သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းတြင္း ရိုဟင္ဂ်ာေစ်းဆိုင္ေတြ ရွင္းလင္းခံရ


ကူတုပေလာင္ဒုကၡသည္စခန္းတြင္းက တ႐ားမဝင္ေစ်းဆုိင္ေတြကို ဖ်က္သိမ္းခဲ့ပံု။

{{Zawgyi/Unicode}}

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ႐ိုဟင္ဂ်ာ ေစ်းဆိုင္ေပါင္း ၁,၀၀၀ ကို ဘူဒိုဇာနဲ႔ ရွင္းပစ္လိုက္ၿပီလို႔ ဘဂၤလားေဒ့ရွ္ တာဝန္ရွိသူတဦးက ဒီေန႔ ေျပာပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္စခန္း ဒုတိယေကာ္မရွင္နာမင္းႀကီး Shamsud Douza က ႐ိုဟင္ဂ်ာေတြအတြက္ အေဆာင္ေတြေဆာက္ဖို႔ တရားမဝင္ဆိုင္ေပါင္း ၁,၀၀၀ ေလာက္ကို မေန႔နဲ႔ဒီေန႔မွာ ဖ်က္ဆီးခဲ့ရတယ္လို႔ ဆိုပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲက ဒီ ေစ်းဆိုင္ေတြကို အခုလို ဖ်က္ဆီးလိုက္တာေၾကာင့္ ဒုကၡသည္ေတြရဲ႕ စားေသာက္ေနထိ္ုင္မူအေပၚ အမ်ားႀကီး ထိခိုက္ သြားႏိုင္တယ္လို႔ လူ႔အခြင့္အေရးဝန္ထမ္းေတြက ဆိုပါတယ္။ ဖ်က္ဆီးခံခဲ့ရတဲ့ ေစ်းဆိုင္ပိုင္ရွင္ေတြအေနနဲ႔လည္း တအံတၾသနဲ႔ သူတို႔ကုန္ပစၥည္းေတြ မပ်က္စီးေအာင္ အတင္းဝင္ဆြဲခဲ့ၾကရတယ္လို႔ ကူညီေရးလုပ္သားေတြက ဆိုပါတယ္။

ဘဂၤလားေဒ့ရွ္က ဒုကၡသည္စခန္း ၃၄ ခုမွာ ျမန္မာႏိုင္ငံကထြက္ေျပးလာတဲ့ ဒုကၡသည္ေပါင္း ၈ သိန္း ၅ ေသာင္းခန္႔ ခိုလံႈေနရာမွာ အမ်ားစုက ၂၀၁၇ ခုႏွစ္ အၾကမ္းဖက္တိုက္ခိုက္မူေတြကေန ထြက္ေျပးလာသူေတြျဖစ္ပါတယ္။ ဒီတိုက္ခိုက္မူအေပၚ ကုလသမဂၢကေတာ့ Genocide လူမ်ိဳးတံုးသတ္ျဖတ္မူအထိ ေျမာက္ႏိုင္တယ္လို႔ ေျပာထားပါတယ္။

အခုလို ဒုကၡသည္ေတြကို ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္က လက္ခံထားေပးတဲ့အေပၚ ႏိုင္ငံတကာမွာ ခ်ီးက်ဴးေထာက္ခံမူေတြရွိေနေပမဲ့ ဒုကၡသည္ေထာင္နဲ႔ခ်ီ စခန္းေရႊ႕ေျပာင္းတာအပါအဝင္ အခုလိုတင္းၾကပ္မူေတြကိုေတာ့ လူ႔အခြင့္အေရးအဖြဲ႔ေတြက ကန္႔ကြက္႐ူတ္ခ်ေလ့ရွိပါတယ္။

ျမန္မာစစ္ေကာင္စီကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို တရားဝင္လက္ခံမထားပါဘူး။

===========

{{Unicode}}


ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင်း ရိုဟင်ဂျာဈေးဆိုင်တွေ ရှင်းလင်းခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ ဈေးဆိုင်ပေါင်း ၁,၀၀၀ ကို ဘူဒိုဇာနဲ့ ရှင်းပစ်လိုက်ပြီလို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတဦးက ဒီနေ့ ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်း ဒုတိယကော်မရှင်နာမင်းကြီး Shamsud Douza က ရိုဟင်ဂျာတွေအတွက် အဆောင်တွေဆောက်ဖို့ တရားမဝင်ဆိုင်ပေါင်း ၁,၀၀၀ လောက်ကို မနေ့နဲ့ဒီနေ့မှာ ဖျက်ဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက ဒီ ဈေးဆိုင်တွေကို အခုလို ဖျက်ဆီးလိုက်တာကြောင့် ဒုက္ခသည်တွေရဲ့ စားသောက်နေထိုင်မူအပေါ် အများကြီး ထိခိုက် သွားနိုင်တယ်လို့ လူ့အခွင့်အရေးဝန်ထမ်းတွေက ဆိုပါတယ်။ ဖျက်ဆီးခံခဲ့ရတဲ့ ဈေးဆိုင်ပိုင်ရှင်တွေအနေနဲ့လည်း တအံတသြနဲ့ သူတို့ကုန်ပစ္စည်းတွေ မပျက်စီးအောင် အတင်းဝင်ဆွဲခဲ့ကြရတယ်လို့ ကူညီရေးလုပ်သားတွေက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်း ၃၄ ခုမှာ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ဒုက္ခသည်ပေါင်း ၈ သိန်း ၅ သောင်းခန့် ခိုလှုံနေရာမှာ အများစုက ၂၀၁၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မူတွေကနေ ထွက်ပြေးလာသူတွေဖြစ်ပါတယ်။ ဒီတိုက်ခိုက်မူအပေါ် ကုလသမဂ္ဂကတော့ Genocide လူမျိုးတုံးသတ်ဖြတ်မူအထိ မြောက်နိုင်တယ်လို့ ပြောထားပါတယ်။

အခုလို ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လက်ခံထားပေးတဲ့အပေါ် နိုင်ငံတကာမှာ ချီးကျူးထောက်ခံမူတွေရှိနေပေမဲ့ ဒုက္ခသည်ထောင်နဲ့ချီ စခန်းရွှေ့ပြောင်းတာအပါအဝင် အခုလိုတင်းကြပ်မူတွေကိုတော့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်ရူတ်ချလေ့ရှိပါတယ်။

မြန်မာစစ်ကောင်စီကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်ခံမထားပါဘူး။

#Bangladesh #Rohingya #voaburmese #ဘင်္ဂလားဒေ့ရှ် #ရိုဟင်ဂျာ #ဗွီအိုအေမြန်မာပိုင်း

XS
SM
MD
LG