သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ICJ ၾကားနာပြဲေခ်ပခြင့္ စစ္ေကာင္စီနဲ႔ NUG အၿပိဳင္တင္သြင္းထား 


နိုင္ငံတကာတရားရံုး ICJ (ဓာတ္ပံု - AFP)

လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ICJ ၾကားနာပြဲေခ်ပခြင့္ စစ္ေကာင္စီနဲ႔ NUG အၿပိဳင္တင္သြင္းထား

႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ နယ္သာလန္ႏိုင္ငံ၊ The Hague ၿမိဳ႕အေျခစိုက္ ICJ တရား႐ုံးမွာ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ တရားစြဲဆိုထားတဲ့အမႈ ဒုတိယအႀကိမ္ ၾကားနာပြဲအတြက္ စစ္ေကာင္စီဘက္က ဝန္ႀကီးတဦး ဦးေဆာင္ၿပီး ျမန္မာႏိုင္ငံကိုယ္စား ဦးေဆာင္ ေျဖရွင္းဖို႔စီစဥ္ေနေၾကာင္း စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို ့ျပင္ဆင္ျပီးပါျပီ။ ၀န္ၾကီးတဦး ဦးစီးျပီးေတာ့၊ ေရွ ့ေနခ်ဳပ္တဦးလည္း ပါပါမယ္။ သြားဖို ့အတြက္ ျပင္ဆင္ျပီးျဖစ္ပါတယ္။ တခုရွိတာကေတာ့ က်ေနာ္တို ့Virtual နဲ ့ပဲ ေလ်ွာက္လွဲခ်က္ေပးျဖစ္မလား၊ ကိုယ္တိုင္သြားျပီးေတာ့ ေလ်ွာက္လွဲခ်က္ေပးျဖစ္မလား၊ ဆိုတာကိုေတာ့ က်ေနာ္တို ့ေဆာင္ရြက္ေနဆဲျဖစ္ပါတယ္ခင္ဗ်။ က်ေနာ္တို ့တာ၀န္ယူမႈ၊ တာ၀န္ခံမႈ ရွိရွိနဲ ့ေျဖရွင္းမွာေတာ့ျဖစ္ပါတယ္။ ေလ်ွာက္လဲခ်က္ေပးမွာျဖစ္ပါတယ္။”

ICJ မွာ ျမန္မာႏိုင္ငံအေပၚ စြဲဆိုထားတဲ့အမႈကို ရင္ဆိုင္ဖို႔အတြက္ ဦးေဆာင္ေကာ္မတီတရပ္ကို ျမန္မာစစ္ေကာင္စီက မႏွစ္ ဇြန္လ ၂၄ ရက္ေန႔က ဖြဲ႕စည္းခဲ့တာမွာ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္က ဥကၠ႒အျဖစ္ ဦးေဆာင္ၿပီး စစ္ေကာင္စီလက္ေအာက္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးကိုကိုလႈိင္၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒၚသီတာဦးတို႔ကို ဒုတိယဥကၠ႒ေတြအျဖစ္ တာဝန္ေပးထားပါတယ္။

အခု ဒုတိယအႀကိမ္ ၾကားနာပြဲကို ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ကေန ၂၈ ရက္ေန႔အထိ လုပ္မယ္လို႔ ICJ က ထုတ္ျပန္ထားပါတယ္။

ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကလည္း နယူးေယာက္ၿမိဳ႕က ကုလသမဂၢဌာနခ်ဳပ္မွာ ျမန္မာ အၿမဲတမ္း ကိုယ္စားလွယ္အျဖစ္ လက္ရွိ တာဝန္ထမ္းေဆာင္ေနတဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ျမန္မာႏိုင္ငံကိုယ္စား ဦးေဆာင္ ေျဖရွင္းဖို႔ ICJ တရား႐ုံးကို စာေရး အေၾကာင္းၾကားထားၿပီးျဖစ္တယ္လို႔ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က DVB သတင္းဌာနကို ဒီကေန႔ ေျပာၾကားခဲ့ပါတယ္။

ICJ မွာ ျမန္မာ့အေရးကို အရင္တေခါက္ ၾကားနာ စစ္ေဆးစဥ္တုန္းက ျမန္မာႏိုင္ငံကိုယ္စား တက္ေရာက္ ေျဖၾကားခဲ့တဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မတက္ေရာက္ႏိုင္ရင္ Alternate Agent ကိုယ္စားျပဳႏိုင္တဲ့ ေနာက္ထပ္ ကိုယ္စားလွယ္အျဖစ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို အဆိုျပဳထားၿပီးျဖစ္တယ္လို႔ ေဒၚဇင္မာေအာင္က ေျပာပါတယ္။

ဒါ့အျပင္ လက္ရွိ ကုလသမဂၢမွာ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳေနတဲ့ ကိုယ္စားလွယ္ဟာ ဦးေက်ာ္မိုးထြန္းတဦးသာရွိတဲ့အတြက္ အရင္ Alternate Agent အျဖစ္ အဆိုျပဳထားတာနဲ႔ ကုလသမဂၢမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳ ကိုယ္စားလွယ္အျဖစ္ ဦးေက်ာ္မိုးထြန္း တဦးထဲရွိတဲ့ကိစၥကိုပါ ထည့္သြင္းစဥ္းစားေပးဖို႔ ICJ ကို အေၾကာင္းၾကားထားတယ္လို႔ ေဒၚဇင္မာေအာင္က ေျပာၾကားခဲ့ပါတယ္။

NUG ေရာ၊ စစ္ေကာင္စီဘက္ကပါ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီး ICJ တရား႐ုံးမွာ ေျဖရွင္းၾကဖို႔ အေၾကာင္းၾကားထားတာေၾကာင့္ ICJ ဘက္က ဘယ္သူ႔ကိုလက္ခံၿပီး ကိုယ္စားျပဳခြင့္ေပးမယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး။

၂၀၁၇ ခုႏွစ္၊ ရခိုင္ျပည္နယ္ ရွင္းလင္းေရးစစ္ဆင္မႈအတြင္း ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြကို စစ္တပ္က လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုၿပီး ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို ICJ မွာ တရားစြဲထားတာပါ။ အဲဒီစြပ္စြဲခ်က္အတြက္ ပထမဆုံး ၾကားနာပြဲ ကို ၂၀၁၉ ခုႏွစ္ကလုပ္ခဲ့ၿပီး အဲဒီအခ်ိန္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဦးေဆာင္ ေခ်ပခဲ့တာပါ။

ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔မွာစမယ့္ ၾကားနာပြဲကို လူကိုယ္တိုင္တက္ေရာက္တာနဲ႔ အြန္လိုင္းက တက္ေရာက္တာ ႏွစ္မ်ိဳးေရာ လုပ္သြားမယ္လို႔ ICJ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အမ်ားျပည္သူ နားေထာင္ႏိုင္တဲ့ ၾကားနာပြဲျဖစ္ၿပီး ICJ ရဲ႕ အင္တာနက္စာမ်က္ႏွာနဲ႔ ကုလသမဂၢရဲ႕ အြန္လိုင္း ႐ုပ္သံလႊင့္စာမ်က္ႏွာ UN Web TV တို႔မွာ တိုက္႐ိုက္ နားဆင္ ၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔၊ နယ္သာလန္ ေဒသစံေတာ္ခ်ိန္ ေန႔လည္ ၁ နာရီခြဲကေန ၄ နာရီခြဲအထိ ျမန္မာဘက္က ပထမအေက်ာ့ တင္ျပမွာျဖစ္ၿပီး ၂၃ ရက္ေန႔ ေန႔လည္ ၁ နာရီခြဲကေန ၄ နာရီခြဲအထိ ဂမ္ဘီယာဘက္က ပထမအေက်ာ့ တင္ျပပါမယ္။ ၂၅ ရက္ေန႔ ေန႔လည္ ၃ နာရီကေန ၄ နာရီခြဲအထိ ျမန္မာဘက္က ဒုတိယအေက်ာ့တင္ျပမွာျဖစ္ၿပီး ၂၈ ရက္ေန႔ ေန႔လည္ ၃ နာရီကေန ၄ နာရီခြဲအထိ ဂမ္ဘီယာဘက္က ဒုတိယအေက်ာ့ တင္ျပမွာျဖစ္ပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ICJ ကြားနာပွဲချေပခွင့် စစ်ကောင်စီနဲ့ NUG အပြိုင်တင်သွင်းထား

(Unicode)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ နယ်သာလန်နိုင်ငံ၊ The Hague မြို့အခြေစိုက် ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှု ဒုတိယအကြိမ် ကြားနာပွဲအတွက် စစ်ကောင်စီဘက်က ဝန်ကြီးတဦး ဦးဆောင်ပြီး မြန်မာနိုင်ငံကိုယ်စား ဦးဆောင် ဖြေရှင်းဖို့စီစဉ်နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ပြင်ဆင်ပြီးပါပြီ။ ဝန်ကြီးတဦး ဦးစီးပြီးတော့၊ ရှေ့နေချုပ်တဦးလည်း ပါပါမယ်။ သွားဖို့အတွက် ပြင်ဆင်ပြီးဖြစ်ပါတယ်။ တခုရှိတာကတော့ ကျနော်တို့Virtual နဲ့ပဲ လျှောက်လှဲချက်ပေးဖြစ်မလား၊ ကိုယ်တိုင်သွားပြီးတော့ လျှောက်လှဲချက်ပေးဖြစ်မလား၊ ဆိုတာကိုတော့ ကျနော်တို့ဆောင်ရွက်နေဆဲဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိနဲ့ဖြေရှင်းမှာတော့ဖြစ်ပါတယ်။ လျှောက်လဲချက်ပေးမှာဖြစ်ပါတယ်။”

ICJ မှာ မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့အမှုကို ရင်ဆိုင်ဖို့အတွက် ဦးဆောင်ကော်မတီတရပ်ကို မြန်မာစစ်ကောင်စီက မနှစ် ဇွန်လ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့တာမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး စစ်ကောင်စီလက်အောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ကို ဒုတိယဥက္ကဋ္ဌတွေအဖြစ် တာဝန်ပေးထားပါတယ်။

အခု ဒုတိယအကြိမ် ကြားနာပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ လုပ်မယ်လို့ ICJ က ထုတ်ပြန်ထားပါတယ်။

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စား ဦးဆောင် ဖြေရှင်းဖို့ ICJ တရားရုံးကို စာရေး အကြောင်းကြားထားပြီးဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က DVB သတင်းဌာနကို ဒီကနေ့ ပြောကြားခဲ့ပါတယ်။

ICJ မှာ မြန်မာ့အရေးကို အရင်တခေါက် ကြားနာ စစ်ဆေးစဉ်တုန်းက မြန်မာနိုင်ငံကိုယ်စား တက်ရောက် ဖြေကြားခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်ရင် Alternate Agent ကိုယ်စားပြုနိုင်တဲ့ နောက်ထပ် ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အဆိုပြုထားပြီးဖြစ်တယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုနေတဲ့ ကိုယ်စားလှယ်ဟာ ဦးကျော်မိုးထွန်းတဦးသာရှိတဲ့အတွက် အရင် Alternate Agent အဖြစ် အဆိုပြုထားတာနဲ့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်း တဦးထဲရှိတဲ့ကိစ္စကိုပါ ထည့်သွင်းစဉ်းစားပေးဖို့ ICJ ကို အကြောင်းကြားထားတယ်လို့ ဒေါ်ဇင်မာအောင်က ပြောကြားခဲ့ပါတယ်။

NUG ရော၊ စစ်ကောင်စီဘက်ကပါ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ICJ တရားရုံးမှာ ဖြေရှင်းကြဖို့ အကြောင်းကြားထားတာကြောင့် ICJ ဘက်က ဘယ်သူ့ကိုလက်ခံပြီး ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ် ရှင်းလင်းရေးစစ်ဆင်မှုအတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေကို စစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲထားတာပါ။ အဲဒီစွပ်စွဲချက်အတွက် ပထမဆုံး ကြားနာပွဲ ကို ၂၀၁၉ ခုနှစ်ကလုပ်ခဲ့ပြီး အဲဒီအချိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ချေပခဲ့တာပါ။

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာစမယ့် ကြားနာပွဲကို လူကိုယ်တိုင်တက်ရောက်တာနဲ့ အွန်လိုင်းက တက်ရောက်တာ နှစ်မျိုးရော လုပ်သွားမယ်လို့ ICJ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အများပြည်သူ နားထောင်နိုင်တဲ့ ကြားနာပွဲဖြစ်ပြီး ICJ ရဲ့ အင်တာနက်စာမျက်နှာနဲ့ ကုလသမဂ္ဂရဲ့ အွန်လိုင်း ရုပ်သံလွှင့်စာမျက်နှာ UN Web TV တို့မှာ တိုက်ရိုက် နားဆင် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ နယ်သာလန် ဒေသစံတော်ချိန် နေ့လည် ၁ နာရီခွဲကနေ ၄ နာရီခွဲအထိ မြန်မာဘက်က ပထမအကျော့ တင်ပြမှာဖြစ်ပြီး ၂၃ ရက်နေ့ နေ့လည် ၁ နာရီခွဲကနေ ၄ နာရီခွဲအထိ ဂမ်ဘီယာဘက်က ပထမအကျော့ တင်ပြပါမယ်။ ၂၅ ရက်နေ့ နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ မြန်မာဘက်က ဒုတိယအကျော့တင်ပြမှာဖြစ်ပြီး ၂၈ ရက်နေ့ နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ ဂမ်ဘီယာဘက်က ဒုတိယအကျော့ တင်ပြမှာဖြစ်ပါတယ်။

XS
SM
MD
LG