သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံ ယံုၾကည္မႈတည္ေဆာက္ေရး လုပ္ေဆာင္ဖို႔ ႏိုိင္ငံတကာကို ကုလအထူးကိုယ္စားလွယ္ ေတာင္းဆို


(Zawgyi / Unicode)

ပရမ္းပတာျဖစ္ေနတဲ့ စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းလာေအာင္ ေဆြးေႏြးပြဲေတြနဲ႔ ယံုၾကည္မႈတည္ေဆာက္ႏိုင္ဖို႔ ကုလသမဂၢ လံုၿခံဳေရးေကာင္စီ အပါအဝင္ ႏိုင္ငံတကာက သိသာတဲ့လုပ္ေဆာင္မႈေတြနဲ႔ အကူညီေပးၾကဖုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ့ ျမန္မာႏို္င္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer က ေတာင္းဆိုလိုက္ပါတယ္။

“ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရး၊ ညီညြတ္ေရးနဲ႔ ဒီမိုကေရစီေရးအတြက္ ေဆြးေႏြးမႈေတြစတင္ဖုိ႔နဲ႔ ယံုၾကည္မႈ တည္ေဆာက္ေရး အတြက္ အေျခခံအုတ္ျမစ္ခ်ႏိုင္ဖုိ႔ ကုလသမဂၢ လံုၿခံဳေရးေကာင္စီ အပါအဝင္ ႏိုင္ငံတကာက ဝိုင္းဝန္းၿပီး သိသာတဲ့ လုပ္ေဆာင္မႈေတြနဲ႔ အကူညီေပးၾကဖို႔ က်မေတာင္းဆုိပါတယ္။ ဒီလို ျဖစ္လာဖို႔ ဆိုရင္ ေလေၾကာင္းစစ္ဆင္ေရးေတြ ခ်က္ခ်င္းရပ္ပစ္ရမွာပါ။ ဒါဆိုရင္ ယံုၾကည္ရတဲ့တိုးတက္မႈ ရွိလာၿပီလို႔ ျမန္မာျပည္သူေတြက ျမင္လာမွာပါ။ ”

စစ္တပ္က ေဝဟင္ကေရာ လက္နက္ႀကီးေတြပါသံုးၿပီး စစ္ဆင္ေရးေတြ ျပင္းျပင္းထန္ထန္လုပ္ေဆာင္ ေနတာေၾကာင့္ အခုဆို အရပ္သား ေသဆံုးမႈ ၁,၅၀၀ ေလာက္ရွိလာၿပီး လူေပါင္း ၄၀၀,၀၀၀ ေက်ာ္ အိုးအိမ္စြန္႔ခြါထြက္ေျပးေနရတယ္လို႔ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီး တႏွစ္ေက်ာ္ၾကာလာခ်ိန္ ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ ျမန္မာ့အေရး တင္ျပ ေဆြးေႏြးခဲ့တဲ့ မစၥ Heyzer က တနလၤာေန႔ ကုလရံုးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလိုက္တာပါ။

ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ လူဦးေရ ၂၅ သန္းေလာက္ဟာ ဆင္းရဲမြဲေတေနၿပီး လူသားစာနာမႈနဲ႔ အကာကြယ္ေပးမႈ လိုအပ္ေနတဲ့ ျပည္သူေပါင္းက ၁၄ ဒသမ ၄ သန္းရွိေန သလို မူးယစ္ေဆးထုတ္လုပ္မႈနဲ႔ လူကုန္ကူးမႈေတြ တိုးလာေနတယ္ လို႔လည္း ေျပာပါတယ္။

စစ္တပ္ရဲ့ အၾကမ္းဖက္မႈကိုု ၿငိမ္းခ်မ္းစြာ ဆႏၵျပဆန္႔က်င္ခဲ့တဲ့ ျပည္သူေတြဘက္ကလည္း လက္နက္ဆြဲကိုင္ လာတာေၾကာင့္ ႏိုင္ငံတြင္း အေျခေနဟာ ပရမ္းပတာ ျဖစ္ေနၿပီး အခုဆို လူမႈစီးပြါးေရးနဲ႔ လူသားစာနာမႈ ဆိုင္ရာ ဆိုးဝါးတဲ့ အေနထား ေရာက္ေနၿပီ ျဖစ္တဲ့အျပင္

တိုင္းျပည္အနာဂတ္ လူငယ္မ်ိဳးဆက္ေတြဟာလည္း လြတ္လပ္မႈနဲ႔ ဒီမိုကေရစီအတြက္ အသက္ေတြ စေတးေနၾကရၿပီျဖစ္တာေၾကာင့္ ျမန္မာ့ အနာဂတ္အတြက္ ႏိုင္ငံတကာက ဝိုင္ဝန္းေဆာင္ရြက္ၾကဖုိ႔ မစၥ Heyzer က တိုက္တြန္းလိုက္တာပါ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာနိုင်ငံ ယုံကြည်မှုတည်ဆောက်ရေး လုပ်ဆောင်ဖို့ နိုင်ငံတကာကို ကုလအထူးကိုယ်စားလှယ် တောင်းဆို

ပရမ်းပတာဖြစ်နေတဲ့ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းလာအောင် ဆွေးနွေးပွဲတွေနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာက သိသာတဲ့လုပ်ဆောင်မှုတွေနဲ့ အကူညီပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က တောင်းဆိုလိုက်ပါတယ်။

“ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ ဒီမိုကရေစီရေးအတွက် ဆွေးနွေးမှုတွေစတင်ဖို့နဲ့ ယုံကြည်မှု တည်ဆောက်ရေး အတွက် အခြေခံအုတ်မြစ်ချနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းပြီး သိသာတဲ့ လုပ်ဆောင်မှုတွေနဲ့ အကူညီပေးကြဖို့ ကျမတောင်းဆိုပါတယ်။ ဒီလို ဖြစ်လာဖို့ ဆိုရင် လေကြောင်းစစ်ဆင်ရေးတွေ ချက်ချင်းရပ်ပစ်ရမှာပါ။ ဒါဆိုရင် ယုံကြည်ရတဲ့တိုးတက်မှု ရှိလာပြီလို့ မြန်မာပြည်သူတွေက မြင်လာမှာပါ။ ”

စစ်တပ်က ဝေဟင်ကရော လက်နက်ကြီးတွေပါသုံးပြီး စစ်ဆင်ရေးတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင် နေတာကြောင့် အခုဆို အရပ်သား သေဆုံးမှု ၁,၅၀၀ လောက်ရှိလာပြီး လူပေါင်း ၄၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွါထွက်ပြေးနေရတယ်လို့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး တနှစ်ကျော်ကြာလာချိန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တင်ပြ ဆွေးနွေးခဲ့တဲ့ မစ္စ Heyzer က တနင်္လာနေ့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူဦးရေ ၂၅ သန်းလောက်ဟာ ဆင်းရဲမွဲတေနေပြီး လူသားစာနာမှုနဲ့ အကာကွယ်ပေးမှု လိုအပ်နေတဲ့ ပြည်သူပေါင်းက ၁၄ ဒသမ ၄ သန်းရှိနေ သလို မူးယစ်ဆေးထုတ်လုပ်မှုနဲ့ လူကုန်ကူးမှုတွေ တိုးလာနေတယ် လို့လည်း ပြောပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ငြိမ်းချမ်းစွာ ဆန္ဒပြဆန့်ကျင်ခဲ့တဲ့ ပြည်သူတွေဘက်ကလည်း လက်နက်ဆွဲကိုင် လာတာကြောင့် နိုင်ငံတွင်း အခြေနေဟာ ပရမ်းပတာ ဖြစ်နေပြီး အခုဆို လူမှုစီးပွါးရေးနဲ့ လူသားစာနာမှု ဆိုင်ရာ ဆိုးဝါးတဲ့ အနေထား ရောက်နေပြီ ဖြစ်တဲ့အပြင် တိုင်းပြည်အနာဂတ် လူငယ်မျိုးဆက်တွေဟာလည်း လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် အသက်တွေ စတေးနေကြရပြီဖြစ်တာကြောင့် မြန်မာ့ အနာဂတ်အတွက် နိုင်ငံတကာက ဝိုင်ဝန်းဆောင်ရွက်ကြဖို့ မစ္စ Heyzer က တိုက်တွန်းလိုက်တာပါ။

XS
SM
MD
LG