သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေလွစီးေျပး ႐ိုဟင္ဂ်ာဒုကၡသည္ ၁၀၀ ေက်ာ္ကို အင္ဒိုနီးရွား လက္ခံဖို႔ဆုံးျဖတ္


= = =[ Zawgyi ]= = =

ေလွစီးေျပး ႐ိုဟင္ဂ်ာဒုကၡသည္ ၁၀၀ ေက်ာ္ကို အင္ဒိုနီးရွား လက္ခံဖို႔ဆုံးျဖတ္

႐ိုဟင္ဂ်ာမူဆလင္ (၁၂၀)ကို တင္ေဆာင္ၿပီး အင္ဒိုနီးရွားႏိုင္ငံရဲ႕ ေျမာက္ဖက္စြန္း အာေခ်းေဒသ ကမ္းလြန္မွာ ေရာက္ရွိေနတဲ့ ေလွတစင္းကို ဆိုက္ကပ္ခြင့္ျပဳဖို႔ အင္ဒိုနီးရွား အာဏာပိုင္ေတြက ဗုဒၶဟူးေန႔မွာ ဆုံးျဖတ္လိုက္ပါတယ္။

အခုလို ဆုံးျဖတ္ရတာဟာ အမ်ဳိးသမီးနဲ႔ ကေလးငယ္ေတြ အမ်ားစုပါဝင္တဲ့ ဒီဒုကၡသည္ေတြရဲ႕ အေျခအေန လြန္စြာ ဆိုးရြားေနတဲ့အတြက္ ျဖစ္တယ္လို႔ အင္ဒိုနီးရွား ဒုကၡသည္ေရးရာ အရာရွိ Armed Wijaya က ေျပာပါတယ္။

“လူသားခ်င္း စာနာမႈ အေျခအေနေတြအရ ၊ အခုလို ပင္လယ္ထဲ ေမ်ာေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို လက္ခံဖို႔ အင္ဒိုနီးရွားအစိုးရက ဆုံးျဖတ္ခဲ့ရတာ ျဖစ္တယ္လို႔” .. သူက ေျပာသြားတာပါ။

အေစာပိုင္းတုန္းကေတာ့ ကုလသမဂၢနဲ႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက သူတို႔ကို လက္ခံေပးဖို႔ ေတာင္းဆိုေနၾကေပမယ့္ ဒီ ႐ိုဟင္ဂ်ာေလွကို ႏိုင္ငံတကာ ေရပိုင္နက္ထဲ ျပန္လည္ေမာင္းထုတ္မယ္လို႔ ေဒသခံ အာဏာပိုင္ေတြက ေျပာခဲ့ၾကတာပါ။ အဲဒီေလွဟာ ေရယိုေနၿပီး ၊ စက္လည္း ခ်ဳိ႕ယြင္းေနတဲ့အတြက္ ပင္လယ္ျပင္ထဲ ေမာင္းထုတ္ခံရရင္ နစ္ျမဳပ္သြားႏိုင္တယ္လို႔ UNHCR အရာရွိေတြက ေျပာခဲ့ၾကတာပါ။

UNHCR အေနနဲ႔ ႐ိုဟင္ဂ်ာေတြကို ႏိုင္ငံတကာ လူထုက်န္းမာေရး လုပ္ထုံးလုပ္နည္းေတြနဲ႔အညီ သီးျခားထားရွိေရး အစီအစဥ္အတြက္ သက္ဆိုင္ရာအစိုးရနဲ႔ ေဒသဆိုင္ရာ လူမႈအသိုက္အဝန္းကို အကူအညီေပးဖို႔ အဆင္သင့္ ရွိတယ္လို႔လည္း ေျပာထားပါတယ္။

ျမန္မာႏိုင္ငံက ထြက္ေျပးလာတဲ့ ႐ိုဟင္ဂ်ာမူဆလင္ (၇)သိန္းေက်ာ္ဟာ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြမွာ စုျပဳံ ေနထိုင္ၾကရၿပီး အဲဒီစခန္းေတြက တဆင့္ မူဆလင္အမ်ားစုေနထိုင္တဲ့ ေဒသတြင္းႏိုင္ငံေတြဆီကို စြန္႔စြန္႔စားစား သြားေရာက္ေနၾကတာ ျဖစ္ပါတယ္။

ျမန္မာ အာဏာပိုင္ေတြကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေပမယ့္ ဒုကၡသည္ေတြ ျပန္လည္လက္ခံႏိုင္ေရးအတြက္ လုပ္ေဆာင္ခ်က္ေတြ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


= = ={ Unicode }= = =

လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ကို အင်ဒိုနီးရှား လက်ခံဖို့ဆုံးဖြတ်

ရိုဟင်ဂျာမူဆလင် (၁၂၀)ကို တင်ဆောင်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ မြောက်ဖက်စွန်း အာချေးဒေသ ကမ်းလွန်မှာ ရောက်ရှိနေတဲ့ လှေတစင်းကို ဆိုက်ကပ်ခွင့်ပြုဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

အခုလို ဆုံးဖြတ်ရတာဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုပါဝင်တဲ့ ဒီဒုက္ခသည်တွေရဲ့ အခြေအနေ လွန်စွာ ဆိုးရွားနေတဲ့အတွက် ဖြစ်တယ်လို့ အင်ဒိုနီးရှား ဒုက္ခသည်ရေးရာ အရာရှိ Armed Wijaya က ပြောပါတယ်။

“လူသားချင်း စာနာမှု အခြေအနေတွေအရ ၊ အခုလို ပင်လယ်ထဲ မျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံဖို့ အင်ဒိုနီးရှားအစိုးရက ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့” .. သူက ပြောသွားတာပါ။

အစောပိုင်းတုန်းကတော့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက သူတို့ကို လက်ခံပေးဖို့ တောင်းဆိုနေကြပေမယ့် ဒီ ရိုဟင်ဂျာလှေကို နိုင်ငံတကာ ရေပိုင်နက်ထဲ ပြန်လည်မောင်းထုတ်မယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောခဲ့ကြတာပါ။ အဲဒီလှေဟာ ရေယိုနေပြီး ၊ စက်လည်း ချို့ယွင်းနေတဲ့အတွက် ပင်လယ်ပြင်ထဲ မောင်းထုတ်ခံရရင် နစ်မြုပ်သွားနိုင်တယ်လို့ UNHCR အရာရှိတွေက ပြောခဲ့ကြတာပါ။

UNHCR အနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံတကာ လူထုကျန်းမာရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သီးခြားထားရှိရေး အစီအစဉ်အတွက် သက်ဆိုင်ရာအစိုးရနဲ့ ဒေသဆိုင်ရာ လူမှုအသိုက်အဝန်းကို အကူအညီပေးဖို့ အဆင်သင့် ရှိတယ်လို့လည်း ပြောထားပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမူဆလင် (၇)သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ စုပြုံ နေထိုင်ကြရပြီး အဲဒီစခန်းတွေက တဆင့် မူဆလင်အများစုနေထိုင်တဲ့ ဒေသတွင်းနိုင်ငံတွေဆီကို စွန့်စွန့်စားစား သွားရောက်နေကြတာ ဖြစ်ပါတယ်။

မြန်မာ အာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေ ပြန်လည်လက်ခံနိုင်ရေးအတွက် လုပ်ဆောင်ချက်တွေ ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG