သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကုလ ျမန္မာအထူးကိုယ္စားလွယ္နဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္ေတြ႕ဆုံ


ကုလ ျမန္မာအထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha တြေ့ဆံုစဥ္ (ဓာတ္ပံု- AP)

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူး ကိုယ္စားလွယ္ Noeleen Heyzer ဟာ ထိုင္း ဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha ကို ဘန္ေကာက္ က အစိုးရ အိမ္ေတာ္ မွာ ဒီကေန႔ ဇန္နဝါရီ လ ၁၇ ရက္ေန႔ က ေတြ႕ဆုံခဲ့ပါတယ္။

“ျမန္မာႏိုင္ငံ ရဲ႕ အေျခအေန ဆိုးသြားမယ့္ အေရး ကို ကာကြယ္ဖို႔ ဝန္ႀကီးခ်ဳပ္ မွာ အေရးႀကီးတဲ့ အခန္း က႑ ရွိပါတယ္။” လို႔ Noeleen Heyzer က ထိုင္း ဝန္ႀကီးခ်ဳပ္ ကို ေျပာခဲ့ေၾကာင္း ထုတ္ျပန္ခ်က္ မွာ ေဖာ္ျပထားပါတယ္။

ေနရပ္စြန႔္ခြါ ထြက္ေျပးသူမ်ား ကို ေထာက္ပံ့ကူညီေရး နဲ႔ အာဆီယန္ ရဲ႕ သေဘာတူည်ီက္ ၅ ရပ္ အေကာင္အထည္ေဖာ္ေရး ကို ႏိုင္ငံတကာ က ႀကိဳးစားေနရာမွာ ထိုင္းႏိုင္ငံ ရဲ႕ အကူအညီ ရရွိဖို႔အတြက္ ကုလသမဂၢ အထူးကိုယ္စားလွယ္ ဟာ ထိုင္းဝန္ႀကီးခ်ဳပ္ နဲ႔ ေတြ႕ဆုံခဲ့တာပါ။

ကုလသမဂၢ ရဲ႕ အထူးကိုယ္စားလွယ္ ဟာ သူ႔ရဲ႕ ႏွစ္သစ္ကူး ႏႈတ္ဆက္စကားမွာ “ျမန္မာ ျပည္သူလူထု နဲ႔ စည္းလုံးညီၫြတ္စြာ အတူရပ္တည္ေၾကာင္း” ေျပာၾကားခဲ့သလို “ျမန္မာ့ အေရး ကို ေျဖရွင္းဖို႔ ႀကိဳးစားတဲ့အခါမွာ ျပည္သူလူထု ကပဲ ဦးေဆာင္တာမ်ိဳး ျဖစ္ရပါမယ္။ ေျဖရွင္းတဲ့အခါမွာလည္း ျမန္မာ ျပည္သူေတြ ရဲ႕ ဆႏၵ၊ လြတ္လပ္ေရး ေခါင္းေဆာင္ေတြ လိုလားတဲ့ စည္းလုံးညီၫြတ္မႈ၊ ဒီမိုကေရစီ ခြင့္တူညီမွ်မႈ၊ တရားမွ်တမႈ၊ ကိုယ္ပိုင္ ျပဌာန္းခြင့္ စတဲ့ အေျခခံမူေတြ ကို ထင္ဟပ္ ၿခဳံငုံႏိုင္စြမ္း ရွိရပါမယ္။” လို႔ သူမ စြဲကိုင္သြားမယ့္ မူေတြကိုလည္း တင္ျပသြားခဲ့ပါတယ္။

ျမန္မာႏိုင္ငံ မွာ ဒီမိုကေရစီ ကို ျပန္လည္ ထူေထာင္ေရး မွာ ေဒၚေအာင္ဆန္းစုၾကည္ ဟာ မရွိမျဖစ္ေၾကာင္း ဖိလစ္ပိုင္ ႏိုင္ငံျခားေရး ဝန္ႀကီး Teodoro Locsin က တနဂၤေႏြေန႔ က ေျပာၾကားလိုက္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ အေပၚ ျပစ္ဒဏ္ ထပ္မံ ခ်မွတ္လိုက္တဲ့အေပၚ ရႈတ္ခ်ရင္း သူ က ခုလို ေျပာလိုက္တာပါ။ ျမန္မာ့ တပ္မေတာ္ အဖို႔ ေၾကာက္စရာ ဘာမွ မရွိပါဘူး လို႔လည္း သူ ကဆိုပါတယ္။ ဒါေပမဲ့ သူ က ကေမာၻဒီယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ႀကိဳးပမ္းမႈေတြ ကိုလည္း ေထာက္ခံထားပါတယ္။

ကေမာၻဒီယား က ျမန္မာ ႏိုင္ငံျခားေရး ဝန္ႀကီး ကို အစည္းအေဝး တက္ေရာက္ဖို႔ ဖိတ္ၾကားခဲ့တာအေပၚ တျခား အာဆီယန္ အဖြဲ႕ဝင္ ႏိုင္ငံေတြ ျဖစ္ၾကတဲ့ မေလးရွား၊ အင္ဒိုနီးရွား နဲ႔ စကၤာပူ တို႔ က သေဘာမတူခဲ့ၾကပါဘူး။ အာဆီယန္ အျမင္ စည္းစည္းလုံးလုံး ျဖစ္ဖို႔ အခ်ိန္ ယူရဦးမွာ ျဖစ္ေၾကာင္း အင္ဒိုနီးရွား ႏိုင္ငံျခားေရး ဝန္ႀကီးဌာန အာရွ ပိစိဖိတ္ေရးရာ ဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ Jailani က ေျပာပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


ကုလ မြန်မာအထူးကိုယ်စားလှယ်နဲ့ ထိုင်းဝန်ကြီးချုပ်တွေ့ဆုံ

(Unicode)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Noeleen Heyzer ဟာ ထိုင်း ဝန်ကြီးချုပ် Prayuth Chan-ocha ကို ဘန်ကောက် က အစိုးရ အိမ်တော် မှာ ဒီကနေ့ ဇန်နဝါရီ လ ၁၇ ရက်နေ့ က တွေ့ဆုံခဲ့ပါတယ်။

“မြန်မာနိုင်ငံ ရဲ့ အခြေအနေ ဆိုးသွားမယ့် အရေး ကို ကာကွယ်ဖို့ ဝန်ကြီးချုပ် မှာ အရေးကြီးတဲ့ အခန်း ကဏ္ဍ ရှိပါတယ်။” လို့ Noeleen Heyzer က ထိုင်း ဝန်ကြီးချုပ် ကို ပြောခဲ့ကြောင်း ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

နေရပ်စွန့်ခွါ ထွက်ပြေးသူများ ကို ထောက်ပံ့ကူညီရေး နဲ့ အာဆီယန် ရဲ့ သဘောတူညျီက် ၅ ရပ် အကောင်အထည်ဖော်ရေး ကို နိုင်ငံတကာ က ကြိုးစားနေရာမှာ ထိုင်းနိုင်ငံ ရဲ့ အကူအညီ ရရှိဖို့အတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဟာ ထိုင်းဝန်ကြီးချုပ် နဲ့ တွေ့ဆုံခဲ့တာပါ။

ကုလသမဂ္ဂ ရဲ့ အထူးကိုယ်စားလှယ် ဟာ သူ့ရဲ့ နှစ်သစ်ကူး နှုတ်ဆက်စကားမှာ “မြန်မာ ပြည်သူလူထု နဲ့ စည်းလုံးညီညွတ်စွာ အတူရပ်တည်ကြောင်း” ပြောကြားခဲ့သလို “မြန်မာ့ အရေး ကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာ ပြည်သူလူထု ကပဲ ဦးဆောင်တာမျိုး ဖြစ်ရပါမယ်။ ဖြေရှင်းတဲ့အခါမှာလည်း မြန်မာ ပြည်သူတွေ ရဲ့ ဆန္ဒ၊ လွတ်လပ်ရေး ခေါင်းဆောင်တွေ လိုလားတဲ့ စည်းလုံးညီညွတ်မှု၊ ဒီမိုကရေစီ ခွင့်တူညီမျှမှု၊ တရားမျှတမှု၊ ကိုယ်ပိုင် ပြဌာန်းခွင့် စတဲ့ အခြေခံမူတွေ ကို ထင်ဟပ် ခြုံငုံနိုင်စွမ်း ရှိရပါမယ်။” လို့ သူမ စွဲကိုင်သွားမယ့် မူတွေကိုလည်း တင်ပြသွားခဲ့ပါတယ်။

မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ကို ပြန်လည် ထူထောင်ရေး မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ မရှိမဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Teodoro Locsin က တနင်္ဂနွေနေ့ က ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြစ်ဒဏ် ထပ်မံ ချမှတ်လိုက်တဲ့အပေါ် ရှုတ်ချရင်း သူ က ခုလို ပြောလိုက်တာပါ။ မြန်မာ့ တပ်မတော် အဖို့ ကြောက်စရာ ဘာမှ မရှိပါဘူး လို့လည်း သူ ကဆိုပါတယ်။ ဒါပေမဲ့ သူ က ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကြိုးပမ်းမှုတွေ ကိုလည်း ထောက်ခံထားပါတယ်။

ကမ္ဘောဒီယား က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ကို အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာအပေါ် တခြား အာဆီယန် အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ကြတဲ့ မလေးရှား၊ အင်ဒိုနီးရှား နဲ့ စင်္ကာပူ တို့ က သဘောမတူခဲ့ကြပါဘူး။ အာဆီယန် အမြင် စည်းစည်းလုံးလုံး ဖြစ်ဖို့ အချိန် ယူရဦးမှာ ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှ ပိစိဖိတ်ရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ် Jailani က ပြောပါတယ်။

XS
SM
MD
LG