သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယားပြည်နယ်လွိုင်ကော်မြို့ ပစ်ခတ်တိုက်ခိုက်မှုများရှိနေဆဲ


KPDF troops in training
KPDF troops in training

[[Zawgyi/Unicode]]

ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့မှာ ဇန်နဝါရီလ ၁၀ ရက်မှာ ပစ်ခတ်သံတွေကြားနေရတယ်လို့မြို့ပြင်ဘက်မှာ ခိုလှုံနေသူတွေက ပြောပါတယ်။ မနေ့ကတော့ လွိုင်ကော်မြို့ပေါ် စစ်တပ်ဘက်က လေကြောင်းကနေပါ တိုက်ခိုက်ခဲ့ပါတယ်။ စနေနေ့ထဲက ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံအမြောက်အများ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ ကယားပြည်နယ်ဘက်က တိုက်ပွဲအခြေအနေအကြောင်း ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ကယားပြည်နယ်မြို့တော် လွိုင်ကော်မှာစစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တနင်္ဂနွေနေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ဒီနေ့မှာလည်း ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က စစ်ကောင်စီတပ်တွေဘက်က လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တဲ့အတွက် တမြို့လုံးနီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ဒီနေ့တော့ မြို့ခံတွေ ဘေးလွတ်ရာ ခိုလှုံနေတဲ့ မြို့အစွန်ရပ်ကွက်နေရာတွေကအထိ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကြားရတာကို မြို့ခံတယောက်က ခုလိုပြောပါတယ်။

“ကြားတယ်။ နည်းနည်းတော့ ဝေးတာပေါ့နော်။ ဝေးလို့လည်း နည်းနည်းလုံခြုံတာပေါ့။ ဒါကြောင့်မလို့ စစ်ဘေးရှောင်တွေကလည်း လာခိုတာပေါ့နော်။ နောက်ပိုင်းတော့ မပြော တတ်ဘူး။ဒီနေ့အထိက အဲဒီ ၃ ရပ်ကွက်ကတော့ တော်တေ်ာဆွဲတာပေါ့နော်။ အစွန်ရပ်ကွက်တွေပေါ့။ ကလေးတွေ၊ လူအိုတွေ၊ လက်နက်ကြီးသံ မကြားနိုင်တဲ့ဟာတွေလည်း ဗမာပြည်ဆင်းသွားကြတယ်။”

မနေ့ကလည်း ညပိုင်းရောက်တဲ့အထိ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွိုင်ကော်မှာ စနေနေ့ကတည်းက၂ နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကဗီအိုအေကို တနင်္ဂနွေနေ့က ခုလိုပြောထားပါတယ်။

“မနေ့ကတော့ လွိုင်ကော်ဘက်မှာ ဖြစ်ခဲ့တာရှိတယ်။ ၂ နေရာ ဖြစ်ခဲ့တာရှိတယ်။ လွိုင်ကော် ငွေတောင်ဘက်မှာ။ နောက် စံပြ ခြောက်မိုင်ရွာဘက်မှာတခု ဖြစ်ခဲ့တာရှိတယ်။ နောက်ပြီးတော့ ပံကန်းကျေးရွာအနောက်ဘက် မီတာ ၅၀၀ လောက်မှာ ထိတွေ့မှုဖြစ်တာ ရှိတယ်။ ဒါပါပဲ။”

အခုလို စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေပြင်းထန်ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ စစ်တပ်ဘက်က လုပ်နေတဲ့အတွက် လွိုင်ကော်ဒေသခံအများအပြား ရှမ်းပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတယောက်က ပြောပြပါတယ်။

“ကျနော်က အနီးအနားမှာမရှိတဲ့အခါကျတော့ အကုန်လုံးတော့ မသိဘူးပေါ့နော်။ ဒါပေမယ့် ပြည်သူလူထု တော်တော်များများတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြတယ်ပေါ့နော်။ အများဆုံးကတော့ ရှမ်းပြည်ဘက်ကို ပြေးကြတယ်လေ။ အဲဒီမှာလည်း မြို့တွင်း တိုက်ပွဲဖြစ်တာတွေရှိတယ်လို့ သိရတယ်။ နောက်လေယာဉ်တွေနဲ့ ပစ်ခတ် တာတွေအထိ ဖြစ်လာတဲ့အခါကျတော့ ပြည်သူလူထုအနေနဲ့စိုးရိမ်ကြတာပေါ့နော်။ ကြောက်လန့်ပြီးတော့ ဘေးလွတ်ရာကို ပြေးကြတယ်။ အများစုကတော့ ရှမ်းပြည်ဘက်ကို ပြေးလာကြတယ်လို့ သိရပါတယ်။”

ကယားပြည်နယ်ထဲက တခြားမြို့နယ်တွေမှာလည်း တိုက်ပွဲတွေရှိနေတဲ့အတွက် ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေကြသူတွေ အများအပြားရှိနေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ထွက်ပြေးလာကြတာရှိသလို ဒီကနေ့ အထိလည်း ထွက်ပြေးလာသူတွေရှိတယ်လို့ လွိုင်ကော်မြို့ အနီးအနားမှာ ခိုလှုံနေကြသူတွေကို အကူအညီပေးနေသူ ပြောပါတယ်။

“အခု ၄၀၀ ကျော်ကျော်လောက်ရှိပြီပေါ့နော်။ ရောက်နေတာတော့ လေးငါးရက်ရှိပါပြီ အခုထပ်ရောက်တာတွေလည်း အနည်းအကျဉ်းရှိသေးတယ်။ အခက်အခဲကတော့ လူက ဖြစ်သလိုတော့ ထားရတာပေါ့နော်၊ လူကများတာကို ဒီလိုပဲပေါ့ဘ အဆင်ပြေသလိုပဲ တစ်ချို့ကလည်းပါတယ်၊ တချို့ကလည်း စောင်မပါ ဘာမပါဆိုတော့ မပါတဲ့သူတွေကို အလှူရှင်တွေက ဝယ်ပေးရတာပေါ့။ အလှူခံလို့ရတာလေးနဲ့ ဖြစ်သလို ချက်ကျွေး ရတာပေါ့။ ထွက်ပြေးလာသူတွေကတော့ လွိုင်ကော်မြို့ပေါ်က မိုင်းလုံးရပ်ကွက်က များပါတယ်ခင်ဗျာ။”

စစ်တပ်က အာဏာသိမ်းပြီး နော်ကပိုင်း ကယားပြည်နယ်အတွင်းက မြို့နယ်တွေမှာ မကြာခဏဆိုသလို စစ်ကောင်စီနဲ့ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ် ပွားနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ကယားပြည်နယ် အတွင်းက လွိုင်ကော်မြို့နယ်အပါအဝင် ဒီးမော့ဆို့ မြို့နယ်အတွင်းမှာလည်း မကြာဆဏဆိုသလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

ဒီးမော့ဆို့မြို့နယ်အတွင်းက နန်းမယ်ခုံကျေးရွာဘက်မှာလည်း တနင်္ဂနွေညနေ တနာရီလောက်ကလက်နက်ကြီး ပစ်ခတ်ခံတွေကြောင့် သက်ကြီးရွယ်အို ၂ ဦး နှလုံးမခိုင် လို့ သေဆုံးသွားတယ်လို့ ဒီးမော့ဆို့ဒေသခံတဦးက ပြောပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့အပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ ဘေးလွတ်ရာ ထွက်သွားလိုတဲ့ ဒေသခံတွေကို ပိတ်ပင်ကန့်သတ်ထားတာတွေမလုပ်ဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်Tom Andrews က ဒီနေ့တောင်းဆိုလိုက်ပါတယ်။

============

[[Unicode]]














============

XS
SM
MD
LG