သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အက်ပ္အတည္း ကေလးငယ္မ်ဳိးဆက္တခုလံုး ထိခိုက္ႏုိင္ေၾကာင္း CRC သတိေပး


ကယားျပည္နယ္၊ ဒီေမာဆိုၿမိဳ႕နယ္အနီး Pu Phar ရြာက စစ္ေဘးေရွာင္ကေလးေတြ ေက်ာင္းတက္ေနတဲ့ျမင္ကြင္း။ (ဇူလိုင္ ၃၊ ၂၀၂၁)

Zawgyi/Unicode

ျမန္မာ့ႏိုင္ငံေရးအက်ပ္အတည္းေၾကာင့္ ျမန္မာကေလးငယ္ မ်ိဳးဆက္တခုလုံး ထိခိုက္ပ်က္စီးသြားေစႏိုင္ေၾကာင္း ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ကုလသမဂၢေကာ္မတီ (CRC) က သတိေပးလိုက္ပါတယ္။
စစ္အာဏာသိမ္းခ်ိန္ကစလို႔ အသတ္ခံရတဲ့ကေလး ၇၅ ေယာက္၊ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရတဲ့ကေလး ၁,၀၀၀ ဝန္းက်င္နဲ႔ အေျခခံက်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ ပညာသင္ခြင့္ ဆုံးရႈံးသူေတြကေတာ့ မေရတြက္ႏိုင္ေအာင္ရွိေနေၾကာင္း CRC က လက္ခံရရွိတဲ့ ယုံၾကည္စိတ္ခ်ရတဲ့ သတင္းအခ်က္အလက္ေတြကို ကိုးကားၿပီး ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
လက္နက္ကိုင္တပ္ဖြဲ႕ေတြနဲ႔ ရဲတပ္ဖြဲဝင္ေတြက ကေလးေတြကို သတ္ျဖတ္ေနတာနဲ႔ပတ္သက္လို႔ CRC က အျပင္းအထန္ ျပစ္တင္ရႈတ္ခ်ထားပါတယ္။ သူတို႔ရဲ႕ေနအိမ္ေတြထဲမွာတင္ အသတ္ခံခဲ့ၾကရတဲ့ ကေလးေတြထဲမွာ မႏၲေလးၿမိဳ႕က ၆ ႏွစ္အ႐ြယ္ မိန္းကေလးတဦးဟာ ဖခင္ရင္ခြင္ထဲမွာပဲ ဝမ္းဗိုက္ကို ပစ္ခတ္သတ္ျဖတ္ခံခဲ့ရတာလည္း ပါဝင္ပါတယ္။
ကေလးေတြဟာလည္း လူႀကီးေတြနဲ႔မျခားေန႔စဥ္နဲ႔အမွ် အၾကမ္းဖက္ခံရတယ္၊ ပရမ္းပတာ ပစ္ခတ္ခံရတယ္၊ တမင္တကာ ဖမ္းဆီးခံေနၾကရတယ္၊ မိဘေတြနဲ႔ ေမြးခ်င္းေတြ အခုလို ျဖစ္ပ်က္သမွ်ကိုလည္း ျမင္ေတြ႕ေနၾကရတယ္လို႔ CRC ဥကၠ႒ Mikiko Otani က ေျပာပါတယ္။
ျမန္မာျပည္တြင္း လုံၿခဳံေရးတပ္ဖြဲ႕ေတြက ေဆး႐ုံေတြ၊ေက်ာင္းေတြနဲ႔ ဘာသာေရးအေဆာက္အဦးေတြကို သိမ္းပိုက္၊ တပ္စြဲထားေၾကာင္း ကုလလူ႔အခြင့္အေရးအဖြဲ႕႐ုံးက ယုံၾကည္စိတ္ခ်ရတဲ့ အစီရင္ခံစာေတြကို လက္ခံရရွိထားတယ္လို႔ေျပာပါတယ္။
ဒါ့အျပင္ ျမန္မာျပည္တြင္းက ကေလးငယ္ ၁ သန္းဟာ မလြဲမေသြထိုးရမယ့္ ကာကြယ္ေဆးေတြ မထိုးရေၾကာင္း ၊ အလြန္အမင္း အာဟာရဓာတ္ခ်ိဳ႕တဲ့ေနၾကတဲ့ ကေလး ၄၀,၀၀၀ ေက်ာ္ဟာလည္း ကုသမႈမရၾကေတာ့ေၾကာင္း CRC ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ျဖစ္ေနတဲ့ျပႆနာေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေျဖရွင္းဖို႔ ခ်က္ျခင္းအေရးယူ ေဆာင္႐ြက္ေရး ေတာင္းဆိုထားၿပီး ကေလးေတြရဲ႕အခြင့္အေရးေတြကို အစြမ္းကုန္ ကာကြယ္ေပးဖို႔နဲ႔ ျမႇင့္တင္ေပးေရး ကေလးသူငယ္အခြင့္အေရးဆိုင္ရာသေဘာတူညီခ်က္ေတြကို ေလးစားလိုက္နာဖို႔ကိုလည္း ျမန္မာႏိုင္ငံကို တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

မြန်မာ့အကျပ်အတည်း ကလေးငယ်မျိုးဆက်တခုလုံး ထိခိုက်နိုင်ကြောင်း CRC သတိပေး

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကြောင့် မြန်မာကလေးငယ် မျိုးဆက်တခုလုံး ထိခိုက်ပျက်စီးသွားစေနိုင်ကြောင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီ (CRC) က သတိပေးလိုက်ပါတယ်။
စစ်အာဏာသိမ်းချိန်ကစလို့ အသတ်ခံရတဲ့ကလေး ၇၅ ယောက်၊ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ကလေး ၁,၀၀၀ ဝန်းကျင်နဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ခွင့် ဆုံးရှုံးသူတွေကတော့ မရေတွက်နိုင်အောင်ရှိနေကြောင်း CRC က လက်ခံရရှိတဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို ကိုးကားပြီး ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲဝင်တွေက ကလေးတွေကို သတ်ဖြတ်နေတာနဲ့ပတ်သက်လို့ CRC က အပြင်းအထန် ပြစ်တင်ရှုတ်ချထားပါတယ်။ သူတို့ရဲ့နေအိမ်တွေထဲမှာတင် အသတ်ခံခဲ့ကြရတဲ့ ကလေးတွေထဲမှာ မန္တလေးမြို့က ၆ နှစ်အရွယ် မိန်းကလေးတဦးဟာ ဖခင်ရင်ခွင်ထဲမှာပဲ ဝမ်းဗိုက်ကို ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာလည်း ပါဝင်ပါတယ်။
ကလေးတွေဟာလည်း လူကြီးတွေနဲ့မခြားနေ့စဉ်နဲ့အမျှ အကြမ်းဖက်ခံရတယ်၊ ပရမ်းပတာ ပစ်ခတ်ခံရတယ်၊ တမင်တကာ ဖမ်းဆီးခံနေကြရတယ်၊ မိဘတွေနဲ့ မွေးချင်းတွေ အခုလို ဖြစ်ပျက်သမျှကိုလည်း မြင်တွေ့နေကြရတယ်လို့ CRC ဥက္ကဋ္ဌ Mikiko Otani က ပြောပါတယ်။
မြန်မာပြည်တွင်း လုံခြုံရေးတပ်ဖွဲ့တွေက ဆေးရုံတွေ၊ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို သိမ်းပိုက်၊ တပ်စွဲထားကြောင်း ကုလလူ့အခွင့်အရေးအဖွဲ့ရုံးက ယုံကြည်စိတ်ချရတဲ့ အစီရင်ခံစာတွေကို လက်ခံရရှိထားတယ်လို့ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်းက ကလေးငယ် ၁ သန်းဟာ မလွဲမသွေထိုးရမယ့် ကာကွယ်ဆေးတွေ မထိုးရကြောင်း ၊ အလွန်အမင်း အာဟာရဓာတ်ချို့တဲ့နေကြတဲ့ ကလေး ၄၀,၀၀၀ ကျော်ဟာလည်း ကုသမှုမရကြတော့ကြောင်း CRC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖြစ်နေတဲ့ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ ချက်ခြင်းအရေးယူ ဆောင်ရွက်ရေး တောင်းဆိုထားပြီး ကလေးတွေရဲ့အခွင့်အရေးတွေကို အစွမ်းကုန် ကာကွယ်ပေးဖို့နဲ့ မြှင့်တင်ပေးရေး ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူညီချက်တွေကို လေးစားလိုက်နာဖို့ကိုလည်း မြန်မာနိုင်ငံကို တိုက်တွန်းထားပါတယ်။

#WhatIsHappeningInMyanmar #WhatsHappeningInMyanmar #MyanmarMilitaryRegime #MyanmarMilitaryCoup #Tatmadaw #CRC #ChildrensRights #voaburmese #စစ်ဘက်အုပ်ချုပ်ရေး #စစ်အာဏာသိမ်းမှု #တပ်မတော် #ဆန္ဒပြပွဲ #ကလေးသူငယ်အခွင့်အရေး #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG