သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စဲြဆိုခ်က္ေတြ ဥပေဒေၾကာင္း အားနည္း (လူအခြင္႔အေရးေရွ႕ေန ဦးမင္းလြင္ဦး)


မွတ္တမ္းဓါတ္ပံု ေမလ ၂၄ ရက္ေန႔က ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ရံုးထုတ္စဥ္

(Zawgyi/Unicode)

စစ္ေကာင္စီရဲ႕ စဲြခ်က္ေတြကို ၾကည့္ရင္ ေဒၚေအာင္ဆန္းစုၾကည္ဘက္က ျပန္ၿပီး ေခ်ပႏိုင္တဲ့ အားသာခ်က္ေတြရွိေနတယ္လို႔ လူ႔အခြင့္အေရးေရွ႕ေန ဦးမင္းလြင္ဦးက ဗြီအိုေအကိုေျပာပါတယ္။

ေနျပည္ေတာ္ တရားရံုးမွာ တနလၤာေန႔က ေဒၚေအာင္ဆန္းစုၾကည္အေပၚ စဲြထားတဲ့ အမႈေတြထဲက သဘာ၀ေဘးအႏၲရာယ္စီမံခန္႔ခဲြမႈ ဆိုင္ရာ ဥပဒနဲ႔ ပို႔ကုန္သြင္းကုန္ပုဒ္မ၊ ဆက္သြယ္ေရး ဥပေဒပုဒ္မ စတဲ့ သံုးမႈကို ပထမဆံုး ၾကားနာစစ္ေဆးခဲ့တာပါ။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စစ္ေကာင္စီက စဲြထားတဲ့ အမႈေတြနဲ႔ ပတ္သက္လို႔ တုန္႔ျပန္ခ်က္ေတြကို မအင္ၾကင္းႏိုင္က စုစည္းတင္ျပမွာပါ။

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ၂၀၂၀ ေရြးေကာက္ပဲြ စည္းရံုးေရးကာလ ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ဳိးေဖာက္တယ္ဆိုတဲ့ စစ္ေကာင္စီရဲ႕ စြပ္စဲြခ်က္ေတြမွာ ခိုင္လံုမႈမရွိပဲ အားနည္းခ်က္ေတြ အမ်ားႀကီးရွိေနတယ္လို႔ ေနာ္ေ၀းအေျခစိုက္ ျမန္မာ့လူ႔အခြင့္အေရးေရွ႕ေန ဦးမင္းလြင္ဦးက ဗြီအိုေအကို ေျပာပါတယ္။

“ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေတြအရ လူစုလူေ၀းမလုပ္ရ ၊ ၅ဦးထက္ပိုၿပီးေတာ့ စုမလုပ္ရဆိုတဲ့အခ်က္ေတြနဲ႔ လံုး၀ ကင္းလြတ္ေနတာကို က်ေနာ္တို႔ ေတြ႔ရတယ္။ ေဒၚေအာင္ဆန္းစုၾကည္က ၿခံေရွ႕ကို ေမာ္ေတာ္ကားေတြျဖတ္္ေမာင္းျပတာကို လက္ထြက္ျပရံု ကိစၥတခုပဲရွိတယ္ဆိုတာကို က်ေနာ္တို႔ သက္ေသအေထာက္အထားေတြနဲ႔ တင္ျပႏိုင္တဲ့အေျခအေနမ်ိဳးျဖစ္ပါတယ္။ စစ္အုပ္စုကေနၿပီးေတာ့ ႀကီးမွဴးက်င္းပတဲ့ပြဲေတြမွာ ဥပမာဆိုရင္ သံလ်င္ေခ်ာင္းဆံုတံတားဖြင့္ပြဲတုန္းကဆိုရင္ Mask တပ္ထားတာလည္း တေယာက္မွ မေတြ႔ရဘူး။ ေနာက္ၿပီးေတာ့ လူစုလူေ၀းအုပ္လိုက္ႀကီး ဓါတ္ပံုရိုက္ထားတာလည္းရွိတယ္ ဒါေတြကို ဘယ္သူမွ လံုး၀အေရးယူေဆာင္ရြက္တာမရွိဘူးဆိုတာကိုၾကည့္ျခင္းအားျဖင့္ စစ္အုပ္စုရဲ႕ စီမံေဆာင္ရြက္မူကေဒၚေအာင္ဆန္းစုၾကည္ကို တမင္သပ္သပ္ အမႈဆင္ဖမ္းဆီးဖို႔အတြက္လုပ္ေဆာင္တယ္ဆိုတာကို ထင္ထင္ရွားရွားေပၚလြင္ေနတယ္လို႔ပဲ က်ေနာ္ေျပာခ်င္ပါတယ္။

ေမး။ ။ အဲဒါဆိုရင္ ဆက္သြယ္ေရးဥပေဒပုဒ္မ၊ ပို႔ကုန္သြင္းကုန္ပုဒ္မ တို႔ နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို စဲြထားတဲ့ အမႈေတြအေပၚမွာေရာ ဘယ္လို သံုးသပ္လဲရွင့္။

ဦးမင္းလြင္ဦး။ ။ဆက္သြယ္ေရးဥပေဒပုဒ္မနဲ႔ တရားစြဲဆုိထားတာကို က်ေနာ္တို႔ၾကည့္မယ္ဆိုရင္ ဆက္သြယ္ေရး စကားေျပာစက္ေတြက ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ၀ယ္ယူေပးထားတာမရွိဘူး ေနာက္ၿပီးေတာ့တခါ မိမိရဲ႕ လံုၿခံဳေရးအဖြဲ႔ေတြ သံုးတဲ့ပစၥည္းကို ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ဘယ္လိုမွ သိရွိႏုိင္စြမ္းမရွိဘူး။ ေနာက္ၿပီးေတာ့ ျပည္ထဲေရးကေနမွ လံုၿခံဳေရးအဖြဲ႔ေတြ ခန္႔ထားတာျဖစ္တယ္။ ျပည္ထဲေရးကေနၿပီးမွ လံုၿခံဳေရးဆိုင္ရာ ကိစၥရပ္ေတြကို စီမံခန္႔ခြဲတာျဖစ္တယ္။ ဒါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ဒါေတြကို သိရွိျခင္းလည္းမရွိဘူး။ အဲဒီလို သိရွိျခင္းမရွိတဲ့အေပၚမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီမံခန္႔ခြဲမႈေအာက္မွာ ရွိတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အခုလိုမ်ိဳးစြဲဆိုထားတာက ႏိုင္ငံေရးအရ သိမ္ငယ္သြားေအာင္ ႏိုင္ငံေရးအရ ေထာက္ခံမႈ က်ဆင္းသြားေအာင္ ၊ ေနာက္ ေဒၚေအာင္ဆန္းစုၾကည္အေပၚမွာ ျပည္သူလူထုေတြ ယံုၾကည္မႈေလ်ာ့နည္းသြားေအာင္ စတဲ့ရည္ရြယ္ခ်က္ေတြနဲ႔ လုပ္ေဆာင္တယ္လို႔ က်ေန္ာတို႔ ျမင္ပါတယ္ခင္ဗ်။

ေမး။ ။ အခုလို တရားစဲြတဲ့အတြက္ ကုန္က်စရိတ္ေတြထြက္လာၿပီေပါ့ေနာ္။ ေဒၚေအာင္ဆန္းစုၾကည္က ေပးရမွာလား။ အဲဒီကုန္က်စရိတ္ေတြကို ဘယ္သူက ေပးရမွာလဲ။

ဦးမင္းလြင္ဦး။ ။ေဒၚေအာင္ဆန္းစုၾကည္အေပၚ တရားစြဲဆိုထားတဲ့ စရိတ္စကေတြနဲ႔ ပတ္သက္လို႔ေတာ့ ႏိုင္ငံေတာ္ကေနၿပီးေတာ့ စြဲဆိုတဲ့ ကိစၥျဖစ္တဲ့အတြက္ ႏိုင္ငံေတာ္ကပဲ အကုန္အက်ခံရမယ္လို႔ ျမင္ပါတယ္။ သို႔ေသာ္ ေဒၚေအာင္ဆန္းစုၾကည္ဘက္က လိုက္ၿပီးေတာ့ ခုခံေခ်ပတဲ့ေရွ႕ေနေတြကေတာ့ အခမဲ့ လိုက္ပါေဆာင္ရြက္တဲ့ ကိစၥျဖစ္တဲ့အတြက္ ဒါကိုေတာ့ က်ေနာ္တို႔ ထည့္သြင္းစဥ္းစားစရာမလိုဘူးလို႔ ျမင္ပါတယ္။ တရားစြဲဆိုတဲ့ ကိစၥမွာ ကုန္က်စရိတ္ေတြရွိတယ္ဆိုတာက ဒါေတြမွန္သမွ်ကို ႏိုင္ငံေတာ္က စြဲဆိုတဲ့ ကိစၥျဖစ္တဲ့အတြက ႏိုင္ငံေတာ္ကပဲ အကုန္အက်ခံရမယ္လို႔ အၾကမ္္းဖ်င္းေျပာႏိုင္ပါတယ္ခင္ဗ်။”

ဒီကေန႔ ဇြန္လ (၁၅)ရက္ေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္ကို သဘာဝေဘးအႏၲရာယ္ စီမံခန္႔ခြဲမႈဆိုင္ရာ ဥပေဒပုဒ္မ ၂၅ နဲ႔ စြဲထားတဲ့ အမႈ ေနာက္တမႈနဲ႔ သမၼတ ဦးဝင္းျမင့္၊ ေနျပည္ေတာ္ စည္ပင္သာယာေရး ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္ တို႔နဲ႔အတူ သုံးေယာက္တြဲ စြဲဆိုခံထားရတဲ့ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္မႈ ဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅(ခ) တို႔ကို ဆက္လက္ စစ္ေဆးဖို႔ ရွိတယ္လို႔ အက်ဳိးေဆာင္ေရွ႕ေနေတြက ဗီြအိုေအကိုေျပာပါတယ္။

အခုလို စစ္အုပ္စုက ေဒၚေအာင္ဆန္းစုၾကည္ကို စြပ္စဲြထားတဲ့ အမႈေတြနဲ႔ ပတ္သက္လို႔ အေမရိကန္ျပည္ေထာင္စု ေမရီလန္းျပည္နယ္ ခ်င္းလူမ်ဳိးအဖဲြ႕အစည္း ဥကၠဌ Dong Khup က သူ႔ရဲ႕အျမင္ကို အခုလိုေျပာပါတယ္။

“မရွိတဲ့အမႈကို မရွိရွိေအာင္ လုပ္ၾကံၿပီးေတာ့ ဒီအမႈေတြက ေဒၚေအာင္ဆန္းစုၾကည္က်ဴးလြန္တယ္ဆိုတာ တခုမွ မဟုတ္ပါဘူး။ စစ္အုပ္စု စစ္ေကာင္စီကေနၿပီးေတာ့မွ သူတို႔ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးရွာၾကံၿပီးေတာ့မွ ဖြင့္တဲ့အမႈေတြပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုအခ်ိန္မွာလည္း ျမန္မာႏိုင္ငံမွာ ဥပေဒဆိုတာ မရွိေတာ့ပါဘူး။ ဥပေဒဆိုတာ ေသနတ္အ၀မွာပဲ ရွိပါတယ္။”

ေဒၚေအာင္ဆန္းစုၾကည္အေပၚ ျပစ္မႈဆိုင္ရာတရားစြဲဆိုမႈေတြဟာ အတုအေယာင္ေတြသာျဖစ္ၿပီး ၂၀၂ဝျပည့္ ႏိုဝင္ဘာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ သူအျပတ္အသတ္ အႏိုင္ရခဲ့တာကို ပယ္ဖ်က္ဖို႔ ႏိုင္ငံေရးလႈံေဆာ္မႈ ရည္ရြယ္ခ်က္ရွိရွိ လုပ္ေဆာင္တာျဖစ္တယ္လို႔ နယူးေရာက္အေျခစိုက္ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖဲြ႕ HRW အာရွေရးရာ လက္ေထာက္ၫြန္ၾကားေရးမွဴး Phil Robertson က ေျပာပါတယ္။ တနလၤာေန႔က ထုတ္ျပန္တဲ့ သူ႔ရဲ႕ ေၾကညာခ်က္မွာ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြပ္စဲြခ်က္ေတြအားလံုး ႐ုပ္သိမ္းဖို႔နဲ႔ သူ႔ကို ခြ်င္းခ်က္မရွိ ခ်က္ျခင္းျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅၊ အစိုးရ လွ်ိဳ႕ဝွက္ခ်က္ ေပါက္ၾကားမႈဥပေဒ ပုဒ္မ ၃ (၁) (ဂ)၊ ပို႔ကုန္သြင္းကုန္ဥပဒပုဒ္မ ၈ ၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇ ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လႈံေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅(ခ)၊ တို႔ အျပင္ သဘာဝ ေဘးအႏၲရာယ္ စီမံခန္႔ခြဲမႈဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊ စုစုေပါင္း ၇ မႈနဲ႔ တရားစဲြ ခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုချက်တွေ ဥပဒေကြောင်း အားနည်း (လူအခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦး)

(Unicode)

စစ်ကောင်စီရဲ့ စွဲချက်တွေကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြန်ပြီး ချေပနိုင်တဲ့ အားသာချက်တွေရှိနေတယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ဗွီအိုအေကိုပြောပါတယ်။

နေပြည်တော် တရားရုံးမှာ တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲထားတဲ့ အမှုတွေထဲက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒနဲ့ ပို့ကုန်သွင်းကုန်ပုဒ်မ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ စတဲ့ သုံးမှုကို ပထမဆုံး ကြားနာစစ်ဆေးခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်လို့ တုန့်ပြန်ချက်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ စည်းရုံးရေးကာလ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေမှာ ခိုင်လုံမှုမရှိပဲ အားနည်းချက်တွေ အများကြီးရှိနေတယ်လို့ နော်ဝေးအခြေစိုက် မြန်မာ့လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေအရ လူစုလူဝေးမလုပ်ရ ၊ ၅ဦးထက်ပိုပြီးတော့ စုမလုပ်ရဆိုတဲ့အချက်တွေနဲ့ လုံး၀ ကင်းလွတ်နေတာကို ကျနော်တို့ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်က ခြံရှေ့ကို မော်တော်ကားတွေဖြတ်မောင်းပြတာကို လက်ထွက်ပြရုံ ကိစ္စတခုပဲရှိတယ်ဆိုတာကို ကျနော်တို့ သက်သေအထောက်အထားတွေနဲ့ တင်ပြနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ စစ်အုပ်စုကနေပြီးတော့ ကြီးမှူးကျင်းပတဲ့ပွဲတွေမှာ ဥပမာဆိုရင် သံလျင်ချောင်းဆုံတံတားဖွင့်ပွဲတုန်းကဆိုရင် Mask တပ်ထားတာလည်း တယောက်မှ မတွေ့ရဘူး။ နောက်ပြီးတော့ လူစုလူဝေးအုပ်လိုက်ကြီး ဓါတ်ပုံရိုက်ထားတာလည်းရှိတယ် ဒါတွေကို ဘယ်သူမှ လုံးဝအရေးယူဆောင်ရွက်တာမရှိဘူးဆိုတာကိုကြည့်ခြင်းအားဖြင့် စစ်အုပ်စုရဲ့ စီမံဆောင်ရွက်မူကဒေါ်အောင်ဆန်းစုကြည်ကို တမင်သပ်သပ် အမှုဆင်ဖမ်းဆီးဖို့အတွက်လုပ်ဆောင်တယ်ဆိုတာကို ထင်ထင်ရှားရှားပေါ်လွင်နေတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။

မေး။ ။ အဲဒါဆိုရင် ဆက်သွယ်ရေးဥပဒေပုဒ်မ၊ ပို့ကုန်သွင်းကုန်ပုဒ်မ တို့ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အမှုတွေအပေါ်မှာရော ဘယ်လို သုံးသပ်လဲရှင့်။

ဦးမင်းလွင်ဦး။ ။ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုထားတာကို ကျနော်တို့ကြည့်မယ်ဆိုရင် ဆက်သွယ်ရေး စကားပြောစက်တွေက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဝယ်ယူပေးထားတာမရှိဘူး နောက်ပြီးတော့တခါ မိမိရဲ့ လုံခြုံရေးအဖွဲ့တွေ သုံးတဲ့ပစ္စည်းကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ဘယ်လိုမှ သိရှိနိုင်စွမ်းမရှိဘူး။ နောက်ပြီးတော့ ပြည်ထဲရေးကနေမှ လုံခြုံရေးအဖွဲ့တွေ ခန့်ထားတာဖြစ်တယ်။ ပြည်ထဲရေးကနေပြီးမှ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို စီမံခန့်ခွဲတာဖြစ်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒါတွေကို သိရှိခြင်းလည်းမရှိဘူး။ အဲဒီလို သိရှိခြင်းမရှိတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလိုမျိုးစွဲဆိုထားတာက နိုင်ငံရေးအရ သိမ်ငယ်သွားအောင် နိုင်ငံရေးအရ ထောက်ခံမှု ကျဆင်းသွားအောင် ၊ နောက် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ပြည်သူလူထုတွေ ယုံကြည်မှုလျော့နည်းသွားအောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်တယ်လို့ ကျနေ်ာတို့ မြင်ပါတယ်ခင်ဗျ။

မေး။ ။ အခုလို တရားစွဲတဲ့အတွက် ကုန်ကျစရိတ်တွေထွက်လာပြီပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်က ပေးရမှာလား။ အဲဒီကုန်ကျစရိတ်တွေကို ဘယ်သူက ပေးရမှာလဲ။

ဦးမင်းလွင်ဦး။ ။ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားတဲ့ စရိတ်စကတွေနဲ့ ပတ်သက်လို့တော့ နိုင်ငံတော်ကနေပြီးတော့ စွဲဆိုတဲ့ ကိစ္စဖြစ်တဲ့အတွက် နိုင်ငံတော်ကပဲ အကုန်အကျခံရမယ်လို့ မြင်ပါတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ဘက်က လိုက်ပြီးတော့ ခုခံချေပတဲ့ရှေ့နေတွေကတော့ အခမဲ့ လိုက်ပါဆောင်ရွက်တဲ့ ကိစ္စဖြစ်တဲ့အတွက် ဒါကိုတော့ ကျနော်တို့ ထည့်သွင်းစဉ်းစားစရာမလိုဘူးလို့ မြင်ပါတယ်။ တရားစွဲဆိုတဲ့ ကိစ္စမှာ ကုန်ကျစရိတ်တွေရှိတယ်ဆိုတာက ဒါတွေမှန်သမျှကို နိုင်ငံတော်က စွဲဆိုတဲ့ ကိစ္စဖြစ်တဲ့အတွက နိုင်ငံတော်ကပဲ အကုန်အကျခံရမယ်လို့ အကြမ်းဖျင်းပြောနိုင်ပါတယ်ခင်ဗျ။”

ဒီကနေ့ ဇွန်လ (၁၅)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နဲ့ စွဲထားတဲ့ အမှု နောက်တမှုနဲ့ သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော် စည်ပင်သာယာရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့နဲ့အတူ သုံးယောက်တွဲ စွဲဆိုခံထားရတဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ) တို့ကို ဆက်လက် စစ်ဆေးဖို့ ရှိတယ်လို့ အကျိုးဆောင်ရှေ့နေတွေက ဗွီအိုအေကိုပြောပါတယ်။

အခုလို စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ချင်းလူမျိုးအဖွဲ့အစည်း ဥက္ကဌ Dong Khup က သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“မရှိတဲ့အမှုကို မရှိရှိအောင် လုပ်ကြံပြီးတော့ ဒီအမှုတွေက ဒေါ်အောင်ဆန်းစုကြည်ကျူးလွန်တယ်ဆိုတာ တခုမှ မဟုတ်ပါဘူး။ စစ်အုပ်စု စစ်ကောင်စီကနေပြီးတော့မှ သူတို့ အကြောင်းပြချက်အမျိုးမျိုးရှာကြံပြီးတော့မှ ဖွင့်တဲ့အမှုတွေပါ။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာလည်း မြန်မာနိုင်ငံမှာ ဥပဒေဆိုတာ မရှိတော့ပါဘူး။ ဥပဒေဆိုတာ သေနတ်အဝမှာပဲ ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်မှုဆိုင်ရာတရားစွဲဆိုမှုတွေဟာ အတုအယောင်တွေသာဖြစ်ပြီး ၂၀၂ဝပြည့် နိုဝင်ဘာ ၂၀၂၀ ရွေးကောက်ပွဲမှာ သူအပြတ်အသတ် အနိုင်ရခဲ့တာကို ပယ်ဖျက်ဖို့ နိုင်ငံရေးလှုံဆော်မှု ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်တယ်လို့ နယူးရောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အာရှရေးရာ လက်ထောက်ညွန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။ တနင်္လာနေ့က ထုတ်ပြန်တဲ့ သူ့ရဲ့ ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်တွေအားလုံး ရုပ်သိမ်းဖို့နဲ့ သူ့ကို ချွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ အစိုးရ လျှို့ဝှက်ချက် ပေါက်ကြားမှုဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ ၈ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)၊ တို့ အပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၇ မှုနဲ့ တရားစွဲ ခံထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG