သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ငတ်မွတ်ခေါင်းပါးသူ ၃ သန်းခွဲထိရှိလာနိုင်


RISING FOOD AND FUEL PRICES A LOOMING THREAT TO THE POOREST AND MOST VULNERABLE IN MYANMAR, WARNS WFP
RISING FOOD AND FUEL PRICES A LOOMING THREAT TO THE POOREST AND MOST VULNERABLE IN MYANMAR, WARNS WFP

{{Zawgyi/Unicoded}}

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာနဲ့ ငွေကြေးအခက်အခဲ ပိုမိုကြီးထွားလာနေတာတွေကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာ ပိုမို ကျယ်ပြန့်လာနေပြီး လာမယ့်လအနည်းငယ်အတွင်း သန်းပေါင်းများစွာသော ပြည်သူတွေ အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် မြို့ပြတွေမှာ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ကျဆင်းလာတာကြောင့် အလုပ်လက်မဲ့ဦးရေ တိုးလာနေပြီး လာမယ့် ၃ လကနေ ၆ လအတွင်း စားနပ်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်ရသူ ၃ သန်းခွဲလောက် ရှိလာနိုင်တယ်လို့ WFP က ပြုစုထားတဲ့ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

“အလုပ်လက်မဲ့ဦးရေ တိုးလာတာနဲ့အမျှ စားနပ်ရိက္ခာ မလုံလောက်မှုလည်း ကြီးထွားလာနိုင်တယ်” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွန်ကြားရေးမှူး Stephen Anderson ပြောတာကို ကိုးကား ဖော်ပြထားပါတယ်။

ရန်ကုန်မြို့နဲ့အနီးတဝိုက်မှာ ထမင်းနပ်မှန်အောင် မစားရသူတွေ၊ အဟာရမပြည့်ဝတဲ့ အစားအစာတွေကို စားနေရသူတွေနဲ့ အကြွေးတင်နေကြသူတွေ အများအပြား ရှိနေပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ရန်ကုန်မြို့နဲ့ အနီးတဝိုက်က အဆင်းရဲဆုံး မြို့နယ် ၁၀ မြို့နယ်၊ အထူးသဖြင့် ကျူးကျော်ရပ်ကွက်တွေ ရှိရာနေရာတွေကို ဦးစားပေးပြီး WFP အနေနဲ့ ကူညီပံ့ပိုးပေးသွားမှာဖြစ်သလို စစ်ဖြစ်နေတဲ့ ဒေသတွေအပါအဝင် မြန်မာနိုင်ငံအတွင်းက အခက်အခဲကြုံနေရတဲ့ မြို့တွေကို ကူညီပေးသွားဖို့ အဆင်သင့်ရှိကြောင်းလည်း WFP ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

WFP က စောင့်ကြည့် လေ့လာထားတဲ့ ကုန်ဈေးနှုန်းတွေအရ ရန်ကုန်နဲ့ မြန်မာနိုင်ငံတဝန်းမှာ ဇန်နဝါရီလကစလို့ ဆန်ဈေး ၅% ၊ စားသုံးဆီက ဖေဖော်ဝါရီလကစလို့ ၁၈% အသီးသီးတက်သွားတဲ့အပြင် ရန်ကုန်က တချို့နေရာတွေမှာ စားသုံးဆီတန်ဖိုး ၂၅% အထိ တက်သွားတယ်ဆိုတာတွေကို တွေ့ရှိရကြောင်း၊ အထူးသဖြင့် နယ်စပ်ဒေသတွေဖြစ်တဲ့ ရခိုင်၊ ကချင်၊ ချင်းနဲ့ ကရင်ပြည်နယ်တွေမှာလည်း ဆန်နဲ့ စားသုံးဆီဈေးတွေဟာ ၃၀% ကနေ ၄၂% အထိ တက်သွားတာကို တွေ့ရကြောင်းလည်း ဖော်ပြထားပါတယ်။

.............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}







XS
SM
MD
LG