သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တိုက္ပဲြအရွိန္ျမင္႔လာလို႔ ကေလးေတြထိမွန္ေသဆံုးရမႈ ကုလ အျပင္းအထန္ရႈတ္ခ်


ျမစ္ႀကီးနားၿမိဳ႕အနီးရွိ ဒုကၡသည္စခန္းတခုထဲတြင္ ေတြ႔ရသည့္ စစ္ေျပးဒုကၡသည္ ကေလးငယ္မ်ား။ (ေမ ၂၁၊ ၂၀၂၀)

တိုက္ပဲြအရွိန္ျမင္႔လာလို႔ ကေလးေတြထိမွန္ေသဆံုးရမႈ ကုလ အျပင္းအထန္ရႈတ္ခ်

တိုက္႐ိုက္ လင့္ခ္

{{Zawgyi/Unicode}}

ၿပီးခဲ့တဲ့ရက္သတၱပတ္အတြင္း အရွိန္ျမွင့္လာတဲ့ထုိးစစ္ေတြေၾကာင့္ ကေလး ၄ ဦးေသဆုံးခဲ့ၿပီး၊ အျခားကေလးေတြ ကုိယ္လက္အဂၤါခ်ိဳ့ယြင္းတဲ့အထိ ထိခုိက္ဒါဏ္ရာရခဲ့တဲ့အေပၚ ကုလသမဂၢခေလးမ်ားရန္ပုံေငြအဖဲြ့ UNICEF ကအဂၤါေန့ကေၾကညာခ်က္ ထုတ္ျပန္ၿပီး ကန့္ကြက္ရွုတ္ခ်လိုက္ပါတယ္။

“တုိင္းျပည္အႏွံတုိးၿပီး ျဖစ္ပြားေနတဲ့တုိက္ပဲြေတြအတြင္း ကေလးေတြအေပၚတုိက္ခုိက္တာေတြကုိ အလြန္ကုိဘဲ မခံမရပ္ျဖစ္မိပါတယ္” လုိ့ ကုလသမဂၢအတြင္းေရးမွုးခ်ဳပ္ရုံး ေျပာခြင့္ရပုဂၢဳိလ္ Stephane Dujarric က UNICEF ရဲ့ေၾကျငာခ်က္နဲ့ပတ္သက္ၿပီး နယူးေယာက္ ကုလသမဂၢအေဆာက္အအုံမွာ သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့တာပါ။

ဇႏၷ၀ါရီလ ၈ ရက္ေန့က ခ်င္းျပည္နယ္ မတူပီၿမိဳ႕မွာ အသက္ ၁၃ ႏွစ္အရြယ္ကေလးတဦးေသဆုံးခဲ့ၿပီး၊ အျခားကေလး ၂ ဦးလြိဳင္ေကာ္မွာလက္နက္ႀကီးက်ည္ဆံ ေပါက္ကြဲမႈေၾကာင့္ ဒါဏ္ရာရခဲ့ပါတယ္။ ၇ ရက္ေန့မွာ အသက္ ၁၄ ႏွစ္နဲ့ ၁၇ ႏွစ္ရြယ္ ကေလး ၂ ဦး ထား၀ယ္ၿမိဳ့မွာပစ္သတ္ခံခဲ့ရပါတယ္။ ဇႏၷ၀ါရီလ ၅ ရက္ေန့မွာ ရွမ္းျပည္နယ္အတြင္း အသက္ ၁ ႏွစ္နဲ့ ၄ ႏွစ္အရြယ္ကေလး ၂ ဦးလည္း လက္နက္ႀကီးက်ည္ဆုံေတြေပါက္ကြဲမႈေၾကာင့္ ဒါဏ္ရာေတြရခဲ့တယ္လုိ့ UNICEF ရဲ့ေၾကညာခ်က္မွာေဖၚျပထားပါတယ္။

တုိင္းျပည္အႏွံ့စစ္ပဲြေတြတုိးလာေနတာနဲ့ ေလေၾကာင္းကတုိက္ခုိက္တာေတြ၊ လက္နက္ႀကီးေတြနဲ့ ပစ္ခတ္တာေတြကုိလည္းကန့္ကြက္ရွုံခ်တယ္လုိ့ေျပာဆုိခဲ့ပါတယ္။ပဋိပကၡေတြအတြင္း ပါ၀င္ေနတဲ့ အဖဲြ့ေတြအေနနဲ့ ကေလးေတြကုိ အထူးဦးစားေပးကာကြယ္ရမွာျဖစ္ၿပီး၊ ကေလးေတြကုိ စစ္ပဲြေတြနဲ့ေ၀းရာ ေဘးလြတ္လုံၿခဳံရာမွာရွိဖုိ့ လုပ္ေဆာင္ေပးရပါမယ္။ ဒါဟာ ႏုိင္ငံတကာကဥပေဒေတြနဲ့ သေဘာတူညီခ်က္ေတြျဖစ္ပါတယ္။ ဒါကုိလည္းျမန္မာႏုိင္ငံက လက္မွတ္ထုိးထားပါတယ္လုိ့ UNICEF ကုလသမဂၢ ခေလးမ်ား ရန္ပုံေငြအဖဲြ့ကထုတ္ျပန္ေၾကညာခဲ့ပါတယ္။

........................................

တိုက်ပွဲအရှိန်မြင့်လာလို့ ကလေးတွေထိမှန်သေဆုံးရမှု ကုလ အပြင်းအထန်ရှုတ်ချ

{{Unicode}}

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အရှိန်မြှင့်လာတဲ့ထိုးစစ်တွေကြောင့် ကလေး ၄ ဦးသေဆုံးခဲ့ပြီး၊ အခြားကလေးတွေ ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့အထိ ထိခိုက်ဒါဏ်ရာရခဲ့တဲ့အပေါ် ကုလသမဂ္ဂခလေးများရန်ပုံငွေအဖွဲ့ UNICEF ကအင်္ဂါနေ့ကကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

“တိုင်းပြည်အနှံတိုးပြီး ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း ကလေးတွေအပေါ်တိုက်ခိုက်တာတွေကို အလွန်ကိုဘဲ မခံမရပ်ဖြစ်မိပါတယ်” လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က UNICEF ရဲ့ကြေငြာချက်နဲ့ပတ်သက်ပြီး နယူးယောက် ကုလသမဂ္ဂအဆောက်အအုံမှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ဇန္နဝါရီလ ၈ ရက်နေ့က ချင်းပြည်နယ် မတူပီမြို့မှာ အသက် ၁၃ နှစ်အရွယ်ကလေးတဦးသေဆုံးခဲ့ပြီး၊ အခြားကလေး ၂ ဦးလွိုင်ကော်မှာလက်နက်ကြီးကျည်ဆံ ပေါက်ကွဲမှုကြောင့် ဒါဏ်ရာရခဲ့ပါတယ်။ ၇ ရက်နေ့မှာ အသက် ၁၄ နှစ်နဲ့ ၁၇ နှစ်ရွယ် ကလေး ၂ ဦး ထားဝယ်မြို့မှာပစ်သတ်ခံခဲ့ရပါတယ်။ ဇန္နဝါရီလ ၅ ရက်နေ့မှာ ရှမ်းပြည်နယ်အတွင်း အသက် ၁ နှစ်နဲ့ ၄ နှစ်အရွယ်ကလေး ၂ ဦးလည်း လက်နက်ကြီးကျည်ဆုံတွေပေါက်ကွဲမှုကြောင့် ဒါဏ်ရာတွေရခဲ့တယ်လို့ UNICEF ရဲ့ကြေညာချက်မှာဖေါ်ပြထားပါတယ်။

တိုင်းပြည်အနှံ့စစ်ပွဲတွေတိုးလာနေတာနဲ့ လေကြောင်းကတိုက်ခိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကိုလည်းကန့်ကွက်ရှုံချတယ်လို့ပြောဆိုခဲ့ပါတယ်။ပဋိပက္ခတွေအတွင်း ပါဝင်နေတဲ့ အဖွဲ့တွေအနေနဲ့ ကလေးတွေကို အထူးဦးစားပေးကာကွယ်ရမှာဖြစ်ပြီး၊ ကလေးတွေကို စစ်ပွဲတွေနဲ့ဝေးရာ ဘေးလွတ်လုံခြုံရာမှာရှိဖို့ လုပ်ဆောင်ပေးရပါမယ်။ ဒါဟာ နိုင်ငံတကာကဥပဒေတွေနဲ့ သဘောတူညီချက်တွေဖြစ်ပါတယ်။ ဒါကိုလည်းမြန်မာနိုင်ငံက လက်မှတ်ထိုးထားပါတယ်လို့ UNICEF ကုလသမဂ္ဂ ခလေးများ ရန်ပုံငွေအဖွဲ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG