သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတလႊား အငတ္ေဘးအႏၱရာယ္ ႀကီးထြားလာမႈ FAO ေထာက္ျပ


မွတ္တမ္းဓါတ္ပံု ၂၀၂၁ ေဖေဖာ္၀ါရီလ Tigray ႏိုင္ငံ အေနာက္ပိုင္း IDP ကေလးငယ္မ်ား အစားအေသာက္အတြက္ တန္းစီေန

(Zawgyi/Unicode)

ကမၻာတ၀ွမ္း အစာေရစာ ရွားပါးမႈျပတ္လပ္မႈနဲ႔ ရင္ဆုိင္ေနရသူေတြ ၅ နွစ္အတြင္း စံခ်ိန္တင္ျမင့္တက္လာေနၿပီး အေရးေပၚအကူအညိီေတြြ အပူတျပင္းလိုအပ္ေနပါတယ္။ ဆင္းရဲႏြမ္းပါးတဲ့ႏုိင္ငံေတြမွာႀကဳံေနရတဲ့ အစာေရစာရွားပါးမႈ အၾကပ္အတည္းေတြကို ကမၻာ့စားနပ္ရိကၡာနဲ႔စိုက္ပ်ိဳးေရးအဖြဲ႔ FAO နဲ႔အတူ အျခားမိတ္ဖက္ လူမႈေရးအဖြဲ႔အစည္းေတြက ကြင္းဆင္းေလ့လာၿပီး မွတ္တမ္းျပဳစုခ့ဲၾကတာပါ။ ႏုိင္ငံေပါင္း ၅၀ ေက်ာ္မွာ လက္ရွိရင္ဆုိင္ေနရတဲ့ စားနပ္ရိကၡာအၾကပ္အတည္းအေၾကာင္း FAO ကေနာက္ဆုံးထုတ္ျပန္လိုက္တဲ့အစီရင္ခံစာကို နန္းေလာင္၀္က ေကာက္ႏုတ္တင္ျပထားပါတယ္။

၂၀၂၀ခုႏွစ္အတြင္း ႏုိင္ငံေပါင္း ၅၅ ခုထက္မနည္းမွာ ငတ္မြတ္ေခါင္းပါးမႈေဘးနဲ႔ ရင္ဆုိင္ေနရသူလူေပါင္း သန္း ၁၅၀ ေက်ာ္ထိ ေရာက္လာပါတယ္။ ဥတုရာသီေျပာင္းလဲေဖာက္ျပန္မႈနဲ႔ ကိုဗစ္ ကပ္ေရာဂါရဲ ႔ အက်ိဳးဆက္ကို ဆင္းရဲႏြမ္းပါးသူေတြ ပိုၿပီးရင္ဆုိင္ေနၾကရတဲ့အတြက္ ဒီ၀န္ ထုပ္၀န္ပိုး ေတြေလ်ာ့သြားေအာင္ လုံေလာက္တဲ့ အကူအညီရင္းျမစ္ေတြေေပးၾကဖို႔ လူမႈေရးအဖြဲ႔ေတြက ႏုိင္ငံေရးသမားေတြကို တုိက္တြန္း ေတာင္းဆုိေနၾကပါတယ္။

FAO အေရးေပၚဆုိင္ရာဌာနက ညႊန္ၾကားေရးမွဴး Dominique Burgeon က အခုလို ေျပာပါတယ္။

“၂၀၂၀ ခုႏွစ္မွာ အဓိကေတြ႔ရွိလုိက္တဲ့ဒီလို စားနပ္ရိကၡာရွားပါးမႈ ျဖစ္ရပ္ေတြဟာ လူ႔သားမ်ိဳးႏြယ္ေတြအတြက္ေတာ့ အေမွာင္မုိ္က္ဆုံးနွစ္ျဖစ္ပါတယ္။ COVID-19 ေၾကာင့္ အေျခအေနဆိုးေတြ ႀကဳံေတြ႔ခံစားရတယ္ဆိုတာမ်ိဳး ေန႔တုိင္းရုပ္ျမင္သံၾကားေပၚမွာ က်ေနာ္တု႔ိေတြ႔ ျမင္ေနရပါတယ္။ ဒါေပမယ့္ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြအပါအ၀င္ လူေပါင္း ၁၅၅ သန္းတို႔မွာ ကိုဗစ္ေၾကာင့္ျဖစ္လာတဲ့ အၾကပ္အတည္းေတြတင္မကပဲ စားနပ္ရိကၡာမလုံေလာက္တဲ့အေျခဆိုးႀကီးန႔ဲပါ ရင္ဆုိင္ေနၾကရတယ္ဆိုတာ ဒီအစိီရင္ခံစာမွာ ေျပာျပထားပါတယ္။ ဒီျပႆနာနဲ႔ ရင္ဆိုင္ေနရသူ မႏွစ္က သန္း ၂၀ ထပ္ၿပီး တိုးလာပါတယ္ “

ေတာင္ယာစိုက္ပ်ိဳးၾကတဲ့သူေတြဟာ ခက္ခဲလြန္း လွတဲ့အေျခအေနမ်ိဳးမွာေတာင္ စိုက္ပ်ိဳးေရးကိုပဲဆက္လုပ္တတ္ၾကတဲ့အတြက္ သူတို႕ကို စိုက္ပ်ိဳးေရးနဲ႔ဆုိင္တဲ့ အကူအညီေတြေပးအပ္ဖို႔ FAO ကရည္မွန္းထားပါတယ္။စားနပ္ရိကၡာရွားပါးမႈနဲ႔ အဆိုးဆုံးႀကဳံေနရတဲ့ေနရာေတြမွာ စိုက္ပ်ိဳးထုတ္လုပ္မွသာလ ွ်င္ ငတ္မြတ္ေခါင္းပါးမႈေဘးကို ကာကြယ္ႏုိင္မွာျဖစ္ပါတယ္။

ဒါေၾကာင့္လည္းသက္ဆုိင္ရာအစိုးရအဖြဲ႔ေတြ၊ ကုလသမဂၢနဲ႔ လူမႈအဖြဲ႔ေတြသာမက ပုဂၢလိကပုိင္းကပါ အတူ ပူးေပါင္းေဆာင္ရြက္မွသာလ ွ်င္ ၾကမ္းတမ္းတဲ့ ရာသီဥတုဒဏ္ခံႏုိင္မယ့္ သီးႏံွေတြကို ေတာင္သူေတြ စိုက္ပ်ိဳးထုတ္လုပ္ႏုိင္ၾကမယ္လို႔လည္း FAO က ေျပာပါတယ္။

FAO အေရးေပၚဆုိင္ရာဌာနက ညႊန္ၾကားေရးမွဴး Dominique Burgeon က အခုလို ေျပာပါတယ္။

“၂၀၂၁ ခုႏွစ္ထဲ ငတ္မြတ္ေခါင္းပါးမႈေဘးဆိုးႀကီးေပၚေပါက္မလာေအာင္ ကာကြယ္ဖို႔နဲ႔ လူ႔ အသက္ေပါင္းမ်ားစြာကို ကယ္တင္ဖို႔ဆိုရင္ လူသားခ်င္းစာနာမႈဆုိင္ရာ လႈပ္ရွားမႈေတြ အခုထလုပ္ဖို႔ လိုပါတယ္။ အသက္ရွင္ရပ္တည္ေရး အေရးတႀကီးလိုအပ္ေနတဲ့ အကူအညီေတြကို ကြင္းဆင္း လုပ္ကိုင္ေနၾကတဲ့ FAO ၀န္ထမ္းေတြက ေပးအပ္ေနတဲ့အတြက္ ေက်းလက္ေန ေတာင္သူေတြလည္း စိုက္ပ်ိဳးေရးကို ဆက္လုပ္ႏုိ္င္ၾကပါလိမ့္မယ္”

စစ္ေရး ပဋိပကၡေတြနဲ႔ ဥတုရာသီေျပာင္းလဲမႈေတြေၾကာင့္ လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္ကစၿပီး စားနပ္ရိကၡာေတြပိုၿပီး ရွားပါးလာတဲ့အခ်ိန္မွာ ေပၚေပါက္လာတဲ့ ကိုဗစ္ကပ္ေရာဂါ ကန္႔သတ္ခ်က္ေတြေၾကာင့္ အဲဒီအေျခအေနေတြပိုဆိုးလာတယ္လို႔ GRFC ရဲ ႔အစီရင္ခံစာမွာေရးပါတယ္။

FAO အေရးေပၚဆုိင္ရာဌာနက ညႊန္ၾကားေရးမွဴး Dominique Burgeon က

“အစာေရစာမလုံေလာက္တဲ့ နံပတ္တစ္ အေၾကာင္းရင္းက ပဋိပကၡေတြေၾကာင့္ျဖစ္ပါတယ္။ နုိင္ငံေတြနဲ႔ နယ္ေျမေဒသ ၂၃ ခုကလူေပါင္း ၉၉ သန္းတို႔ စားနပ္ရိကၡာရွားပါးမႈနဲ႔ရင္ဆုိင္ေနရတဲ့ အရင္းခံအေၾကာင္းရင္းက ပဋိပကၡေတြေပၚေပါက္ၿပီး လုံၿခဳံမႈ မရွိလို႔ျဖစ္ပါတယ္။ ပဋိပကၡျဖစ္လာရင္ စီးပြားေရးေတြ ထိခိုက္လာတတ္ပါတယ္။ ဒုတိယအခ်က္ကေတာ့ ကပ္ေရာဂါေၾကာင့္ စီးပြားေရးထိခိုက္လို႔ျဖစ္ပါတယ္။ ၂၀၂၀ခုနွစ္အတြင္း စားနပ္ရိကၡာရွားပါးလာေစတဲ့ တတိယ အခ်က္က ဥတုရာသီေျပာင္းလဲေဖာက္ျပန္မႈေၾကာင့္ မိုးေခါင္ေရရွားလို႔ျဖစ္ပါတယ္။”

စိီးပြားေရးအၾကပ္အတည္းေၾကာင့္ လူတန္းစားကြာဟမႈ ေတြပိုဆိုးလာပါတယ္။ ၂၀၂၀ ခုနွစ္မွာ စားနပ္ရိကၡာရွားပါးမႈ အဆိုးဆုံးရင္ဆုိင္ခဲ့ရတဲ့ ၁၀ ႏိုင္ငံကေတာ့ ကြန္ဂို၊ ယီမင္၊ အာဖဂန္နစၥတန္၊ ဆီးရီးယား၊ ဆူဒန္၊ ႏုိင္ဂ်ီးရီးယား၊ အီသီယိုးပီးယား၊ ေတာင္ဆူဒန္၊ ဇင္ဘာေဘြနဲ႔ ေဟတီႏုိင္ငံတို႔ျဖစ္ပါတယ္။

ငတ္မတ္မြတ္ေခါင္းပါးမႈ ပေပ်ာက္ေရးဆိုတဲ့ကုလသမဂၢရဲ ႔ေရရွည္ခံတဲ့ဖြံ႔ၿဖိဳးတိုးတက္ေရး ရည္မွန္းခ်က္ျပည့္မွိီဖို႔ ၀ိုင္း၀န္းလုပ္ကိုင္တဲ့အေနနဲ႔ ကမၻာ့ စားနပ္ရိကၡာဆုိင္ရာကြန္ယက္အဖြဲ႔ကို ၂၀၁၆ ခုႏွစ္မွာ ဥေရာပသမဂၢ EU၊ FAO နဲ႔ ကမၻာ့စားနပ္ရိကၡာအဖြဲ႔ WFP တုိ႔ ပူးေပါင္းဖြဲ႔စည္းၿပီး လုပ္ကုိင္လာတာျဖစ္ပါတယ္။ ဒီအဖြဲ႔က ေနာက္ဆုံးထုတ္ျပန္လိုက္တဲ့ ငတ္မြတ္ေခါင္းပါးမႈ ဆုိင္ရာ အစီရင္ခံစာကိုလည္း နုိင္ငံတကာ လူမႈေရးအဖြဲ႔ ၁၆ခုနဲ႔ မိတ္ဖက္အဖြဲ႔ေတြက ကြင္းဆင္းစားရင္းေကာက္ယူၿပီး ျပဳစုထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ကမ္ဘာတလွှား အငတ်ဘေးအန္တရာယ် ကြီးထွားလာမှု FAO ထောက်ပြ

(Unicode)

ကမ္ဘာတဝှမ်း အစာရေစာ ရှားပါးမှုပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရသူတွေ ၅ နှစ်အတွင်း စံချိန်တင်မြင့်တက်လာနေပြီး အရေးပေါ်အကူအညီတွေ အပူတပြင်းလိုအပ်နေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေမှာကြုံနေရတဲ့ အစာရေစာရှားပါးမှု အကြပ်အတည်းတွေကို ကမ္ဘာ့စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ FAO နဲ့အတူ အခြားမိတ်ဖက် လူမှုရေးအဖွဲ့အစည်းတွေက ကွင်းဆင်းလေ့လာပြီး မှတ်တမ်းပြုစုခဲ့ကြတာပါ။ နိုင်ငံပေါင်း ၅၀ ကျော်မှာ လက်ရှိရင်ဆိုင်နေရတဲ့ စားနပ်ရိက္ခာအကြပ်အတည်းအကြောင်း FAO ကနောက်ဆုံးထုတ်ပြန်လိုက်တဲ့အစီရင်ခံစာကို နန်းလောင်ဝ်က ကောက်နုတ်တင်ပြထားပါတယ်။

၂၀၂၀ခုနှစ်အတွင်း နိုင်ငံပေါင်း ၅၅ ခုထက်မနည်းမှာ ငတ်မွတ်ခေါင်းပါးမှုဘေးနဲ့ ရင်ဆိုင်နေရသူလူပေါင်း သန်း ၁၅၀ ကျော်ထိ ရောက်လာပါတယ်။ ဥတုရာသီပြောင်းလဲဖောက်ပြန်မှုနဲ့ ကိုဗစ် ကပ်ရောဂါရဲ့ အကျိုးဆက်ကို ဆင်းရဲနွမ်းပါးသူတွေ ပိုပြီးရင်ဆိုင်နေကြရတဲ့အတွက် ဒီဝန် ထုပ်ဝန်ပိုး တွေလျော့သွားအောင် လုံလောက်တဲ့ အကူအညီရင်းမြစ်တွေေပေးကြဖို့ လူမှုရေးအဖွဲ့တွေက နိုင်ငံရေးသမားတွေကို တိုက်တွန်း တောင်းဆိုနေကြပါတယ်။

FAO အရေးပေါ်ဆိုင်ရာဌာနက ညွှန်ကြားရေးမှူး Dominique Burgeon က အခုလို ပြောပါတယ်။

“၂၀၂၀ ခုနှစ်မှာ အဓိကတွေ့ရှိလိုက်တဲ့ဒီလို စားနပ်ရိက္ခာရှားပါးမှု ဖြစ်ရပ်တွေဟာ လူ့သားမျိုးနွယ်တွေအတွက်တော့ အမှောင်မိုက်ဆုံးနှစ်ဖြစ်ပါတယ်။ COVID-19 ကြောင့် အခြေအနေဆိုးတွေ ကြုံတွေ့ခံစားရတယ်ဆိုတာမျိုး နေ့တိုင်းရုပ်မြင်သံကြားပေါ်မှာ ကျနော်တု့ိတွေ့ မြင်နေရပါတယ်။ ဒါပေမယ့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၅၅ သန်းတို့မှာ ကိုဗစ်ကြောင့်ဖြစ်လာတဲ့ အကြပ်အတည်းတွေတင်မကပဲ စားနပ်ရိက္ခာမလုံလောက်တဲ့အခြေဆိုးကြီးနဲ့ပါ ရင်ဆိုင်နေကြရတယ်ဆိုတာ ဒီအစီရင်ခံစာမှာ ပြောပြထားပါတယ်။ ဒီပြဿနာနဲ့ ရင်ဆိုင်နေရသူ မနှစ်က သန်း ၂၀ ထပ်ပြီး တိုးလာပါတယ် “

တောင်ယာစိုက်ပျိုးကြတဲ့သူတွေဟာ ခက်ခဲလွန်း လှတဲ့အခြေအနေမျိုးမှာတောင် စိုက်ပျိုးရေးကိုပဲဆက်လုပ်တတ်ကြတဲ့အတွက် သူတို့ကို စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ အကူအညီတွေပေးအပ်ဖို့ FAO ကရည်မှန်းထားပါတယ်။စားနပ်ရိက္ခာရှားပါးမှုနဲ့ အဆိုးဆုံးကြုံနေရတဲ့နေရာတွေမှာ စိုက်ပျိုးထုတ်လုပ်မှသာလ ျှင် ငတ်မွတ်ခေါင်းပါးမှုဘေးကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်လည်းသက်ဆိုင်ရာအစိုးရအဖွဲ့တွေ၊ ကုလသမဂ္ဂနဲ့ လူမှုအဖွဲ့တွေသာမက ပုဂ္ဂလိကပိုင်းကပါ အတူ ပူးပေါင်းဆောင်ရွက်မှသာလ ျှင် ကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်ခံနိုင်မယ့် သီးနံှတွေကို တောင်သူတွေ စိုက်ပျိုးထုတ်လုပ်နိုင်ကြမယ်လို့လည်း FAO က ပြောပါတယ်။

FAO အရေးပေါ်ဆိုင်ရာဌာနက ညွှန်ကြားရေးမှူး Dominique Burgeon က အခုလို ပြောပါတယ်။

“၂၀၂၁ ခုနှစ်ထဲ ငတ်မွတ်ခေါင်းပါးမှုဘေးဆိုးကြီးပေါ်ပေါက်မလာအောင် ကာကွယ်ဖို့နဲ့ လူ့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ဆိုရင် လူသားချင်းစာနာမှုဆိုင်ရာ လှုပ်ရှားမှုတွေ အခုထလုပ်ဖို့ လိုပါတယ်။ အသက်ရှင်ရပ်တည်ရေး အရေးတကြီးလိုအပ်နေတဲ့ အကူအညီတွေကို ကွင်းဆင်း လုပ်ကိုင်နေကြတဲ့ FAO ဝန်ထမ်းတွေက ပေးအပ်နေတဲ့အတွက် ကျေးလက်နေ တောင်သူတွေလည်း စိုက်ပျိုးရေးကို ဆက်လုပ်နိုင်ကြပါလိမ့်မယ်”

စစ်ရေး ပဋိပက္ခတွေနဲ့ ဥတုရာသီပြောင်းလဲမှုတွေကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး စားနပ်ရိက္ခာတွေပိုပြီး ရှားပါးလာတဲ့အချိန်မှာ ပေါ်ပေါက်လာတဲ့ ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်တွေကြောင့် အဲဒီအခြေအနေတွေပိုဆိုးလာတယ်လို့ GRFC ရဲ့အစီရင်ခံစာမှာရေးပါတယ်။

FAO အရေးပေါ်ဆိုင်ရာဌာနက ညွှန်ကြားရေးမှူး Dominique Burgeon က

“အစာရေစာမလုံလောက်တဲ့ နံပတ်တစ် အကြောင်းရင်းက ပဋိပက္ခတွေကြောင့်ဖြစ်ပါတယ်။ နိုင်ငံတွေနဲ့ နယ်မြေဒေသ ၂၃ ခုကလူပေါင်း ၉၉ သန်းတို့ စားနပ်ရိက္ခာရှားပါးမှုနဲ့ရင်ဆိုင်နေရတဲ့ အရင်းခံအကြောင်းရင်းက ပဋိပက္ခတွေပေါ်ပေါက်ပြီး လုံခြုံမှု မရှိလို့ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်လာရင် စီးပွားရေးတွေ ထိခိုက်လာတတ်ပါတယ်။ ဒုတိယအချက်ကတော့ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်လို့ဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်အတွင်း စားနပ်ရိက္ခာရှားပါးလာစေတဲ့ တတိယ အချက်က ဥတုရာသီပြောင်းလဲဖောက်ပြန်မှုကြောင့် မိုးခေါင်ရေရှားလို့ဖြစ်ပါတယ်။”

စီးပွားရေးအကြပ်အတည်းကြောင့် လူတန်းစားကွာဟမှု တွေပိုဆိုးလာပါတယ်။ ၂၀၂၀ ခုနှစ်မှာ စားနပ်ရိက္ခာရှားပါးမှု အဆိုးဆုံးရင်ဆိုင်ခဲ့ရတဲ့ ၁၀ နိုင်ငံကတော့ ကွန်ဂို၊ ယီမင်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ဆူဒန်၊ နိုင်ဂျီးရီးယား၊ အီသီယိုးပီးယား၊ တောင်ဆူဒန်၊ ဇင်ဘာဘွေနဲ့ ဟေတီနိုင်ငံတို့ဖြစ်ပါတယ်။

ငတ်မတ်မွတ်ခေါင်းပါးမှု ပပျောက်ရေးဆိုတဲ့ကုလသမဂ္ဂရဲ့ရေရှည်ခံတဲ့ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပြည့်မှီဖို့ ဝိုင်းဝန်းလုပ်ကိုင်တဲ့အနေနဲ့ ကမ္ဘာ့ စားနပ်ရိက္ခာဆိုင်ရာကွန်ယက်အဖွဲ့ကို ၂၀၁၆ ခုနှစ်မှာ ဥရောပသမဂ္ဂ EU၊ FAO နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တို့ ပူးပေါင်းဖွဲ့စည်းပြီး လုပ်ကိုင်လာတာဖြစ်ပါတယ်။ ဒီအဖွဲ့က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ငတ်မွတ်ခေါင်းပါးမှု ဆိုင်ရာ အစီရင်ခံစာကိုလည်း နိုင်ငံတကာ လူမှုရေးအဖွဲ့ ၁၆ခုနဲ့ မိတ်ဖက်အဖွဲ့တွေက ကွင်းဆင်းစားရင်းကောက်ယူပြီး ပြုစုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG