သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ဘက္က မြတ္ဆလင္ ၇၀ ေက်ာ္ ေတာင္ကုတ္မွာ ဖမ္းဆီးခံရ


မေလးရွားကိုသြားဖို႔ ေတာင္ကုတ္ကေန ရန္ကုန္တက္ဖို႔တက္လာတဲ့ အေထာက္အထားမဲ့ မြတ္ဆလင္မ်ားကို ဖမ္းမိစဥ္။ (ဒီဇင္ဘာ ၂၃၊ ၂၀၂၁/ ဓာတ္ပံု-crd)

[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္ကေန ရန္ကုန္ၿမိဳ႕ကို သြားဖို႔ႀကိဳးစားတဲ့ မြတ္ဆလင္ ၇၀ ေက်ာ္ကို ေတာင္ကုတ္ၿမိဳ႕နယ္ထဲမွာ ရဲက ဖမ္းဆီးခဲ့ပါတယ္။ လူေတြကို ႁပြတ္သိပ္တင္လာတဲ့ ကားထဲမွာ တေယာက္ကေတာ့ ေသဆုံးေနတယ္လို႔ ရဲကေျပာပါတယ္။ ရန္ကုန္ ကေန မေလးရွားႏိုင္ငံကို သြားဖို႔ႀကိဳးစားၾကသူေတြဖမ္းဆီးမိတဲ့အေၾကာင္း ရန္ကုန္ ကလာတဲ့သတင္းကို ကိုေအာင္ျမတ္သူက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ ႏွစ္စဥ္ ပြင့္လင္းရာသီေရာက္လာၿပီဆိုရင္ ရခိုင္ျပည္နယ္ထဲက မြတ္ဆလင္ေတြဟာ အလုပ္အကိုင္ အခြင့္အလမ္းရွာဖို႔ မေလးရွားႏိုင္ငံဘက္ကို နည္းမ်ိဳးစုံနဲ႔သြားႏိုင္ဖို႔ ႀကိဳးစားၾကပါတယ္။

အဲဒီလိုႀကိဳးစားၾကသူ အေယာက္ ၇၀ ေက်ာ္ကို ဒီဇင္ဘာ ၂၂ ရက္ ဗုဒၶဟူးေန႔ ညေနပိုင္းက ရခိုင္ျပည္နယ္ေတာင္ပိုင္း ေတာင္ကုတ္ၿမိဳ႕နယ္အတြင္းမွာ ရဲကဖမ္းဆီးခဲ့ပါတယ္။ ေဂြးေတာက္႐ြာနဲ႔ ေမ်ာ္ငိုေကြ႕ၾကား ရခိုင္႐ိုးမေပၚမွာ အေထာက္အထားမဲ့ မြတ္ဆလင္ ၇၇ ဦးကို ဖမ္းမိခဲ့ၿပီး တဦးကေတာ့ ကားေပၚမွာ အသက္ရႈၾကပ္တာေၾကာင့္ ေသဆုံးေနတာေတြ႕ရတယ္လို႔ ကိုယ္တိုင္ဖမ္းဆီးရာမွာ ပါဝင္တဲ့ ရဲအရာရွိတဦးက ေျပာျပပါတယ္။

“ေတာင္ကုတ္ၿမိဳ႕နယ္ ဂ်ိဳးၾကာေကြ႕အုပ္စု၊ ေမ်ာက္ငိုနဲ႔ ေဂြးေတာက္ၾကားမွာ တရားမဝင္ ဘဂၤါလီလူမ်ိဳး ၇၇ ဦးေရာက္ရွိေနတယ္ဆိုၿပီးေတာ့ သတင္းၾကားလို႔ အုပ္ခ်ဳပ္ေရးမႉးအဖြဲ႕နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ၊ လဝကအဖြဲ႕ေတြ သြားၿပီးဖမ္းတယ္။ ဖမ္းေတာ့ အဲဒီမွာ ဘဂၤါလီလူမ်ိဳး ၇၇ ေယာက္ေတြ႕တယ္၊ က်ား မ၊ အဲမွာ က်ား တေယာက္ကေတာ့ ကားေပၚမွာ အသက္ရွဴၾကပ္ၿပီးေတာ့ ေသဆုံးသြားတယ္။ ေသဆုံးသူအေလာင္းကို အဲဒီေနရာမွာေတြ႕တယ္။”

ဖမ္းဆီးထားတဲ့ မြတ္ဆလင္ ၇၆ ေယာက္ကို လဝကကိုအပ္ထားၿပီး အေထာက္အထားမဲ့ မြတ္ဆလင္ေတြကို သယ္ေဆာင္လာသူ ႏွစ္ဦးကိုေတာ့လူေမွာင္ခိုကူးမႈနဲ႔ ဖမ္းဆီး တရားစြဲဆိုထားတယ္လို႔ ရဲအရာရွိကေျပာပါတယ္။ မြတ္ဆလင္ေတြကို ၆ ဘီးကုန္တင္ယာဥ္နဲ႔ ခိုးဝွက္သယ္ေဆာင္လာတာျဖစ္ပါတယ္။

“ဖမ္းဆီးထားတဲ့ ဘဂၤါလီလူမ်ိဳး ၇၆ ေယာက္ကိုေတာ့ လဝကကို အပ္ထားတယ္ဗ်ာ။ သူတို႔ေတြကို တရားမဝင္ တင္ေဆာင္လာတဲ့ ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ေတြကို ဖမ္းဆီး ေခၚေဆာင္လာတယ္။ ၿပီးေတာ့ ရဲစခန္းမွာ လူေမွာင္ခို သယ္ေဆာင္မႈနဲ႔ ရာဇသတ္ႀကီးပုဒ္မ ၃၆၇ အရ အေရးယူေဆာင္႐ြက္ထားတယ္။”

ဗုဒၶဟူးေန႔က ဖမ္းဆီးခံရတဲ့ မြတ္ဆလင္ေတြဟာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ေမာင္ေတာ၊ စစ္ေတြ၊ေျမာက္ဦး စတဲ့ၿမိဳ႕နယ္ေတြကျဖစ္ၿပီး ရန္ကုန္ကေနတဆင့္ မေလးရွားကိုသြားဖို႔ ထြက္လာၾကတာျဖစ္တယ္လို႔လည္း ေတာင္မၿမိဳ႕မ ရဲစခန္းက ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ အသြားအလာ ကန႔္သတ္ခံထားရတဲ့ ႐ိုဟင္ဂ်ာေတြဟာ သူတို႔ရဲ႕ စားဝတ္ေနေရးအတြက္ ျပည္ပႏိုင္ငံေတြကို မၾကာခဏဆိုသလို ထြက္သြားဖို႔ ႀကိဳးစားေလ့ရွိပါတယ္။ အခုလို လူကုန္ကူးေတြရဲ႕ အကူအညီနဲ႔ တရားမဝင္ သြားၾကသူေတြထဲကတခ်ိဳ႕ ျမန္မာ့ပိုင္နက္ထဲမွာ ဖမ္းဆီးခံရတာရွိသလို အိမ္နီးခ်င္း ထိုင္း၊ မေလးရွား စတဲ့ႏိုင္ငံေတြရဲ႕ ပိုင္နက္ေတြထဲမွာ ဖမ္းဆီးခံရတာမ်ိဳးေတြလည္း ရွိခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလတုန္းကလည္း ရခိုင္ျပည္နယ္ကေန စက္ေလွနဲ႔ မေလးရွားဘက္ တတရားမဝင္သြားဖို႔ ႀကိဳးစားတဲ့ ႐ိုဟင္ဂ်ာေတြကို ႏွစ္ႀကိမ္ ဖမ္းမိခဲ့တာ စုစုေပါင္း ၁၀၀ နီးပါးရွိခဲ့ပါတယ္။ ဒါအျပင့္ ႏိုဝင္ဘာလ ၂၉ရက္ေန႔ကလည္း ေလွစီးေျပးသူ ၂၂၈ ေယာက္ပါတဲ့ စက္ေလွတစီးကို စစ္ေတြၿမိဳ႕ အေနာက္ေျမာက္ဘက္ ပင္လယ္ထဲမွာ ေရတပ္က ဖမ္းဆီးခဲ့ပါတယ္။

အဲဒီဖမ္းဆီးထားသူေတြထဲက မြတ္ဆလင္ ၁၀၉ ဦးကို လဝက ဥပေဒပုဒ္မ ၁၃-၁ နဲ႔ ေမာင္ေတာၿမိဳ႕နယ္ တရား႐ုံးက ဒီဇင္ဘာလ ၁၄ ရက္ေန႔ကပဲ ေထာင္ဒဏ္ ငါးႏွစ္စီ ခ်မွတ္လိုက္ၿပီး က်န္တဲ့ အသက္ ၁၈ ႏွစ္ေအာက္ကေလး အေယာက္ ၈၀ နဲ႔ အသက္ ၁၀ ႏွစ္ေအာက္ ကေလး ၃၅ ဦးကိုေတာ့ ေမာင္ေတာၿမိဳ႕နယ္ တရား႐ုံးက ဆိုဆုံးမၿပီးျပန္လႊတ္ေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ရခိုင်ဘက်က မွတ်ဆလင် ၇၀ ကျော် တောင်ကုတ်မှာ ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်ကနေ ရန်ကုန်မြို့ကို သွားဖို့ကြိုးစားတဲ့ မွတ်ဆလင် ၇၀ ကျော်ကို တောင်ကုတ်မြို့နယ်ထဲမှာ ရဲက ဖမ်းဆီးခဲ့ပါတယ်။ လူတွေကို ပြွတ်သိပ်တင်လာတဲ့ ကားထဲမှာ တယောက်ကတော့ သေဆုံးနေတယ်လို့ ရဲကပြောပါတယ်။ ရန်ကုန် ကနေ မလေးရှားနိုင်ငံကို သွားဖို့ကြိုးစားကြသူတွေဖမ်းဆီးမိတဲ့အကြောင်း ရန်ကုန် ကလာတဲ့သတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် ပွင့်လင်းရာသီရောက်လာပြီဆိုရင် ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်တွေဟာ အလုပ်အကိုင် အခွင့်အလမ်းရှာဖို့ မလေးရှားနိုင်ငံဘက်ကို နည်းမျိုးစုံနဲ့သွားနိုင်ဖို့ ကြိုးစားကြပါတယ်။

အဲဒီလိုကြိုးစားကြသူ အယောက် ၇၀ ကျော်ကို ဒီဇင်ဘာ ၂၂ ရက် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်အတွင်းမှာ ရဲကဖမ်းဆီးခဲ့ပါတယ်။ ဂွေးတောက်ရွာနဲ့ မျော်ငိုကွေ့ကြား ရခိုင်ရိုးမပေါ်မှာ အထောက်အထားမဲ့ မွတ်ဆလင် ၇၇ ဦးကို ဖမ်းမိခဲ့ပြီး တဦးကတော့ ကားပေါ်မှာ အသက်ရှုကြပ်တာကြောင့် သေဆုံးနေတာတွေ့ရတယ်လို့ ကိုယ်တိုင်ဖမ်းဆီးရာမှာ ပါဝင်တဲ့ ရဲအရာရှိတဦးက ပြောပြပါတယ်။

“တောင်ကုတ်မြို့နယ် ဂျိုးကြာကွေ့အုပ်စု၊ မျောက်ငိုနဲ့ ဂွေးတောက်ကြားမှာ တရားမဝင် ဘင်္ဂါလီလူမျိုး ၇၇ ဦးရောက်ရှိနေတယ်ဆိုပြီးတော့ သတင်းကြားလို့ အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ လဝကအဖွဲ့တွေ သွားပြီးဖမ်းတယ်။ ဖမ်းတော့ အဲဒီမှာ ဘင်္ဂါလီလူမျိုး ၇၇ ယောက်တွေ့တယ်၊ ကျား မ၊ အဲမှာ ကျား တယောက်ကတော့ ကားပေါ်မှာ အသက်ရှူကြပ်ပြီးတော့ သေဆုံးသွားတယ်။ သေဆုံးသူအလောင်းကို အဲဒီနေရာမှာတွေ့တယ်။”

ဖမ်းဆီးထားတဲ့ မွတ်ဆလင် ၇၆ ယောက်ကို လဝကကိုအပ်ထားပြီး အထောက်အထားမဲ့ မွတ်ဆလင်တွေကို သယ်ဆောင်လာသူ နှစ်ဦးကိုတော့လူမှောင်ခိုကူးမှုနဲ့ ဖမ်းဆီး တရားစွဲဆိုထားတယ်လို့ ရဲအရာရှိကပြောပါတယ်။ မွတ်ဆလင်တွေကို ၆ ဘီးကုန်တင်ယာဉ်နဲ့ ခိုးဝှက်သယ်ဆောင်လာတာဖြစ်ပါတယ်။

“ဖမ်းဆီးထားတဲ့ ဘင်္ဂါလီလူမျိုး ၇၆ ယောက်ကိုတော့ လဝကကို အပ်ထားတယ်ဗျာ။ သူတို့တွေကို တရားမဝင် တင်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ဖမ်းဆီး ခေါ်ဆောင်လာတယ်။ ပြီးတော့ ရဲစခန်းမှာ လူမှောင်ခို သယ်ဆောင်မှုနဲ့ ရာဇသတ်ကြီးပုဒ်မ ၃၆၇ အရ အရေးယူဆောင်ရွက်ထားတယ်။”

ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံရတဲ့ မွတ်ဆလင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တော၊ စစ်တွေ၊မြောက်ဦး စတဲ့မြို့နယ်တွေကဖြစ်ပြီး ရန်ကုန်ကနေတဆင့် မလေးရှားကိုသွားဖို့ ထွက်လာကြတာဖြစ်တယ်လို့လည်း တောင်မမြို့မ ရဲစခန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အသွားအလာ ကန့်သတ်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် ပြည်ပနိုင်ငံတွေကို မကြာခဏဆိုသလို ထွက်သွားဖို့ ကြိုးစားလေ့ရှိပါတယ်။ အခုလို လူကုန်ကူးတွေရဲ့ အကူအညီနဲ့ တရားမဝင် သွားကြသူတွေထဲကတချို့ မြန်မာ့ပိုင်နက်ထဲမှာ ဖမ်းဆီးခံရတာရှိသလို အိမ်နီးချင်း ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေရဲ့ ပိုင်နက်တွေထဲမှာ ဖမ်းဆီးခံရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတုန်းကလည်း ရခိုင်ပြည်နယ်ကနေ စက်လှေနဲ့ မလေးရှားဘက် တတရားမဝင်သွားဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာတွေကို နှစ်ကြိမ် ဖမ်းမိခဲ့တာ စုစုပေါင်း ၁၀၀ နီးပါးရှိခဲ့ပါတယ်။ ဒါအပြင့် နိုဝင်ဘာလ ၂၉ရက်နေ့ကလည်း လှေစီးပြေးသူ ၂၂၈ ယောက်ပါတဲ့ စက်လှေတစီးကို စစ်တွေမြို့ အနောက်မြောက်ဘက် ပင်လယ်ထဲမှာ ရေတပ်က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဖမ်းဆီးထားသူတွေထဲက မွတ်ဆလင် ၁၀၉ ဦးကို လဝက ဥပဒေပုဒ်မ ၁၃-၁ နဲ့ မောင်တောမြို့နယ် တရားရုံးက ဒီဇင်ဘာလ ၁၄ ရက်နေ့ကပဲ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်ပြီး ကျန်တဲ့ အသက် ၁၈ နှစ်အောက်ကလေး အယောက် ၈၀ နဲ့ အသက် ၁၀ နှစ်အောက် ကလေး ၃၅ ဦးကိုတော့ မောင်တောမြို့နယ် တရားရုံးက ဆိုဆုံးမပြီးပြန်လွှတ်ပေးခဲ့ပါတယ်။

#Rohingya #voaburmese #ရိုဟင်ဂျာ #ဗွီအိုအေမြန်မာပိုင်း

#တောင်ကုတ် #မွတ်ဆလင်၇၇ယောက် #ရာဇသတ်ကြီးပုဒ်မ၃၆၇

===========

XS
SM
MD
LG