သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အသြားအလာကန႔္သတ္ခံရတဲ့ မြတ္ဆလင္၉ဦး အမ္းၿမိဳ႕နယ္ထဲဖမ္းဆီးခံရ


ရခုိင္ျပည္နယ္ေျမာက္ပိုင္းက ရိုဟင္ဂ်ာ ဒုကၡသည္စခန္းတခု (ဓာတ္ပံု - United Nations)

ရခိုင္ျပည္နယ္ကေန ရန္ကုန္ကို သြားဖို႔ ႀကိဳးစားတဲ့ မြတ္ဆလင္ ၉ ဦးကို အမ္းၿမိဳ႕နယ္ထဲက စစ္ေဆးေရးဂိတ္တခုမွာ ရဲက ဖမ္းဆီးခဲ့ပါတယ္။ အဲဒီမြတ္ဆလင္ေတြကို ကုန္ကူးသူေတြက ေခၚလာၿပီး ေတာထဲမွာ ပစ္ထားခဲ့ၿပီးေနာက္ သူတို႔ကို ဖမ္းမိတာလို႔ အမ္းၿမိဳ႕မ ရဲစခန္းမႉးက ေျပာပါတယ္။ လက္ရွိမွာေတာ့ ဖမ္းဆီးထားသူေတြကို လူဝင္မႈႀကီးၾကပ္ေရးတာဝန္ရွိသူေတြလက္ကို အပ္ထားတယ္လို႔ ေျပာပါတယ္။ ဒီေၾကာင္းအျပည့္အစုံကို ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္းက အသြားအလာ ကန႔္သတ္ခံထားရတဲ့ မြတ္ဆလင္ေတြဟာ ႏွစ္စဥ္ပြင့္လင္းရာသီေရာက္လာၿပီဆိုရင္ အလုပ္အကိုင္ အခြင့္အလမ္းေတြရွာဖို႔ ရန္ကုန္အပါအဝင္ တစ္ျခားျပည္ပ ႏိုင္ငံေတြထြက္ဖို႔ႀကိဳးစားၾကေလ့ရွိပါတယ္။ အဲဒီလို ထြက္ဖို႔ႀကိဳစားတဲ့ မြတ္ဆလင္ ၉ ဦးကို အမ္းၿမိဳ႕နယ္အတြင္းက ကံျမင့္ကန္ ပူးေပါင္းစစ္ေဆးေရးဂိတ္မွာ ဇန္နဝါရီလ ၁၆ ရက္က ဖမ္းဆီးရမိခဲ့တယ္လို႔ အမ္းၿမိဳ႕မ ရဲစခန္းမႉး ဦးမ်ိဳးၾကည္က ေျပာပါတယ္။

“ မေန႔က ဖမ္းမိတာဗ်ာ၊ ဘယ္လိုဖမ္းမိလည္းဆိုေတာ့ ကံျမင့္ကန္ ပူးေပါင္းစစ္ေဆးေရးဂိတ္ အမ္း ရခိုင္ျပည္နယ္အထြက္ေပါ့၊ အဲဒီနားမွာ ကလားေတြ ေရာက္တယ္ဆိုၿပီး သတင္းရလို႔ က်ေနာ္တို႔ လဝကအဖြဲ႕နဲ႔ သြားၿပီးဖမ္းတာေပါ့၊ ေက်ာက္ေတာ္ၿမိဳ႕နယ္က ၈ ဦးနဲ႔ ေျမပုံၿမိဳ႕နယ္က တစ္ဦးေပါ့၊ အဲတာကို လဝကကို အပ္ထားတယ္၊ လဝကကေတာ့ လဝက ဥပေဒနဲ႔ အေရး ယူမွာေပါ့”

တနဂၤေႏြေန႔က ဖမ္းမိတဲ့ ေက်ာက္ေတာ္နဲ႔ ေျမပုံၿမိဳ႕နယ္တို႔က မြတ္ဆလင္ ၉ ဦးကို ရန္ကုန္ကို ပို႔ေဆာင္ေပးမယ္ဆိုၿပီး လူကုန္ကူးသူေတြက ေရလမ္း၊ ကုန္းလမ္းတို႔ကေန ေခၚလာတာျဖစ္ၿပီး အမ္းၿမိဳ႕နယ္အတြင္းက ေတာတေနရာထဲမွာထားခဲ့တာေၾကာင့္ ေျခဦးတည့္ရာ လမ္းေလ ွ်ာက္လာၾကရင္း အမ္း- ရန္ကုန္ အေဝးေျပးကားလမ္းေပၚက စစ္ေဆးေရးဂိတ္မွာ ဖမ္းဆီးရမိတာ ျဖစ္တယ္လို႔လည္း အမ္းၿမိဳ႕မ စခန္းမႉး ဦးမ်ိဳးၾကည္က ေျပာပါတယ္။

“ သူတို႔လာတာကေတာ့ ေက်ာက္ေတာ္ဖက္က လာတာက ဘုတ္ေတြနဲ႔ လာတာလို႔ေျပာ တယ္၊ ေနာက္ၿပီးေတာ့ တပ္မေတာင္ဖက္က ဘုတ္နဲ႔ လာၿပီး ဒီဖက္ကိုက်ေတာ့ လမ္းေလ ွ်ာက္ တယ္ လို႔ ေျပာတယ္ဗ်ာ၊ လမ္းေလ်ာက္ၿပီးေတာ့ ေတာထဲမွာ ပြဲစားေတြက ထားခဲ့တာေပါ့ဗ်ာ၊ ေနာက္သူတို႔လည္း ေျခဦးတည့္ရာ လာေတာ့ ကားလမ္းနားေရာက္ေတာ့ ေတြ႕ေတာ့ က်ေနာ္ တို႔ကို သတင္းေပးလို႔ က်ေနာ္တို႔ သြားဖမ္းရတာပါ။”

လက္ရွိမွာေတာ့ ဖမ္းဆီးရမိတဲ့ မြတ္ဆလင္ေတြကို လူဝင္မႈႀကီးၾကပ္ေရးတာဝန္ရွိသူေတြလက္ကို လႊဲေျပာင္းထားတယ္လို႔လည္း ေျပာပါတယ္။ အခေၾကးေငြယူၿပီးေခၚလာတဲ့ လူေမွာင္ခိုသမားေတြကိုေတာ့ မမိေသးဘူးလို႔လည္း အမ္းၿမိဳ႕မ စခန္းမႉးက ေျပာပါ တယ္။

ရခိုင္ျပည္နယ္အတြင္းမွာ အသြားအလာ ကန႔္သတ္ခံထားရတဲ့ မြတ္ဆလင္ေတြဟာ သူတို႔ရဲ႕ စားဝတ္ေနေရးအတြက္ ျပည္ပႏိုင္ငံေတြကို မၾကာခဏဆိုသလို ထြက္သြားဖို႔ ႀကိဳးစားေလ့ရွိပါတယ္။ အခုလို လူကုန္ကူးေတြရဲ႕ အကူအညီနဲ႔ တရားမဝင္ သြားၾက သူေတြထဲကတခ်ိဳ႕ ျမန္မာ့ပိုင္နက္ထဲမွာ ဖမ္းဆီးခံရတာရွိသလို အိမ္နီးခ်င္း ထိုင္း၊ မေလးရွား စတဲ့ႏိုင္ငံေတြရဲ႕ ပိုင္နက္ေတြထဲမွာ ဖမ္းဆီးခံရတာမ်ိဳးေတြလည္း ရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၁ခုႏွစ္ အကုန္ပိုင္းေလာက္ကလည္း ရခိုင္ျပည္နယ္ကေန တစ္ျခားျပည္တြင္း ျပည္ပ ႏိုင္ငံေတြကို ထြက္ဖို႔ ႀကိဳးစားၾကတဲ့ မြတ္ဆလင္ ရာနဲ႔ခ်ီ ဖမ္းဆီးခံရၿပီး အဲဒီထဲက တစ္ခ်ိဳ႕ကို လဝက ဥပေဒေတြနဲ႔ ေထာင္ခ်ခံခဲ့ရပါတယ္။ အသက္မျပည့္ေသးတဲ့ ကေလးေတြကို ျပန္လြတ္ေပးခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားထားပါတယ္။

......................................................................................

အသွားအလာကန့်သတ်ခံရတဲ့ မွတ်ဆလင်၉ဦး အမ်းမြို့နယ်ထဲဖမ်းဆီးခံရ

(Unicode)

ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို သွားဖို့ ကြိုးစားတဲ့ မွတ်ဆလင် ၉ ဦးကို အမ်းမြို့နယ်ထဲက စစ်ဆေးရေးဂိတ်တခုမှာ ရဲက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီမွတ်ဆလင်တွေကို ကုန်ကူးသူတွေက ခေါ်လာပြီး တောထဲမှာ ပစ်ထားခဲ့ပြီးနောက် သူတို့ကို ဖမ်းမိတာလို့ အမ်းမြို့မ ရဲစခန်းမှူးက ပြောပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးထားသူတွေကို လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေလက်ကို အပ်ထားတယ်လို့ ပြောပါတယ်။ ဒီကြောင်းအပြည့်အစုံကို ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အသွားအလာ ကန့်သတ်ခံထားရတဲ့ မွတ်ဆလင်တွေဟာ နှစ်စဉ်ပွင့်လင်းရာသီရောက်လာပြီဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေရှာဖို့ ရန်ကုန်အပါအဝင် တစ်ခြားပြည်ပ နိုင်ငံတွေထွက်ဖို့ကြိုးစားကြလေ့ရှိပါတယ်။ အဲဒီလို ထွက်ဖို့ကြိုစားတဲ့ မွတ်ဆလင် ၉ ဦးကို အမ်းမြို့နယ်အတွင်းက ကံမြင့်ကန် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီလ ၁၆ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ အမ်းမြို့မ ရဲစခန်းမှူး ဦးမျိုးကြည်က ပြောပါတယ်။

“ မနေ့က ဖမ်းမိတာဗျာ၊ ဘယ်လိုဖမ်းမိလည်းဆိုတော့ ကံမြင့်ကန် ပူးပေါင်းစစ်ဆေးရေးဂိတ် အမ်း ရခိုင်ပြည်နယ်အထွက်ပေါ့၊ အဲဒီနားမှာ ကလားတွေ ရောက်တယ်ဆိုပြီး သတင်းရလို့ ကျနော်တို့ လဝကအဖွဲ့နဲ့ သွားပြီးဖမ်းတာပေါ့၊ ကျောက်တော်မြို့နယ်က ၈ ဦးနဲ့ မြေပုံမြို့နယ်က တစ်ဦးပေါ့၊ အဲတာကို လဝကကို အပ်ထားတယ်၊ လဝကကတော့ လဝက ဥပဒေနဲ့ အရေး ယူမှာပေါ့”

တနင်္ဂနွေနေ့က ဖမ်းမိတဲ့ ကျောက်တော်နဲ့ မြေပုံမြို့နယ်တို့က မွတ်ဆလင် ၉ ဦးကို ရန်ကုန်ကို ပို့ဆောင်ပေးမယ်ဆိုပြီး လူကုန်ကူးသူတွေက ရေလမ်း၊ ကုန်းလမ်းတို့ကနေ ခေါ်လာတာဖြစ်ပြီး အမ်းမြို့နယ်အတွင်းက တောတနေရာထဲမှာထားခဲ့တာကြောင့် ခြေဦးတည့်ရာ လမ်းလေ ျှာက်လာကြရင်း အမ်း- ရန်ကုန် အဝေးပြေးကားလမ်းပေါ်က စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိတာ ဖြစ်တယ်လို့လည်း အမ်းမြို့မ စခန်းမှူး ဦးမျိုးကြည်က ပြောပါတယ်။

“ သူတို့လာတာကတော့ ကျောက်တော်ဖက်က လာတာက ဘုတ်တွေနဲ့ လာတာလို့ပြော တယ်၊ နောက်ပြီးတော့ တပ်မတောင်ဖက်က ဘုတ်နဲ့ လာပြီး ဒီဖက်ကိုကျတော့ လမ်းလေ ျှာက် တယ် လို့ ပြောတယ်ဗျာ၊ လမ်းလျောက်ပြီးတော့ တောထဲမှာ ပွဲစားတွေက ထားခဲ့တာပေါ့ဗျာ၊ နောက်သူတို့လည်း ခြေဦးတည့်ရာ လာတော့ ကားလမ်းနားရောက်တော့ တွေ့တော့ ကျနော် တို့ကို သတင်းပေးလို့ ကျနော်တို့ သွားဖမ်းရတာပါ။”

လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ မွတ်ဆလင်တွေကို လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေလက်ကို လွှဲပြောင်းထားတယ်လို့လည်း ပြောပါတယ်။ အခကြေးငွေယူပြီးခေါ်လာတဲ့ လူမှောင်ခိုသမားတွေကိုတော့ မမိသေးဘူးလို့လည်း အမ်းမြို့မ စခန်းမှူးက ပြောပါ တယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အသွားအလာ ကန့်သတ်ခံထားရတဲ့ မွတ်ဆလင်တွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် ပြည်ပနိုင်ငံတွေကို မကြာခဏဆိုသလို ထွက်သွားဖို့ ကြိုးစားလေ့ရှိပါတယ်။ အခုလို လူကုန်ကူးတွေရဲ့ အကူအညီနဲ့ တရားမဝင် သွားကြ သူတွေထဲကတချို့ မြန်မာ့ပိုင်နက်ထဲမှာ ဖမ်းဆီးခံရတာရှိသလို အိမ်နီးချင်း ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေရဲ့ ပိုင်နက်တွေထဲမှာ ဖမ်းဆီးခံရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အကုန်ပိုင်းလောက်ကလည်း ရခိုင်ပြည်နယ်ကနေ တစ်ခြားပြည်တွင်း ပြည်ပ နိုင်ငံတွေကို ထွက်ဖို့ ကြိုးစားကြတဲ့ မွတ်ဆလင် ရာနဲ့ချီ ဖမ်းဆီးခံရပြီး အဲဒီထဲက တစ်ချို့ကို လဝက ဥပဒေတွေနဲ့ ထောင်ချခံခဲ့ရပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေကို ပြန်လွတ်ပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

XS
SM
MD
LG