သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကုလဆိုင္ရာ ကန္သံအမတ္ႀကီးနဲ႔ ျမန္မာဆိုင္ရာ ကုလကိုယ္စားလွယ္ အြန္လိုင္းေဆြးေႏြး


ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔ ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield

[[Zawgyi/Unicode]]

ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield နဲ႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer တို႔ မေန႔ ဇန္နဝါရီလ ၁၀ ရက္ေန႔က အြန္လိုင္းကေနေတြ႕ဆုံၿပီး ျမန္မာ့အေရး ေဆြးေႏြးခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျပန္လည္ထြန္းကားလာေရး၊ အာဆီယံဘုံသေဘာတူညီခ်က္ အေကာင္အထည္ေဖာ္ေရးနဲ႔ အကန႔္အသတ္မရွိ စာနာမႈဆိုင္ရာအကူအညီေပးခြင့္ရေရးတို႔အတြက္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ႏိုင္ငံတကာအသိုင္းဝိုင္းနဲ႔ အတူ ဖိအားေပး လုပ္ေဆာင္သြားမယ္လို႔ ေတြ႕ဆုံမႈအၿပီး အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield က Twitter လူမႈကြန္ယက္မွာ ေရးသားခဲ့ပါတယ္။

ေအာက္တိုဘာလကုန္ပိုင္းမွာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က ရာထူးခန႔္အပ္လိုက္ၿပီး အခုလလယ္ပိုင္းမွာ ရာထူးတာဝန္ေတြကို စတင္ ထမ္းေဆာင္တဲ့ စကၤာပူႏိုင္ ငံသူ Noeleen Heyzer က ျမန္မာျပည္သူေတြကို ႏွစ္သစ္ ႏႈတ္ခြန္းဆက္သရာမွာ ျမန္မာျပည္သူေတြနဲ႔အတူ တသားတည္းရွိေနေၾကာင္း ဒီဇင္ဘာလ ၃၁ ရက္ေန႔ က ႏွစ္ကူးအႀကိဳထုတ္ျပန္တဲ့ ဗြီဒီယိုမွာ ထည့္သြင္း ေျပာၾကားထားပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ လတ္တေလာ ရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းေတြကိုလည္း ျမန္မာျပည္သူေတြ ဦးေဆာင္ ေျဖရွင္းႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ကရင္ျပည္နယ္အပါအဝင္ ျမန္မာႏိုင္ငံအတြင္းက တျခားေဒသေတြမွာ အၾကမ္းဖက္ မႈေတြ အရွိန္ျမင့္ ဆက္လက္ ျဖစ္ေပၚေနတဲ့အေပၚ အထူးစိုးရိမ္ေၾကာင္း အထူးကိုယ္စားလွယ္ Noeleen Heyzer က ဒီဇင္ဘာ ၂၂ ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ကုလဆိုင်ရာ ကန်သံအမတ်ကြီးနဲ့ မြန်မာဆိုင်ရာ ကုလကိုယ်စားလှယ် အွန်လိုင်းဆွေးနွေး

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer တို့ မနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့က အွန်လိုင်းကနေတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထွန်းကားလာရေး၊ အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေးနဲ့ အကန့်အသတ်မရှိ စာနာမှုဆိုင်ရာအကူအညီပေးခွင့်ရရေးတို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာအသိုင်းဝိုင်းနဲ့ အတူ ဖိအားပေး လုပ်ဆောင်သွားမယ်လို့ တွေ့ဆုံမှုအပြီး အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က Twitter လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

အောက်တိုဘာလကုန်ပိုင်းမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရာထူးခန့်အပ်လိုက်ပြီး အခုလလယ်ပိုင်းမှာ ရာထူးတာဝန်တွေကို စတင် ထမ်းဆောင်တဲ့ စင်္ကာပူနိုင် ငံသူ Noeleen Heyzer က မြန်မာပြည်သူတွေကို နှစ်သစ် နှုတ်ခွန်းဆက်သရာမှာ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိနေကြောင်း ဒီဇင်ဘာလ ၃၁ ရက်နေ့ က နှစ်ကူးအကြိုထုတ်ပြန်တဲ့ ဗွီဒီယိုမှာ ထည့်သွင်း ပြောကြားထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကိုလည်း မြန်မာပြည်သူတွေ ဦးဆောင် ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းက တခြားဒေသတွေမှာ အကြမ်းဖက် မှုတွေ အရှိန်မြင့် ဆက်လက် ဖြစ်ပေါ်နေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း အထူးကိုယ်စားလှယ် Noeleen Heyzer က ဒီဇင်ဘာ ၂၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

#MyanmarUN #MyanmarUS #MyanmarUNUS #VOABurmese #LindaThomas-Greenfield #NoeleenHeyzer #အကြမ်းဖက်မှု #မြန်မာ့ဒီမိုကရေစီ #စစ်အာဏာသိမ်း #ဗွီအိုအေ

==============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG