သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွား ပင္လယ္ျပင္က ႐ိုဟင္ဂ်ာ ၁၂၀ ကမ္းကပ္ခြင့္ရ


အင္ဒိုနီးရွားႏုိင္ငံ၊ Aceh ျပည္နယ္ကမ္းလြန္မွာ ေလွပ်က္ေသာင္တင္ေနတဲ့ ႐ိုဟင္ဂ်ာ ၁၀၀ ေက်ာ္အတြက္ အင္ဒိုအစိုးရက စားနပ္ရိကၡာပို႔ေပးရန္ေဆာင္ရြက္ေနစဥ္။ (၁၂-၂၈-၂၀၂၁)

အင္ဒိုနီးရွား ပင္လယ္ျပင္က ႐ိုဟင္ဂ်ာ ၁၂၀ ကမ္းကပ္ခြင့္ရ

{{Zawgyi/Unicode}}

အင္ဒိုနီးရွားႏိုင္ငံ ေျမာက္ဖက္စြန္း Aceh ျပည္နယ္ Bireuen ကမ္း႐ိုးတန္းကေန မိုင္ ၅၀ ေက်ာ္အကြာ ပင္လယ္ျပင္မွာ ရက္အေတာ္ၾကာ ေမ်ာေနတဲ့ ႐ိုဟင္ဂ်ာ ၁၂၀ ၾကာသပေတးေန႔ ေနာက္ပိုင္းမွာပဲ ကမ္းေပၚေရာက္လာၾကပါၿပီ။ ေရ၀င္ၿပီး၊ အင္ဂ်င္စက္လည္း ပ်က္ေနတဲ့ စက္ေလွကို အင္ဒိုနီးရွားေရတပ္သေဘၤာနဲ႔ Krueng Geukueh ဆိပ္ကမ္းကို ဆဲြလာတာလို႔လည္း အင္ဒိုနီးရွားေရတပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး La Ode M. Holib က ေျပာပါတယ္။

ရာသီဥတုဆိုးဝါးၿပီး လႈိင္းႀကီးေနတာေၾကာင့္ ႐ိုဟင္ဂ်ာေလွ တိမ္းေမွာက္မသြားေအာင္ ေရတပ္သေဘၤာဟာ တနာရီ ေရမိုင္ ၆ မိုင္ေလာက္နဲ႔ ေမာင္းႏွင္ခဲ့ရၿပီး သန္းေကာင္အခ်ိန္ေလာက္မွာ ကမ္းကပ္ႏိ္ုငခဲ့တယ္လို႔လည္း ေျပာပါတယ္။ မိုးသည္းထန္ေနတာေၾကာင့္ ဒုကၡသည္ေတြကို ဆိပ္ကမ္းကေန အနားက ကုန္ေလွာင္ရံုထဲ ဘတ္စကားေတြနဲ႔ ေခၚေဆာင္လာၿပီး ယာယီနားခိုဖို႔ စီစဥ္ေပးခဲ့ေၾကာင္းနဲ႔ ကိုဗစ္ေရာဂါပိုး ကူးစက္မႈရွိမရွိ စမ္းသပ္စစ္ေဆးမယ္လို႔လည္း ေျပာပါတယ္။

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ အဖြဲ႔ကေတာ့ ဒီဒုကၡသည္ေတြ အတြက္ ကိုဗစ္ပိုးကူးစက္မႈမရွိေစဖို႔ quarantine လုပ္တဲ့အစီစဥ္ လုပ္ေပးတာ အပါအဝင္ သူတို႔နဲ႔ ပတ္သက္ၿပီး အင္ဒိုနီးရွားအစိုးရကိုေရာ ေဒသခံအသိုင္းဝိုင္းေတြကိုပါ အကူညီေပးဖို႔ အသင့္ရွိေၾကာင္း ေျပာပါတယ္။

႐ိုဟင္ဂ်ာေတြ လိုက္ပါလာတဲ့ စက္ေလွကိုေတာ့ တနဂၤေႏြေန႔က ေဒသခံငါးဖမ္းသမားေတြက ကမ္းကေန မိုင္ ၆၀ ေလာက္အကြာမွာ စေတြ႕ခဲ့တာျဖစ္ၿပီး အမ်ိဳးသမီး ၆၀ ကေလးငယ္ ၅၁ ေယာက္နဲ႔ အမ်ိဳးသား ၉ ေယာက္ လိုက္ပါလာတာပါ။ သူတို႔ဟာ ေလွစက္မပ်က္ခင္က ပင္လယ္ထဲ ၂၈ ရက္ၾကာ ေနခဲ့ရေၾကာင္းနဲ႔ သူတို႔မေလးရွားကို သြားခ်င္ေၾကာင္းေျပာၾကပါတယ္။

အေစာပိုင္းမွာေတာ့ ဒုကၡသည္စက္ေလွကို လက္ခံမွာ မဟုတ္ေၾကာင္း ေျပာဆိုခဲ့ၾကၿပီး၊ ပ်က္စီးေနတဲ့ စက္ေလွကို ျပင္ဆင္ေပးၿပီး လိုအပ္တဲ့ အကူအညီေတြနဲ႔ ျပန္ထြက္ခြာခိုင္းမယ္လို႔ ေျပာခဲ့ေပမဲ့ ေ၀ဖန္မႈေတြ ထြက္ေပၚခဲ့ရက အခုေနာက္ဆုံး ကမ္းကပ္ခြင့္ ျပဳခဲ့တာ ျဖစ္ပါတယ္။

..........................................

တိုက္႐ိုက္ လင့္ခ္


အင်ဒိုနီးရှား ပင်လယ်ပြင်က ရိုဟင်ဂျာ ၁၂၀ ကမ်းကပ်ခွင့်ရ

{{Unicode}}

အင်ဒိုနီးရှားနိုင်ငံ မြောက်ဖက်စွန်း Aceh ပြည်နယ် Bireuen ကမ်းရိုးတန်းကနေ မိုင် ၅၀ ကျော်အကွာ ပင်လယ်ပြင်မှာ ရက်အတော်ကြာ မျောနေတဲ့ ရိုဟင်ဂျာ ၁၂၀ ကြာသပတေးနေ့ နောက်ပိုင်းမှာပဲ ကမ်းပေါ်ရောက်လာကြပါပြီ။ ရေဝင်ပြီး၊ အင်ဂျင်စက်လည်း ပျက်နေတဲ့ စက်လှေကို အင်ဒိုနီးရှားရေတပ်သင်္ဘောနဲ့ Krueng Geukueh ဆိပ်ကမ်းကို ဆွဲလာတာလို့လည်း အင်ဒိုနီးရှားရေတပ် ပြောခွင့်ရ ဗိုလ်မှူးကြီး La Ode M. Holib က ပြောပါတယ်။

ရာသီဥတုဆိုးဝါးပြီး လှိုင်းကြီးနေတာကြောင့် ရိုဟင်ဂျာလှေ တိမ်းမှောက်မသွားအောင် ရေတပ်သင်္ဘောဟာ တနာရီ ရေမိုင် ၆ မိုင်လောက်နဲ့ မောင်းနှင်ခဲ့ရပြီး သန်းကောင်အချိန်လောက်မှာ ကမ်းကပ်နိုငခဲ့တယ်လို့လည်း ပြောပါတယ်။ မိုးသည်းထန်နေတာကြောင့် ဒုက္ခသည်တွေကို ဆိပ်ကမ်းကနေ အနားက ကုန်လှောင်ရုံထဲ ဘတ်စကားတွေနဲ့ ခေါ်ဆောင်လာပြီး ယာယီနားခိုဖို့ စီစဉ်ပေးခဲ့ကြောင်းနဲ့ ကိုဗစ်ရောဂါပိုး ကူးစက်မှုရှိမရှိ စမ်းသပ်စစ်ဆေးမယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ကတော့ ဒီဒုက္ခသည်တွေ အတွက် ကိုဗစ်ပိုးကူးစက်မှုမရှိစေဖို့ quarantine လုပ်တဲ့အစီစဉ် လုပ်ပေးတာ အပါအဝင် သူတို့နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရကိုရော ဒေသခံအသိုင်းဝိုင်းတွေကိုပါ အကူညီပေးဖို့ အသင့်ရှိကြောင်း ပြောပါတယ်။

ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ စက်လှေကိုတော့ တနင်္ဂနွေနေ့က ဒေသခံငါးဖမ်းသမားတွေက ကမ်းကနေ မိုင် ၆၀ လောက်အကွာမှာ စတွေ့ခဲ့တာဖြစ်ပြီး အမျိုးသမီး ၆၀ ကလေးငယ် ၅၁ ယောက်နဲ့ အမျိုးသား ၉ ယောက် လိုက်ပါလာတာပါ။ သူတို့ဟာ လှေစက်မပျက်ခင်က ပင်လယ်ထဲ ၂၈ ရက်ကြာ နေခဲ့ရကြောင်းနဲ့ သူတို့မလေးရှားကို သွားချင်ကြောင်းပြောကြပါတယ်။

အစောပိုင်းမှာတော့ ဒုက္ခသည်စက်လှေကို လက်ခံမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ကြပြီး၊ ပျက်စီးနေတဲ့ စက်လှေကို ပြင်ဆင်ပေးပြီး လိုအပ်တဲ့ အကူအညီတွေနဲ့ ပြန်ထွက်ခွာခိုင်းမယ်လို့ ပြောခဲ့ပေမဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ရက အခုနောက်ဆုံး ကမ်းကပ်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG