သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္တပ္နဲ႔လက္ကိုင္အဖဲြ႕အစည္းအားလံုး အရပ္သားေတြကို အကာအကြယ္ေပးဖို႔ OCHA တိုက္တြန္း


မၾကာေသးခင္က ဓါတ္ပုံ KNDF via AP)

စစ္တပ္နဲ႔လက္ကိုင္အဖဲြ႕အစည္းအားလံုး အရပ္သားေတြကို အကာအကြယ္ေပးဖို႔ OCHA တိုက္တြန္း

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံ ကယားနဲ႔ ကရင္ျပည္နယ္ေတြမွာျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြ၊ ေဒသခံကာကြယ္ေရးတပ္ေတြၾကား တိုက္ခိုက္မႈေတြဟာ ၂၀၂၁ ဒီဇင္ဘာကစၿပီး သိပ္ျပင္းထန္လာေနတဲ့အတြက္ လူသားခ်င္းစာနာမႈဆိုင္ရာနဲ႔ လံုျခံဳေရးဆိုင္ရာ အေျခေနေတြအေတာ္ဆိုးေနတယ္လို႔ ကုလသမဂၢလူသားခ်င္းစာနာမႈရံုး OCHA က ၾကာသပေတးေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

အေရးေပၚ ကယ္ဆယ္ကူညီေရးဆိ္ုင္ရာ တာဝန္ခံ Martin Griffiths ကေတာ့ ဒီဇင္ဘာလထဲ ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္ထဲ အမ်ိဳးသမီးေတြ ကေလးငယ္ေတြနဲ႔ လူသားခ်င္းစာနာမႈကူညီသူ ၂ ဦး အပါအဝင္ အရပ္သား ၃၅ ဦး မီးရႈိ႕အသတ္ခံရမႈအတြက္ ထိတ္လန္႔တုံလႈပ္ရေၾကာင္းနဲ႔ ျမန္မာစစ္တပ္နဲ႔ လက္နက္ကိုင္အဖြဲ႔အစည္းအားလံုး အရပ္သားေတြကို အကာကြယ္ေပးဖို႔လည္း ေၾကညာခ်က္မွာ ေတာင္းဆိုထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕အနီး ေလးေကေကာ္မွာ စတင္တဲ့တိုက္ပြဲေတြဟာ အခုဆို ေကာ့ကရိတ္၊ ဖာပြန္နဲ႔ ဖားအံၿမိဳ႕နယ္ေတြဆီမွာလည္း ဆက္တိုက္ျဖစ္လာေနသလို ကယားျပည္နယ္မွာေတာ့ လြိဳင္ေကာ္၊ ဒီေမာဆို၊ ဖ႐ူဆိုနဲ႔ ရွားေတာၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြ ျပင္းထန္ေနတဲ့အတြက္ အခုဆို လြိဳင္ေကာ္ ၿမိဳ႕နယ္က ေဒသခံ ထက္ဝက္ေက်ာ္ေလာက္ အိုးအိမ္ေရႊ႕ေျပာင္းေနၾကရတယ္လို႔ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံ အေရွ႕ေတာင္ပိုင္းက တခ်ိဳ႕ေနရာေတြ အတြက္ဆို ့ လူသားခ်င္းစာနာမႈ အဖြဲ႔အစည္း အမ်ားအျပားဟာ လံုျခံဳေရးေၾကာင့္ သူတို႔လုပ္ငန္းေတြ ရပ္ဆိုင္းထားရတယ္လို႔ ဆိုပါတယ္။

၂၀၂၁ ခု ေမလကစၿပီး ကရင္ျပည္နယ္နဲ႔ ကယားျပည္နယ္ေတြထဲက အိုးအိမ္စြန္႔ခြါ ထြက္ေျပးၾကတဲ့ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြအပါအဝင္ လူေပါင္း ၁ သိန္း ၆ ေသာင္းေက်ာ္ဟာ အခုခ်ိန္အထိ အိမ္မျပန္ႏိုင္ပဲျဖစ္ေနေၾကာင္းနဲ႔ ကယားျပည္နယ္တခုထဲမွာတင္ အခုခ်ိန္အထိ ခရစ္ယန္ဘုရားေက်ာင္းေတြ၊ ဘုန္ႀကီးေက်ာင္းေတြနဲ႔ စာသင္ေက်ာင္းေတြ အပါအဝင္ မီးရႈိ႕အဖ်က္ဆီးခံရတဲ့ အေဆာက္အဦးေပါင္း ၆၅၀ ေက်ာ္ေနၿပီလို႔လည္း ေဖၚျပထားပါတယ္။

................................

တိုက္႐ိုက္ လင့္ခ္


စစ်တပ်နဲ့လက်ကိုင်အဖွဲ့အစည်းအားလုံး အရပ်သားတွေကို အကာအကွယ်ပေးဖို့ OCHA တိုက်တွန်း

{{Unicode}}

မြန်မာနိုင်ငံ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ခိုက်မှုတွေဟာ ၂၀၂၁ ဒီဇင်ဘာကစပြီး သိပ်ပြင်းထန်လာနေတဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာနဲ့ လုံခြုံရေးဆိုင်ရာ အခြေနေတွေအတော်ဆိုးနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုရုံး OCHA က ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အရေးပေါ် ကယ်ဆယ်ကူညီရေးဆိုင်ရာ တာဝန်ခံ Martin Griffiths ကတော့ ဒီဇင်ဘာလထဲ ကယားပြည်နယ် ဖရူဆိုမြို့နယ်ထဲ အမျိုးသမီးတွေ ကလေးငယ်တွေနဲ့ လူသားချင်းစာနာမှုကူညီသူ ၂ ဦး အပါအဝင် အရပ်သား ၃၅ ဦး မီးရှို့အသတ်ခံရမှုအတွက် ထိတ်လန့်တုံလှုပ်ရကြောင်းနဲ့ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး အရပ်သားတွေကို အကာကွယ်ပေးဖို့လည်း ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့အနီး လေးကေကော်မှာ စတင်တဲ့တိုက်ပွဲတွေဟာ အခုဆို ကော့ကရိတ်၊ ဖာပွန်နဲ့ ဖားအံမြို့နယ်တွေဆီမှာလည်း ဆက်တိုက်ဖြစ်လာနေသလို ကယားပြည်နယ်မှာတော့ လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အခုဆို လွိုင်ကော် မြို့နယ်က ဒေသခံ ထက်ဝက်ကျော်လောက် အိုးအိမ်ရွှေ့ပြောင်းနေကြရတယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက တချို့နေရာတွေ အတွက်ဆို့ လူသားချင်းစာနာမှု အဖွဲ့အစည်း အများအပြားဟာ လုံခြုံရေးကြောင့် သူတို့လုပ်ငန်းတွေ ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခု မေလကစပြီး ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေထဲက အိုးအိမ်စွန့်ခွါ ထွက်ပြေးကြတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁ သိန်း ၆ သောင်းကျော်ဟာ အခုချိန်အထိ အိမ်မပြန်နိုင်ပဲဖြစ်နေကြောင်းနဲ့ ကယားပြည်နယ်တခုထဲမှာတင် အခုချိန်အထိ ခရစ်ယန်ဘုရားကျောင်းတွေ၊ ဘုန်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေ အပါအဝင် မီးရှို့အဖျက်ဆီးခံရတဲ့ အဆောက်အဦးပေါင်း ၆၅၀ ကျော်နေပြီလို့လည်း ဖေါ်ပြထားပါတယ်။

XS
SM
MD
LG