သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကုလ ျမန္မာကိုယ္စားလွယ္ကိုပူးေပါင္းေဆာင္႐ြက္မည္ဟု ထိုင္းဝန္ႀကီးခ်ဳပ္ကတိေပး


ကုလျမန္မာကိုယ္စားလွယ္နဲ ့ေတြ ့ဆံုေနတဲ့ ထိုင္း၀န္ၾကီးခ်ဳပ္ Proyut Chan-0-cha ( ဓာတ္ပံု - ေအပီ)

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ပဋိပကၡေၾကာင့္ျဖစ္ေပၚလာတဲ့ စာနာမႈဆိုင္ရာ အခက္အခဲေတြ ေျပလည္ေရးအတြက္ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Proyut Chan-o-cha က သံဓိဌာန္ျပဳလိုက္ေၾကာင္း ထိုင္းအစိုးရေျပာခြင့္ရ ေျပာခြင့္ရ Thanakorn Wangboonkongchana ရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး Bangkok သတင္းမွာ ဒီကေန႔ ေရးသားထားပါတယ္။

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ဟာ မေန႔က ထိုင္းႏိုင္ငံကို သြားေရာက္ၿပီး ဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha နဲ႔ အစိုးရအိမ္ေတာ္မွာ ေတြ႕ဆုံခဲ့တာမွာ - ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းေရး ေပၚထြန္းလာေရးအတြက္ ထိုင္းႏိုင္ငံရဲ႕ ႀကိဳးပမ္းမႈကို ကုလ အထူးကိုယ္စားလွယ္က ခ်ီးက်ဴး ေျပာၾကားခဲ့သလို ျမန္မာႏိုင္ငံမွာ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြ အဆုံးသတ္ေရးအတြက္ အာဆီယံမူေဘာင္ (၅) ခ်က္ကို အေကာင္အထည္ေဖာ္ေရးကိစၥေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

အာဆီယံနဲ႔ ကုလသမဂၢပါ ပါဝင္တဲ့ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္မႈေတြနဲ႔အညီ ျမန္မာႏိုင္ငံအတြက္ ေရရွည္တည္တန႔္တဲ့ ရလဒ္ထြက္လာဖို႔ ဗိုလ္ခ်ဳပ္ႀကီး Prayut အေနနဲ႔ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ထိုင္းအစိုးရ ေျပာခြင့္ရ Thanakorn က ေျပာပါတယ္။

ကိုဗစ္-19 ကပ္ေရာဂါကာလျဖစ္ေနတဲ့အတြက္ ျမန္မာႏိုင္ငံက ထြက္ေျပးလာၾကတဲ့ ဒုကၡသည္ေတြအတြက္ စာနာမႈဆိုင္ရာ အကူအညီေတြ ေပးႏိုင္ေရး သီးျခား ေနရာသတ္မွတ္ေပးထားေၾကာင္းလည္း ထိုင္းအစိုးရေျပာခြင့္ရဘ Thanakorn က ေျပာပါတယ္။

ေဘးဒုကၡေရာက္ေနသူေတြကို ခ်က္ျခင္း အကူအညီေပးဖို႔နဲ႔ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနေတြကေန နယ္စပ္ေဒသေတြမွာ ပိုမို ဆိုး႐ြားတဲ့ အေျခအေနေတြ ျဖစ္မလာေအာင္ ထိန္းသိမ္း ကာကြယ္ေပးၾကဖို႔ ကုလ အထူးကိုယ္စားလွယ္က ထိုင္းအစိုးရကို ေတာင္းဆိုခဲ့တယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ပဋိပကၡ ေျပလည္ေရးအတြက္ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္နဲ႔ အနီးကပ္ ပူးေပါင္းေဆာင္႐ြက္ၿပီး အာဆီယံရဲ႕ မူေဘာင္ (၅) ခ်က္ကို အျမန္ဆုံး အေကာင္အထည္ေဖာ္ေဆာင္ေရး အာဆီယံ အလွည္က်ဥကၠဌနဲ႔ ေဆြးေႏြးခဲ့တဲ့ကိစၥကိုလည္း Noeleen Heyzer က ထိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕ဆုံစဥ္ ေဆြးေႏြးခဲ့တယ္လို႔ ဆိုပါတယ္။

...........................................................................................

တိုက္႐ိုက္ လင့္ခ္


ကုလ မြန်မာကိုယ်စားလှယ်ကိုပူးပေါင်းဆောင်ရွက်မည်ဟု ထိုင်းဝန်ကြီးချုပ်ကတိပေး

(Unicode)

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခကြောင့်ဖြစ်ပေါ်လာတဲ့ စာနာမှုဆိုင်ရာ အခက်အခဲတွေ ပြေလည်ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Proyut Chan-o-cha က သံဓိဌာန်ပြုလိုက်ကြောင်း ထိုင်းအစိုးရပြောခွင့်ရ ပြောခွင့်ရ Thanakorn Wangboonkongchana ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Bangkok သတင်းမှာ ဒီကနေ့ ရေးသားထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ မနေ့က ထိုင်းနိုင်ငံကို သွားရောက်ပြီး ဝန်ကြီးချုပ် Prayut Chan-o-cha နဲ့ အစိုးရအိမ်တော်မှာ တွေ့ဆုံခဲ့တာမှာ - မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပေါ်ထွန်းလာရေးအတွက် ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှုကို ကုလ အထူးကိုယ်စားလှယ်က ချီးကျူး ပြောကြားခဲ့သလို မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အဆုံးသတ်ရေးအတွက် အာဆီယံမူဘောင် (၅) ချက်ကို အကောင်အထည်ဖော်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂပါ ပါဝင်တဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အညီ မြန်မာနိုင်ငံအတွက် ရေရှည်တည်တန့်တဲ့ ရလဒ်ထွက်လာဖို့ ဗိုလ်ချုပ်ကြီး Prayut အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရ Thanakorn က ပြောပါတယ်။

ကိုဗစ်-19 ကပ်ရောဂါကာလဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအတွက် စာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေး သီးခြား နေရာသတ်မှတ်ပေးထားကြောင်းလည်း ထိုင်းအစိုးရပြောခွင့်ရဘ Thanakorn က ပြောပါတယ်။

ဘေးဒုက္ခရောက်နေသူတွေကို ချက်ခြင်း အကူအညီပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကနေ နယ်စပ်ဒေသတွေမှာ ပိုမို ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်မလာအောင် ထိန်းသိမ်း ကာကွယ်ပေးကြဖို့ ကုလ အထူးကိုယ်စားလှယ်က ထိုင်းအစိုးရကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပဋိပက္ခ ပြေလည်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး အာဆီယံရဲ့ မူဘောင် (၅) ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရေး အာဆီယံ အလှည်ကျဥက္ကဌနဲ့ ဆွေးနွေးခဲ့တဲ့ကိစ္စကိုလည်း Noeleen Heyzer က ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG