ျမန္မာစစ္ေကာင္စီရဲ႕ ႀကီးမားၾကမ္းၾကဳတ္လွတဲ့ လံုျခံဳေရးတပ္ဖဲြ႕ေတြရဲ႔ အၾကမ္းဖက္လႈပ္ရွားမႈေအာက္မွာ လူ႔အခြင့္အေရးကာကြယ္သူေတြဟာ ပစ္မွတ္ထားဖိႏွိပ္ခံေနရေၾကာင္း ကုလသမဂၢဆိုင္ရာ လြတ္လပ္တဲ့ လူ႔အခြင့္အေရးစံုစမ္းစစ္ေဆးေရးမွဴးေတြက တနလၤာေန႔က ေျပာၾကားလိုက္ပါတယ္။ ဒါအျပင္ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈကို ႏိုင္ငံတကာအေနနဲ႔ ပိုမိုျပင္းထန္တဲ့ တုန္႔ျပန္မႈေတြ လုပ္ေဆာင္ၾကဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။
ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews နဲ႔ လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူမ်ားဆိုင္ရာ အထူးကိုယ္စားလွယ္ Mary Lawlor တို႔ မေန႔က ပူးတဲြထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ စစ္ေကာင္စီကို ဆန္႔က်င္တဲ့ လႈပ္ရွားတက္ႂကြသူေတြဟာ ပုဒ္မ ၅၀၅ (က) နဲ႔ ဖမ္း၀ရမ္းထုတ္ခံရၿပီးေနာက္ မျဖစ္မေန ပုန္းေအာင္းေရွာင္တိမ္းေနရတယ္လို႔ ေဖၚျပထားပါတယ္။ ေနအိမ္ေတြ ၀င္ေရာက္စီးနင္းခံရတာ၊ ပိုင္ဆိုင္မႈေတြ သိမ္းယူခံရတာ၊ မိသားစု၀င္ေတြပါ ၿခိမ္းေျခာက္၊ ေႏွာင့္ယွက္ခံရေၾကာင္း ေရွာင္တိမ္းေနသူေတြက ေျပာျပၾကတယ္လို႔ ဆိုပါတယ္။ ဒါအျပင္ ထြက္ေျပးလို႔ မရလိုက္တဲ့ သူေတြဟာလည္း မတရားဖမ္းဆီးျခင္းခံခဲ့ရတယ္လို႔ အဲဒီထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။ ဆႏၵျပပဲြေတြကို သတင္းယူခဲ့ၾကတဲ့ သတင္းေထာက္ေတြ ဖမ္းဆီးခဲ့သလို၊ အာဏာသိမ္းၿပီး ထိန္းသိမ္းခံရသူေတြအတြက္ လိုက္ပါေဆာင္ရြက္ေနတဲ့ ေရွ႕ေနေတြကိုလည္း ဖမ္းဆီးခဲ့ၾကာင္း ကုလ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ေတြရဲ႕ ေၾကညာခ်က္က ဆိုပါတယ္။
ျမန္မာျပည္သူေတြဟာ ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ စိုးရိမ္ပူပန္မႈေဖၚျပခ်က္ေတြကို ေလးစားတန္ဖိုးထားေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢလူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews ကေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ သူတို႔အတြက္ အပူတျပင္းလိုအပ္ေနတာက ျမန္မာစစ္တပ္အေပၚ လက္ေတြ႕အေရးယူေဆာင္ရြက္ခ်က္ေတြပဲျဖစ္တယ္လို႔ Tom Andrews ကေျပာဆိုခဲ့ပါတယ္။
"တရားမ၀င္ စစ္ေကာင္စီရဲ႕ ဓါးစာခံျဖစ္ေနတဲ့ ျမန္မာျပည္သူေတြအတြက္ ႏိုင္ငံတကာအေနနဲ႔ ရပ္တည္ေပးဖို႔ အလြန္အေရးႀကီးေနပါတယ္။ စီးပြားေရး ပိတ္ဆို႔မႈေတြနဲ႔ လက္နက္ေရာင္းခ်မႈကို ပိတ္ပင္တားျမစ္ဖို႔ အပါအ၀င္ စစ္ေကာင္စီအေပၚ အေရးယူပိတ္ဆို႔မႈေတြကိုခ်မွတ္ႏိုင္ေရး ခိုင္မာၿပီး အာရံုစိုက္ ၫွဳိႏႈိင္းေဆာင္ရြက္ ဖို႔ အခ်ိန္တန္ေနပါၿပီ။" လို႔ Tom Andrews က ေရးသားထားပါတယ္။
အလားတူ ကုလသမဂၢ လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူမ်ားဆိုင္ရာ အထူးကိုယ္စားလွယ္ Mary Lawlor ကလည္း အသက္လံုျခံဳေရးအတြက္ ႀကီးမားတဲ့အႏၲရာယ္ေတြကို ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံက လူ႔အခြင့္အေရးကာကြယ္ေစာင့္ေရွာက္သူေတြရဲ႕ ရဲစြမ္းသတၱိကို ခ်ီးက်ဴးခဲ့ပါတယ္။
" အထူးသျဖင့္ ေ၀းလံေခါင္ဖ်ားတဲ့ ေက်းလက္ေဒသေတြမွာ အမ်ိဳးသမီး လူ႔အခြင့္အေရးကာကြယ္ေစာင့္ေရွာက္သူေတြဟာ အႏၲရာယ္ရွိေနၿပီး၊ သူတို႔ ဖမ္းဆီးခံရမယ္ဆိုရင္ အက်ဥ္းေထာင္ေတြမပို႔ခင္ ႏွိပ္စက္ၫွင္းပန္းခံရတာ၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံရမႈေတြနဲ႔ ရင္ဆိုင္ရႏိုင္ပါတယ္။ အက်ဥ္းေထာင္ေတြမွာဆိုရင္လည္း ေဆးဝါးကုသမႈေတြေပးတာမဟုတ္ပါဘူး။" လို႔ Ms. Lawlor ကေရးသားထားပါတယ္။
ေဖေဖာ္ဝါရီ ၁ ရက္အာဏာသိမ္းခ်ိန္ကစၿပီး လုံၿခဳံေရးတပ္ဖြဲ႕ေတြရဲ႕ အၾကမ္းဖက္ႏွိမ္နင္း ဖမ္းဆီးႏွိပ္စက္ ၫွင္းပန္းမႈေတြေၾကာင့္ ကေလးသူငယ္ေတြအပါအ၀င္ အမ်ိဳးသား၊ အမ်ိဳးသမီး စုစုေပါင္း ၈၉၂ ဦး ထက္မနည္း ေသဆံုးခဲ့သလို၊ မေရမတြက္ႏိုင္တဲ့ လူေပါင္းမ်ားစြာ ဒဏ္ရာရရွိခဲ့တယ္လို႔ သူတို႔ရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
-----------------------------------------------------------
စစ်အာဏာသိမ်းမှု နိုင်ငံတကာ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ ကုလကိုယ်စားလှယ် ၂ ဦးတိုက်တွန်း
မြန်မာစစ်ကောင်စီရဲ့ ကြီးမားကြမ်းကြုတ်လှတဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုအောက်မှာ လူ့အခွင့်အရေးကာကွယ်သူတွေဟာ ပစ်မှတ်ထားဖိနှိပ်ခံနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ လွတ်လပ်တဲ့ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူးတွေက တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို နိုင်ငံတကာအနေနဲ့ ပိုမိုပြင်းထန်တဲ့ တုန့်ပြန်မှုတွေ လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews နဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဆိုင်ရာ အထူးကိုယ်စားလှယ် Mary Lawlor တို့ မနေ့က ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ လှုပ်ရှားတက်ကြွသူတွေဟာ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံရပြီးနောက် မဖြစ်မနေ ပုန်းအောင်းရှောင်တိမ်းနေရတယ်လို့ ဖေါ်ပြထားပါတယ်။ နေအိမ်တွေ ဝင်ရောက်စီးနင်းခံရတာ၊ ပိုင်ဆိုင်မှုတွေ သိမ်းယူခံရတာ၊ မိသားစုဝင်တွေပါ ခြိမ်းခြောက်၊ နှောင့်ယှက်ခံရကြောင်း ရှောင်တိမ်းနေသူတွေက ပြောပြကြတယ်လို့ ဆိုပါတယ်။ ဒါအပြင် ထွက်ပြေးလို့ မရလိုက်တဲ့ သူတွေဟာလည်း မတရားဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဆန္ဒပြပွဲတွေကို သတင်းယူခဲ့ကြတဲ့ သတင်းထောက်တွေ ဖမ်းဆီးခဲ့သလို၊ အာဏာသိမ်းပြီး ထိန်းသိမ်းခံရသူတွေအတွက် လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေကိုလည်း ဖမ်းဆီးခဲ့ကြာင်း ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေရဲ့ ကြေညာချက်က ဆိုပါတယ်။
မြန်မာပြည်သူတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်ပူပန်မှုဖေါ်ပြချက်တွေကို လေးစားတန်ဖိုးထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အတွက် အပူတပြင်းလိုအပ်နေတာက မြန်မာစစ်တပ်အပေါ် လက်တွေ့အရေးယူဆောင်ရွက်ချက်တွေပဲဖြစ်တယ်လို့ Tom Andrews ကပြောဆိုခဲ့ပါတယ်။
"တရားမဝင် စစ်ကောင်စီရဲ့ ဓါးစာခံဖြစ်နေတဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာအနေနဲ့ ရပ်တည်ပေးဖို့ အလွန်အရေးကြီးနေပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ လက်နက်ရောင်းချမှုကို ပိတ်ပင်တားမြစ်ဖို့ အပါအဝင် စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေကိုချမှတ်နိုင်ရေး ခိုင်မာပြီး အာရုံစိုက် ညှိုနှိုင်းဆောင်ရွက် ဖို့ အချိန်တန်နေပါပြီ။" လို့ Tom Andrews က ရေးသားထားပါတယ်။
အလားတူ ကုလသမဂ္ဂ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဆိုင်ရာ အထူးကိုယ်စားလှယ် Mary Lawlor ကလည်း အသက်လုံခြုံရေးအတွက် ကြီးမားတဲ့အန္တရာယ်တွေကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေရဲ့ ရဲစွမ်းသတ္တိကို ချီးကျူးခဲ့ပါတယ်။
" အထူးသဖြင့် ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေမှာ အမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေဟာ အန္တရာယ်ရှိနေပြီး၊ သူတို့ ဖမ်းဆီးခံရမယ်ဆိုရင် အကျဉ်းထောင်တွေမပို့ခင် နှိပ်စက်ညှင်းပန်းခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အကျဉ်းထောင်တွေမှာဆိုရင်လည်း ဆေးဝါးကုသမှုတွေပေးတာမဟုတ်ပါဘူး။" လို့ Ms. Lawlor ကရေးသားထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းချိန်ကစပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နင်း ဖမ်းဆီးနှိပ်စက် ညှင်းပန်းမှုတွေကြောင့် ကလေးသူငယ်တွေအပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၈၉၂ ဦး ထက်မနည်း သေဆုံးခဲ့သလို၊ မရေမတွက်နိုင်တဲ့ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့တယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။