သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္ ျပန္ပို႔ေရး ေႏွးေကြးမႈ ဘဂၤလာစိတ္ပ်က္


ကုတုပေလာင္ ဒုကၡသည္စခန္း ျမင္ကြင္းတခု။ ၆ ေအာက္တိုဘာ၊ ၂၀၂၀

႐ိုဟင္ဂ်ာဒုကၡသည္ ျပန္ပို႔ေရး ေႏွးေကြးမႈ ဘဂၤလာစိတ္ပ်က္

{{Zawgyi/Unicode}}
ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ ခုိလံႈေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ျမန္မာႏုိင္ငံဘက္ ျပန္ပို႔ေရးကိစၥ တိုးတက္မႈမရွိသေလာက္ ျဖစ္ေနတဲ့ အေပၚ စိတ္ပ်က္တဲ့အေၾကာင္း ဘဂၤလားေဒ့ရွ္ ႏုိ္င္ငံျခားေရးဝန္ႀကီးကေျပာပါတယ္။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ အထူးအၾကံေပးပုဂၢိဳလ္ Noeleen Heyzer အေနနဲ႔ ျမန္မာ့အက်ပ္အတည္း အေျဖရွာေရး သူ႔ရဲ႕အခန္းက႑အတိုင္း အေကာင္အထည္ေဖာ္လုပ္ေဆာင္ဖို႔ ဘဂၤလားေဒ့ရွ္ ႏုိင္ငံျခားေရးဝန္ႀကီး Masud Bin Momen က ဇန္နဝါရီလ ၂၇ ရက္ ၾကာသပေတးေန႔အြန္လိုင္းကတဆင့္ ေဆြးေႏြးမႈအတြင္း တိုက္တြန္းခဲ့တယ္လုိ႔ ဗီြအိုေအ ဘဂၤလားဌာနက ေျပာပါတယ္။

ရိုဟင္ဂ်ာ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ဒီဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လက္ခံမယ္လို႔ ကတိေပးထားပါတယ္။ ဒါေပမယ့္ အခုအခ်ိန္အထိ ဘာတိုးတက္မႈမွ မရွိေသးသလို ဒုကၡသည္စခန္းမွာ ေနထုိင္တဲ့ ရိုဟင္ဂ်ာေတြဟာ အႏၱရာယ္ႀကီးတဲ့ ေရလမ္္းကေန မၾကာခဏ ထြက္ေျပးေနၾကတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လထဲ ဘဂၤလားေဒ့၇ွ္ ဒုကၡသည္ စခန္းေတြကို သြားေရာက္ခဲ့တဲ့ ျမန္မာႏိုင္ငံလူ႔အခြင့္ေရးဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ Tom Andrews ကေတာ့ ႏိုင္ငံတကာ အသိုင္းဝို္င္း အေနနဲ႔ ဘဂၤလားေဒ့ရွ္ အစိုးရနဲ႔ ပိုေကာင္းတဲ့ မိတ္ဘက္ျဖစ္ေအာင္ လုပ္ၿပီး ရိုဟင္ဂ်ာ ျပႆနာ အေျဖရွာရာမွာ ျမန္မာစစ္တပ္ကို ဖိအားေပးဖုိ႔ ပန္ၾကားခဲ့တာပါ။

ကုလကိုယ္စားလွယ္ Tom Andrews ဟာ ဒီဇင္ဘာလ ၁၃ ရက္ကေန ၁၉ ရက္ေန႔အထိ ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar က ဒုကၡသည္စခန္းေတြအျပင္ ႐ိုဟင္ဂ်ာ ၂၀,၀၀၀ ေလာက္ ေရာက္ေနၿပီျဖစ္တဲ့ ဘာဆန္ခ်ာကၽြန္းက ဒုကၡသည္စခန္းကိုပါ သြားေရာက္ၿပီး ဒုကၡသည္ေတြနဲ႔ ေတြ႔ဆံုခဲ့တာ ျဖစ္ပါတယ္။

.............................................

တိုက္႐ိုက္ လင့္ခ္

ရိုဟင်ဂျာဒုက္ခသည် ပြန်ပို့ရေး နှေးကွေးမှု ဘင်္ဂလာစိတ်ပျက်

{{Zawgyi/Unicode}}
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန်ပို့ရေးကိစ္စ တိုးတက်မှုမရှိသလောက် ဖြစ်နေတဲ့ အပေါ် စိတ်ပျက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Noeleen Heyzer အနေနဲ့ မြန်မာ့အကျပ်အတည်း အဖြေရှာရေး သူ့ရဲ့အခန်းကဏ္ဍအတိုင်း အကောင်အထည်ဖော်လုပ်ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က ဇန်နဝါရီလ ၂၇ ရက် ကြာသပတေးနေ့ အွန်လိုင်းကတဆင့် ဆွေးနွေးမှုအတွင်း တိုက်တွန်းခဲ့တယ်လို့ ဗွီအိုအေ ဘင်္ဂလားဌာနက ပြောပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမယ်လို့ ကတိပေးထားပါတယ်။ ဒါပေမယ့် အခုအချိန်အထိ ဘာတိုးတက်မှုမှ မရှိသေးသလို ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေဟာ အန္တရာယ်ကြီးတဲ့ ရေလမ်းကနေ မကြာခဏ ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လထဲ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ကတော့ နိုင်ငံတကာ အသိုင်းဝိုင်း အနေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပိုကောင်းတဲ့ မိတ်ဘက်ဖြစ်အောင် လုပ်ပြီး ရိုဟင်ဂျာ ပြဿနာ အဖြေရှာရာမှာ မြန်မာစစ်တပ်ကို ဖိအားပေးဖို့ ပန်ကြားခဲ့တာပါ။

ကုလကိုယ်စားလှယ် Tom Andrews ဟာ ဒီဇင်ဘာလ ၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ဒုက္ခသည်စခန်းတွေအပြင် ရိုဟင်ဂျာ ၂၀,၀၀၀ လောက် ရောက်နေပြီဖြစ်တဲ့ ဘာဆန်ချာကျွန်းက ဒုက္ခသည်စခန်းကိုပါ သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG