(Zawgyi/Unicode)
...........................
(Unicode)
ကယားပြည်နယ်အခြေအနေ တကယ်ပဲ ပုံမှန်ပြန်ဖြစ်နေပြီလား
ကယားပြည်နယ်အခြေအနေဟာ အခုချိန်ထိ ပုံမှန်အတိုင်း သွားလာလုပ်ကိုင်နိုင်တဲ့ အခြေအနေ မရောက်သေးဘူးလို့ ကယားပြည်နယ်ဘက်မှာ စစ်ဘေးဒုက္ခသည်တွေအတွက် ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ ကူညီလုပ်ဆောင်နေသူ ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတဦးဖြစ်တဲ့ မအိမ့်သက်မှူးကျော်က ဗွီအိုအေကိုပြောပါတယ်။
စစ်ဘေးဒဏ်ကိုခံစားနေရတဲ့ စစ်ဘေးရှောင်ကလေးငယ်တွေ ပညာရေး နောက်မကျစေချင်တာရယ်၊ စစ်ဘေးသင့် ဒေသခံလူထုအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးချင်တာရယ်ကြောင့် ကယားပြည်နယ်ဘက်မှာ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေကို ကူညီလုပ်ဆောင်ပေးနေတာဖြစ်တယ်လို့လည်း ဆေးတက္ကသိုလ် (၁) မှာ ဒုတိယနှစ် စာမေးပွဲဖြေထားတဲ့အချိန် စစ်အာဏာသိမ်းမှုနဲ့ကြုံရပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုထဲမှာ ပါလာခဲ့သူ မအိမ့်သက်မှူးကျော်က ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။