သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ရိုဟင်ဂျာစခန်း သွားရောက်မည်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrew
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrew

[[Zawgyi/Unicode]]

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrew ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ သွားရောက်မှာဖြစ်ကြောင်း ကုလသမဂ္ဂက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

“သူတို့ကို လူမျိုးတုံးသတ်ဖြတ်မှုဆန်ဆန် တိုက်ခိုက်ခဲ့တာကြောင့် ရိုဟင်ဂျာ တသန်းလောက်ဟာ အသက်စွန့်ပြီး မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ကြရတယ်ဆိုတာကို ကမ္ဘာက မေ့မထားသင့်ပါဘူး။ ရိုဟင်ဂျာတွေဟာ သူတို့အိမ်ကို ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်လိုကြတာပဲ ရှိပါတယ်” လို့ Tom Andrew က ပြောပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrew ဟာ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒက္ကာကို ဦးစွာ ရောက်ရှိမှာဖြစ်ပြီး အဲဒီကနေမှ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအပြင် မကြာသေးခင်က ရိုဟင်ဂျာတွေ ရွှေ့ပြောင်း နေထိုင်ကြတဲ့ Bhasan Char ကျွန်းတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတွေ၊ ကုလသမဂ္ဂအရာရှိတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

“မြန်မာစစ်တပ်က လူ့အခွင့်အရေးတွေကို စံနစ်တကျ ချိုးဖောက်နေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက သူတို့နေအိမ်တွေကို စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြရတယ်ဆိုတာကို နိုင်ငံတကာက မေ့မထားသင့်ပါဘူး၊ ဒီ ဒုက္ခသည်တွေနဲ့ တွေ့ခွင့်ရမှာကို ကျနော်ဝမ်းသာ ဂုဏ်ယူမိပါတယ်” လို့ Tom Andrew က ပြောပါတယ်။

သူ့ခရီးစဉ်အတွင်း တွေ့ရှိခဲ့တာတွေကို ဒီဇင်ဘာ ၁၉ ရက်နေ့မှာ Tom Andrew က ဒက္ကာမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း တွေ့ရှိခဲ့တဲ့အချက်တွေကို လာမယ့် ၂၀၂၂ ခုနှစ်၊ မတ်လမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းမယ့် အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြသွားမှာဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ရိုဟင်ဂျာစခန်း သွားရောက်မည်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

===========

[[Unicode]]







#MyanmarHumanRights #UNMyanmar #Rohingya #VOABurmese


===========

XS
SM
MD
LG