သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံတြင္း ပိတ္ထားတဲ့ေက်ာင္းေတြ ျပန္ဖြင့္ေရး မေရမရာရွိေနဆဲ


Students wait outside a school entrance in Sittwe, capital of western Rakhine State on June 1, 2021. - Schools in Myanmar opened on June 1 for the first time since the military seized power, but teachers and students are set to defy the junta's calls for

{Zawgyi/Unicode}

ျမန္မာႏိုင္ငံမွာ ကူးစက္ျဖစ္ပြားေနတဲ့ ကပ္ေရာဂါအေျခအေနေၾကာင့္ အေျခခံပညာသင္ေက်ာင္းေတြ ႏွစ္နဲ႔ခ်ီပိတ္ထားရတဲ့ကာလမွာ မူလတန္း၊ အလယ္တန္းနဲ႔ အထက္တန္း ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ ပညာေရးအေျခအေန ဘယ္လိုရွိေနပါသလဲ၊ အေျခခံပညာနဲ႔ က်န္းမာေရးတာဝန္ရွိသူေတြကေတာ့ ကိုဗစ္ကူးစက္ႏႈန္း က်ဆင္းမႈေပၚမူတည္ၿပီး စာသင္ေက်ာင္းေတြျပန္ဖြင့္ႏိုင္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ ေဆာင္႐ြက္ေနတယ္လို႔ ေျပာထားပါတယ္။ ဒီအေၾကာင္းနဲ႔ ရန္ကုန္ကလာတဲ့ သတင္းကို မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။

ကိုဗစ္ေရာဂါ အေျခအေနေတြေၾကာင့္ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္ တႏွစ္လုံး ျပည္တြင္းက အေျခခံပညာသင္ေက်ာင္းေတြ ပိတ္ထားရၿပီး ကပ္ေရာဂါလႈိင္းဒဏ္ေတြေၾကာင့္ ၂၀၂၁-၂၀၂၂ စာသင္ႏွစ္ကိုလည္း အခုထိ ပိတ္ထားရပါတယ္။ အခုလို ကပ္ေရာဂါေၾကာင့္ စာသင္ေက်ာင္းေတြ ကာလၾကာပိတ္ထားရတဲ့ အေျခအေနမွာ အစိုးရေက်ာင္းတက္ေနတဲ့ ေက်ာင္းသူေက်ာင္းသားတခ်ဳိ႕ ပညာဆက္ၿပီးသင္ၾကားဖို႔ အခက္အခဲရွိေနပါတယ္။

ေက်ာင္းျပန္ဖြင့္ရင္ အလယ္တန္းစတက္ရမယ့္ ေမာင္ၿဖိဳးပိုင္သူတေယာက္ကေတာ့ စာသင္ေက်ာင္းနဲ႔ ေဝးေနခ်ိန္မွာ ပညာဆက္ၿပီးသင္ယူဖို႔ စိတ္ဝင္စားမႈနည္းပါးလာတယ္လို႔ အမျဖစ္သူက ေျပာပါတယ္။

"ေက်ာင္းမတက္ရေသးေတာ့ သူ႔ကို စာလည္းဖတ္ခိုင္းလို႔ မရဘူး။ စာဖတ္ရင္ ခဏေလးေတာ့ ဖတ္လိုက္တယ္။ meaning ေတြ ဘာေတြ က်က္လိုက္တယ္။ ၿပီးရင္ တခ်ိန္လုံးဂိမ္းေဆာ့ေနတယ္။ က်ဴရွင္ကလည္း မဖြင့္ဘူး။ ဆရာမကလည္း စာမသင္ဘူးေလ။ သူလည္းမသြားဘူး။"

ေငြေၾကးတတ္ႏိုင္တဲ့ မိဘေတြရဲ႕ သားသမီးေတြကေတာ့ အြန္လိုင္းကတဆင့္ သင္ၾကားေပးေနတဲ့ ပုဂၢလိကေက်ာင္းေတြမွာ ဆက္ၿပီးပညာသင္ေနၾကပါတယ္။

ကေလးငယ္အားလုံး တန္းတူ ပညာသင္ၾကားႏိုင္မယ့္ အခြင့္အေရးရႏိုင္ဖို႔ကေတာ့ တႏိုင္ငံလုံးမွာရွိတဲ့ စာသင္ေက်ာင္းေတြ ျပန္ဖြင့္မယ့္အေပၚ မူတည္ေနတယ္လို႔ ေက်ာင္းသားမိဘေတြက ေျပာပါတယ္။ ေက်ာင္းေတြျပန္ဖြင့္မယ့္ကာလကို အတိအက် မသိရေသးေပမယ့္ ေက်ာင္းေတြျပန္ဖြင့္တဲ့အခါ ဆရာဆရာမေတြ အဆင္သင့္ျဖစ္ေအာင္ ေဆာင္႐ြက္ေနတယ္လို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္စြာသြင္က VOAကိုေျပာပါတယ္။

"ဘယ္အခ်ိန္ ေက်ာင္းဖြင့္မယ္ဆိုတာေတာ့ က်ေနာ္တို႔က ေျပာလို႔မရေသးဘူးခင္ဗ်။ နဂိုကတည္းကကို ေက်ာင္းေတြျပန္ဖြင့္ခဲ့ရင္ ကေလးေတြအတြက္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ ေတာက္ေလွ်ာက္ျပင္ဆင္ေနတာပါ ခင္ဗ်။ ဆရာ၊ ဆရာမေတြလည္း ေက်ာင္းေတြမွာ သူတို႔သင္ၾကားေရးနဲ႔ ပတ္သက္လို႔ သူတို႔ဘာသူတို႔ ျပန္လည္ေဆြးေႏြးတာေတြ က်ေနာ္တို႔လုပ္ခိုင္းထားပါတယ္။ က်ေနာ္တို႔ ဆရာ၊ ဆရာမေတြ၊ ကေလးေတြ ေက်ာင္းျပန္တက္တဲ့အခါမွာ အဆင္သင့္ျဖစ္ေအာင္ ဆရာ၊ ဆရာမေတြေရာ အကုန္လုံး က်ေနာ္တို႔အထက္က ႐ုံးပိုင္းဆိုင္ရာေတြေရာ အကုန္လုံးႀကိဳးစားၿပီး ေဆာင္႐ြက္ေနတယ္ဆိုတာပဲ ေျပာခ်င္ပါတယ္ခင္ဗ်။"

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈႏႈန္း သတ္မွတ္ထားတဲ့ ၅% အထိ က်ဆင္းသြားရင္ လုပ္ငန္းေတြအားလံုး ျပန္လည္ လည္ပတ္ႏုိင္မယ္လို႔ က်န္းမာေရးဌာန တာဝန္႐ွိသူက ဗီြအိုေအကို ေျပာထားပါတယ္။ ကပ္ေရာဂါကူးစက္မႈ က်ဆင္းေအာင္ရည္ရြယ္ၿပီး ကိုဗစ္ကာကြယ္ေဆးထိုး အစီအစဥ္ေတြကိုလည္း စစ္ေကာင္စီက လုပ္ေနပါတယ္။

အသက္ ၁၂ ႏွစ္အထက္ကေန ၁၈ ႏွစ္အထိ အလယ္တန္းနဲ႔ အထက္တန္း ေက်ာင္းသားလူငယ္ေတြကိုလည္း ေအာက္တိုဘာ ၁၂ ရက္ကစၿပီး ကိုဗစ္ကာကြယ္ေဆး ထိုးေပးေနပါတယ္။ ေနျပည္ေတာ္ေကာင္စီအတြင္းမွာရွိတဲ့ ေက်ာင္းသူ ေက်ာင္းသားေတြကုိ ကာကြယ္ေဆး စ ထုိးေပးေနတဲ့ သတင္းေတြကိုလည္း စစ္ေကာင္စီက ထုတ္ျပန္ထားပါတာယ္။ ၁၂ ႏွစ္ေအာက္ မူလတန္းနဲ႔ အလယ္တန္းအ႐ြယ္ ေက်ာင္းသားကေလးငယ္ေတြကိုေတာ့ ထိုးႏွံေပးမွာမဟုတ္ေသးဘူးလို႔ က်န္းမာေရးဌာန တာဝန္ရွိသူက ေျပာပါတယ္။

"ႏိုင္ငံတကာမွာလည္း ထိုးတဲ့ႏိုင္ငံေတြရွိတယ္၊ မထိုးတဲ့ႏိုင္ငံေတြ ရွိတယ္ေပါ့ေနာ္။ လက္ရွိကေတာ့ က်ေနာ္တို႔ကေတာ့ ဒီ ၁၂ ႏွစ္အထက္ကို အရင္ဆုံးဦးစားေပးၿပီး ထိုးမွာေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၁၂ ႏွစ္ေအာက္က်ေတာ့လည္း ေရာဂါကူးစက္မႈက ျပင္းျပင္းထန္ထန္ခံစားမႈကလည္း အုပ္စုကပိုနည္းတယ္ေပါ့ေနာ္။ ဆယ္ေက်ာ္သက္အ႐ြယ္ျဖစ္လာလို႔ ၁၂ ႏွစ္နဲ႔ ၁၈ ႏွစ္မွာေတာ့ ေရာဂါကူးစက္မႈက ခုနကအုပ္စုထက္စာရင္ ပိုမ်ားတယ္။ ေနာက္ၿပီးေတာ့ ေရာဂါျပင္းျပင္းထန္ထန္ ခံစားရတာေတြလည္း အခု Delta မွာ ေတြ႕လာတယ္ေပါ့ေနာ္။"

၂၀၂၁-၂၀၂၂ ပညာသင္ႏွစ္မွာ ေက်ာင္းအပ္ထားတဲ့ ေက်ာင္းသား၊ ေက်ာင္းသူ ၁ သန္းဝန္းက်င္ကို တ႐ုတ္ႏိုင္ငံထုတ္ Sinovac ကာကြယ္ေဆး ထိုးႏွံေပးသြားမွာလို႔ က်န္းမာေရးဌာန တာဝန္ရွိသူက VOA ကိုေျပာပါတယ္။

ေရာဂါကာကြယ္ေဆးကို ေက်ာင္းသား၊ ေက်ာင္းသူတိုင္း မထိုးမေနရမဟုတ္ဘဲ ကိုယ့္ရဲ႕ဆႏၵအလိုက္ ေ႐ြးခ်ယ္ခြင့္ရွိၿပီး ကာကြယ္ေဆး ထိုးမထားသူေတြကို ေက်ာင္းတက္ခြင့္ပိတ္ပင္မွာ မဟုတ္ဘူးလို႔လည္း ေဖာ္ျပထားပါတယ္။

ကာကြယ္ေဆးထိုးေပးၿပီး ပညာသင္ယူခြင့္ အခြင့္အလမ္းရရွိေစဖို႔၊ ကိုဗစ္ေၾကာင့္ ေသဆုံးမႈ ေလွ်ာ့ခ်ဖို႔၊ ေက်ာင္းသား၊ ေက်ာင္းသူေတြကေနတဆင့္ မိသားစုနဲ႔ ပတ္ဝန္းက်င္ဆီ ေရာဂါကူးစက္ျပန႔္ပြားမႈကို တားဆီးေပးဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ အခုလိုထိုးႏွံေပးေနတာလို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

{Zawgyi/Unicode}

မြန်မာနိုင်ငံတွင်း ပိတ်ထားတဲ့ကျောင်းတွေ ပြန်ဖွင့်ရေး မရေမရာရှိနေဆဲ

မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတဲ့ ကပ်ရောဂါအခြေအနေကြောင့် အခြေခံပညာသင်ကျောင်းတွေ နှစ်နဲ့ချီပိတ်ထားရတဲ့ကာလမှာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးအခြေအနေ ဘယ်လိုရှိနေပါသလဲ၊ အခြေခံပညာနဲ့ ကျန်းမာရေးတာဝန်ရှိသူတွေကတော့ ကိုဗစ်ကူးစက်နှုန်း ကျဆင်းမှုပေါ်မူတည်ပြီး စာသင်ကျောင်းတွေပြန်ဖွင့်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။ ဒီအကြောင်းနဲ့ ရန်ကုန်ကလာတဲ့ သတင်းကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ကိုဗစ်ရောဂါ အခြေအနေတွေကြောင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် တနှစ်လုံး ပြည်တွင်းက အခြေခံပညာသင်ကျောင်းတွေ ပိတ်ထားရပြီး ကပ်ရောဂါလှိုင်းဒဏ်တွေကြောင့် ၂၀၂၁-၂၀၂၂ စာသင်နှစ်ကိုလည်း အခုထိ ပိတ်ထားရပါတယ်။ အခုလို ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ ကာလကြာပိတ်ထားရတဲ့ အခြေအနေမှာ အစိုးရကျောင်းတက်နေတဲ့ ကျောင်းသူကျောင်းသားတချို့ ပညာဆက်ပြီးသင်ကြားဖို့ အခက်အခဲရှိနေပါတယ်။

ကျောင်းပြန်ဖွင့်ရင် အလယ်တန်းစတက်ရမယ့် မောင်ဖြိုးပိုင်သူတယောက်ကတော့ စာသင်ကျောင်းနဲ့ ဝေးနေချိန်မှာ ပညာဆက်ပြီးသင်ယူဖို့ စိတ်ဝင်စားမှုနည်းပါးလာတယ်လို့ အမဖြစ်သူက ပြောပါတယ်။

"ကျောင်းမတက်ရသေးတော့ သူ့ကို စာလည်းဖတ်ခိုင်းလို့ မရဘူး။ စာဖတ်ရင် ခဏလေးတော့ ဖတ်လိုက်တယ်။ meaning တွေ ဘာတွေ ကျက်လိုက်တယ်။ ပြီးရင် တချိန်လုံးဂိမ်းဆော့နေတယ်။ ကျူရှင်ကလည်း မဖွင့်ဘူး။ ဆရာမကလည်း စာမသင်ဘူးလေ။ သူလည်းမသွားဘူး။"

ငွေကြေးတတ်နိုင်တဲ့ မိဘတွေရဲ့ သားသမီးတွေကတော့ အွန်လိုင်းကတဆင့် သင်ကြားပေးနေတဲ့ ပုဂ္ဂလိကကျောင်းတွေမှာ ဆက်ပြီးပညာသင်နေကြပါတယ်။

ကလေးငယ်အားလုံး တန်းတူ ပညာသင်ကြားနိုင်မယ့် အခွင့်အရေးရနိုင်ဖို့ကတော့ တနိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်မယ့်အပေါ် မူတည်နေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ ကျောင်းတွေပြန်ဖွင့်မယ့်ကာလကို အတိအကျ မသိရသေးပေမယ့် ကျောင်းတွေပြန်ဖွင့်တဲ့အခါ ဆရာဆရာမတွေ အဆင်သင့်ဖြစ်အောင် ဆောင်ရွက်နေတယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က VOAကိုပြောပါတယ်။

"ဘယ်အချိန် ကျောင်းဖွင့်မယ်ဆိုတာတော့ ကျနော်တို့က ပြောလို့မရသေးဘူးခင်ဗျ။ နဂိုကတည်းကကို ကျောင်းတွေပြန်ဖွင့်ခဲ့ရင် ကလေးတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တောက်လျှောက်ပြင်ဆင်နေတာပါ ခင်ဗျ။ ဆရာ၊ ဆရာမတွေလည်း ကျောင်းတွေမှာ သူတို့သင်ကြားရေးနဲ့ ပတ်သက်လို့ သူတို့ဘာသူတို့ ပြန်လည်ဆွေးနွေးတာတွေ ကျနော်တို့လုပ်ခိုင်းထားပါတယ်။ ကျနော်တို့ ဆရာ၊ ဆရာမတွေ၊ ကလေးတွေ ကျောင်းပြန်တက်တဲ့အခါမှာ အဆင်သင့်ဖြစ်အောင် ဆရာ၊ ဆရာမတွေရော အကုန်လုံး ကျနော်တို့အထက်က ရုံးပိုင်းဆိုင်ရာတွေရော အကုန်လုံးကြိုးစားပြီး ဆောင်ရွက်နေတယ်ဆိုတာပဲ ပြောချင်ပါတယ်ခင်ဗျ။"

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနှုန်း သတ်မှတ်ထားတဲ့ ၅% အထိ ကျဆင်းသွားရင် လုပ်ငန်းတွေအားလုံး ပြန်လည် လည်ပတ်နိုင်မယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ဗွီအိုအေကို ပြောထားပါတယ်။ ကပ်ရောဂါကူးစက်မှု ကျဆင်းအောင်ရည်ရွယ်ပြီး ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်တွေကိုလည်း စစ်ကောင်စီက လုပ်နေပါတယ်။

အသက် ၁၂ နှစ်အထက်ကနေ ၁၈ နှစ်အထိ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားလူငယ်တွေကိုလည်း အောက်တိုဘာ ၁၂ ရက်ကစပြီး ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပါတယ်။ နေပြည်တော်ကောင်စီအတွင်းမှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေကို ကာကွယ်ဆေး စ ထိုးပေးနေတဲ့ သတင်းတွေကိုလည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတာယ်။ ၁၂ နှစ်အောက် မူလတန်းနဲ့ အလယ်တန်းအရွယ် ကျောင်းသားကလေးငယ်တွေကိုတော့ ထိုးနှံပေးမှာမဟုတ်သေးဘူးလို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

"နိုင်ငံတကာမှာလည်း ထိုးတဲ့နိုင်ငံတွေရှိတယ်၊ မထိုးတဲ့နိုင်ငံတွေ ရှိတယ်ပေါ့နော်။ လက်ရှိကတော့ ကျနော်တို့ကတော့ ဒီ ၁၂ နှစ်အထက်ကို အရင်ဆုံးဦးစားပေးပြီး ထိုးမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ၁၂ နှစ်အောက်ကျတော့လည်း ရောဂါကူးစက်မှုက ပြင်းပြင်းထန်ထန်ခံစားမှုကလည်း အုပ်စုကပိုနည်းတယ်ပေါ့နော်။ ဆယ်ကျော်သက်အရွယ်ဖြစ်လာလို့ ၁၂ နှစ်နဲ့ ၁၈ နှစ်မှာတော့ ရောဂါကူးစက်မှုက ခုနကအုပ်စုထက်စာရင် ပိုများတယ်။ နောက်ပြီးတော့ ရောဂါပြင်းပြင်းထန်ထန် ခံစားရတာတွေလည်း အခု Delta မှာ တွေ့လာတယ်ပေါ့နော်။"

၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ကျောင်းအပ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၁ သန်းဝန်းကျင်ကို တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေး ထိုးနှံပေးသွားမှာလို့ ကျန်းမာရေးဌာန တာဝန်ရှိသူက VOA ကိုပြောပါတယ်။

ရောဂါကာကွယ်ဆေးကို ကျောင်းသား၊ ကျောင်းသူတိုင်း မထိုးမနေရမဟုတ်ဘဲ ကိုယ့်ရဲ့ဆန္ဒအလိုက် ရွေးချယ်ခွင့်ရှိပြီး ကာကွယ်ဆေး ထိုးမထားသူတွေကို ကျောင်းတက်ခွင့်ပိတ်ပင်မှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။

ကာကွယ်ဆေးထိုးပေးပြီး ပညာသင်ယူခွင့် အခွင့်အလမ်းရရှိစေဖို့၊ ကိုဗစ်ကြောင့် သေဆုံးမှု လျှော့ချဖို့၊ ကျောင်းသား၊ ကျောင်းသူတွေကနေတဆင့် မိသားစုနဲ့ ပတ်ဝန်းကျင်ဆီ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလိုထိုးနှံပေးနေတာလို့ သိရပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ပညာရေး #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG