သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလသမဂၢ အေထြေထြညီလာခံ ဆုံးျဖတ္ခ်က္ ျမန္မာစစ္ေကာင္စီ ပယ္ခ်


၂၀၂၀ ခုႏွစ္က က်င္းပခဲ့တဲ့ ကုလသမဂၢ ႏွစ္ပတ္လည္ အေထြေထြညီလာခံ ျမင္ကြင္း။ (စက္တင္ဘာ ၂၀၂၀၊ ဓာတ္ပုံ - United Nations)

(Zawgyi / Unicode)

ကုလသမဂၢ အေထြေထြညီလာခံကေန ျမန္မာႏုိင္ငံကို စစ္လက္နက္ေတြ မေရာက္ေအာင္ ဟန္႔တားဖုိ႔ ေတာင္းဆုိထားၿပီး ေဖေဖာ္ဝါရီလထဲ စစ္တပ္အာဏာသိမ္းခဲ့တာကုိ ႐ႈတ္ခ်တဲ့ ဆံုးျဖတ္ခ်က္ကို ျမန္မာစစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စေနေန႔မွာ ပယ္ခ်လိုက္ပါတယ္။

ကုလသမဂၢရဲ႕ လိုက္နာစရာမလိုတဲ့ ေသာၾကာေန႔က မဲခြဲအတည္ျပဳလိုက္တဲ့ ဒီဆံုးျဖတ္ခ်က္ဟာ တဖက္သတ္စြပ္စြဲမႈေတြနဲ႔ လြဲမွားစြာ ေကာက္ခ်က္ခ်ထားတာေတြ အေပၚ အေျခခံထားတာျဖစ္ေၾကာင္း စစ္ေကာင္စီရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ကန္႔ကြက္စာေတြကို ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္နဲ႔ ကုလသမဂၢ အေထြေထြညီလာခံ ဥကၠ႒ဆီ ေပးပို႔ခဲ့ေၾကာင္းလည္း ေရးသားထားပါတယ္။

အခု အတည္ျပဳခဲ့တဲ့ ကုလသမဂၢ ဆံုးျဖတ္ခ်က္ဟာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ ေရြးေကာက္ခံ အရပ္သားအစိုးရကို ျဖဳတ္ခ်ခဲ့တဲ့ စစ္တပ္ကို ႏိုင္ငံတကာက က်ယ္က်ယ္ျပန္႔ျပန္႔ ႐ႈတ္ခ်မႈကို ထင္ဟပ္ေနတာျဖစ္ၿပီး ဆႏၵျပ ျပည္သူေတြအေပၚ အင္အားအလြန္အကၽြံသံုး ႏွိမ္နင္းတာကို ႐ႈတ္ခ်ထားသလို ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ ျပန္ေဖာ္ေဆာင္ေပးဖို႔ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္ အပါအဝင္ ဖမ္းထားသူအားလံုးကို ခၽြင္းခ်က္မရွိ အျမန္ျပန္လႊတ္ေပးဖို႔ပါ ေတာင္းဆိုထားတာပါ။

ျမန္မာကို အဓိက စစ္လက္နက္တင္ပို႔ေနတဲ့ ႏုိင္ငံတႏုိင္ငံျဖစ္တဲ့ ဘယ္လာ႐ုစ္ႏုိင္ငံကပဲ ကန္႔ကြက္ၿပီး ႏိုင္ငံေပါင္း ၁၁၉ ႏိုင္ငံရဲ႕ ေထာက္ခံမႈနဲ႔ အတည္ျပဳခဲ့တဲ့ ဒီဆံုးျဖတ္ခ်က္ အတြက္ အိမ္နီးခ်င္း တ႐ုတ္၊ အိႏၵိယနဲ႔ ႐ုရွား အပါအဝင္ ႏိုင္ငံေပါင္း ၃၆ ႏိုင္ငံက မဲမေပးဘဲ ေနခဲ့တာ ျဖစ္ပါတယ္။

ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းက ေသာၾကာေန႔က အေထြေထြညီလာခံမွာ ေျပာၾကားရာမွာေတာ့ စစ္အာဏာသိမ္းမႈ အျမန္အဆံုးသတ္ေရး အတြက္ ႏိုင္ငံတကာ အသိုင္းအဝို္င္းက အျပင္းထန္ဆံုး နည္းလမ္းေတြနဲ႔ လုပ္ေဆာင္ေပးဖုိ႔ တိုက္တြန္းခဲ့တာပါ။

စစ္ေကာင္စီက ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာေတာ့ ဦးေက်ာ္မိုးထြန္းကို ဒီရာထူးကေန ဖယ္ရွားခဲ့ၿပီး ႏိုင္ငံေတာ္သစၥာေဖာက္မႈနဲ႔ တရားစြဲဆိုထားတာ ျဖစ္ေၾကာင္းနဲ႔ အခုလို ကုလသမဂၢ အေထြေထြညီလာခံကို သူတက္ေရာက္တာဟာ တရားမဝင္ေၾကာင္းနဲ႔ ဒါကို ျပင္းျပင္းထန္ထန္ ကန္႔ကြက္ေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို ထိပါးဖို႔နဲ႔ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ဖို႔ ဘယ္ႀကိဳးပမ္းခ်က္ကိုမဆို လက္မခံေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ေသာၾကာေန႔က အေထြေထြညီလာခံမွာ ဆုံးျဖတ္ခ်က္ကုိ မဲမခဲြခင္ အေစာပုိင္းမွာလည္း ကုလသမဂၢ လုံၿခံဳေရးေကာင္စီမွာ ျမန္မာ့အေရး ေဆြးေႏြးခဲ့ရာမွာ ပါဝင္ခဲ့တဲ့ ျမန္မာႏုိင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္ Christine Schraner Burgener ကေတာ့ ျမန္မာ့အေရး ႏုိင္ငံတကာ အသုိင္းအဝုိင္းက ဒီထက္ပုိ ပူးေပါင္းႀကိဳးပမ္းၾကဖုိ႔ တုိက္တြန္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် မြန်မာစစ်ကောင်စီ ပယ်ချ

ကုလသမဂ္ဂ အထွေထွေညီလာခံကနေ မြန်မာနိုင်ငံကို စစ်လက်နက်တွေ မရောက်အောင် ဟန့်တားဖို့ တောင်းဆိုထားပြီး ဖေဖော်ဝါရီလထဲ စစ်တပ်အာဏာသိမ်းခဲ့တာကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ပယ်ချလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ လိုက်နာစရာမလိုတဲ့ သောကြာနေ့က မဲခွဲအတည်ပြုလိုက်တဲ့ ဒီဆုံးဖြတ်ချက်ဟာ တဖက်သတ်စွပ်စွဲမှုတွေနဲ့ လွဲမှားစွာ ကောက်ချက်ချထားတာတွေ အပေါ် အခြေခံထားတာဖြစ်ကြောင်း စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကန့်ကွက်စာတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌဆီ ပေးပို့ခဲ့ကြောင်းလည်း ရေးသားထားပါတယ်။

အခု အတည်ပြုခဲ့တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်ကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချမှုကို ထင်ဟပ်နေတာဖြစ်ပြီး ဆန္ဒပြ ပြည်သူတွေအပေါ် အင်အားအလွန်အကျွံသုံး နှိမ်နင်းတာကို ရှုတ်ချထားသလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ဖော်ဆောင်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းထားသူအားလုံးကို ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့ပါ တောင်းဆိုထားတာပါ။

မြန်မာကို အဓိက စစ်လက်နက်တင်ပို့နေတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံကပဲ ကန့်ကွက်ပြီး နိုင်ငံပေါင်း ၁၁၉ နိုင်ငံရဲ့ ထောက်ခံမှုနဲ့ အတည်ပြုခဲ့တဲ့ ဒီဆုံးဖြတ်ချက် အတွက် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ရုရှား အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံက မဲမပေးဘဲ နေခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက သောကြာနေ့က အထွေထွေညီလာခံမှာ ပြောကြားရာမှာတော့ စစ်အာဏာသိမ်းမှု အမြန်အဆုံးသတ်ရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက အပြင်းထန်ဆုံး နည်းလမ်းတွေနဲ့ လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့တာပါ။

စစ်ကောင်စီက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဦးကျော်မိုးထွန်းကို ဒီရာထူးကနေ ဖယ်ရှားခဲ့ပြီး နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ကြောင်းနဲ့ အခုလို ကုလသမဂ္ဂ အထွေထွေညီလာခံကို သူတက်ရောက်တာဟာ တရားမဝင်ကြောင်းနဲ့ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးဖို့နဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ ဘယ်ကြိုးပမ်းချက်ကိုမဆို လက်မခံကြောင်းလည်း ဖော်ပြထားပါတယ်။

သောကြာနေ့က အထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်ကို မဲမခွဲခင် အစောပိုင်းမှာလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးခဲ့ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကတော့ မြန်မာ့အရေး နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီထက်ပို ပူးပေါင်းကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG