သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လြိဳင္ေကာ္ၿမိဳ႕တြင္း လက္နက္ႀကီးက် အရပ္သား၂ ဦး ေသဆုံး ၄ ဦးဒဏ္ရာရ


Loikaw လြိဳင္ေကာ္

[[Zawgyi/Unicode]]

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ထဲက ရပ္ကြက္တခ်ိဳ႕အေပၚ လက္နက္ႀကီးက်လို႔ အရပ္သားျပည္သူ ၂ ဦး ေသဆုံး ၄ ဦးဒဏ္ရာရရွိပါတယ္။ လြိဳင္ေကာ္ၿမိဳ႕ တခ်ိဳ႕ေနရာေတြမွာလည္း စစ္ေကာင္စီတပ္ေတြနဲ႔ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ ဒီေန႔ဆက္ၿပီး တိုက္ပြဲျဖစ္ပြားေနပါတယ္။ တိုက္ပြဲေတြၾကား ျပည္သူတခ်ိဳ႕လည္း ပိတ္မိေနပါတယ္။ တေန႔ထက္တေန႔ တိုက္ပြဲအေျခအေနပိုဆိုးလာလို႔ ေျပးစရာေျမ မရွိျဖစ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မခြာညိဳက တင္ျပေပးထားပါတယ္။

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ထဲက ပန္ကန္းရပ္ကြက္နဲ႔ မိုင္းလုံရပ္ကြက္ဘက္မွာ စစ္ေကာင္စီနဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ ၾကာသပေတးေန႔က တိုက္ပြဲေတြျဖစ္ခဲ့ၾကပါတယ္။ ဒီေန႔ ဇန္နဝါရီ ၇ ရက္ ေသာၾကာေန႔မနက္ပိုင္းမွာေတာ့ မိုင္းလုံရပ္ကြက္ဘက္ ကို စစ္ေကာင္စီတပ္ေတြ လက္နက္ႀကီးနဲ႔ပစ္ခတ္လို႔ အရပ္သားေဒသခံ ၂ ဦးေသဆုံးၿပီး ၄ ဦး ဒဏ္ရာရခဲ့ပါတယ္။ လက္နက္ႀကီးက်တဲ့ေနရာေတြမွာ ဒီေန႔ တိုက္ပြဲမရွိသလို ျပည္သူ႔ ကာကြယ္ေရးအဖြဲ႕ေတြလည္း ရွိမေနခ်ိန္ စစ္တပ္ဘက္က ပစ္ခတ္ခဲ့တာလို႔ ပန္ကန္းရပ္ကြက္ကေန ေဘးလြတ္ရာကို ထြက္ေျပးလာရတဲ့ ေဒသခံတဦးက ေျပာျပပါတယ္။

“လက္နက္ႀကီး ဆက္တိုက္ ဆက္တိုက္ျဖစ္တယ္။ ေနာက္ တမနက္ မနက္ ၇ နာရီကေန ၁၂ နာရီအထိေလ။ ၁၂ ခြဲ ခဏေလးပဲၿငိမ္ၿပီး ၁၅ မိနစ္ေလာက္ပဲ တိတ္တယ္။ ေနာက္ျပန္ပစ္ပါတယ္- လက္နက္ႀကီးက။ လက္နက္ႀကီးကေတာ့ ၅၄ တပ္ဘက္ကလာတယ္။ တဘက္တည္းပဲပစ္ အဲ့မ်ိဳးေလ။ ရပ္ကြက္ၾကားမွာ PDF ေတာ့ မရွိဘူးပဲ။ ဟုတ္။ မိုင္းလုံ မွာကေတာ့ မိသားစုတစုေတာ့ ဒဏ္ရာရတယ္။ မိသားစု ၅ ေယာက္တစုထဲပါ။ တေယာက္ေတာ့ ေသတယ္။ ေနာက္ ၄ ဦးက ဒဏ္ရာရထားတယ္ေျပာတာပဲ။ အိမ္ထဲမွာေနလည္း ျဖစ္တယ္လို႔ အဲ့လိုမ်ိဳး။”

ရပ္ကြက္ေနျပည္သူေတြ ထိတ္လန႔္ ေၾကာက္႐ြံ႕ေနၾကၿပီး အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရတယ္လို႔ ေျပာပါတယ္။ မေန႔ကတည္းက ပစ္ခတ္ေနတဲ့ လက္နက္ႀကီးက်ည္က်လို႔ လူေနအိမ္ေတြလည္း ပ်က္စီးခဲ့ပါတယ္။ စစ္ေကာင္စီတပ္ေတြဘက္က လက္နက္ႀကီးနဲ႔ ဆက္တိုက္ပစ္ခတ္ေနတာေၾကာင့္ ရပ္ကြက္ထဲ ပိတ္မိေနၾကတဲ့ ေဒသခံေတြကို ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ KNDF တပ္ဖြဲ႕ေတြကယ္ထုတ္ေပးေနတယ္လို႔ KNDF တာဝန္ရွိသူ တဦးက ေျပာဆိုပါတယ္။

“လက္နက္ႀကီးေတြက်တယ္။ ပန္ကန္းရယ္၊ ဒီ႐ြာတန္းရွည္လမ္းတေက်ာ တိုက္ပြဲေတြ နည္းနည္းရွိတယ္ ဒီေန႔ ၊ မေန႔ညက ဟုတ္။ အဲ့ဒီအနားတဝိုက္မွာ ျဖစ္တယ္။ အိမ္ေတြေပၚပစ္လို႔ မေန႔ညနဲ႔ ဒီမနက္အထိဆို ေပါင္းတာ အခု အိမ္ ၁၄ လုံးေပါ့ေနာ္။ အဲ့နားတေက်ာလုံး ဖ်က္စီးတယ္။ ေနာက္အရပ္သား ၂ ေယာက္လည္း ဆုံးသြားၿပီေပါ့ေလ။ စစ္ေကာင္စီ လက္နက္ႀကီးပစ္ေတာ့ ေနအိမ္ေပၚမွာက်တာ။ အဲ့ဒါ ဖခင္တေယာက္ရယ္ ေနာက္ အသက္ႀကီးတဲ့ အဖြားတေယာက္ရယ္ေပါ့ေနာ္။ အဲ့၂ ေယာက္ဆုံးသြားၿပီ။ အခု တိုက္ပြဲေတြၾကားမွာ လူေတြပိတ္မိေနတယ္။ အဲ့ဒါ ကယ္ထုတ္ဖို႔ ဝိုင္းႀကိဳးစားေနၾကတယ္ ဒီဘက္မွာကေတာ့ ဟုတ္။”

တိုက္ပြဲအေျခအေနနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာထုတ္ျပန္တာ မရွိေသး ပါဘူး။ ကယားနယ္ထဲမွာ တေန႔ထက္တေန႔ အေျခအေန ပိုမိုဆိုး႐ြားလာၿပီး တိုက္ပြဲနဲ႔ လက္နက္ႀကီးေတြေၾကာင့္ ေျပးစရာေျမမရွိျဖစ္ေနရတယ္လို႔ ေနာက္ထပ္ေဒသခံတဦးက ဆိုပါတယ္။

“တေန႔ထက္တေန႔ကို ေတာ္ေတာ္ကို ဆိုးေနတဲ့အထဲပါတယ္ေပါ့ေနာ္။ က်မတို႔ေတြ ေျပးလမ္းမရွိဘူး။ ေျပးေပါက္မရွိဘူး-အဲ့လိုျဖစ္တယ္။ ကိုယ့္ျပည္နယ္ကို စြန႔္ခြာၿပီး သြားမွပဲ လြတ္ေတာ့မယ္ဆိုတဲ့ ပုံစံမ်ိဳးေလးေနာ္။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားကလည္း ကိုယ့္ျပည္နယ္ကို စြန႔္ခြာၿပီးေတာ့ ကိုယ့္အိမ္ကိုစြန႔္ၿပီး မသြားႏိုင္ၾကဘူးေလ။ အခုလည္း ျဖစ္ေနတယ္။ ဒီလြိဳင္ေကာ္မွာ ကုန္းသာ ေျပးမယ္ဆိုရင္ ေျပးစရာေျမမရွိေတာ့ဘူး။ က်မတို႔ ႐ြာဘက္မွာက်ေတာ့လည္း မေကာင္းဘူး။ အခ်ိန္မေ႐ြးျဖစ္မယ္ဆိုတာမ်ိဳးလည္း ရွိထားတယ္။ ေျပာျပထားေတာ့ မေန႔ကဆိုလည္း ျဖစ္တယ္ေပ့ါေနာ္။ ကုန္းသာမွာ၊ ကုန္းသာနဲ႔ နီးနီးနားနားဆိုေတာ့ ဘယ္လိုေျပာမလဲ။ ေတာ္ေတာ့ကို ဆိုးလာတယ္။”

ဇန္နဝါရီ ၆ ရက္ေန႔ တရက္တည္းမွာတင္ လြိဳင္ေကာ္ၿမိဳ႕နယ္ ကယန္းသာယာေက်း႐ြာ၊ လြိဳင္ေကာ္ၿမိဳ႕ထဲက မိုင္းလုံရပ္ကြက္နဲ႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါပိုးစီနဲ႔ ၆ မိုင္ေက်း႐ြာမွာ တိုက္ ပြဲေတြျပင္းခဲ့ပါတယ္။ တိုက္ပြဲေတြအတြင္း ေဒါပိုးစီ၊ ၆ မိုင္ေက်း႐ြာဘက္မွာ ေနအိမ္ ၁၄ လုံးေလာက္ မီးရႈိ႕ဖ်က္စီးခံရတယ္လို႔ ေဒသခံေတြနဲ႔ KNDF က ေျပာပါတယ္။ စစ္ေကာင္စီတပ္ေတြဟာ ေတာင္ႀကီး၊ ပင္ေလာင္းဘက္ကေန ကယားျပည္နယ္ဘက္ကို ဒီေန႔လည္း စစ္ကား ၁၄ စီးေလာက္ အင္းအားထပ္မံျဖည္တင္းေနတယ္လို႔ KNDF ကေျပာပါတယ္။ တိုက္ပြဲေတြ ပိုျပင္းထန္လာႏိုင္တဲ့အတြက္ ျပည္သူလူထုအေနနဲ႔ မလိုအပ္ရင္ ခရီးမသြားလာၾကဖို႔လည္း KNDF က သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

လွိုင်ကော်မြို့တွင်း လက်နက်ကြီးကျ အရပ်သား၂ ဦး သေဆုံး ၄ ဦးဒဏ်ရာရ

ကယားပြည်နယ် လွိုင်ကော်မြို့ထဲက ရပ်ကွက်တချို့အပေါ် လက်နက်ကြီးကျလို့ အရပ်သားပြည်သူ ၂ ဦး သေဆုံး ၄ ဦးဒဏ်ရာရရှိပါတယ်။ လွိုင်ကော်မြို့ တချို့နေရာတွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒီနေ့ဆက်ပြီး တိုက်ပွဲဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြား ပြည်သူတချို့လည်း ပိတ်မိနေပါတယ်။ တနေ့ထက်တနေ့ တိုက်ပွဲအခြေအနေပိုဆိုးလာလို့ ပြေးစရာမြေ မရှိဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခွာညိုက တင်ပြပေးထားပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ထဲက ပန်ကန်းရပ်ကွက်နဲ့ မိုင်းလုံရပ်ကွက်ဘက်မှာ စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ကြာသပတေးနေ့က တိုက်ပွဲတွေဖြစ်ခဲ့ကြပါတယ်။ ဒီနေ့ ဇန်နဝါရီ ၇ ရက် သောကြာနေ့မနက်ပိုင်းမှာတော့ မိုင်းလုံရပ်ကွက်ဘက် ကို စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ လက်နက်ကြီးကျတဲ့နေရာတွေမှာ ဒီနေ့ တိုက်ပွဲမရှိသလို ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေလည်း ရှိမနေချိန် စစ်တပ်ဘက်က ပစ်ခတ်ခဲ့တာလို့ ပန်ကန်းရပ်ကွက်ကနေ ဘေးလွတ်ရာကို ထွက်ပြေးလာရတဲ့ ဒေသခံတဦးက ပြောပြပါတယ်။

“လက်နက်ကြီး ဆက်တိုက် ဆက်တိုက်ဖြစ်တယ်။ နောက် တမနက် မနက် ၇ နာရီကနေ ၁၂ နာရီအထိလေ။ ၁၂ ခွဲ ခဏလေးပဲငြိမ်ပြီး ၁၅ မိနစ်လောက်ပဲ တိတ်တယ်။ နောက်ပြန်ပစ်ပါတယ်- လက်နက်ကြီးက။ လက်နက်ကြီးကတော့ ၅၄ တပ်ဘက်ကလာတယ်။ တဘက်တည်းပဲပစ် အဲ့မျိုးလေ။ ရပ်ကွက်ကြားမှာ PDF တော့ မရှိဘူးပဲ။ ဟုတ်။ မိုင်းလုံ မှာကတော့ မိသားစုတစုတော့ ဒဏ်ရာရတယ်။ မိသားစု ၅ ယောက်တစုထဲပါ။ တယောက်တော့ သေတယ်။ နောက် ၄ ဦးက ဒဏ်ရာရထားတယ်ပြောတာပဲ။ အိမ်ထဲမှာနေလည်း ဖြစ်တယ်လို့ အဲ့လိုမျိုး။”

ရပ်ကွက်နေပြည်သူတွေ ထိတ်လန့် ကြောက်ရွံ့နေကြပြီး အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။ မနေ့ကတည်းက ပစ်ခတ်နေတဲ့ လက်နက်ကြီးကျည်ကျလို့ လူနေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ရပ်ကွက်ထဲ ပိတ်မိနေကြတဲ့ ဒေသခံတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ဖွဲ့တွေကယ်ထုတ်ပေးနေတယ်လို့ KNDF တာဝန်ရှိသူ တဦးက ပြောဆိုပါတယ်။

“လက်နက်ကြီးတွေကျတယ်။ ပန်ကန်းရယ်၊ ဒီရွာတန်းရှည်လမ်းတကျော တိုက်ပွဲတွေ နည်းနည်းရှိတယ် ဒီနေ့ ၊ မနေ့ညက ဟုတ်။ အဲ့ဒီအနားတဝိုက်မှာ ဖြစ်တယ်။ အိမ်တွေပေါ်ပစ်လို့ မနေ့ညနဲ့ ဒီမနက်အထိဆို ပေါင်းတာ အခု အိမ် ၁၄ လုံးပေါ့နော်။ အဲ့နားတကျောလုံး ဖျက်စီးတယ်။ နောက်အရပ်သား ၂ ယောက်လည်း ဆုံးသွားပြီပေါ့လေ။ စစ်ကောင်စီ လက်နက်ကြီးပစ်တော့ နေအိမ်ပေါ်မှာကျတာ။ အဲ့ဒါ ဖခင်တယောက်ရယ် နောက် အသက်ကြီးတဲ့ အဖွားတယောက်ရယ်ပေါ့နော်။ အဲ့၂ ယောက်ဆုံးသွားပြီ။ အခု တိုက်ပွဲတွေကြားမှာ လူတွေပိတ်မိနေတယ်။ အဲ့ဒါ ကယ်ထုတ်ဖို့ ဝိုင်းကြိုးစားနေကြတယ် ဒီဘက်မှာကတော့ ဟုတ်။”

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာ မရှိသေး ပါဘူး။ ကယားနယ်ထဲမှာ တနေ့ထက်တနေ့ အခြေအနေ ပိုမိုဆိုးရွားလာပြီး တိုက်ပွဲနဲ့ လက်နက်ကြီးတွေကြောင့် ပြေးစရာမြေမရှိဖြစ်နေရတယ်လို့ နောက်ထပ်ဒေသခံတဦးက ဆိုပါတယ်။

“တနေ့ထက်တနေ့ကို တော်တော်ကို ဆိုးနေတဲ့အထဲပါတယ်ပေါ့နော်။ ကျမတို့တွေ ပြေးလမ်းမရှိဘူး။ ပြေးပေါက်မရှိဘူး-အဲ့လိုဖြစ်တယ်။ ကိုယ့်ပြည်နယ်ကို စွန့်ခွာပြီး သွားမှပဲ လွတ်တော့မယ်ဆိုတဲ့ ပုံစံမျိုးလေးနော်။ ဒါပေမယ့် တော်တော်များများကလည်း ကိုယ့်ပြည်နယ်ကို စွန့်ခွာပြီးတော့ ကိုယ့်အိမ်ကိုစွန့်ပြီး မသွားနိုင်ကြဘူးလေ။ အခုလည်း ဖြစ်နေတယ်။ ဒီလွိုင်ကော်မှာ ကုန်းသာ ပြေးမယ်ဆိုရင် ပြေးစရာမြေမရှိတော့ဘူး။ ကျမတို့ ရွာဘက်မှာကျတော့လည်း မကောင်းဘူး။ အချိန်မရွေးဖြစ်မယ်ဆိုတာမျိုးလည်း ရှိထားတယ်။ ပြောပြထားတော့ မနေ့ကဆိုလည်း ဖြစ်တယ်ပေ့ါနော်။ ကုန်းသာမှာ၊ ကုန်းသာနဲ့ နီးနီးနားနားဆိုတော့ ဘယ်လိုပြောမလဲ။ တော်တော့ကို ဆိုးလာတယ်။”

ဇန်နဝါရီ ၆ ရက်နေ့ တရက်တည်းမှာတင် လွိုင်ကော်မြို့နယ် ကယန်းသာယာကျေးရွာ၊ လွိုင်ကော်မြို့ထဲက မိုင်းလုံရပ်ကွက်နဲ့ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီနဲ့ ၆ မိုင်ကျေးရွာမှာ တိုက် ပွဲတွေပြင်းခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း ဒေါပိုးစီ၊ ၆ မိုင်ကျေးရွာဘက်မှာ နေအိမ် ၁၄ လုံးလောက် မီးရှို့ဖျက်စီးခံရတယ်လို့ ဒေသခံတွေနဲ့ KNDF က ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ တောင်ကြီး၊ ပင်လောင်းဘက်ကနေ ကယားပြည်နယ်ဘက်ကို ဒီနေ့လည်း စစ်ကား ၁၄ စီးလောက် အင်းအားထပ်မံဖြည်တင်းနေတယ်လို့ KNDF ကပြောပါတယ်။ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ မလိုအပ်ရင် ခရီးမသွားလာကြဖို့လည်း KNDF က သတိပေးထားပါတယ်။

#PDF #KNDF #လွိုင်ကော် #ပန်ကန်းရပ်ကွက် #လက်နက်ကြီးကျ #စစ်ကောင်စီတပ် #စစ်ဘေးရှောင်ဒေသခံ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #ကယား #ပြေးစရာမြေမရှိ #ဗွီအိုအေ #Kayah #MilitaryCoup #WhatIsHappeningInMyanmar #VOA

=============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG