သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာကေလးမ်ားပညာေရးကူညီဖို႔ မေလးရွားအစိုးရကိုတိုက္တြန္း


ကုတုပလောင္ဒုကၡသည္စခန္းက စာသင္ခန္းတခု (ဓာတ္ပံု - AFP)

႐ိုဟင္ဂ်ာ ဒုကၡသည္မ်ား ရဲ႕ ကေလးမ်ား ပညာေရး ကို အေလးထား ကူညီၾကဖို႔ မေလးရွား အစိုးရ နဲ႔ ကမာၻတဝွမ္း က အစိုးရမ်ား နဲ႔ အဖြဲ႕အစည္းမ်ား ကို ႐ိုဟင္ဂ်ာ ဒုကၡသည္အေရး ေဆာင္႐ြက္ေနၾကတဲ့ အဖြဲ႕အစည္း ၂၆ ဖြဲ႕ က ေတာင္းဆိုလိုက္ၾကပါတယ္။

ဇန္နဝါရီလ ၂၄ ရက္‌ေန႔စြဲ နဲ႔ ထုတ္ျပန္တဲ့ ပူးတြဲ ေၾကညာခ်က္ မွာ ႏိုင္ငံတကာ ပညာေရးေန႔ ကို အေၾကာင္းျပဳၿပီး၊ အဲဒီလို ေတာင္းဆိုလိုက္တာပါ။ ပူးတြဲ အဖြဲ႕အစည္းေတြ က ႐ိုဟင္ဂ်ာ ကေလးမ်ား စာမတတ္မႈ ပေပ်ာက္ေရး ကို ေဆာင္႐ြက္ၾကဖို႔ ကတိကဝတ္ျပဳလိုက္ၾကပါတယ္။ ရပ္႐ြာ အသိုက္အဝန္း အေျခခံတဲ့ ေက်ာင္းေတြ ရွိေပမဲ့၊ သင္႐ိုး၊ ျပဌာန္း စာအုပ္ နဲ႔ သင္ေထာက္ကူ ပစၥည္းေတြ မရွိသေလာက္ ျဖစ္ေနတယ္လို႔ ေၾကညာခ်က္ မွာ ေဖာ္ျပထားပါတယ္။ ႐ိုဟင္ဂ်ာ ကေလးေတြ အတြက္ သူတို႔ ဘာသာစကား နဲ႔ ယဥ္ေက်းမႈ သင္ၾကားေရး လိုအပ္ေနတာကိုလည္း ေျပာထားပါတယ္။

႐ိုဟင္ဂ်ာ ျပႆနာ ကို ေသခ်ာ နားလည္ေအာင္ ႀကိဳးစားဖို႔ ပူးတြဲ အဖြဲ႕အစည္းေတြ က မေလးရွား အစိုးရ ကို တိုက္တြန္းလိုက္ပါတယ္။

ဒါ့အျပင္ မေလးရွား ႏိုင္ငံေရာက္ ႐ိုဟင္ဂ်ာ ဒုကၡသည္မ်ား အေရး ကို အထူးစုံစမ္း စစ္ေဆးေပးဖို႔လည္း ကမာၻ ကို ေၾကညာခ်က္ ထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။ ဒုကၡသည္မ်ား ျပန္လည္ ေနရာခ်ထားေရး အတြက္ ေဆာင္႐ြက္ရာမွာလည္း ဘာစာ႐ြက္စာတမ္း မွ မရွိတဲ့၊ ႏိုင္ငံမဲ့ ႐ိုဟင္ဂ်ာေတြအတြက္ အခက္အခဲ ႀကဳံေတြ႕ေနရၿပီး၊ ဦးစားေပး စဥ္းစား မခံရတာ ကို ေထာက္ျပသြားပါတယ္။ ရခိုင္ေဒသနဲ႔ ဘဂၤလားေဒ့ရ္ွဒုကၡသည္စခန္းမွာရွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္အမ်ားစုဟာ မေလးရွားႏိုင္ငံကို ေရလမ္း ကုန္လမ္းအသီးသီးသြားေရာက္ၾကၿပီး၊ အဲဒီကေနတဆင့္ တတိယႏိုင္ငံေတြထြက္ဖို႔ႀကိဳးစားၾကတာပါ။

မေလးရွား မွာ ရွိတဲ့ ဒုကၡသည္မ်ား ဆိုင္ရာ မဟာမင္းႀကီး႐ုံး ဟာ ႏိုင္ငံ ၁၅ ႏိုင္ငံ ကို ဒုကၡသည္ ၁၁၈၀၀၀ စာရင္း တင္ခဲ့ၿပီး၊ အေယာက္ တစ္သိန္းေက်ာ္ ကို တတိယ ႏိုင္ငံေတြ မွာ ေနရာ ခ်ထားေပးခဲ့ပါတယ္။ အဲဒီထဲမွာ ၂၀၀၃ ခုႏွစ္ကေန ၂၀၂၁ ခုႏွစ္ အထိ ႐ိုဟင္ဂ်ာ ဒုကၡသည္ ၈၃၁၂ ေယာက္ပဲ ပါတယ္လို႔ ပူးတြဲ ေၾကညာခ်က္ က ေျပာသြားပါတယ္။

.....................................................................................................

တိုက္႐ိုက္ လင့္ခ္


ရိုဟင်ဂျာကလေးများပညာရေးကူညီဖို့ မလေးရှားအစိုးရကိုတိုက်တွန်း

(Unicode)

ရိုဟင်ဂျာ ဒုက္ခသည်များ ရဲ့ ကလေးများ ပညာရေး ကို အလေးထား ကူညီကြဖို့ မလေးရှား အစိုးရ နဲ့ ကမ္ဘာတဝှမ်း က အစိုးရများ နဲ့ အဖွဲ့အစည်းများ ကို ရိုဟင်ဂျာ ဒုက္ခသည်အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း ၂၆ ဖွဲ့ က တောင်းဆိုလိုက်ကြပါတယ်။

ဇန်နဝါရီလ ၂၄ ရက်‌နေ့စွဲ နဲ့ ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက် မှာ နိုင်ငံတကာ ပညာရေးနေ့ ကို အကြောင်းပြုပြီး၊ အဲဒီလို တောင်းဆိုလိုက်တာပါ။ ပူးတွဲ အဖွဲ့အစည်းတွေ က ရိုဟင်ဂျာ ကလေးများ စာမတတ်မှု ပပျောက်ရေး ကို ဆောင်ရွက်ကြဖို့ ကတိကဝတ်ပြုလိုက်ကြပါတယ်။ ရပ်ရွာ အသိုက်အဝန်း အခြေခံတဲ့ ကျောင်းတွေ ရှိပေမဲ့၊ သင်ရိုး၊ ပြဌာန်း စာအုပ် နဲ့ သင်ထောက်ကူ ပစ္စည်းတွေ မရှိသလောက် ဖြစ်နေတယ်လို့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။ ရိုဟင်ဂျာ ကလေးတွေ အတွက် သူတို့ ဘာသာစကား နဲ့ ယဉ်ကျေးမှု သင်ကြားရေး လိုအပ်နေတာကိုလည်း ပြောထားပါတယ်။

ရိုဟင်ဂျာ ပြဿနာ ကို သေချာ နားလည်အောင် ကြိုးစားဖို့ ပူးတွဲ အဖွဲ့အစည်းတွေ က မလေးရှား အစိုးရ ကို တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် မလေးရှား နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်များ အရေး ကို အထူးစုံစမ်း စစ်ဆေးပေးဖို့လည်း ကမ္ဘာ ကို ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ဒုက္ခသည်များ ပြန်လည် နေရာချထားရေး အတွက် ဆောင်ရွက်ရာမှာလည်း ဘာစာရွက်စာတမ်း မှ မရှိတဲ့၊ နိုင်ငံမဲ့ ရိုဟင်ဂျာတွေအတွက် အခက်အခဲ ကြုံတွေ့နေရပြီး၊ ဦးစားပေး စဉ်းစား မခံရတာ ကို ထောက်ပြသွားပါတယ်။ ရခိုင်ဒေသနဲ့ ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်အများစုဟာ မလေးရှားနိုင်ငံကို ရေလမ်း ကုန်လမ်းအသီးသီးသွားရောက်ကြပြီး၊ အဲဒီကနေတဆင့် တတိယနိုင်ငံတွေထွက်ဖို့ကြိုးစားကြတာပါ။

မလေးရှား မှာ ရှိတဲ့ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး ဟာ နိုင်ငံ ၁၅ နိုင်ငံ ကို ဒုက္ခသည် ၁၁၈၀၀၀ စာရင်း တင်ခဲ့ပြီး၊ အယောက် တစ်သိန်းကျော် ကို တတိယ နိုင်ငံတွေ မှာ နေရာ ချထားပေးခဲ့ပါတယ်။ အဲဒီထဲမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၂၁ ခုနှစ် အထိ ရိုဟင်ဂျာ ဒုက္ခသည် ၈၃၁၂ ယောက်ပဲ ပါတယ်လို့ ပူးတွဲ ကြေညာချက် က ပြောသွားပါတယ်။

XS
SM
MD
LG