သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေလွေသာင္တင္ေရာက္လာတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ၁၀၀ ေက်ာ္ အင္ဒို လက္ခံမည္မဟုတ္


အင္ဒိုနီးရွားႏုိင္ငံ၊ Aceh ျပည္နယ္ကမ္းလြန္မွာ ေလွပ်က္ေသာင္တင္ေနတဲ့ ႐ိုဟင္ဂ်ာ ၁၀၀ ေက်ာ္အတြက္ အင္ဒိုအစိုးရက စားနပ္ရိကၡာပို႔ေပးရန္ေဆာင္ရြက္ေနစဥ္။ (၁၂-၂၈-၂၀၂၁)

[[Zawgyi/Unicode]]

အင္ဒိုနီးရွားႏိုင္ငံ Aceh ျပည္နယ္ကမ္းလြန္မွာ ေသာင္တင္ေနတဲ့ေလွနဲ႔အတူ ေသာင္တင္ေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ၁၀၀ ေက်ာ္ကို ကမ္းတက္ခိုလႈံခြင့္မေပးဘဲ သူတို႔ေလွကို ျပန္ျပင္ေပးၿပီး ျပန္သြားခိုင္းမယ္လို႔ အင္ဒိုနီးရွား အရာရွိေတြရဲ႕ ဒီကေန႔ ေျပာဆိုခ်က္ကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

႐ိုဟင္ဂ်ာေတြဟာ အင္ဒိုနီးရွားႏိုင္ငံသားမဟုတ္တဲ့အတြက္ သူတို႔ကို ဒုကၡသည္အျဖစ္ ဒီအတိုင္း လက္ခံထားလိုက္လို႔ မရႏိုင္ဘူးလို႔ အင္ဒိုနီးရွား ေရတပ္အရာရွိတဦးေျပာတာကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။

သူတို႔ကို ပင္လယ္ျပင္ထဲ ျပန္မလႊတ္ခင္ လိုအပ္တဲ့ စားစရာ၊ ေဆးဝါးနဲ႔ ေသာက္ေရ စတဲ့ စာနာမႈဆိုင္ရာ အကူအညီေတြ အင္ဒိုနီးရွား တာဝန္ရွိသူေတြက ေပးသြားမယ္လို႔ ဆိုပါတယ္။ UNHCR ဒုုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီး႐ုံးကေတာ့ ဒုကၡသည္ေတြပါလာတဲ့ ဒီေလွရဲ႕အင္ဂ်င္ ထိခိုက္ပ်က္စီးသြားတဲ့အတြက္ သူတို႔ကို ကမ္းကပ္ခြင့္ေပးမယ္လို႔ ဒီကေန႔မွာပဲ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ၊ ဆူမားထရားကၽြန္း အေနာက္ဘက္ျခမ္းမွာရွိတဲ့ Aceh ျပည္နယ္ ကမ္းလြန္မွာ ေသာင္တင္ေနတဲ့ အဲဒီ ေလွကို အင္ဒိုနီးရွား ငါးဖမ္းသမားေတြက တနဂၤေႏြေန႔မွာ ေတြ႔ရွိခဲ့တာပါ။ အဲဒီေလွေပၚမွာ ႐ိုဟင္ဂ်ာဒုကၡသည္ ၁၂၀ ေလာက္ ပါမယ္လို႔ ခန္႔မွန္းထားပါတယ္။ တတိယႏိုင္ငံကိုသြားဖို႔အတြက္ ဒုကၡသည္ေတြက ၾကားခံႏိုင္ငံအျဖစ္ အသုံးျပဳေနၾကတဲ့ အင္ဒိုနီးရွားဟာ ၁၉၅၁ ခုႏွစ္ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ပဋိဉာဏ္စာခ်ဳပ္ကို လက္မွတ္ထိုးထားတဲ့ႏိုင္ငံမဟုတ္ပါဘူး။

===========

[[Unicode]]

လှေသောင်တင်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော် အင်ဒို လက်ခံမည်မဟုတ်

အင်ဒိုနီးရှားနိုင်ငံ Aceh ပြည်နယ်ကမ်းလွန်မှာ သောင်တင်နေတဲ့လှေနဲ့အတူ သောင်တင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ကို ကမ်းတက်ခိုလှုံခွင့်မပေးဘဲ သူတို့လှေကို ပြန်ပြင်ပေးပြီး ပြန်သွားခိုင်းမယ်လို့ အင်ဒိုနီးရှား အရာရှိတွေရဲ့ ဒီကနေ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှားနိုင်ငံသားမဟုတ်တဲ့အတွက် သူတို့ကို ဒုက္ခသည်အဖြစ် ဒီအတိုင်း လက်ခံထားလိုက်လို့ မရနိုင်ဘူးလို့ အင်ဒိုနီးရှား ရေတပ်အရာရှိတဦးပြောတာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

သူတို့ကို ပင်လယ်ပြင်ထဲ ပြန်မလွှတ်ခင် လိုအပ်တဲ့ စားစရာ၊ ဆေးဝါးနဲ့ သောက်ရေ စတဲ့ စာနာမှုဆိုင်ရာ အကူအညီတွေ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပေးသွားမယ်လို့ ဆိုပါတယ်။ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးကတော့ ဒုက္ခသည်တွေပါလာတဲ့ ဒီလှေရဲ့အင်ဂျင် ထိခိုက်ပျက်စီးသွားတဲ့အတွက် သူတို့ကို ကမ်းကပ်ခွင့်ပေးမယ်လို့ ဒီကနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားထရားကျွန်း အနောက်ဘက်ခြမ်းမှာရှိတဲ့ Aceh ပြည်နယ် ကမ်းလွန်မှာ သောင်တင်နေတဲ့ အဲဒီ လှေကို အင်ဒိုနီးရှား ငါးဖမ်းသမားတွေက တနင်္ဂနွေနေ့မှာ တွေ့ရှိခဲ့တာပါ။ အဲဒီလှေပေါ်မှာ ရိုဟင်ဂျာဒုက္ခသည် ၁၂၀ လောက် ပါမယ်လို့ ခန့်မှန်းထားပါတယ်။ တတိယနိုင်ငံကိုသွားဖို့အတွက် ဒုက္ခသည်တွေက ကြားခံနိုင်ငံအဖြစ် အသုံးပြုနေကြတဲ့ အင်ဒိုနီးရှားဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံမဟုတ်ပါဘူး။

#MyanmarIndonesia #Rohingya #VOABurmese

#ရိုဟင်ဂျာ #လှေစီးပြေး #အင်ဒိုနီးရှား #လှေသောင်တင် #ဗွီအိုအေ

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG