သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔ အထိမ္းအမွတ္ ျပည္တြင္း ျပည္ပ ပန္းသပိတ္ဆင္ႏႊဲ


နယ္သာလန္ႏုိင္ငံ အမ္စတာဒမ္ၿမိဳ႕မွာ ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔အထိမ္းအမွတ္ပဲ ဆင္ႏႊဲေနတဲ့ျမင္ကြင္း။ (ဇြန္ ၁၉၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ဇြန္လ ၁၉ ရက္ စေနေန႔မွာ က်ေရာက္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၇၆ ႏွစ္ေျမာက္ ေမြးေန႔အျဖစ္ ျပည္တြင္း ျပည္ပ ႏိုင္ငံအေတာ္မ်ားမ်ားမွာ ပန္းသပိတ္ ဆင္ႏႊဲခဲ့ၾကၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဖမ္းဆီးခံေနရသူ အားလုံး ျပန္လည္လြတ္ေျမာက္ေရးအတြက္ ေတာင္းဆိုခဲ့ၾကပါတယ္။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဒီမိုကေရစီေရး ႀကိဳးပမ္းလႈပ္ရွားမႈကို ဂုဏ္ျပဳဖို႔ ေနာ္ေဝႏိုင္ငံ Froland မွာ ၂၀၁၆ က ဖြင့္လွစ္ခဲ့တဲ့ Aung San Suu Kyi Park ပန္းၿခံခ်စ္ျမတ္ႏိုးသူမ်ားအဖြဲ႔က ဦးစီးၿပီး ဇြန္လ ၁၉ ရက္ေန႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၇၆ ႏွစ္ေျမာက္ ေမြးေန႔မွာ တကမာၻလုံး အတိုင္းအတာနဲ႔ ပန္းသပိတ္ဆင္ႏႊဲဖို႔ လႈံ႔ေဆာ္ခဲ့ၾကတာပါ။

ဒီလို အျပည္ျပည္ဆိုင္ရာ လႈပ္ရွားမႈအတြက္ ဦးေဆာင္ေဆြးေႏြးသူေတြထဲမွာပါတဲ့ ဂ်ာမနီႏိုင္ငံက မဘီးဘီက စေနေန႔ လႈပ္ရွားမႈအေၾကာင္း ခုလိုေျပာပါတယ္။

“က်မတို႔ ေဒၚေအာင္ဆန္းစုၾကည္ ပန္းၿခံအဖြဲ႔ကေနၿပီးေတာ့ ကမၻာလုံးဆိုင္ရာ လႈပ္ရွားမႈအေနနဲ႔ Global Call ေခၚလိုက္တယ္။ အဲဒါက ပန္းသပိတ္ေပါ့။ ဒါေၾကာင့္ တကမၻာလုံးဝုိင္းၿပီးေတာ့ ပူးေပါင္းပါဝင္ၾကတယ္။ ျမန္မာႏုိင္ငံကအစ ႏုိင္ငံေတြ ႏုိင္ငံေတြက သူတုိ႔ရွိတဲ့ေနရာေတြမွာ ပန္းသပိတ္ေတြ ပါဝင္ေပးၾကတယ္။ ေဒၚေအာင္ဆန္းစုၾကည္ပန္းၿခံထဲမွာေတာ့ သစ္ပင္စိုက္တယ္။ ခုိျဖဴေတြလႊတ္တယ္။ ၿပီးေတာ့ ႏွင္းဆီပန္းေတြ ပန္တယ္။ ပန္းသပိတ္ထဲမွာမွ ႏွင္းဆီပန္း အနီေရာင္ကုိပဲ ေရြးခ်ယ္ၿပီး ပန္ၾကတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အနီေရာင္က ရဲရင့္ျခင္းကုိ ျပတဲ့အေနနဲ႔ က်မ ႏွင္းဆီပန္းအနီကို ေရြးခ်ယ္လိုက္တယ္။”

လန္ဒန္ၿမိဳ႕မွာ ျမန္မာႏုိင္ငံသားေတြ စုေပါင္းၿပီး ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔ အထိမ္းအမွတ္ ဆႏၵျပေနတဲ့ျမင္ကြင္း။ (ဇြန္ ၁၉၊ ၂၀၂၁။ ဓာတ္ပုံ - CJ)
လန္ဒန္ၿမိဳ႕မွာ ျမန္မာႏုိင္ငံသားေတြ စုေပါင္းၿပီး ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔ အထိမ္းအမွတ္ ဆႏၵျပေနတဲ့ျမင္ကြင္း။ (ဇြန္ ၁၉၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

အဂၤလန္ႏိုင္ငံမွာလည္း ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔အတြက္ ပန္းသပိတ္ဆင္ႏႊဲရင္း စစ္ေကာင္စီရဲ႕ ဖမ္းဆီးခံေနရသူ အားလုံး ျပန္လႊတ္ေပးေရး ေတာင္းဆိုခဲ့ၾကတယ္လို႔ လန္ဒန္ၿမိဳ႕က ေဒါက္တာဇင္လင္းထိုက္က ေျပာပါတယ္။

“က်ေနာ္တုိ႔ ဒီေန႔ လန္ဒန္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္အတြက္ ရည္စူးၿပီးေတာ့ မနက္ပိုင္းမွာ ဆြမ္းကပ္တယ္။ ၿပီးေတာ့ ေန႔လယ္ ၂ နာရီမွာ ပါလီမန္ရင္ျပင္မွာ ခ်ီတက္ၿပီးေတာ့ ဆႏၵျပတယ္။ အဲဒီမွာ ပန္းသပိတ္ေပါ့၊ အမ်ဳိးသားေတြေရာ အမ်ဳိးသမီးေတြေရာ ပန္းေတြ ပန္ထားၾကတယ္။ ၿပီးေတာ့ အေမ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္က လြတ္ေျမာက္ဖုိ႔ရယ္၊ ဖမ္းဆီးထားတဲ့ အက်ဥ္းခ်ခံထားရတဲ့သူေတြ အကုန္လုံး လြတ္ေျမာက္ပါေစဆုိၿပီး ဆုေတာင္းတယ္။ ၿပီးေတာ့ ေတာင္းဆုိတယ္။”

နယ္သာလန္ႏိုင္ငံမွာလည္း ေဒၚေအာင္ဆန္းစုၾကည္ေမြးေန႔ပြဲ ဘယ္လို ေတာင္းဆို လႈပ္ရွားခဲ့ၾကသလဲ ဆိုတာကို အမ္စတာဒမ္ၿမိဳ႕က ကိုထင္လင္းနဲ႔ စတက္ပလာဒိုးၿမိဳ႕က မမိုးပြင့္တို႔က ေျပာျပထားပါတယ္။

ကိုထင္လင္း - "နယ္သာလန္မွာရွိတဲ့ အေမ့သမီးေတြ Group ကေနၿပီးေတာ့ နယ္သာလန္ အမ္စတာဒမ္မွာရွိတဲ့ Saravanaa Bhavan ဆိုတဲ့ စားေသာက္ဆိုင္မွာ က်င္းပတာျဖစ္ပါတယ္ဗ်။ သူတို႔က ေန႔လယ္ ၁၁ နာရီေလာက္ကေန ညေန ၃ နာရီေလာက္ထိ က်င္းပတယ္။ နယ္သာလန္ေရာက္ေနတဲ့ ျမန္မာမိသားစုေတြ အျပင္ကို နယ္သာလန္က အသက္ ၉၅ ႏွစ္ေလာက္ရွိတဲ့ 'ခါပလီ' ဆိုတဲ့ အဘြားအိုက ေဒၚေအာင္ဆန္းစုၾကည္အတြက္ အမွတ္တရ ေမြးေန႔စကားကို ဒတ္ခ်္လို ေျပာတယ္။ ၿပီးေတာ့ ကိတ္မုန႔္လွီးၾကတယ္။ အနီေရာင္ပန္းေတြ ပန္ၿပီးေတာ့ အမ္စတာဒမ္ ဒမ္းစကြဲယားရွိတဲ့ နန္းေတာ္ေရွ႕ ရင္ျပင္မွာ ငွက္ေတြကို အစာေကၽြး ကုသိုလ္ျပဳ လုပ္ခဲ့ၾကပါတယ္။"

မမိုးပြင့္ - "ေန႔လယ္ေလာက္မွာ အယူးထရက္က စေတာ့ခ္-ပလာတိုး ဆိုတဲ့ ေနရာမွာေပါ့ေနာ္၊ နယ္သာလန္ေရာက္ေနၾကတဲ့ ဗမာေတြ စုၿပီးေတာ့ အေမစု အျမန္ဆုံး ျပန္လြတ္ဖို႔အတြက္ ဆုေတာင္းပြဲေလးေပါ့။ ေနာက္ၿပီးေတာ့ တျခား အဖမ္းဆီးခံေနရတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြ အကုန္လုံး ျပန္လည္လြတ္ေျမာက္ဖုိ႔အတြက္ အားလုံးက ဆုေတာင္းေပးခဲ့ၾကတာေပါ့။ ၿပီးေတာ့ အဲဒီလို ျပန္လြတ္ေျမာက္ဖို႔ သေကၤတအေနနဲ႔ ခုိေလးေတြလည္း လႊတ္ခဲ့ၾကတယ္။ အေမစုရဲ႕ ေမြးေန႔အတြက္ဆုိၿပီး ကိတ္မုန္႔ေတြလည္း ခဲြခဲ့ၾကပါတယ္။"

အလားတူ အေမရိကန္ျပည္ေထာင္စု ၿမိဳ႕အေတာ္မ်ားမ်ားမွာလည္း ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔ပြဲကို က်င္းပခဲ့ၾကတာပါ။

ဝါရွင္ဒန္ဒီစီမွာ က်င္းပခဲ့တဲ့ပြဲနဲ႔ ပတ္သက္ၿပီး ဦးယဥ္ေထြး ေျပာတာက ...

“က်ေနာ္တုိ႔ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ဖမ္းဆီးထားတဲ့ အက်ဥ္းက်ေနတဲ့ ျမန္မာျပည္သူျပည္သား တုိင္းရင္းသား လူမ်ဳိးေပါင္းစုံေပါ့ ျပန္လြတ္ေျမာက္ဖုိ႔နဲ႔ က်ဆုံးသြားတဲ့ အာဇာနည္ေတြအတြက္ ဆုေတာင္းေမတၱာပို႔တယ္။ က်ေနာ္တုိ႔ ျမန္မာျပည္မွာ ေျပာၾကတဲ့အတုိင္းပဲ ပန္းသပိတ္ဆုိၿပီး ႂကြေရာက္လာတဲ့ မ်ဳိးခ်စ္ ျမန္မာေတြက ပန္းေတြယူလာတယ္၊ အဲဒီပန္းေတြကို ပန္းအုိးေတြထုိးတယ္၊ ၿပီးရင္ ဘုရားမွာကပ္ၿပီးေတာ့ ဆုေတာင္းေမတၱာပို႔ၾကတယ္။ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ဖမ္းဆီးခံထားရတဲ့လူေတြ အားလုံး လြတ္ျေမာက္ေရး ဆုေတာင္းတယ္။”

ဆန္ဖရန္စစၥကိုၿမိဳ႕မွာလည္း အခု အသံလႊင့္ေနခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ေမြးေန႔ အထိမ္းအမွတ္ပြဲ က်င္းပေနၾကပါတယ္။ ပြဲက်င္းပတာနဲ႔ ပတ္သက္လို႔ ဦးကိုကိုေလးက အခုလုိ ရွင္းျပပါတယ္။

“က်ေနာ္တုိ႔ ေခါင္းစည္းတပ္ထားတာကေတာ့ ပန္းပန္လ်က္ပဲေပါ့ဗ်ာ။ မေဗဒါ အံကိုခဲ ပန္းပန္လ်က္ပဲ၊ ဘယ္လိုပဲ အခက္အခဲေတြ ႀကဳံဆုံေနေစကာမူ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ မားမားမတ္မတ္ ရပ္တည္ၿပီးေတာ့ ျပည္သူလူထုတရပ္လုံး လြတ္ေျမာက္ေရးအတြက္ သူ တုိက္ပြဲဝင္ေနတာ ျဖစ္တယ္။ သူဟာ စစ္ေကာင္စီရဲ႕ မတရား အာဏာသိမ္းၿပီးေတာ့ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားတဲ့ အတြက္ေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္နဲ႔ ႏုိင္ငံေရးအက်ဥ္းသားေတြ အားလုံး လႊတ္ေပးဖုိ႔အတြက္ က်ေနာ္တုိ႔ ေတာင္းဆုိတဲ့ပြဲ ျဖစ္တယ္။”

ေဘာ္စတြန္ၿမိဳ႕မွာလည္း ခရစ္ယာန္ဘုရားေက်ာင္းတခုမွာ ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔ကို က်င္းပေနၾကပါတယ္။ ျမန္မာ့အေရးလႈပ္ရွားသူ မေသာ္တာထြန္းေက်ာ္ ေျပာျပတာက ...

“ဒီေန႔က က်မတို႔ Boston Free Burma နဲ႔ Oversea Burmese Christian Fellowship အသင္းနဲ႔ ပူးေပါင္းၿပီးေတာ့ သူတို႔ရဲ႕ ဘုရားေက်ာင္းမွာ အေမစုရဲ႕ေမြးေန႔အတြက္ ရည္ရြယ္ၿပီးေတာ့ ကိတ္မုန္႔အႀကီးႀကီးတလုံး မွာၿပီးေတာ့ ကိတ္မုန္႔ခြဲမယ္။ ဖေယာင္းတုိင္ထြန္းၿပီးေတာ့ အားလုံး ဝုိင္းၿပီးေတာ့ အျမန္ဆုံး လြတ္ေျမာက္ပါေစေပါ့၊ အေမစုနဲ႔အတူ အက်ဥ္းက်ခံေနရတဲ့၊ မတရား ဖမ္းဆီးခ်ဳပ္ေႏွာင္ ခံထားရတဲ့ လူ ၄,၀၀၀ ေက်ာ္နဲ႔ ျမန္မာျပည္ႀကီးပါ အားလုံး လြတ္ေျမာက္ဖုိ႔ က်မတုိ႔ ဝုိင္းၿပီး ဆုေတာင္းမယ့္ပြဲ ရွိပါတယ္။”

အလားတူ ဂ်ပန္၊ ေတာင္ကိုရီးယား ႏိုင္ငံေတြမွာလည္း ပန္းသပိတ္ေတြ ဆင္ႏႊဲရင္း ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔ပြဲကို က်င္းပခဲ့ၾကသလို ျမန္မာႏိုင္ငံတြင္းမွာလည္း ၿမိဳ႕ေတြအေတာ္မ်ားမ်ားမွာ ပန္းသပိတ္လႈပ္ရွားမႈေတြ ဆင္ႏႊဲခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ပြည်တွင်း ပြည်ပ ပန်းသပိတ်ဆင်နွှဲ

ဇွန်လ ၁၉ ရက် စနေနေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့အဖြစ် ပြည်တွင်း ပြည်ပ နိုင်ငံအတော်များများမှာ ပန်းသပိတ် ဆင်နွှဲခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံနေရသူ အားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းလှုပ်ရှားမှုကို ဂုဏ်ပြုဖို့ နော်ဝေနိုင်ငံ Froland မှာ ၂၀၁၆ က ဖွင့်လှစ်ခဲ့တဲ့ Aung San Suu Kyi Park ပန်းခြံချစ်မြတ်နိုးသူများအဖွဲ့က ဦးစီးပြီး ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့မှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ပန်းသပိတ်ဆင်နွှဲဖို့ လှုံ့ဆော်ခဲ့ကြတာပါ။

ဒီလို အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုအတွက် ဦးဆောင်ဆွေးနွေးသူတွေထဲမှာပါတဲ့ ဂျာမနီနိုင်ငံက မဘီးဘီက စနေနေ့ လှုပ်ရှားမှုအကြောင်း ခုလိုပြောပါတယ်။

“ကျမတို့ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံအဖွဲ့ကနေပြီးတော့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ Global Call ခေါ်လိုက်တယ်။ အဲဒါက ပန်းသပိတ်ပေါ့။ ဒါကြောင့် တကမ္ဘာလုံးဝိုင်းပြီးတော့ ပူးပေါင်းပါဝင်ကြတယ်။ မြန်မာနိုင်ငံကအစ နိုင်ငံတွေ နိုင်ငံတွေက သူတို့ရှိတဲ့နေရာတွေမှာ ပန်းသပိတ်တွေ ပါဝင်ပေးကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံထဲမှာတော့ သစ်ပင်စိုက်တယ်။ ခိုဖြူတွေလွှတ်တယ်။ ပြီးတော့ နှင်းဆီပန်းတွေ ပန်တယ်။ ပန်းသပိတ်ထဲမှာမှ နှင်းဆီပန်း အနီရောင်ကိုပဲ ရွေးချယ်ပြီး ပန်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အနီရောင်က ရဲရင့်ခြင်းကို ပြတဲ့အနေနဲ့ ကျမ နှင်းဆီပန်းအနီကို ရွေးချယ်လိုက်တယ်။”

အင်္ဂလန်နိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ပန်းသပိတ်ဆင်နွှဲရင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံနေရသူ အားလုံး ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့ကြတယ်လို့ လန်ဒန်မြို့က ဒေါက်တာဇင်လင်းထိုက်က ပြောပါတယ်။

“ကျနော်တို့ ဒီနေ့ လန်ဒန်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်စူးပြီးတော့ မနက်ပိုင်းမှာ ဆွမ်းကပ်တယ်။ ပြီးတော့ နေ့လယ် ၂ နာရီမှာ ပါလီမန်ရင်ပြင်မှာ ချီတက်ပြီးတော့ ဆန္ဒပြတယ်။ အဲဒီမှာ ပန်းသပိတ်ပေါ့၊ အမျိုးသားတွေရော အမျိုးသမီးတွေရော ပန်းတွေ ပန်ထားကြတယ်။ ပြီးတော့ အမေ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ဖို့ရယ်၊ ဖမ်းဆီးထားတဲ့ အကျဉ်းချခံထားရတဲ့သူတွေ အကုန်လုံး လွတ်မြောက်ပါစေဆိုပြီး ဆုတောင်းတယ်။ ပြီးတော့ တောင်းဆိုတယ်။”

နယ်သာလန်နိုင်ငံမှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ဘယ်လို တောင်းဆို လှုပ်ရှားခဲ့ကြသလဲ ဆိုတာကို အမ်စတာဒမ်မြို့က ကိုထင်လင်းနဲ့ စတက်ပလာဒိုးမြို့က မမိုးပွင့်တို့က ပြောပြထားပါတယ်။

နယ္သာလန္ႏုိင္ငံ အမ္စတာဒမ္ၿမိဳ႕မွာ ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔အထိမ္းအမွတ္ပဲ ဆင္ႏႊဲေနတဲ့ျမင္ကြင္း။ (ဇြန္ ၁၉၊ ၂၀၂၁။ ဓာတ္ပုံ - CJ)
နယ္သာလန္ႏုိင္ငံ အမ္စတာဒမ္ၿမိဳ႕မွာ ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔အထိမ္းအမွတ္ပဲ ဆင္ႏႊဲေနတဲ့ျမင္ကြင္း။ (ဇြန္ ၁၉၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

ကိုထင်လင်း - "နယ်သာလန်မှာရှိတဲ့ အမေ့သမီးတွေ Group ကနေပြီးတော့ နယ်သာလန် အမ်စတာဒမ်မှာရှိတဲ့ Saravanaa Bhavan ဆိုတဲ့ စားသောက်ဆိုင်မှာ ကျင်းပတာဖြစ်ပါတယ်ဗျ။ သူတို့က နေ့လယ် ၁၁ နာရီလောက်ကနေ ညနေ ၃ နာရီလောက်ထိ ကျင်းပတယ်။ နယ်သာလန်ရောက်နေတဲ့ မြန်မာမိသားစုတွေ အပြင်ကို နယ်သာလန်က အသက် ၉၅ နှစ်လောက်ရှိတဲ့ 'ခါပလီ' ဆိုတဲ့ အဘွားအိုက ဒေါ်အောင်ဆန်းစုကြည်အတွက် အမှတ်တရ မွေးနေ့စကားကို ဒတ်ချ်လို ပြောတယ်။ ပြီးတော့ ကိတ်မုန့်လှီးကြတယ်။ အနီရောင်ပန်းတွေ ပန်ပြီးတော့ အမ်စတာဒမ် ဒမ်းစကွဲယားရှိတဲ့ နန်းတော်ရှေ့ ရင်ပြင်မှာ ငှက်တွေကို အစာကျွေး ကုသိုလ်ပြု လုပ်ခဲ့ကြပါတယ်။"

နယ္သာလန္ႏုိင္ငံ အမ္စတာဒမ္ၿမိဳ႕မွာ ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔အထိမ္းအမွတ္ပဲ ဆင္ႏႊဲေနတဲ့ျမင္ကြင္း။ (ဇြန္ ၁၉၊ ၂၀၂၁။ ဓာတ္ပုံ - CJ)
နယ္သာလန္ႏုိင္ငံ အမ္စတာဒမ္ၿမိဳ႕မွာ ေဒၚေအာင္ဆန္းစုၾကည္ ေမြးေန႔အထိမ္းအမွတ္ပဲ ဆင္ႏႊဲေနတဲ့ျမင္ကြင္း။ (ဇြန္ ၁၉၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

မမိုးပွင့် - "နေ့လယ်လောက်မှာ အယူးထရက်က စတော့ခ်-ပလာတိုး ဆိုတဲ့ နေရာမှာပေါ့နော်၊ နယ်သာလန်ရောက်နေကြတဲ့ ဗမာတွေ စုပြီးတော့ အမေစု အမြန်ဆုံး ပြန်လွတ်ဖို့အတွက် ဆုတောင်းပွဲလေးပေါ့။ နောက်ပြီးတော့ တခြား အဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး ပြန်လည်လွတ်မြောက်ဖို့အတွက် အားလုံးက ဆုတောင်းပေးခဲ့ကြတာပေါ့။ ပြီးတော့ အဲဒီလို ပြန်လွတ်မြောက်ဖို့ သင်္ကေတအနေနဲ့ ခိုလေးတွေလည်း လွှတ်ခဲ့ကြတယ်။ အမေစုရဲ့ မွေးနေ့အတွက်ဆိုပြီး ကိတ်မုန့်တွေလည်း ခွဲခဲ့ကြပါတယ်။"

အလားတူ အမေရိကန်ပြည်ထောင်စု မြို့အတော်များများမှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ကျင်းပခဲ့ကြတာပါ။

ဝါရှင်ဒန်ဒီစီမှာ ကျင်းပခဲ့တဲ့ပွဲနဲ့ ပတ်သက်ပြီး ဦးယဉ်ထွေး ပြောတာက ...

“ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားတဲ့ အကျဉ်းကျနေတဲ့ မြန်မာပြည်သူပြည်သား တိုင်းရင်းသား လူမျိုးပေါင်းစုံပေါ့ ပြန်လွတ်မြောက်ဖို့နဲ့ ကျဆုံးသွားတဲ့ အာဇာနည်တွေအတွက် ဆုတောင်းမေတ္တာပို့တယ်။ ကျနော်တို့ မြန်မာပြည်မှာ ပြောကြတဲ့အတိုင်းပဲ ပန်းသပိတ်ဆိုပြီး ကြွရောက်လာတဲ့ မျိုးချစ် မြန်မာတွေက ပန်းတွေယူလာတယ်၊ အဲဒီပန်းတွေကို ပန်းအိုးတွေထိုးတယ်၊ ပြီးရင် ဘုရားမှာကပ်ပြီးတော့ ဆုတောင်းမေတ္တာပို့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့လူတွေ အားလုံး လွတ်ြမောက်ရေး ဆုတောင်းတယ်။”

ဆန်ဖရန်စစ္စကိုမြို့မှာလည်း အခု အသံလွှင့်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ပွဲ ကျင်းပနေကြပါတယ်။ ပွဲကျင်းပတာနဲ့ ပတ်သက်လို့ ဦးကိုကိုလေးက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ ခေါင်းစည်းတပ်ထားတာကတော့ ပန်းပန်လျက်ပဲပေါ့ဗျာ။ မဗေဒါ အံကိုခဲ ပန်းပန်လျက်ပဲ၊ ဘယ်လိုပဲ အခက်အခဲတွေ ကြုံဆုံနေစေကာမူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မားမားမတ်မတ် ရပ်တည်ပြီးတော့ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် သူ တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ သူဟာ စစ်ကောင်စီရဲ့ မတရား အာဏာသိမ်းပြီးတော့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့အတွက် ကျနော်တို့ တောင်းဆိုတဲ့ပွဲ ဖြစ်တယ်။”

ဘော်စတွန်မြို့မှာလည်း ခရစ်ယာန်ဘုရားကျောင်းတခုမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ကျင်းပနေကြပါတယ်။ မြန်မာ့အရေးလှုပ်ရှားသူ မသော်တာထွန်းကျော် ပြောပြတာက ...

“ဒီနေ့က ကျမတို့ Boston Free Burma နဲ့ Oversea Burmese Christian Fellowship အသင်းနဲ့ ပူးပေါင်းပြီးတော့ သူတို့ရဲ့ ဘုရားကျောင်းမှာ အမေစုရဲ့မွေးနေ့အတွက် ရည်ရွယ်ပြီးတော့ ကိတ်မုန့်အကြီးကြီးတလုံး မှာပြီးတော့ ကိတ်မုန့်ခွဲမယ်။ ဖယောင်းတိုင်ထွန်းပြီးတော့ အားလုံး ဝိုင်းပြီးတော့ အမြန်ဆုံး လွတ်မြောက်ပါစေပေါ့၊ အမေစုနဲ့အတူ အကျဉ်းကျခံနေရတဲ့၊ မတရား ဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ လူ ၄,၀၀၀ ကျော်နဲ့ မြန်မာပြည်ကြီးပါ အားလုံး လွတ်မြောက်ဖို့ ကျမတို့ ဝိုင်းပြီး ဆုတောင်းမယ့်ပွဲ ရှိပါတယ်။”

အလားတူ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတွေမှာလည်း ပန်းသပိတ်တွေ ဆင်နွှဲရင်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ကျင်းပခဲ့ကြသလို မြန်မာနိုင်ငံတွင်းမှာလည်း မြို့တွေအတော်များများမှာ ပန်းသပိတ်လှုပ်ရှားမှုတွေ ဆင်နွှဲခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG