သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ကေလး ၁၂ သန္းေက်ာ္ ေက်ာင္းမတက္ႏိုင္တာ ၁၈ လ ရွိၿပီ (ကုလ ေျပာခြင္႔ရ Farhan Haq)


ကယားျပည္နယ္၊ ဒီေမာဆိုၿမိဳ႕နယ္အနီး Pu Phar ရြာက စစ္ေဘးေရွာင္ကေလးေတြ ေက်ာင္းတက္ေနတဲ့ျမင္ကြင္း။ (ဇူလိုင္ ၃၊ ၂၀၂၁)

ျမန္မာႏုိင္ငံမွာကေလးငယ္ေပါင္း ၁၂ သန္းေက်ာ္ဟာ ေက်ာင္းမတက္ႏုိင္တာ ၁၈ လေက်ာ္သြားၿပီ ျဖစ္ေၾကာင္း ကမၻာ့ကုလသမဂၢအတြင္းေရးမွုးခ်ဳပ္ရဲ့ ေျပာေရးဆုိခြင့္ရွိသူ Farhan Haq ကေသာၾကာ ေန့မွာေျပာဆုိလုိက္ပါတယ္။

Zawgyi

ျမန္မာႏိုင္ငံမွာ ကေလး ၁၂ သန္းေက်ာ္ ေက်ာင္းမတက္ႏိုင္တာ ၁၈ လ ရွိၿပီ (ကုလ ေျပာခြင္႔ရ (Farhan Haq)

ျမန္မာႏုိင္ငံမွာကေလးငယ္ေပါင္း ၁၂ သန္းေက်ာ္ဟာ ေက်ာင္းမတက္ႏုိင္တာ ၁၈ လေက်ာ္သြားၿပီ ျဖစ္ေၾကာင္း ကမၻာ့ကုလသမဂၢအတြင္းေရးမွုးခ်ဳပ္ရဲ့ ေျပာေရးဆုိခြင့္ရွိသူ Farhan Haq ကေသာၾကာ ေန့မွာေျပာဆုိလုိက္ပါတယ္။

“ျမန္မာႏုိင္ငံမွာ အလုပ္လုပ္ကုိင္ေနတဲ့က်ေနာ္တုိ့ရဲ့ လုပ္ေဖၚကုိင္ဖက္ေတြရဲ့ ေျပာၾကားခ်က္ေတြအရ ကေလး ၁၂ သန္းေက်ာ္ဟာ ေက်ာင္းမတက္ႏုိင္တာ ၁၈ လေက်ာ္ရွိပါၿပီ၊ ဒါေၾကာင့္ ကေလးေတြရဲ့ ပညာေရးနဲ့ ဘ၀တုိးတက္ေကာင္းမြန္ေရးအေပၚမ်ားစြာ ထိခုိက္ႏုိင္တယ္လုိ့ အတြင္းေရးမွုးခ်ဳပ္ရဲ့ေျပာ ေရးဆုိခြင့္ရွိသူ ကေျပာဆုိသြားတာပါ။”

ကမၻာ့ကုလသမဂၢကေလးမ်ားရံပုံေငြအဖဲြ့ UNICEF နဲ့မဟာမိတ္အဖဲြ့ေတြက ကေလးေတြပညာ ဆက္လက္သင္ၾကားႏုိင္မွု လုံး၀ျပတ္လပ္သြားတာမ်ိဳးမျဖစ္ေအာင္ တုိင္းျပည္အႏွံက ကေလး ၃ သိန္းေလာက္ကုိသင္ၾကားမွုအေထာက္အကူ ပစၥည္းေတြျဖန့္ေ၀ေပးေနပါတယ္။ ဒါေၾကာင့္ ဒီကေလး ေတြဟာအိမ္ကေနပညာ ဆက္လက္သင္ၾကားႏုိင္မွာျဖစ္ပါတယ္။

ဒါ့အျပင္တုိင္းရင္းသားလူမ်ိဳးစုနယ္ေျမေတြမွာလည္း ကေလးေတြလုံၿခုံေရးနဲ့ အိမ္မွာစာဆက္လက္ သင္ၾကားႏုိင္ေရးအတြက္ ကေလး ၁ သိန္း ၈ ေသာင္းေက်ာ္အတြက္ သင္ၾကားမွုပစၥည္းေတြကုိ UNICEF ကျဖန့္ေ၀ေပးလ်က္ရွိပါတယ္လုိ့လည္းကုလသမဂၢအတြင္းေရးမွုးခ်ဳပ္ရဲ့ေျပာခြင့္ရပုဂၢိဳလ္ Farhan Haq ကေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

#####

Unicode

မြန်မာနိုင်ငံမှာ ကလေး ၁၂ သန်းကျော် ကျောင်းမတက်နိုင်တာ ၁၈ လ ရှိပြီ (ကုလ ပြောခွင့်ရ (Farhan Haq)

မြန်မာနိုင်ငံမှာကလေးငယ်ပေါင်း ၁၂ သန်းကျော်ဟာ ကျောင်းမတက်နိုင်တာ ၁၈ လကျော်သွားပြီ ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Farhan Haq ကသောကြာ နေ့မှာပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ ပြောကြားချက်တွေအရ ကလေး ၁၂ သန်းကျော်ဟာ ကျောင်းမတက်နိုင်တာ ၁၈ လကျော်ရှိပါပြီ၊ ဒါကြောင့် ကလေးတွေရဲ့ ပညာရေးနဲ့ ဘဝတိုးတက်ကောင်းမွန်ရေးအပေါ်များစွာ ထိခိုက်နိုင်တယ်လို့ အတွင်းရေးမှုးချုပ်ရဲ့ပြော ရေးဆိုခွင့်ရှိသူ ကပြောဆိုသွားတာပါ။”

ကမ္ဘာ့ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ UNICEF နဲ့မဟာမိတ်အဖွဲ့တွေက ကလေးတွေပညာ ဆက်လက်သင်ကြားနိုင်မှု လုံးဝပြတ်လပ်သွားတာမျိုးမဖြစ်အောင် တိုင်းပြည်အနှံက ကလေး ၃ သိန်းလောက်ကိုသင်ကြားမှုအထောက်အကူ ပစ္စည်းတွေဖြန့်ဝေပေးနေပါတယ်။ ဒါကြောင့် ဒီကလေး တွေဟာအိမ်ကနေပညာ ဆက်လက်သင်ကြားနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင်တိုင်းရင်းသားလူမျိုးစုနယ်မြေတွေမှာလည်း ကလေးတွေလုံခြုံရေးနဲ့ အိမ်မှာစာဆက်လက် သင်ကြားနိုင်ရေးအတွက် ကလေး ၁ သိန်း ၈ သောင်းကျော်အတွက် သင်ကြားမှုပစ္စည်းတွေကို UNICEF ကဖြန့်ဝေပေးလျက်ရှိပါတယ်လို့လည်းကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq ကပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG