သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း ဈေးဆိုင်သုံးထောင်ကို ဘူဒိုဇာနဲ့ဖျက်ဆီး


ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ကူတုပလောင်ဒုက္ခသည်စခန်းထဲက တရားမဝင်ဆိုင်ခန်းတွေကို ဖျက်ဆီးပစ်တဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၁၀၊ ၂၀၂၁)
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ကူတုပလောင်ဒုက္ခသည်စခန်းထဲက တရားမဝင်ဆိုင်ခန်းတွေကို ဖျက်ဆီးပစ်တဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၁၀၊ ၂၀၂၁)

[[Zawgyi/Unicode]]

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည်တွေဖွင့်ထားတဲ့ ဈေးဆိုင် ၃,၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဘူဒိုဇာနဲ့တိုက် ဖျက်ဆီးလိုက်ကြောင်း အစိုးရက အင်္ဂါနေ့က အတည်ပြုပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ ဒုတိယမင်းကြီး Shamsud Douza က အေအက်ဖ်ပီ သတင်းဌာန ကို အတည်ပြု ပြောကြားခဲ့တာပါ။

ခုလိုဖျက်ဆီးခဲ့တဲ့အတွက် ရိုဟင်ဂျာဒုက္ခသည်တွေ သောင်းချီနစ်နာပါတယ်လို့ ရိုဟင်ဂျာ အသိုက်အဝန်း ခေါင်းဆောင်နဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးခင်မောင်ကဆိုပါတယ်။ အကူအညီပေးတဲ့ စားနပ် ရိက္ခာ ခွဲတမ်းကလည်း လျော့လျော့လာနေပြီး ဒုက္ခသည်တွေက အဲဒီ ဆိုင်လေးတွေကို မှီခိုအားထားနေရတာ ဖြစ်တယ်လို့ ဦးခင်မောင်က အေအက်ဖ်ပီကို ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရိုဟင်ဂျာ ဒုက္ခသည်စခန်းအတွင်း ကိုဗစ် 19 ရောဂါ ခံစားနေရတဲ့ လူနာတွေကို ကုသပေးနေတဲ့ဆေးရုံ မီးလောင်ခဲ့တာကြောင့် ဆေးရုံအစိတ်အပိုင်းတချို့ အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတာတွေတော့ မရှိတဲ့အကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ မကြာခင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ပြန်စနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ရွှေ့ပြောင်း အခြေချသူများဆိုင်ရာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ IOM က ပြောဆိုပါတယ်။

ဆိုင်တွေအဖျက်ခံလိုက်ရတဲ့အတွက် ခေါင်းပုံအဖြတ်ခံရမယ့် အနေအထား ပိုဖြစ်သွားပြီး ဒုက္ခသည်တွေ အတွက် အခြေအနေ ပိုဆိုးဝါးသွားစေတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က Saad Hammadi က ဆိုပါတယ်။ “ရှာဖွေစားသောက်ခွင့်အပါအဝင် သူတို့အတွက် ဆုံးဖြတ်ချက်တွေချရာမှာ သူတို့ကို ပါဝင်ခွင့်ပေးပြီး ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို အကာအကွယ်ပေးဖို့ အာဏာပိုင်တွေကို သူက တိုက်တွန်းလိုက်ပါတယ်။

===============

[[Unicode]]






#Rohingya #BangladeshRefugeeCamp #VOABurmese

===============

XS
SM
MD
LG