သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခြင့္ျပဳခ်က္မဲ့ နယ္ေက်ာ္စြဲခ်က္နဲ႔ မြတ္ဆလင္ ၃၃ ဦးကို ေထာင္ဒဏ္ တႏွစ္စီခ်မွတ္


အေထာက္အထားမဲ့ နယ္ေက်ာ္ခရီးသြားတဲ့အတြက္ အဖမ္းခံထားရသူ ႐ိုဟင္ဂ်ာမြတ္ဆလင္တဦး (ယခင္ပံုေဟာင္း/ဒီဇင္ဘာ ၂၀၊ ၂၀၁၉ )

[[Zawgyi/Unicode]]

ရခိုင္ျပည္နယ္ေတာင္ပိုင္း ေတာင္ကုတ္ၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ တပတ္ေလာက္က ဖမ္းဆီးထားတဲ့မြတ္ဆလင္ ၇၆ ဦးထဲက ၃၃ ေယာက္ကို လဝကဥပေဒနဲ႔ ေတာင္ကုတ္ၿမိဳ႕နယ္ တရား႐ုံးက ေထာင္ဒဏ္ တႏွစ္စီခ်မွတ္လိုက္ပါတယ္။ က်န္တဲ့သူေတြကေတာ့ အသက္မျပည့္ေသးတဲ့ကေလးသူငယ္ေတြျဖစ္တာေၾကာင့္ ေလာေလာဆယ္ မွာ လဝက-က ထိန္းသိန္းထားတယ္လို႔ ေတာင္ကုတ္ၿမိဳ႕မရဲစခန္းက ရဲအရာရွိတဦးကေျပာပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ထားတာကို ကိုေအာင္ျမတ္သူက တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္ေတာင္ပိုင္း ေတာင္ကုတ္ၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ဒီဇင္ဘာလ ၂၂ ရက္ေန႔ က အေထာက္အထားမဲ့ နယ္ေက်ာ္ခရီးသြားလာတဲ့ မြတ္ဆလင္ ၇၇ ေယာက္ကို ေတာင္ကုတ္ၿမိဳ႕မရဲစခန္းက ဖမ္းဆီးခဲ့ၿပီး အဲဒီထဲကတဦးကေတာ့ ကားေပၚမွာ အသက္ရႈၾကပ္တာေၾကာင့္ ေသဆုံးေနတာေတြ႕ရတယ္လို႔ ကိုယ္တိုင္ဖမ္းဆီးရာမွာ ပါဝင္တဲ့ ရဲအရာရွိတဦးက ေျပာျပပါတယ္။

ဖမ္းဆီးထားတဲ့ မြတ္ဆလင္ ၇ ဦးထဲက ၃၃ ဦးကို လဝက ဥပေဒပုဒ္မ ၆ (၂)၊ ၆ (၃) နဲ႔ ေတာင္ကုတ္ၿမိဳ႕နယ္တရား႐ုံးက မေန႔က ေထာင္ဒဏ္တႏွစ္စီ အမိန႔္ခ်လိုက္ တယ္လို႔ ေတာင္ကုတ္ၿမိဳ႕မရဲစခန္းက ရဲအရာရွိတဦးကေျပာပါတယ္။

“အမိန႔္ခ်တာက ၃၃ ေယာက္ဗ်ာ တႏွစ္ခ်လိုက္တာ။ ေထာက္ခံခ်က္မပါဘဲနဲ႔ နယ္ေက်ာ္သြားလို႔ေပါ့။ တေနရာနဲ႔ တေနရာ။”

အမိန႔္မခ်ဘဲ က်န္တဲ့ ၄၃ ေယာက္ကေတာ့ အသက္မျပည့္ေသးတဲ့ ကေလးသူငယ္ ေတြ ျဖစ္ၿပီး လက္ရွိမွာ လဝကမွာပဲ ထိန္းသိမ္းထားၿပီး ဘယ္လိုေဆာင္႐ြက္မယ္ဆိုတာကို မသိေသးဘူးလို႔လည္း ေတာင္ကုတ္ၿမိဳ႕မ ရဲစခန္းက ရဲအရာရွိက ဆက္ေျပာပါတယ္။

“အမိန႔္မခ်ေသးတဲ့သူေတြကေတာ့ ကေလးသူငယ္ေတြဗ်။ အခု လဝကကေတာ့ ထိန္းသိမ္းထားတယ္။ အဲဒါ ဘယ္လိုအမိန႔္ခ်မလဲေတာ့ က်ေနာ္တို႔လည္း လတ္တေလာေတာ့ မေျပာတတ္ေသးဘူး။”

အေထာက္အထားမဲ့ မြတ္ဆလင္ေတြကို ေျခာက္ဘီးယာဥ္နဲ႔ သယ္ေဆာင္လာတဲ့ ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ကိုေတာ့ လူေမွာင္ခိုကူးမႈနဲ႔ တရားစြဲဆိုထားပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ အသြားအလာ ကန႔္သတ္ခံထားရတဲ့ ႐ိုဟင္ဂ်ာေတြဟာ သူတို႔ရဲ႕ စားဝတ္ေနေရးအတြက္ ျပည္ပႏိုင္ငံေတြကို မၾကာခဏဆိုသလို ထြက္ သြားဖို႔ ႀကိဳးစားေလ့ရွိပါတယ္။ အခုလို လူကုန္ကူးေတြရဲ႕ အကူအညီနဲ႔ တရားမဝင္ သြားၾကသူေတြထဲကတခ်ိဳ႕ ျမန္မာ့ပိုင္နက္ထဲမွာ ဖမ္းဆီးခံရတာရွိသလို အိမ္နီးခ်င္း ထိုင္း၊ မေလးရွား စတဲ့ႏိုင္ငံေတြရဲ႕ ပိုင္နက္ေတြထဲမွာ ဖမ္းဆီးခံရတာမ်ိဳးေတြလည္း ရွိခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလတုန္းကလည္း ရခိုင္ျပည္နယ္ကေန စက္ေလွနဲ႔ မေလးရွားဘက္ တရားမဝင္သြားဖို႔ ႀကိဳးစားတဲ့ ႐ိုဟင္ဂ်ာေတြကို ႏွစ္ႀကိမ္ ဖမ္းမိခဲ့တာ စုစုေပါင္း ၁၀၀ နီးပါးရွိခဲ့ပါတယ္။ ဒါအျပင့္ ႏိုဝင္ဘာလ ၂၉ ရက္ေန႔ကလည္း ေလွစီးေျပးသူ ၂၂၈ ေယာက္ပါတဲ့ စက္ေလွတစီးကို စစ္ေတြၿမိဳ႕ အေနာက္ေျမာက္ဘက္ ပင္လယ္ထဲမွာ ေရတပ္က ဖမ္းဆီးခဲ့ပါတယ္။

အဲဒီဖမ္းဆီးထားသူေတြထဲက မြတ္ဆလင္ ၁၀၉ ဦးကို လဝက ဥပေဒပုဒ္မ ၁၃-၁ နဲ႔ ေမာင္ေတာၿမိဳ႕နယ္ တရား႐ုံးက ဒီဇင္ဘာလ ၁၄ ရက္ေန႔ကပဲ ေထာင္ဒဏ္ ငါးႏွစ္စီ ခ်မွတ္လိုက္ၿပီး၊ က်န္တဲ့ အသက္ ၁၈ ႏွစ္ေအာက္ကေလး အေယာက္ ၈၀ နဲ႔ အသက္ ၁၀ ႏွစ္ေအာက္ ကေလး ၃၅ ဦးကိုေတာ့ ေမာင္ေတာၿမိဳ႕နယ္ တရား႐ုံးက သတိေပးၿပီး ျပန္လႊတ္ေပးတယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ခွင့်ပြုချက်မဲ့ နယ်ကျော် စွဲချက်နဲ့ မွတ်ဆလင် ၃၃ ဦးကို ထောင်ဒဏ် တနှစ်စီချမှတ်

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်မှာ ပြီးခဲ့တဲ့ တပတ်လောက်က ဖမ်းဆီးထားတဲ့မွတ်ဆလင် ၇၆ ဦးထဲက ၃၃ ယောက်ကို လဝကဥပဒေနဲ့ တောင်ကုတ်မြို့နယ် တရားရုံးက ထောင်ဒဏ် တနှစ်စီချမှတ်လိုက်ပါတယ်။ ကျန်တဲ့သူတွေကတော့ အသက်မပြည့်သေးတဲ့ကလေးသူငယ်တွေဖြစ်တာကြောင့် လောလောဆယ် မှာ လဝက-က ထိန်းသိန်းထားတယ်လို့ တောင်ကုတ်မြို့မရဲစခန်းက ရဲအရာရှိတဦးကပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၂ ရက်နေ့ က အထောက်အထားမဲ့ နယ်ကျော်ခရီးသွားလာတဲ့ မွတ်ဆလင် ၇၇ ယောက်ကို တောင်ကုတ်မြို့မရဲစခန်းက ဖမ်းဆီးခဲ့ပြီး အဲဒီထဲကတဦးကတော့ ကားပေါ်မှာ အသက်ရှုကြပ်တာကြောင့် သေဆုံးနေတာတွေ့ရတယ်လို့ ကိုယ်တိုင်ဖမ်းဆီးရာမှာ ပါဝင်တဲ့ ရဲအရာရှိတဦးက ပြောပြပါတယ်။

ဖမ်းဆီးထားတဲ့ မွတ်ဆလင် ၇ ဦးထဲက ၃၃ ဦးကို လဝက ဥပဒေပုဒ်မ ၆ (၂)၊ ၆ (၃) နဲ့ တောင်ကုတ်မြို့နယ်တရားရုံးက မနေ့က ထောင်ဒဏ်တနှစ်စီ အမိန့်ချလိုက် တယ်လို့ တောင်ကုတ်မြို့မရဲစခန်းက ရဲအရာရှိတဦးကပြောပါတယ်။

“အမိန့်ချတာက ၃၃ ယောက်ဗျာ တနှစ်ချလိုက်တာ။ ထောက်ခံချက်မပါဘဲနဲ့ နယ်ကျော်သွားလို့ပေါ့။ တနေရာနဲ့ တနေရာ။”

အမိန့်မချဘဲ ကျန်တဲ့ ၄၃ ယောက်ကတော့ အသက်မပြည့်သေးတဲ့ ကလေးသူငယ် တွေ ဖြစ်ပြီး လက်ရှိမှာ လဝကမှာပဲ ထိန်းသိမ်းထားပြီး ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို မသိသေးဘူးလို့လည်း တောင်ကုတ်မြို့မ ရဲစခန်းက ရဲအရာရှိက ဆက်ပြောပါတယ်။

“အမိန့်မချသေးတဲ့သူတွေကတော့ ကလေးသူငယ်တွေဗျ။ အခု လဝကကတော့ ထိန်းသိမ်းထားတယ်။ အဲဒါ ဘယ်လိုအမိန့်ချမလဲတော့ ကျနော်တို့လည်း လတ်တလောတော့ မပြောတတ်သေးဘူး။”

အထောက်အထားမဲ့ မွတ်ဆလင်တွေကို ခြောက်ဘီးယာဉ်နဲ့ သယ်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကိုတော့ လူမှောင်ခိုကူးမှုနဲ့ တရားစွဲဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အသွားအလာ ကန့်သတ်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် ပြည်ပနိုင်ငံတွေကို မကြာခဏဆိုသလို ထွက် သွားဖို့ ကြိုးစားလေ့ရှိပါတယ်။ အခုလို လူကုန်ကူးတွေရဲ့ အကူအညီနဲ့ တရားမဝင် သွားကြသူတွေထဲကတချို့ မြန်မာ့ပိုင်နက်ထဲမှာ ဖမ်းဆီးခံရတာရှိသလို အိမ်နီးချင်း ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေရဲ့ ပိုင်နက်တွေထဲမှာ ဖမ်းဆီးခံရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတုန်းကလည်း ရခိုင်ပြည်နယ်ကနေ စက်လှေနဲ့ မလေးရှားဘက် တရားမဝင်သွားဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာတွေကို နှစ်ကြိမ် ဖမ်းမိခဲ့တာ စုစုပေါင်း ၁၀၀ နီးပါးရှိခဲ့ပါတယ်။ ဒါအပြင့် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း လှေစီးပြေးသူ ၂၂၈ ယောက်ပါတဲ့ စက်လှေတစီးကို စစ်တွေမြို့ အနောက်မြောက်ဘက် ပင်လယ်ထဲမှာ ရေတပ်က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဖမ်းဆီးထားသူတွေထဲက မွတ်ဆလင် ၁၀၉ ဦးကို လဝက ဥပဒေပုဒ်မ ၁၃-၁ နဲ့ မောင်တောမြို့နယ် တရားရုံးက ဒီဇင်ဘာလ ၁၄ ရက်နေ့ကပဲ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်ပြီး၊ ကျန်တဲ့ အသက် ၁၈ နှစ်အောက်ကလေး အယောက် ၈၀ နဲ့ အသက် ၁၀ နှစ်အောက် ကလေး ၃၅ ဦးကိုတော့ မောင်တောမြို့နယ် တရားရုံးက သတိပေးပြီး ပြန်လွှတ်ပေးတယ်လို့ သိရပါတယ်။

#Rakhine #Rohingya #RakhineMuslim #MyanmarImmigration #VOABurmese #ရိုဟင်ဂျာ #ထောင်ဒဏ်တနှစ်စီချ #လဝက #တောင်ကုတ်တရားရုံး #ဗွီအိုအေ

============

XS
SM
MD
LG