သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေခါင္းေဆာင္ပိုင္းကို အရေးယူရေး


This handout photo from local media group Kantarawaddy Times taken and released on May 24, 2021 shows a damaged church in which four people taking refuge were killed, in an army shelling in Loikaw in Myanmar's eastern Kayah State. PHOTO / KANTARAWADDY TIMES
စစ္ေခါင္းေဆာင္ပိုင္းကို အရေးယူရေး
please wait

No media source currently available

0:00 0:05:49 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

တပ္မေတာ္ကို အလြဲသုံးစားလုပ္ၿပီး အာဏာရွင္စနစ္ တည္ေဆာက္တာဟာ ျမန္မာစစ္ေခါင္းေဆာင္ပိုင္းရဲ႕ ဓေလ့ထုံးစံလို ျဖစ္ေနပါတယ္။ ဒီအစဥ္အလာေၾကာင့္ စစ္ေခါင္းေဆာင္ပိုင္းဟာ သူတို႔လိုခ်င္တာ မရရင္ အာဏာသိမ္းၿပီး အႏိုင္က်င့္ဖို႔သာ စိတ္ကူးၾကပါတယ္။ ဒီတခါမွာေတာ့ အႏိုင္က်င့္တာကို ခုခံတြန္းလွန္တဲ့ ျပည္သူ႔ေႏြဦးေတာ္လွန္ေရးနဲ႔ ထိပ္တိုက္ေတြ႕ေနရပါၿပီ။ ကလိမ္ေစ့ျငမ္းဆင္တဲ့ စစ္ေခါင္းေဆာင္ရဲ႕ ေျပာဆိုခ်က္ေတြကို ယုံၾကည္လက္ခံဖို႔ ႏိုင္ငံအေတာ္မ်ားမ်ားမွာ အခက္အခဲ ရွိလာပါတယ္။

ဒါေပမဲ့ ႏိုင္ငံတကာဥပေဒအရ အေရးမယူႏိုင္ေသးတာဟာ စစ္ေခါင္းေဆာင္ေတြအႀကိဳက္ ျဖစ္ေနပါတယ္။ ဥပေဒအရ အေရးယူလို႔ စစ္ေကာင္စီျပဳတ္က်သြားမွာ မဟုတ္ေပမယ့္ ႏိုင္ငံတကာအသိုက္အဝန္းက လက္မခံဘူးဆိုတာကို ျပသဖို႔ လိုအပ္တယ္လို႔ ယူဆၾကပါတယ္။ ဒါေၾကာင့္ Chris Gunness ဦးေဆာင္တဲ့ လန္ဒန္အေျခစိုက္ MAP ျမန္မာ့အေရးအဖြဲ႕က စစ္ေကာင္စီကို အေရးယူဖို႔၊ ICC ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံးကို ေလွ်ာက္ထားပါတယ္။ ICC ကို လက္ခံေၾကာင္း NUG အမ်ိဳးသားညီၫႊတ္ေရးအစိုးရက အေၾကာင္းၾကားၿပီးပါၿပီ။ NUG ရဲ႕ လုပ္ပိုင္ခြင့္ကို Fortify Rights အဖြဲ႕ကလည္း တင္ျပထားပါတယ္။

ျမန္မာျပည္မွာ က်ဴးလြန္ေနတဲ့ ရာဇဝတ္မႈေတြကို အေရးယူဖို႔အတြက္ NUG အမ်ိဳးသားညီၫႊတ္ေရးအစိုးရဟာ ICC ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံးကို စီရင္ပိုင္ခြင့္ ေပးႏိုင္ပါတယ္။ ICC ကို ေရာမဥပေဒအရ ဖြဲ႕စည္းထားတာမို႔ ေရာမဥပေဒအရ ICC ကို စီရင္ဆုံးျဖတ္ခြင့္ေပးေၾကာင္း NUG အစိုးရက အေၾကာင္းၾကားျခင္းအားျဖင့္ အေရးယူႏိုင္ပါတယ္။ ေနာက္တနည္းကေတာ့ ေရာမစာခ်ဳပ္ကို NUG လက္မွတ္ေရးထားၿပီး အေရးယူေအာင္ ေဆာင္႐ြက္တာ ျဖစ္ပါတယ္။ ICC တည္ေထာင္တဲ့ ၂၀၀၂ ေနာက္ပိုင္းက အမႈေတြကို အေရးယူႏိုင္ပါတယ္။ ေရာမစာခ်ဳပ္ကို သေဘာတူေၾကာင္း ေဖာ္ျပတဲ့ စာ႐ြက္စာတမ္းကို NUG အစိုးရက ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ကို ေပးအပ္ရပါတယ္။ လက္ခံတယ္ဆိုရင္ ျမန္မာဟာ ေရာမစာခ်ဳပ္ဝင္ ျဖစ္လာတာမို႔ စစ္ေကာင္စီကို အေရးယူႏိုင္မွာ ျဖစ္ပါတယ္။ စစ္ေကာင္စီရဲ႕ မဟာမိတ္႐ုရွားနဲ႔ တ႐ုတ္ဟာ ေရာမစာခ်ဳပ္ဝင္ႏိုင္ငံေတြ မဟုတ္တဲ့အတြက္ ကန႔္ကြက္ႏိုင္စြမ္း မရွိပါဘူး။

ျမန္မာစစ္ေခါင္းေဆာင္ေတြ လက္နက္အားကိုးၿပီး ထင္ရာစိုင္းေနတာကို အေရးယူဖို႔အတြက္ ရဲရဲဝန႔္ဝန႔္ လုပ္ေဆာင္ဖို႔ လိုတယ္လို႔ Fortify Rights အဖြဲ႕က ဆိုပါတယ္။ အရင္က ႐ိုဟင္ဂ်ာေတြကို သတ္ျဖတ္ခဲ့တုန္းက ႏိုင္ငံတကာအသိုက္အဝန္းက ထိထိေရာက္ေရာက္ အေရးမယူႏိုင္ခဲ့လို႔ အခုလို အရပ္သားေတြ သတ္ျဖတ္ေနတာ ျဖစ္ပါတယ္။ ျမန္မာစစ္တပ္ က်ဴးလြန္ေနတဲ့ စစ္ရာဇဝတ္မႈနဲ႔ လူမ်ိဳးအုပ္စုလိုက္ သတ္ျဖတ္မႈကို စစ္ေဆးအျပစ္ေပးႏိုင္တဲ့ တခုတည္းေသာ ကမာၻ႔တရား႐ုံးဟာ ICC ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံး ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ စစ္တပ္ဘက္က ေရွ႕ေနလက္ေပးခဲ့တဲ့ ICJ ႏိုင္ငံတကာတရား႐ုံးကေတာ့ ရာဇဝတ္မႈ က်ဴးလြန္သူကို စီရင္ပိုင္ခြင့္ မရွိပါဘူး။ ICC ရာဇဝတ္ခုံ႐ုံးကသာ စီရင္ႏိုင္ပါတယ္။ အမႈအားလုံးကို Prosecutor ေခၚ တရားထိုင္႐ုံးက အရင္ဆုံးစစ္ေဆးပါတယ္။

NUG အမ်ိဳးသားညီၫႊတ္ေရးအစိုးရဟာ ျပည္သူလူထုက ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ အစိုးရျဖစ္တဲ့အတြက္ ႏိုင္ငံတကာလူ႔အခြင့္အေရး ဥပေဒအရ ျမန္မာျပည္ကို ကိုယ္စားျပဳတဲ့ အစိုးရ ျဖစ္ပါတယ္။ စစ္ေကာင္စီကို တျပည္လုံးက လက္မခံႏိုင္ေၾကာင္း ဆႏၵျပပြဲေတြ၊ လက္နက္ကိုင္တိုက္ပြဲေတြနဲ႔ ျပသေနပါတယ္။ လက္နက္အားကိုးၿပီး အၾကမ္းဖက္တဲ့ စစ္အုပ္စုကို ကုလသမဂၢမွာ လက္ခံတဲ့ အစဥ္အလာ မရွိပါဘူး။ တာလီဘန္အၾကမ္းဖက္အုပ္စုကို အာဖဂန္နစၥတန္ႏိုင္ငံရဲ႕ ကိုယ္စားလွယ္အျဖစ္ အသိအမွတ္ မျပဳပါဘူး။ အလားတူပဲ စစ္ေကာင္စီကိုယ္စားလွယ္ကို အသိအမွတ္မျပဳဘဲ၊ ဦးေက်ာ္မိုးထြန္းကို ျမန္မာ့ကိုယ္စားလွယ္အျဖစ္ အသိအမွတ္ျပဳထားပါတယ္။ NUG ကို ျပင္သစ္ဆီနိတ္လႊတ္ေတာ္က အသိအမွတ္ျပဳၿပီး ဥေရာပပါလီမန္ကေတာ့ NUG ကိုေရာ လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီကိုေရာ အသိအမွတ္ျပဳပါတယ္။

ဒါေၾကာင့္မို႔ ICC မွာ စစ္ေကာင္စီကို ရာဇဝတ္မႈနဲ႔ အေရးယူဖို႔ NUG အမ်ိဳးသားညီၫႊတ္ေရးအစိုးရမွာ လုပ္ပိုင္ခြင့္ အျပည့္အဝ ရွိပါတယ္။ ေရာမဥပေဒစာခ်ဳပ္ကို လက္ခံေၾကာင္း ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ဆီကို NUG က အေၾကာင္းၾကားလႊာ ပို႔ေပးရပါလိမ့္မယ္။ အေၾကာင္းၾကားလႊာကို ကုလသမဂၢစာခ်ဳပ္ဌာနက စစ္ေဆးရပါတယ္။ NUG ဟာ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳမျပဳ ကုလသမဂၢက စစ္ေဆးတဲ့သေဘာပါပဲ။ ေရာမစာခ်ဳပ္ဥပေဒကို လက္ခံတဲ့ ႏိုင္ငံေတြပါဝင္တဲ့ ႏိုင္ငံစုံညီလာခံက ႏိုင္ငံတိုင္းရဲ႕ ကိုယ္စားလွယ္ေတြကို စစ္ေဆးၿပီး အတည္ျပဳရပါတယ္။

ဒီေနရာမွာ ေရာမစာခ်ဳပ္ဝင္ႏိုင္ငံေတြက ကန႔္ကြက္ပိုင္ခြင့္ ရွိပါတယ္။ ဒါေပမဲ့ NUG ကို ကန႔္ကြက္ဖို႔ အလားအလာ မရွိပါဘူး။ စစ္ေကာင္စီ အလိုေတာ္ရိေတြျဖစ္တဲ့ ႐ုရွား၊ တ႐ုတ္နဲ႔ အာဆီယံႏိုင္ငံအခ်ိဳ႕ဟာ ေရာမစာခ်ဳပ္ဝင္ႏိုင္ငံေတြ မဟုတ္တဲ့အတြက္ ေျပာပိုင္ခြင့္ မရွိၾကပါဘူး။ ဒါေၾကာင့္မို႔ NUG အေနနဲ႔ ICC မွာ စစ္ေကာင္စီကို အမႈစစ္ႏိုင္ေအာင္ မေႏွးအျမန္ ေဆာင္႐ြက္သင့္တယ္လို႔ Fortify Rights အဖြဲ႕က ဆိုပါတယ္။ NUG အစိုးရ လိုအပ္တဲ့ ဘ႑ာေရးနဲ႔ အတတ္ပညာကို ကုလသမဂၢက ေထာက္ပံ့သင့္တယ္လို႔လည္း ဆိုပါတယ္။ စစ္ေကာင္စီဟာ အပယ္ခံရာဇဝတ္သားျဖစ္ေၾကာင္း ႏိုင္ငံတကာဥပေဒအရ သက္ေသျပဖို႔ အခ်ိန္ေရာက္လာၿပီ ျဖစ္ပါတယ္။

==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

တပ်မတော်ကို အလွဲသုံးစားလုပ်ပြီး အာဏာရှင်စနစ် တည်ဆောက်တာဟာ မြန်မာစစ်ခေါင်းဆောင်ပိုင်းရဲ့ ဓလေ့ထုံးစံလို ဖြစ်နေပါတယ်။ ဒီအစဉ်အလာကြောင့် စစ်ခေါင်းဆောင်ပိုင်းဟာ သူတို့လိုချင်တာ မရရင် အာဏာသိမ်းပြီး အနိုင်ကျင့်ဖို့သာ စိတ်ကူးကြပါတယ်။ ဒီတခါမှာတော့ အနိုင်ကျင့်တာကို ခုခံတွန်းလှန်တဲ့ ပြည်သူ့နွေဦးတော်လှန်ရေးနဲ့ ထိပ်တိုက်တွေ့နေရပါပြီ။ ကလိမ်စေ့ငြမ်းဆင်တဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်တွေကို ယုံကြည်လက်ခံဖို့ နိုင်ငံအတော်များများမှာ အခက်အခဲ ရှိလာပါတယ်။

ဒါပေမဲ့ နိုင်ငံတကာဥပဒေအရ အရေးမယူနိုင်သေးတာဟာ စစ်ခေါင်းဆောင်တွေအကြိုက် ဖြစ်နေပါတယ်။ ဥပဒေအရ အရေးယူလို့ စစ်ကောင်စီပြုတ်ကျသွားမှာ မဟုတ်ပေမယ့် နိုင်ငံတကာအသိုက်အဝန်းက လက်မခံဘူးဆိုတာကို ပြသဖို့ လိုအပ်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် Chris Gunness ဦးဆောင်တဲ့ လန်ဒန်အခြေစိုက် MAP မြန်မာ့အရေးအဖွဲ့က စစ်ကောင်စီကို အရေးယူဖို့၊ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို လျှောက်ထားပါတယ်။ ICC ကို လက်ခံကြောင်း NUG အမျိုးသားညီညွှတ်ရေးအစိုးရက အကြောင်းကြားပြီးပါပြီ။ NUG ရဲ့ လုပ်ပိုင်ခွင့်ကို Fortify Rights အဖွဲ့ကလည်း တင်ပြထားပါတယ်။

မြန်မာပြည်မှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့အတွက် NUG အမျိုးသားညီညွှတ်ရေးအစိုးရဟာ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကို စီရင်ပိုင်ခွင့် ပေးနိုင်ပါတယ်။ ICC ကို ရောမဥပဒေအရ ဖွဲ့စည်းထားတာမို့ ရောမဥပဒေအရ ICC ကို စီရင်ဆုံးဖြတ်ခွင့်ပေးကြောင်း NUG အစိုးရက အကြောင်းကြားခြင်းအားဖြင့် အရေးယူနိုင်ပါတယ်။ နောက်တနည်းကတော့ ရောမစာချုပ်ကို NUG လက်မှတ်ရေးထားပြီး အရေးယူအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ICC တည်ထောင်တဲ့ ၂၀၀၂ နောက်ပိုင်းက အမှုတွေကို အရေးယူနိုင်ပါတယ်။ ရောမစာချုပ်ကို သဘောတူကြောင်း ဖော်ပြတဲ့ စာရွက်စာတမ်းကို NUG အစိုးရက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကို ပေးအပ်ရပါတယ်။ လက်ခံတယ်ဆိုရင် မြန်မာဟာ ရောမစာချုပ်ဝင် ဖြစ်လာတာမို့ စစ်ကောင်စီကို အရေးယူနိုင်မှာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ မဟာမိတ်ရုရှားနဲ့ တရုတ်ဟာ ရောမစာချုပ်ဝင်နိုင်ငံတွေ မဟုတ်တဲ့အတွက် ကန့်ကွက်နိုင်စွမ်း မရှိပါဘူး။

မြန်မာစစ်ခေါင်းဆောင်တွေ လက်နက်အားကိုးပြီး ထင်ရာစိုင်းနေတာကို အရေးယူဖို့အတွက် ရဲရဲဝန့်ဝန့် လုပ်ဆောင်ဖို့ လိုတယ်လို့ Fortify Rights အဖွဲ့က ဆိုပါတယ်။ အရင်က ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တုန်းက နိုင်ငံတကာအသိုက်အဝန်းက ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့လို့ အခုလို အရပ်သားတွေ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူမျိုးအုပ်စုလိုက် သတ်ဖြတ်မှုကို စစ်ဆေးအပြစ်ပေးနိုင်တဲ့ တခုတည်းသော ကမ္ဘာ့တရားရုံးဟာ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စစ်တပ်ဘက်က ရှေ့နေလက်ပေးခဲ့တဲ့ ICJ နိုင်ငံတကာတရားရုံးကတော့ ရာဇဝတ်မှု ကျူးလွန်သူကို စီရင်ပိုင်ခွင့် မရှိပါဘူး။ ICC ရာဇဝတ်ခုံရုံးကသာ စီရင်နိုင်ပါတယ်။ အမှုအားလုံးကို Prosecutor ခေါ် တရားထိုင်ရုံးက အရင်ဆုံးစစ်ဆေးပါတယ်။

NUG အမျိုးသားညီညွှတ်ရေးအစိုးရဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေအရ မြန်မာပြည်ကို ကိုယ်စားပြုတဲ့ အစိုးရ ဖြစ်ပါတယ်။ စစ်ကောင်စီကို တပြည်လုံးက လက်မခံနိုင်ကြောင်း ဆန္ဒပြပွဲတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပြသနေပါတယ်။ လက်နက်အားကိုးပြီး အကြမ်းဖက်တဲ့ စစ်အုပ်စုကို ကုလသမဂ္ဂမှာ လက်ခံတဲ့ အစဉ်အလာ မရှိပါဘူး။ တာလီဘန်အကြမ်းဖက်အုပ်စုကို အာဖဂန်နစ္စတန်နိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် အသိအမှတ် မပြုပါဘူး။ အလားတူပဲ စစ်ကောင်စီကိုယ်စားလှယ်ကို အသိအမှတ်မပြုဘဲ၊ ဦးကျော်မိုးထွန်းကို မြန်မာ့ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားပါတယ်။ NUG ကို ပြင်သစ်ဆီနိတ်လွှတ်တော်က အသိအမှတ်ပြုပြီး ဥရောပပါလီမန်ကတော့ NUG ကိုရော လွှတ်တော်ကိုယ်စားပြုကော်မတီကိုရော အသိအမှတ်ပြုပါတယ်။

ဒါကြောင့်မို့ ICC မှာ စစ်ကောင်စီကို ရာဇဝတ်မှုနဲ့ အရေးယူဖို့ NUG အမျိုးသားညီညွှတ်ရေးအစိုးရမှာ လုပ်ပိုင်ခွင့် အပြည့်အဝ ရှိပါတယ်။ ရောမဥပဒေစာချုပ်ကို လက်ခံကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဆီကို NUG က အကြောင်းကြားလွှာ ပို့ပေးရပါလိမ့်မယ်။ အကြောင်းကြားလွှာကို ကုလသမဂ္ဂစာချုပ်ဌာနက စစ်ဆေးရပါတယ်။ NUG ဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုမပြု ကုလသမဂ္ဂက စစ်ဆေးတဲ့သဘောပါပဲ။ ရောမစာချုပ်ဥပဒေကို လက်ခံတဲ့ နိုင်ငံတွေပါဝင်တဲ့ နိုင်ငံစုံညီလာခံက နိုင်ငံတိုင်းရဲ့ ကိုယ်စားလှယ်တွေကို စစ်ဆေးပြီး အတည်ပြုရပါတယ်။

ဒီနေရာမှာ ရောမစာချုပ်ဝင်နိုင်ငံတွေက ကန့်ကွက်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ NUG ကို ကန့်ကွက်ဖို့ အလားအလာ မရှိပါဘူး။ စစ်ကောင်စီ အလိုတော်ရိတွေဖြစ်တဲ့ ရုရှား၊ တရုတ်နဲ့ အာဆီယံနိုင်ငံအချို့ဟာ ရောမစာချုပ်ဝင်နိုင်ငံတွေ မဟုတ်တဲ့အတွက် ပြောပိုင်ခွင့် မရှိကြပါဘူး။ ဒါကြောင့်မို့ NUG အနေနဲ့ ICC မှာ စစ်ကောင်စီကို အမှုစစ်နိုင်အောင် မနှေးအမြန် ဆောင်ရွက်သင့်တယ်လို့ Fortify Rights အဖွဲ့က ဆိုပါတယ်။ NUG အစိုးရ လိုအပ်တဲ့ ဘဏ္ဍာရေးနဲ့ အတတ်ပညာကို ကုလသမဂ္ဂက ထောက်ပံ့သင့်တယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီဟာ အပယ်ခံရာဇဝတ်သားဖြစ်ကြောင်း နိုင်ငံတကာဥပဒေအရ သက်သေပြဖို့ အချိန်ရောက်လာပြီ ဖြစ်ပါတယ်။

XS
SM
MD
LG