေးခဲ့တယ်လို့လည်း သံအမတ်ကြီး Sanjay Verma က ပြောပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို အပြစ်ပေး အရေးယူရေးကိုတော့ သူတို့ဘက်က စဉ်းစားမထားဘူးလို့ ဆိုပါတယ်။

သောကြာနေ့က မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ကန့်သတ်ရေး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ကြတဲ့အချိန်က အလျင်စလို လုပ်ဆောင်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိန္ဒိယက မဲမပေးဘဲ ကြားနေခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို အိန္ဒိယက ကုလသမဂ္ဂမှာ ပြစ်တင်ရှုတ်ချလေ့ရှိပေမယ့် မြန်မာနိုင်ငံကို အရေးယူမယ့် ဒဏ်ခတ်မှုတွေမှာ မဲပေးလေ့မရှိပါဘူး။

ဧပြီလအတွင်း ချမှတ်ခဲ့တဲ့ အချက် ၅ ချက်ပါ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအဖွဲ့ရဲ့ သဘောတူညီချက်ကို အိန္ဒိယက ထောက်ခံထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG