သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုၿမိဳ႕နယ္ထဲ လြိဳင္ေကာ္စစ္ေျပးဒုကၡသည္ ၄၀,၀၀၀ ေရာက္ေန


Demoso (Photo: MIMU)

[[Zawgyi/Unicode]]

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕မွာ ဒီကေန႔အထိ လက္နက္ႀကီးပစ္ခတ္မႈေတြရွိေနတာေၾကာင့္ ေဒသခံေတြ မေနရဲဘဲ နီးစပ္ရာၿမိဳ႕ေတြကို ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာဆိုရင္ လြိဳင္ေကာ္ဘက္က စစ္ေဘးေရွာင္ လာတဲ့ ဒုကၡသည္ ေလးေသာင္းအထိ ထပ္တိုးလာပါတယ္။ ရွမ္းျပည္နယ္ ဆီဆိုင္ၿမိဳ႕နယ္မွာလည္း လြိဳင္ေကာ္စစ္ေျပးဒုကၡသည္ ႏွစ္ေသာင္းေလာက္ ေရာက္ေနၿပီလို႔ ပရဟိတအကူအညီေပးသမားေတြကေျပာပါတယ္။ ကယားျပည္နယ္က စစ္ေျပးဒုကၡသည္ေတြအေျခအေန ရန္ကုန္ကသတင္းေရးသားေပးပို႔တာကို နန္းေလာဝ္က တင္ျပေပးထားပါတယ္။

လြိဳင္ေကာ္တိုက္ပြဲမွာ စစ္ေကာင္စီက ေလေၾကာင္းသုံးၿပီး ဗုံးႀကဲတိုက္ခိုက္တာေတြေၾကာင့္ ၿမိဳ႕ခံေတြ ေဘးလြတ္ရာေျပးေနရၿပီး လြိဳင္ေကာ္ၿမိဳ႕ဟာ လုံးေျခာက္ ကပ္ေနတယ္လို႔ ေဒသခံေတြကေျပာၾကပါတယ္။ ဒီေန႔ထိလည္း လြိဳင္ေကာ္ၿမိဳ႕မွာ လက္နက္ႀကီး ပစ္ခတ္သံေတြ ၾကားေနရတယ္လို႔လည္းေျပာပါတယ္။ ဆီဆိုင္ဘက္စစ္ေရွာင္လာတဲ့ လြိဳင္ေကာ္ၿမိဳ႕ခံကေတာ့ မေနထိုင္ဖို႔ မလုံၿခဳံတာေၾကာင့္ အခုလို တိမ္းေရွာင္လာတာလို႔ေျပာပါတယ္။

“အဲ့ဒီမွာ ေနလို႔မရဘူး။ ၿပီးေတာ့ ဒီဘက္ေျပာင္းလာတာ။ လြိဳင္ေကာ္မွာ လူမရွိေတာ့ဘူး။ အဲ့ဒီဘက္ရွိေနတဲ့အခ်ိန္ သူတို႔ လက္နက္ႀကီးနဲ႔ထုတာလည္း ႀကဳံရတယ္။ ေနာက္ၿပီးေတာ့ ေလယာဥ္နဲ႔ လာတိုက္တာလာႀကဲတာလည္း ရွိတယ္။”

လြိဳင္ေကာၿမိဳ႕က ေဒသခံေတြဟာ ဒီးေမာ့ဆိုၿမိဳ႕ နယ္၊ ဆီဆိုင္ၿမိဳ႕နယ္နဲ႔ တျခားနီးစပ္ရာ ၿမိဳ႕နယ္၊ ေက်း႐ြာေတြမွာ ထြက္ေျပးခိုလႈံေနၾကရတာပါ။

လြိဳင္ေကာ္ စစ္ေျပးဒုကၡသည္ေတြ တိမ္းေရွာင္လို႔အဆင္ေျပေအာင္ ဒီေန႔မွာေတာ့ တိုက္ပြဲခဏရပ္ထားတယ္လို႔ ဒီးေမာ့ဆိုျပည္သူ႔ကာကြယ္ေရးတပ္ ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။ တိုက္ပြဲေၾကာင့္ အရင္က ဒီးေမာ့ဆိုၿမိဳ႕နယ္ မွာ စစ္ေဘးဒုကၡသည္ ၄၀,၀၀၀ ေက်ာ္ရွိၿပီး လက္ရွိ လြိဳင္ေကာ္ၿမိဳ႕က ေဒသခံေတြ ၄၀,၀၀၀ ေလာက္ ထပ္မံ ခိုလႈံလာၾကလို႔ ဒီးေမာ့ဆိုနယ္မွာ စုစုေပါင္း စစ္ေဘးဒုကၡသည္ေတြ ၈၀,၀၀၀ ေက်ာ္သြားၿပီလို႔လည္း သူက ေျပာပါတယ္။

“ဒီရက္က်ေတာ့ လတ္တေလာေတာ့ တိုက္ပြဲမျဖစ္ေသးဘူး။ ရဲေဘာ္ေတြလည္း လႈပ္ရွားသြားလာမႈ ခဏေလး ရပ္ထားေပးတယ္။ စစ္ေဘးဒုကၡသည္ေတြလည္း က်ေနာ္တို႔ ဒီတိုင္း ေျပးလို႔ရင္ေတာ့ အဆင္မေျပဘူးေလ။ စစ္ေဘးဒုကၡသည္ေတြလည္း ၾကားညႇပ္ေနတယ္ေပါ့ေနာ္။ အခုလည္း စစ္ေဘးဒုကၡသည္ေတြ စစ္ေရွာင္လို႔ရေအာင္ေပါ့ေနာ္- က်ေနာ္တို႔ ခဏေလး နားထားတဲ့ သေဘာမ်ိဳးေပါ့ေနာ္။ အခုလည္း (စစ္ေရွာင္) ေသာင္းနဲ႔ခ်ီကို ရွိေနၿပီး အရင္က လြိဳင္ေကာ္မွာ စစ္မျဖစ္ခင္ က်ေနာ္တို႔ ဒီးေမာ့ဆိုဘက္ ၄၀,၀၀၀ ရွိေနတယ္။ အခုက လြိဳင္ေကာ္လည္း ထပ္ဝင္ပစ္တဲ့အခါက်ေတာ့ စစ္ေဘးေရွာင္ ၄၀,၀၀၀ ေလာက္ ထပ္ထြက္လာတယ္။ စုစုေပါင္း ၈၀,၀၀၀ ေက်ာ္ေလာက္ရွိသြားၿပီ။”

ဆီဆိုင္ၿမိဳ႕နယ္ဘက္မွာလည္း လြိဳင္ေကာ္ စစ္ေျပးဒုကၡသည္ေတြ ၂၀,၀၀၀ ေလာက္ ေရာက္ရွိေနၿပီး ဒီေန႔ ညေနအထိ စစ္ေဘးေရွာင္ကားေတြ ျပည့္လွ်ံ ဝင္လာေနတုန္းပဲလို႔ ပရဟိကူညီေပးေနသူ ခြန္ေက်ာ္ေဆြက ေျပာပါတယ္။ စစ္ေဘးေရွာင္ေတြဟာ သက္ဆိုင္ရာ ေဆြမ်ိဳးအိမ္ေတြ ေက်း႐ြာေတြမွာ ေနထိုင္ၾကသလို ဆီဆိုင္ၿမိဳ႕မွာ ယာယီစခန္း ၄ ခု ေနရာခ်ထားၿပီး ဆရာေတာ္နဲ႔ အလႉရွင္ေတြက ေစာင့္ေရွာက္ထားပါတယ္။ ေရရွည္မွာ စားဝတ္ေနေရးအတြက္ အခက္အခဲရွိလာႏိုင္တာေၾကာင့္ ကုလသမဂၢအဖြဲ႕အစည္းေတြ ကူညီေပးဖို႔ ေတာင္းဆိုခ်င္တယ္လို႔ ခြန္ေက်ာ္ေဆြက ေျပာပါတယ္။

“ေနာက္ေရရွည္ကိစၥက်ေတာ့ က်ေနာ္တို႔ ဆီဆိုင္ၿမိဳ႕နယ္က ၿမိဳ႕နယ္ေသးေသးေလးပဲ။ အမ်ားစုက လယ္စိုက္တဲ့ေတာင္သူေတြျဖစ္တဲ့အတြက္ ဆင္းရဲတဲ့ ၿမိဳ႕တဲ့အတြက္ေၾကာင့္မို႔ ဒီေလာက္ ပဏာမမ်ားတဲ့ လူဦးေရဆိုေတာ့ ေရရွည္က် က်ေနာ္တို႔ တာဝန္ယူဖို႔ေတာ့ အရမ္းခက္ခဲတယ္။ ဒီကိစၥ စစ္ေဘးေရွာင္ကိစၥ ျပႆနာနဲ႔ ပတ္သက္ရင္ေတာ့ က်ေနာ္တို႔ ေတာင္းဆိုခ်င္တာေတာ့ ႏိုင္ငံတကာအဖြဲ႕အစည္းေတြ ကုလသမဂၢအဖြဲ႕အစည္းေတြ ပူးေပါင္းပါဝင္ေဆာင္႐ြက္ႏိုင္မွဘဲ ဒီကိစၥကို က်ေနာ္တို႔ အဆင္ေျပႏိုင္မွာ ျဖစ္ပါတယ္။”

ဇန္နဝါရီလ ၈ ရက္ေန႔တုန္းကေတာ့ ဒီးေမာ့ဆိုနယ္ ေငြကုန္းယာယီစစ္ေရွာင္စခန္းနားမွာ လက္နက္ႀကီးက်ေရာက္ၿပီး လူအထိအခိုက္မရွိေပမယ့္လို႔၊ လုံၿခဳံေရးေၾကာင့္ ေနရာေျပာင္းေ႐ြ႕ ခဲ့ရတယ္လို႔ ေျပာပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ တိုက္ပြဲမွာ စစ္ဘက္အရပ္ဘက္ခြဲျခားမႈမရွိတဲ့အျပင္ အခုလို ေလေၾကာင္းက တိုက္ခိုက္တာမႈေၾကာင့္ အရပ္သားေတြကို ပိုထိခိုက္ေစတယ္လို႔ ဒီးေမာ့ဆိုျပည္သူ႔ကာကြယ္ေရးတပ္ ျပန္ၾကားေရးတာဝန္ခံက ေျပာဆိုပါတယ္။

“စစ္ေကာင္စီဘက္ကေတာ့ ဆိုးတာက ရမ္းသမ္းထုတဲ့ဟာပဲေပါ့ေနာ္။ စစ္ေျမျပင္ျဖစ္တဲ့ေနရာကို မထုဘဲနဲ႔ တခါတေလ ျပည္သူေနတဲ့ အိုးအိမ္ဘက္ ထုတာတို႔၊ ျပည္သူအိုးအိမ္မီးရႈိ႕တာတို႔ အဲ့လိုမ်ိဳး ပိုပိုၿပီးေတာ့ ဆိုးလာတယ္ေပါ့ေနာ္။ ၿပီးေတာ့ စစ္တိုက္ေလယာဥ္သုံးၿပီးေတာ့ မထင္ရင္ မထင္သလို ဗုံးႀကဲတိုက္ခိုက္တာ အဲလိုမ်ိဳးေတြ လုပ္လာတာေပါ့ေနာ္။ ပိုၿပီးေတာ့ ဆိုးလာတယ္ေပါ့ေနာ္။”

လြိဳင္ေကာ္ၿမိဳ႕ဝန္းက်င္မွာ တိုက္ပြဲေတြျဖစ္ပြားမႈရွိတယ္ဆိုတာ စစ္ေကာင္စီေျပာခြင့္ရသူက VOA ကို အတည္ျပဳ ေျပာထားေပမယ့္လို႔ ေလေၾကာင္းတိုက္ခိုက္မႈေတြနဲ႔ပတ္သက္လို႔ အေသးစိတ္ကိုေတာ့ မေျပာပါဘူး။ လြိဳင္ေကာ္ကို အခုလို ပိတ္ဆို႔တိုက္ခိုက္ေနမႈကို ရပ္တန႔္ဖို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလ လူ႔အခြင့္အေရးကိုယ္စားလွယ္က တိုက္တြန္းထားပါတယ္။


===========

[[Unicode]]

ဒီးမော့ဆိုမြို့နယ်ထဲ လွိုင်ကော်စစ်ပြေးဒုက္ခသည် ၄၀,၀၀၀ ရောက်နေ

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့အထိ လက်နက်ကြီးပစ်ခတ်မှုတွေရှိနေတာကြောင့် ဒေသခံတွေ မနေရဲဘဲ နီးစပ်ရာမြို့တွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာဆိုရင် လွိုင်ကော်ဘက်က စစ်ဘေးရှောင် လာတဲ့ ဒုက္ခသည် လေးသောင်းအထိ ထပ်တိုးလာပါတယ်။ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်မှာလည်း လွိုင်ကော်စစ်ပြေးဒုက္ခသည် နှစ်သောင်းလောက် ရောက်နေပြီလို့ ပရဟိတအကူအညီပေးသမားတွေကပြောပါတယ်။ ကယားပြည်နယ်က စစ်ပြေးဒုက္ခသည်တွေအခြေအနေ ရန်ကုန်ကသတင်းရေးသားပေးပို့တာကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

လွိုင်ကော်တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းသုံးပြီး ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် မြို့ခံတွေ ဘေးလွတ်ရာပြေးနေရပြီး လွိုင်ကော်မြို့ဟာ လုံးခြောက် ကပ်နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ ဒီနေ့ထိလည်း လွိုင်ကော်မြို့မှာ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့လည်းပြောပါတယ်။ ဆီဆိုင်ဘက်စစ်ရှောင်လာတဲ့ လွိုင်ကော်မြို့ခံကတော့ မနေထိုင်ဖို့ မလုံခြုံတာကြောင့် အခုလို တိမ်းရှောင်လာတာလို့ပြောပါတယ်။

“အဲ့ဒီမှာ နေလို့မရဘူး။ ပြီးတော့ ဒီဘက်ပြောင်းလာတာ။ လွိုင်ကော်မှာ လူမရှိတော့ဘူး။ အဲ့ဒီဘက်ရှိနေတဲ့အချိန် သူတို့ လက်နက်ကြီးနဲ့ထုတာလည်း ကြုံရတယ်။ နောက်ပြီးတော့ လေယာဉ်နဲ့ လာတိုက်တာလာကြဲတာလည်း ရှိတယ်။”

လွိုင်ကောမြို့က ဒေသခံတွေဟာ ဒီးမော့ဆိုမြို့ နယ်၊ ဆီဆိုင်မြို့နယ်နဲ့ တခြားနီးစပ်ရာ မြို့နယ်၊ ကျေးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြရတာပါ။

လွိုင်ကော် စစ်ပြေးဒုက္ခသည်တွေ တိမ်းရှောင်လို့အဆင်ပြေအောင် ဒီနေ့မှာတော့ တိုက်ပွဲခဏရပ်ထားတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ တိုက်ပွဲကြောင့် အရင်က ဒီးမော့ဆိုမြို့နယ် မှာ စစ်ဘေးဒုက္ခသည် ၄၀,၀၀၀ ကျော်ရှိပြီး လက်ရှိ လွိုင်ကော်မြို့က ဒေသခံတွေ ၄၀,၀၀၀ လောက် ထပ်မံ ခိုလှုံလာကြလို့ ဒီးမော့ဆိုနယ်မှာ စုစုပေါင်း စစ်ဘေးဒုက္ခသည်တွေ ၈၀,၀၀၀ ကျော်သွားပြီလို့လည်း သူက ပြောပါတယ်။

“ဒီရက်ကျတော့ လတ်တလောတော့ တိုက်ပွဲမဖြစ်သေးဘူး။ ရဲဘော်တွေလည်း လှုပ်ရှားသွားလာမှု ခဏလေး ရပ်ထားပေးတယ်။ စစ်ဘေးဒုက္ခသည်တွေလည်း ကျနော်တို့ ဒီတိုင်း ပြေးလို့ရင်တော့ အဆင်မပြေဘူးလေ။ စစ်ဘေးဒုက္ခသည်တွေလည်း ကြားညှပ်နေတယ်ပေါ့နော်။ အခုလည်း စစ်ဘေးဒုက္ခသည်တွေ စစ်ရှောင်လို့ရအောင်ပေါ့နော်- ကျနော်တို့ ခဏလေး နားထားတဲ့ သဘောမျိုးပေါ့နော်။ အခုလည်း (စစ်ရှောင်) သောင်းနဲ့ချီကို ရှိနေပြီး အရင်က လွိုင်ကော်မှာ စစ်မဖြစ်ခင် ကျနော်တို့ ဒီးမော့ဆိုဘက် ၄၀,၀၀၀ ရှိနေတယ်။ အခုက လွိုင်ကော်လည်း ထပ်ဝင်ပစ်တဲ့အခါကျတော့ စစ်ဘေးရှောင် ၄၀,၀၀၀ လောက် ထပ်ထွက်လာတယ်။ စုစုပေါင်း ၈၀,၀၀၀ ကျော်လောက်ရှိသွားပြီ။”

ဆီဆိုင်မြို့နယ်ဘက်မှာလည်း လွိုင်ကော် စစ်ပြေးဒုက္ခသည်တွေ ၂၀,၀၀၀ လောက် ရောက်ရှိနေပြီး ဒီနေ့ ညနေအထိ စစ်ဘေးရှောင်ကားတွေ ပြည့်လျှံ ဝင်လာနေတုန်းပဲလို့ ပရဟိကူညီပေးနေသူ ခွန်ကျော်ဆွေက ပြောပါတယ်။ စစ်ဘေးရှောင်တွေဟာ သက်ဆိုင်ရာ ဆွေမျိုးအိမ်တွေ ကျေးရွာတွေမှာ နေထိုင်ကြသလို ဆီဆိုင်မြို့မှာ ယာယီစခန်း ၄ ခု နေရာချထားပြီး ဆရာတော်နဲ့ အလှူရှင်တွေက စောင့်ရှောက်ထားပါတယ်။ ရေရှည်မှာ စားဝတ်နေရေးအတွက် အခက်အခဲရှိလာနိုင်တာကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းတွေ ကူညီပေးဖို့ တောင်းဆိုချင်တယ်လို့ ခွန်ကျော်ဆွေက ပြောပါတယ်။

“နောက်ရေရှည်ကိစ္စကျတော့ ကျနော်တို့ ဆီဆိုင်မြို့နယ်က မြို့နယ်သေးသေးလေးပဲ။ အများစုက လယ်စိုက်တဲ့တောင်သူတွေဖြစ်တဲ့အတွက် ဆင်းရဲတဲ့ မြို့တဲ့အတွက်ကြောင့်မို့ ဒီလောက် ပဏာမများတဲ့ လူဦးရေဆိုတော့ ရေရှည်ကျ ကျနော်တို့ တာဝန်ယူဖို့တော့ အရမ်းခက်ခဲတယ်။ ဒီကိစ္စ စစ်ဘေးရှောင်ကိစ္စ ပြဿနာနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ တောင်းဆိုချင်တာတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှဘဲ ဒီကိစ္စကို ကျနော်တို့ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။”

ဇန်နဝါရီလ ၈ ရက်နေ့တုန်းကတော့ ဒီးမော့ဆိုနယ် ငွေကုန်းယာယီစစ်ရှောင်စခန်းနားမှာ လက်နက်ကြီးကျရောက်ပြီး လူအထိအခိုက်မရှိပေမယ့်လို့၊ လုံခြုံရေးကြောင့် နေရာပြောင်းရွေ့ ခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲမှာ စစ်ဘက်အရပ်ဘက်ခွဲခြားမှုမရှိတဲ့အပြင် အခုလို လေကြောင်းက တိုက်ခိုက်တာမှုကြောင့် အရပ်သားတွေကို ပိုထိခိုက်စေတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောဆိုပါတယ်။

“စစ်ကောင်စီဘက်ကတော့ ဆိုးတာက ရမ်းသမ်းထုတဲ့ဟာပဲပေါ့နော်။ စစ်မြေပြင်ဖြစ်တဲ့နေရာကို မထုဘဲနဲ့ တခါတလေ ပြည်သူနေတဲ့ အိုးအိမ်ဘက် ထုတာတို့၊ ပြည်သူအိုးအိမ်မီးရှို့တာတို့ အဲ့လိုမျိုး ပိုပိုပြီးတော့ ဆိုးလာတယ်ပေါ့နော်။ ပြီးတော့ စစ်တိုက်လေယာဉ်သုံးပြီးတော့ မထင်ရင် မထင်သလို ဗုံးကြဲတိုက်ခိုက်တာ အဲလိုမျိုးတွေ လုပ်လာတာပေါ့နော်။ ပိုပြီးတော့ ဆိုးလာတယ်ပေါ့နော်။”

လွိုင်ကော်မြို့ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားမှုရှိတယ်ဆိုတာ စစ်ကောင်စီပြောခွင့်ရသူက VOA ကို အတည်ပြု ပြောထားပေမယ့်လို့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အသေးစိတ်ကိုတော့ မပြောပါဘူး။ လွိုင်ကော်ကို အခုလို ပိတ်ဆို့တိုက်ခိုက်နေမှုကို ရပ်တန့်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်က တိုက်တွန်းထားပါတယ်။

#MyanmarViolence #KayahFighting #VOABurmese #ဒီးမော့ဆို #လွိုင်ကော် #လေကြောင်းတိုက်ခိုက် #စစ်ဘေးဒုက္ခသည် #၈၀၀၀၀ကျော် #ဆီဆိုင် #အရေးပေါ်အကူအညီလို #ဗွီအိုအေ

===========

XS
SM
MD
LG