သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကယားတိုက္ပြဲ ေလေၾကာင္းဗုံးႀကဲမႈေၾကာင့္ ဒုကၡသည္ေတြထိခိုက္ေသဆုံး


ကယားျပည္နယ္က စစ္ေဘးပုန္းေရွာင္ေနရသူမ်ား (ဓာတ္ပံု - Reuters) ( May 26, 2021)

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ ေဒါဥခူရပ္ကြက္မွာ ဒီေန႔ မနက္အေစာပိုင္းမွာ တိုက္ပြဲထပ္မံျဖစ္ပြားေနပါတယ္။ ကယားျပည္နယ္တြင္း တိုက္ပြဲေတြမွာ စစ္ေကာင္စီက ေလယာဥ္နဲ႔ပါ ဗုံးႀကဲတိုက္ခိုက္ေနတာေၾကာင့္ စစ္ေျပးဒုကၡသည္ေတြဟာ စစ္ေရွာင္စခန္းေတြမွာပါ မေနရဲပဲ၊ ေတာေတာင္ထဲက လႈိင္ဂူေတြမွာ ခိုေအာင္းေနၾကရပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ဖ႐ူဆိုၿမိဳနယ္တြင္း ယာယီစစ္ေရွာင္စခန္းတခုမွာ စစ္ေကာင္စီတပ္က ဗုံးႀကဲလို႔ လူေသဆုံးထိခိုက္မႈရွိပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေရးသားေပးပို႔တဲ့သတင္းကို အလိမၼာေျပာျပပါမယ္။

ဇန္နဝါရီ ၁၉ ရက္ ဒီေန႔ မနက္အေစာပိုင္းက လြိဳင္ေကာ္ၿမိဳ႕ေပၚ ေဒါဥခူရပ္ကြက္ အေထြေထြအုပ္ခ်ဳပ္ေရး စုေပါင္းခ႐ိုင္႐ုံးမွာ ရွိေနတဲ့ စစ္ေကာင္စီတပ္ေတြကို ကရင္နီ ဒီမိုကရက္တစ္တပ္ဦး(KDF)၊ GZ-21(Loikaw)၊ JPDF၊ ၿမိဳ႕ျပေပ်ာက္က်ား ပူးေပါင္းအဖြဲ႕ေတြ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔ ကရင္နီဒီမိုကရက္တစ္တပ္ဦး(KDF) ျပန္ၾကားေရးတာဝန္ခံ ကိုလင္းလင္းက ဗြီအိုေအကို ေျပာပါတယ္။

“ ေဒါဥခူမွာက တိုက္ပြဲေတာ္ေတာ္ေလး ျပင္းထန္ခဲ့တယ္။ က်ေနာ္တို႔ ၿမိဳ႕ျပေပ်ာက္က်ား ဆိုေပမယ့္ေလး တိုက္ပြဲၾကာခ်ိန္က ၁နာရီေလာက္ၾကာခဲ့ေတာ့ သူတို႔ဘက္ကေနၿပီးေတာ့ လက္နက္ႀကီးေတြ အဆမတန္ တအားႀကီးနဲ႔ ပစ္လာလို႔ က်ေနာ္တို႔ ျပန္ဆုတ္တဲ့ ခ်ိန္မွာ ျပည္သူလူထုရဲ႕ လူေနအိမ္ တစ္လုံးကို လက္နက္ႀကီးက်လို႔ ပ်က္စီးဆုံးရႈံးမႈတခုေတာ့ ရွိတယ္ဗ်။ လူထုေတာ့ ထိခိုက္မႈမရွိဘူးဗ်။ တျခားေနရာေတြမွာ က်ေနာ္တို႔ ဒီဘက္မွာ ႐ြာတန္းရွည္မွာျဖစ္တယ္။ ပန္းကန္မွာျဖစ္တယ္။ မိုင္းလုံတစ္ေလွ်ာက္မွာေတာ့ လက္နက္ႀကီး လက္နက္ငယ္အသံေတြကေတာ့ ဆက္တိုက္ ဆိုသလို ေန႔တိုင္းဆိုသလို ၾကားေနရတယ္ဗ်။ ဟုတ္။ မနက္အေစာပိုင္း ကတည္းကေနေပါ့ေနာ္။”

တိုက္ပြဲအတြင္းမွာ စစ္ေကာင္စီတပ္ဖြဲ႕ေတြ ၁၅ ဦးေသဆုံး အမ်ားအျပာထိခိုက္ဒဏ္ရာခဲ့တယ္လို႔ ေျပာဆိုေပမယ့္ ဗြီအိုေအက အတည္ျပဳလို႔မရေသးပါဘူး။ လြိဳင္ေကာ္ၿမိဳ႕ေပၚ ရပ္ကြက္ျဖစ္တဲ့ မိုင္းလုံးရပ္ကြက္ ႐ြာတန္ရွည္ရပ္ကြက္ ပန္းကန္ရပ္ကြက္ေတြမွာလည္း ေန႔တိုင္းလိုလို တိုက္ပြဲျဖစ္ေနတယ္လို႔ သိရပါတယ္။ တိုက္ပြဲေတြအတြင္းမွာ စစ္ေကာင္စီက ေလယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္တာေၾကာင့္ လြိဳင္ေကာ္ ေဒသခံေတြ တၿမိဳ႕လုံးနီးပါး ၿမိဳ႕ကို စြန႔္ခြာ ထြက္ေျပးေနၾကရတာပါ။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၇ ရက္ေန႔မွာလည္း ဖ႐ူဆိုၿမိဳ႕နယ္ ရီခီးဘူးေက်း႐ြာက ယာယီစစ္ေရွာင္စခန္းႏွစ္ခုကို စစ္ေလယာဥ္နဲ႔ ဗုံးႀကဲလို႔ ကေလးသူငယ္ ၂ဦးအပါအဝင္ ၃ဦး ေသဆုံးခဲ့ရတယ္လို႔ ဖ႐ူဆိုၿမိဳ႕နယ္အေနာက္ျခမ္း စစ္ေဘးေရွာင္ကူညီေစာင့္ေရွာက္ေရး ေကာ္မတီက ဆိုပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္တုန္းကေတာ့ လြိဳင္ေကာ္ၿမိဳ႕စြန္ရပ္ကြက္တခုမွာ စုေဝးေနၾကတဲ့ လက္နက္ကိုင္အဖြဲ႕ေတြကို ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာခဲ့ေပမယ့္၊ အျခားေဒသတိုက္ပြဲေတြနဲ႔ပတ္သက္လို႔ ေလေၾကာင္းသုံးမသုံးကိုေတာ့ အတိအက် မေျပာသြားပါဘူး။

ေလေၾကာင္းသုံး ဗုံးႀကဲတိုက္ခိုက္မႈေတြေၾကာင့္ စစ္ေဘးဒုကၡသည္ေတြဟာ ေက်ာက္လႈိင္ဂူေတြထဲ ခိုေအာင္းေနၾကရတယ္လို႔လည္း ေျပာပါတယ္။

“အဓိကေတာ့ သူတို႔ေၾကာက္တာ ေလေၾကာင္းအႏၲရာယ္ေပါ့ေနာ္။ ေလယာဥ္နဲ႔ ဗုံးလာႀကဲမွာကို သူတို႔ေၾကာက္ၿပီးေတာ့မွ ဂူထဲမွာဘဲ သြားေနတယ္။ အဓိကေတာ့ ညပိုင္းေပါ့ေနာ္။ ညပိုင္းလုံလုံၿခဳံၿခဳံ ေနရဖို႔ကို ဂူထဲမွာဘဲ သြားအိပ္ၾကတာမ်ားတယ္။ ေန႔ကေတာ့ အျပင္ထြက္သြားလာေတြ ဘာေတြေတာ့ ရွိတယ္။ ဒါေပမယ့္ တကယ့္ညဘက္ကက်ေတာ့ သူတို႔အႏၲရာယ္ကင္းမယ္ထင္တဲ့ ဂူထဲမွာဘဲ သူတို႔ဝင္ၿပီးေတာ့မွ အိပ္တာမ်ိဳးေတာ့ ရွိပါတယ္ခင္ဗ်။ သူတို႔အတြက္ ေစာင္းတို႔ စားနပ္ရိကၡာတို႔ေတာ့ အခက္အခဲနည္းနည္းပါးပါးရွိပါတယ္။ camp မွာ ေနတုန္းက အေျခအေနကတမ်ိဳး သူတို႔အခု တကယ္အျပင္မွာ ျဖစ္သလိုေနရတဲ့ ပုံစံမ်ိဳးခါက်ေတာ့ သူတို႔ အခက္အခဲေတာ့ အမ်ားႀကီးရွိမွာဘဲ။”

ေလယာဥ္နဲ႔ ဗုံးႀကဲခံရလို႔ ရီခီးဘူးယာယီစခန္းမွာ မေနရဲဘဲ ေတာေတာင္ဘက္ ေျပာင္းေ႐ြ႕လာရတယ္လို႔ စစ္ေဘးေရွာင္တဦးက ေျပာပါတယ္။ အခုဆိုရင္ လနဲ႔ခ်ီ စစ္ေဘးေရွာင္ေနရၿပီး တေနရာၿပီး တေနရာ ေျပာင္းေ႐ြ႕ပုန္းခိုေနလိုရတာလို႔ ဆိုပါတယ္။

“ျဖစ္သြားတဲ့ေနရာမွာ က်မတို႔ မေနရဲေတာ့လို႔ ေတာထဲမွာ သြားခိုေနရတယ္။ အခုက ေတာထဲေရာက္ေနတယ္။ ေမြးစကေလးငယ္ေတြ ရွိေတာ့ ေသြးလန႔္ၿပီး ျဖစ္မွာစိုးလို႔ အဲ့ဒီဟာနဲ႔ဘဲ ထြက္ေျပးတာ အခုက တေနရာၿပီး တေနရာ ပုန္းခိုေနရတာ အခုက ကေလးကလည္း ၅လ ၆လေလာက္ေရာက္ေနၿပီး။ အဆင္ေျပတဲ့လူက တျခားေနရာေရာက္ က်မတို႔ေနတဲ့ေနရာက တကယ္အဆင္မေျပတဲ့ ေနရာမွာ ေရာက္ေနေတာ့ တအားခက္ခဲတယ္ အစားအေသာက္ကေတာ့။ အဆင္ေျပတယ္ေျပာတဲ့လူက တစ္လေလာက္ဘဲ ခံႏိုင္မွာ အလႉရွင္မရွိရင္ေတာ့ ငတ္ျပတ္ႏိုင္ တယ္ေပါ့ေနာ္။ ဒီ က်မတို႔ ေနတဲ့ေနရာက အခုမွ်ေဝမွ်စား အဲ့လိုဘဲ စားေနၾကတာေလး။”

ဒီေမာ့ဆိုၿမိဳ႕နယ္ အေနာက္ဖက္ျခမ္း နန္းမယ္ခုံၿမိဳ႕က စစ္ေရွာင္စခန္းကို ဇန္နဝါရီလ ၁၆ရက္၊ ဖ႐ူဆိုၿမိဳ႕နယ္အေနာက္ဖက္ ရီခီးဘူးေက်း႐ြာက စစ္ေရွာင္စခန္းကို ဇန္နဝါရီလ ၁၇ရက္ေန႔ေတြက စစ္ေကာင္စီက တိုက္ေလယာဥ္နဲ႔ဗုံးႀကဲတိုက္ခိုက္ခဲ့တယ္လို႔ ကရင္နီျပည္နယ္အတိုင္ပင္ခံေကာင္စီက ထုတ္ျပန္ထားပါတယ္။ တိုက္ခိုက္မႈေၾကာင့္ အျပစ္မဲ့ ပရဟိတေဆးဝန္ထမ္း ၃ဦးနဲ႔ စစ္ေရွာင္ျပည္သူ ေလးဦး ဗုံးဆံေၾကာင့္ အသက္ဆုံးရႈံးခဲ့ရတယ္လို႔ေဖာ္ျပပါတယ္။ စစ္ေရွာင္ေလးဦးထဲမွာ အသက္မျပည့္ေသးတဲ့ကေလးငယ္ႏွစ္ဦးလည္း ပါဝင္တယ္လို႔သိရပါတယ္။

....................................................................

တိုက္႐ိုက္ လင့္ခ္


ကယားတိုက်ပွဲ လေကြောင်းဗုံးကြဲမှုကြောင့် ဒုက္ခသည်တွေထိခိုက်သေဆုံး

(Unicode)

ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာ ဒီနေ့ မနက်အစောပိုင်းမှာ တိုက်ပွဲထပ်မံဖြစ်ပွားနေပါတယ်။ ကယားပြည်နယ်တွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီက လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် စစ်ပြေးဒုက္ခသည်တွေဟာ စစ်ရှောင်စခန်းတွေမှာပါ မနေရဲပဲ၊ တောတောင်ထဲက လှိုင်ဂူတွေမှာ ခိုအောင်းနေကြရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖရူဆိုမြိုနယ်တွင်း ယာယီစစ်ရှောင်စခန်းတခုမှာ စစ်ကောင်စီတပ်က ဗုံးကြဲလို့ လူသေဆုံးထိခိုက်မှုရှိပါတယ်။ ဒီအကြောင်း ရန်ကုန်က ရေးသားပေးပို့တဲ့သတင်းကို အလိမ္မာပြောပြပါမယ်။

ဇန်နဝါရီ ၁၉ ရက် ဒီနေ့ မနက်အစောပိုင်းက လွိုင်ကော်မြို့ပေါ် ဒေါဥခူရပ်ကွက် အထွေထွေအုပ်ချုပ်ရေး စုပေါင်းခရိုင်ရုံးမှာ ရှိနေတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီ ဒီမိုကရက်တစ်တပ်ဦး(KDF)၊ GZ-21(Loikaw)၊ JPDF၊ မြို့ပြပျောက်ကျား ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF) ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ဗွီအိုအေကို ပြောပါတယ်။

“ ဒေါဥခူမှာက တိုက်ပွဲတော်တော်လေး ပြင်းထန်ခဲ့တယ်။ ကျနော်တို့ မြို့ပြပျောက်ကျား ဆိုပေမယ့်လေး တိုက်ပွဲကြာချိန်က ၁နာရီလောက်ကြာခဲ့တော့ သူတို့ဘက်ကနေပြီးတော့ လက်နက်ကြီးတွေ အဆမတန် တအားကြီးနဲ့ ပစ်လာလို့ ကျနော်တို့ ပြန်ဆုတ်တဲ့ ချိန်မှာ ပြည်သူလူထုရဲ့ လူနေအိမ် တစ်လုံးကို လက်နက်ကြီးကျလို့ ပျက်စီးဆုံးရှုံးမှုတခုတော့ ရှိတယ်ဗျ။ လူထုတော့ ထိခိုက်မှုမရှိဘူးဗျ။ တခြားနေရာတွေမှာ ကျနော်တို့ ဒီဘက်မှာ ရွာတန်းရှည်မှာဖြစ်တယ်။ ပန်းကန်မှာဖြစ်တယ်။ မိုင်းလုံတစ်လျှောက်မှာတော့ လက်နက်ကြီး လက်နက်ငယ်အသံတွေကတော့ ဆက်တိုက် ဆိုသလို နေ့တိုင်းဆိုသလို ကြားနေရတယ်ဗျ။ ဟုတ်။ မနက်အစောပိုင်း ကတည်းကနေပေါ့နော်။”

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ၁၅ ဦးသေဆုံး အများအပြာထိခိုက်ဒဏ်ရာခဲ့တယ်လို့ ပြောဆိုပေမယ့် ဗွီအိုအေက အတည်ပြုလို့မရသေးပါဘူး။ လွိုင်ကော်မြို့ပေါ် ရပ်ကွက်ဖြစ်တဲ့ မိုင်းလုံးရပ်ကွက် ရွာတန်ရှည်ရပ်ကွက် ပန်းကန်ရပ်ကွက်တွေမှာလည်း နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လွိုင်ကော် ဒေသခံတွေ တမြို့လုံးနီးပါး မြို့ကို စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာလည်း ဖရူဆိုမြို့နယ် ရီခီးဘူးကျေးရွာက ယာယီစစ်ရှောင်စခန်းနှစ်ခုကို စစ်လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးသူငယ် ၂ဦးအပါအဝင် ၃ဦး သေဆုံးခဲ့ရတယ်လို့ ဖရူဆိုမြို့နယ်အနောက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကော်မတီက ဆိုပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းကတော့ လွိုင်ကော်မြို့စွန်ရပ်ကွက်တခုမှာ စုဝေးနေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပေမယ့်၊ အခြားဒေသတိုက်ပွဲတွေနဲ့ပတ်သက်လို့ လေကြောင်းသုံးမသုံးကိုတော့ အတိအကျ မပြောသွားပါဘူး။

လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ ကျောက်လှိုင်ဂူတွေထဲ ခိုအောင်းနေကြရတယ်လို့လည်း ပြောပါတယ်။

“အဓိကတော့ သူတို့ကြောက်တာ လေကြောင်းအန္တရာယ်ပေါ့နော်။ လေယာဉ်နဲ့ ဗုံးလာကြဲမှာကို သူတို့ကြောက်ပြီးတော့မှ ဂူထဲမှာဘဲ သွားနေတယ်။ အဓိကတော့ ညပိုင်းပေါ့နော်။ ညပိုင်းလုံလုံခြုံခြုံ နေရဖို့ကို ဂူထဲမှာဘဲ သွားအိပ်ကြတာများတယ်။ နေ့ကတော့ အပြင်ထွက်သွားလာတွေ ဘာတွေတော့ ရှိတယ်။ ဒါပေမယ့် တကယ့်ညဘက်ကကျတော့ သူတို့အန္တရာယ်ကင်းမယ်ထင်တဲ့ ဂူထဲမှာဘဲ သူတို့ဝင်ပြီးတော့မှ အိပ်တာမျိုးတော့ ရှိပါတယ်ခင်ဗျ။ သူတို့အတွက် စောင်းတို့ စားနပ်ရိက္ခာတို့တော့ အခက်အခဲနည်းနည်းပါးပါးရှိပါတယ်။ camp မှာ နေတုန်းက အခြေအနေကတမျိုး သူတို့အခု တကယ်အပြင်မှာ ဖြစ်သလိုနေရတဲ့ ပုံစံမျိုးခါကျတော့ သူတို့ အခက်အခဲတော့ အများကြီးရှိမှာဘဲ။”

လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ရီခီးဘူးယာယီစခန်းမှာ မနေရဲဘဲ တောတောင်ဘက် ပြောင်းရွေ့လာရတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။ အခုဆိုရင် လနဲ့ချီ စစ်ဘေးရှောင်နေရပြီး တနေရာပြီး တနေရာ ပြောင်းရွေ့ပုန်းခိုနေလိုရတာလို့ ဆိုပါတယ်။

“ဖြစ်သွားတဲ့နေရာမှာ ကျမတို့ မနေရဲတော့လို့ တောထဲမှာ သွားခိုနေရတယ်။ အခုက တောထဲရောက်နေတယ်။ မွေးစကလေးငယ်တွေ ရှိတော့ သွေးလန့်ပြီး ဖြစ်မှာစိုးလို့ အဲ့ဒီဟာနဲ့ဘဲ ထွက်ပြေးတာ အခုက တနေရာပြီး တနေရာ ပုန်းခိုနေရတာ အခုက ကလေးကလည်း ၅လ ၆လလောက်ရောက်နေပြီး။ အဆင်ပြေတဲ့လူက တခြားနေရာရောက် ကျမတို့နေတဲ့နေရာက တကယ်အဆင်မပြေတဲ့ နေရာမှာ ရောက်နေတော့ တအားခက်ခဲတယ် အစားအသောက်ကတော့။ အဆင်ပြေတယ်ပြောတဲ့လူက တစ်လလောက်ဘဲ ခံနိုင်မှာ အလှူရှင်မရှိရင်တော့ ငတ်ပြတ်နိုင် တယ်ပေါ့နော်။ ဒီ ကျမတို့ နေတဲ့နေရာက အခုမျှဝေမျှစား အဲ့လိုဘဲ စားနေကြတာလေး။”

ဒီမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း နန်းမယ်ခုံမြို့က စစ်ရှောင်စခန်းကို ဇန်နဝါရီလ ၁၆ရက်၊ ဖရူဆိုမြို့နယ်အနောက်ဖက် ရီခီးဘူးကျေးရွာက စစ်ရှောင်စခန်းကို ဇန်နဝါရီလ ၁၇ရက်နေ့တွေက စစ်ကောင်စီက တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပရဟိတဆေးဝန်ထမ်း ၃ဦးနဲ့ စစ်ရှောင်ပြည်သူ လေးဦး ဗုံးဆံကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြပါတယ်။ စစ်ရှောင်လေးဦးထဲမှာ အသက်မပြည့်သေးတဲ့ကလေးငယ်နှစ်ဦးလည်း ပါဝင်တယ်လို့သိရပါတယ်။

XS
SM
MD
LG