သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ ၁၀၀ ေက်ာ္ တင္ေဆာင္လာတဲ႔ ေလွတစီး အင္ဒိုနီးရွားမွာ ေသာင္တင္


Zawgyi

႐ိုဟင္ဂ်ာ ၁၀၀ ေက်ာ္ တင္ေဆာင္လာတဲ႔ ေလွတစီး အင္ဒိုနီးရွားမွာ ေသာင္တင္

အင္ဒိုနီးရွားႏိုင္ငံ ဆူမားၾတားကၽြန္းက Aceh ျပည္နယ္ကမ္းလြန္မွာ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြပါတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ လိုက္ပါလာတဲ့ ေလွတစင္း ေသာင္တင္ေနတာေတြ႕ရတယ္လို႔ ေဒသအာဏာပိုင္ေတြနဲ႔ လူ႔အခြင့္ေရးအဖြဲ႔ေတြက တနလၤာေန႔မွာ ေျပာပါတယ္။

ဒီေလွကို တနဂၤေႏြေန႔မွာ စေတြ႕ခဲ့ၿပီး သူတို႔ကိုကယ္ဆယ္ဖို႔အတြက္ ေဒသအာဏာပိုင္ေတြနဲ႔ လက္တြဲလုပ္ေဆာင္ေနတယ္လို႔ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ UNHCR ကေျပာပါတယ္။

ေဒသတြင္းက ငါးဖမ္းသမားေတြရဲ႕ ေခါင္းေဆာင္ကေတာ့ ေလွေပၚမွာ လူ ၁၂၀ ေလာက္ပါၿပီး သူတို႔ကို အစားအစာေတြ ေပးထားေၾကာင္းနဲ႔ သူတို႔ကို ကယ္ဆယ္ဖို႔ပါ တာဝန္ရွိသူေတြကို ပန္ၾကားထားေၾကာင္း ေျပာတယ္လို႔ အင္ဒိုနီးရွားမွာရွိတဲ့ AI ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႔ခြဲက ေျပာပါတယ္။ အႏၲရာယ္ရွိတဲ့ ေရျပင္ကို ျဖတ္ၿပီး အခုလို ဒုကၡသည္ေတြမလာေအာင္လုပ္ဖို႔ ေဒသတြင္းႏိုင္ငံေတြမွာ တာဝန္ရွိတယ္လို႔လည္း ေျပာပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ေတြ အတြင္း အင္ဒိုနီးရွားႏိုင္ငံကို ႐ိုဟင္ဂ်ာ ဒုကၡသည္ ရာနဲ႔ခ်ီ ေရာက္လာတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

ရိုဟင်ဂျာ ၁၀၀ ကျော် တင်ဆောင်လာတဲ့ လှေတစီး အင်ဒိုနီးရှားမှာ သောင်တင်

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက Aceh ပြည်နယ်ကမ်းလွန်မှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစင်း သောင်တင်နေတာတွေ့ရတယ်လို့ ဒေသအာဏာပိုင်တွေနဲ့ လူ့အခွင့်ရေးအဖွဲ့တွေက တနင်္လာနေ့မှာ ပြောပါတယ်။

ဒီလှေကို တနင်္ဂနွေနေ့မှာ စတွေ့ခဲ့ပြီး သူတို့ကိုကယ်ဆယ်ဖို့အတွက် ဒေသအာဏာပိုင်တွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ UNHCR ကပြောပါတယ်။

ဒေသတွင်းက ငါးဖမ်းသမားတွေရဲ့ ခေါင်းဆောင်ကတော့ လှေပေါ်မှာ လူ ၁၂၀ လောက်ပါပြီး သူတို့ကို အစားအစာတွေ ပေးထားကြောင်းနဲ့ သူတို့ကို ကယ်ဆယ်ဖို့ပါ တာဝန်ရှိသူတွေကို ပန်ကြားထားကြောင်း ပြောတယ်လို့ အင်ဒိုနီးရှားမှာရှိတဲ့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ခွဲက ပြောပါတယ်။ အန္တရာယ်ရှိတဲ့ ရေပြင်ကို ဖြတ်ပြီး အခုလို ဒုက္ခသည်တွေမလာအောင်လုပ်ဖို့ ဒေသတွင်းနိုင်ငံတွေမှာ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေ အတွင်း အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည် ရာနဲ့ချီ ရောက်လာတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG