သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရးေကာင္းမြန္ေနပံု ေတြ႔ျမင္ရ (ေရွ႕ေန ေဒၚမင္းမင္းစိုး)


မွတ္တမ္းဓါတ္ပံု ၂၀၁၂ စက္တာဘာ ၂၂ ရက္တုန္းက Columbia တကၠသိုလ္မွာ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာစဥ္

(Zawgyi/Unicode)

ဇြန္လ (၁၅)ရက္ေန႔ ဒုတိယေျမာက္ေန႔ တရားရံုးခ်ိန္း တက္ေရာက္လာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ က်န္းမာေရး ေကာင္းမြန္ေနသလို၊ ကိုယ့္ကိုကိုယ္ အျပည့္အဝယုံၾကည္မႈရွိေနေၾကာင္းလည္း သူ႔ရဲ႕ အက်ိဳးေဆာင္ေရွ႕ေနတဦးျဖစ္တဲ့ ေဒၚမင္းမင္းစိုးက AFP သတင္းဌာနကိုေျပာၾကားခဲ့ပါတယ္။

“အျမဲတမ္း အေမ႔ကိုေတြ႔လိုက္ရင္ အေမက Strong ျဖစ္တယ္၊ Confident ရွိတယ္ဆိုတဲ့ပံုစံ အျမဲတမ္းရွိေနပါတယ္။ အျမဲတမ္း Smart ျဖစ္ေနပါတယ္ရွင့္။”

ေနျပည္ေတာ္ သီးသန႔္တရား႐ုံးမွာ မေန႔က ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ အမႈေတြထဲက ႏွစ္ခုကို စစ္ေဆးခဲ့ရာမွာ သမၼတဦးဝင္းျမင့္၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔နဲ႔ တတြဲထဲအမႈျဖစ္တဲ့ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒ ခ်ိဳးေဖာက္မႈ၊ တခါ အမ်ားျပည္သူတည္ ၿငိမ္မႈေအးခ်မ္းမႈ ပ်က္ေအာင္ လုပ္ေဆာင္မႈ တို႔ျဖစ္ပါတယ္။ တရားလိုဘက္က ထြက္ဆိုခဲ့ၿပီးေနာက္ အျပန္အလွန္ေမးခြန္းထုတ္ဖို႔ အခ်ိန္မရေတာ့တဲ့အတြက္ ေနာက္အမႈခ်ိန္းကို ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း ေဒၚမင္းမင္းစိုးက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့ထဲက အမႈတခုစီကို ရက္ေပါင္း ၁၈၀ အတြင္း အၿပီးစစ္ဖို႔ တရားသူႀကီးက ခြင့္ျပဳခဲ့ၿပီးျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅၊ အစိုးရလွ်ိဳ႕ဝွက္ခ်က္ ေပါက္ၾကားမႈဥပေဒ ပုဒ္မ ၃ (၁) (ဂ)၊ ပို႔ကုန္သြင္းကုန္ဥပဒပုဒ္မ ၈ ၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅(ခ)၊ တို႔ အျပင္ သဘာဝ ေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊ စုစုေပါင္း ၇ မႈနဲ႔ စစ္ေကာင္စီက တရားစြဲထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ဒေါ်အောင်ဆန်စုကြည် ကျန်းမာရေးကောင်းမွန်နေပုံ တွေ့မြင်ရ (ရှေ့နေ ဒေါ်မင်းမင်းစိုး)

(Unicode)

ဇွန်လ (၁၅)ရက်နေ့ ဒုတိယမြောက်နေ့ တရားရုံးချိန်း တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး ကောင်းမွန်နေသလို၊ ကိုယ့်ကိုကိုယ် အပြည့်အဝယုံကြည်မှုရှိနေကြောင်းလည်း သူ့ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးက AFP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

“အမြဲတမ်း အမေ့ကိုတွေ့လိုက်ရင် အမေက Strong ဖြစ်တယ်၊ Confident ရှိတယ်ဆိုတဲ့ပုံစံ အမြဲတမ်းရှိနေပါတယ်။ အမြဲတမ်း Smart ဖြစ်နေပါတယ်ရှင့်။”

နေပြည်တော် သီးသန့်တရားရုံးမှာ မနေ့က ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက နှစ်ခုကို စစ်ဆေးခဲ့ရာမှာ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့နဲ့ တတွဲထဲအမှုဖြစ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှု၊ တခါ အများပြည်သူတည် ငြိမ်မှုအေးချမ်းမှု ပျက်အောင် လုပ်ဆောင်မှု တို့ဖြစ်ပါတယ်။ တရားလိုဘက်က ထွက်ဆိုခဲ့ပြီးနောက် အပြန်အလှန်မေးခွန်းထုတ်ဖို့ အချိန်မရတော့တဲ့အတွက် နောက်အမှုချိန်းကို ရွှေ့ဆိုင်းလိုက်ကြောင်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ထဲက အမှုတခုစီကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဖို့ တရားသူကြီးက ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ အစိုးရလျှို့ဝှက်ချက် ပေါက်ကြားမှုဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ ၈ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)၊ တို့ အပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၇ မှုနဲ့ စစ်ကောင်စီက တရားစွဲထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG