သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အငတ်ဘေး အကြောင်းရင်းတွေထဲ မြန်မာပဋိပက္ခပါဝင်


ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ ပဋိပက္ခတွေ အရှိန်မြင့်လာတာနဲ့ မိုးခေါင်ရေရှား တာကြောင့် ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ တဝန်း ငတ်မွတ်ခေါင်းပါးသူ အရေအတွက် ပိုများခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာအသစ်တခုမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတဝန်း လူပေါင်း ၁၂၄ သန်းဟာ ဆိုးရွားတဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားခဲ့ကြရပြီး ၂၀၁၆ ခုနှစ်က ၁၀၈ သန်းရှိခဲ့တာထက် ၁၆ သန်းပိုများလာပြီး ဒီလိုဖြစ်ရတဲ့အကြောင်းရင်း နှစ်ခုရှိတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ FAO က စားနပ်ရိက္ခာအကျပ်အတည်းဆိုင်ရာ အကြီးတန်းလေ့လာ သုံးသပ်သူ Luca Russo က မတ်လ ၂၂ ရက်၊ ကြာသပတေးနေ့ အီတလီနိုင်ငံ၊ ရောမမြို့မှာလုပ်တဲ့ အစီရင်ခံစာဆိုင်ရာ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

“အဓိကအကြောင်းနှစ်ခုရှိပါတယ်။ အရေးအကြီးဆုံးတခုကတော့ ပဋိပက္ခကြောင့်လို့ ကျနော်ယူဆပါတယ်။ ဒီလူတွေထဲက ၆၀% ဟာ ပဋိပက္ခအခြေအနေမှာ ကျရောက်နေပြီး ပဋိပက္ခတွေနဲ့ဆိုင်တဲ့ အခြေအနေတွေက တိုးတက်မလာပါဘူ။ ပြီးခဲ့တဲ့နှစ်က စစ်ဖြစ်နေတဲ့ ဘယ်နိုင်ငံမှ ငြိမ်းချမ်းရေးမရသေးပါဘူး။ ဒါ့အပြင် ကွန်ဂိုလို၊ မြန်မာလို၊ ဘင်္ဂလားဒေ့ရှ်လို အကျပ်အတည်းဆိုက်တဲ့ နိုင်ငံတွေလည်းတိုးလာပါတယ်။ ဒုတိယအကြောင်းကတော့ ဥတုရာသီပြောင်းလဲမှုပါ။ အထူးသဖြင့် အာဖရိကတောင်ပိုင်းနဲ့ အရှေ့ ပိုင်းတို့မှာ သိပ်ကိုဆိုးရွားတဲ့ မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားခဲ့ကြရပါတယ်။” လို့ Luca Russo ကပြောပါတယ်။

ယီမင်နိုင်ငံဟာ တကမ္ဘာလုံးမှာ စားနပ်ရိက္ခာဆိုင်ရာ အကြီးမားဆုံးအကျပ်အတည်းကို ခံစားရတဲ့နိုင်ငံအဖြစ် ဆက်ရှိနေမှာဖြစ်တာ ကြောင့် ၂၀၁၈ ခုနှစ်အတွက် ဆိုးရွားတဲ့ ငတ်မွတ်ခေါင်းပါးမှု ဆက်ရှိနေလိမ့်မယ်လို့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

ကမ္ဘာ့အငတ်ဘေး အကြောင်းရင်းတွေထဲ မြန်မာပဋိပက္ခပါဝင်
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG